← Chapters

ကြည့်ရတာ မင်းလည်း တွေ့ကြုံဖူးတယ်ထင်တယ်

Vol. 48 Ch. 712

ကြည့်ရတာ မင်းလည်း တွေ့ကြုံဖူးတယ်ထင်တယ်

Vol. 48 Ch. 712

“ ဟမ်… မင်းဘာပြောလိုက်တယ်…” ကော်ရှစ်ပေါ် ကြက်သေသေသွားခဲ့၏။

“ ဒါရိုက်တာထျန် ပြောာတာ ရင်းနှီးမြုပ်နှံမှုကို ဆက်လက်လုပ်ဆောင်မယ်တဲ့…..”

“ ဆက်ပြီးတော့ ရင်းနှီးမြုပ်နှံမယ်….ဒါကြီးက နည်းနည်းလေး မလျော်ညီသလိုပဲနော…”

“ ကျွန်မလည်း ဘာဖြစ်နေလဲဆိုတာ မသိဘူး… သူမ ဆက်ပြီး ရင်းနှီးမြုပ်နှံမယ်ဆိုတာပဲ သိတယ်…”

“ ကောင်းတာပေါ့… မဟုတ်ရင် ငါလည်း ဥက္ကဌချိန်ကို ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး..”

လီလင်း နေရခက်နေပြီး “ ဒါပေမယ့် ပြဿနာက ရှင်နဲ့ မစ္စတာလင်းကြား……”

“သူနဲ့လား…”

ကော်ရှစ်ပေါ်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး ယခုကိစ္စကို ဘယ်လိုရင်ဆိုင်ရမှန်းမသိ ဖြစ်နေလေသည်။ ထိုကောင်၏ စကားအတိုင်း နာခံပြီး ထွက်သွားပြန်လျှင်လည်း သူ့သိက္ခာကျရာ ရောက်၏။

“ ရင်းနှီးမြုပ်နှံမှု ပရောဂျက်က အဆင်ပြေသွားပြီဆိုတော့ ခင်များရဲ့ စကားကို တည်ဖို့ အချိန်ရောက်ပြီ မဟုတ်လား…”

“ ဟမ့်… ပရောဂျက် အောင်မြင်ပြီးသွားပြီကို ငါက မင်းကို ဂရုစိုက်နေဦးမယ်များ ထင်နေလား…”

ကော်ရှစ်ပေါ် အရှက်ကင်းမဲ့စွာဖြင့် ဆိုလိုက်၏။

“ အရေးမကြီးပါဘူး.. ဘာပဲဖြစ်ဖြစ် မင်းနဲ့ ပရောဂျက်၊ တစ်ခုတည်းပဲ ရွေးချယ်လို့ရမယ်…. မင်းတို့ ခေါင်းဆောင်ကလည်း ဘယ်လိုမျိုး ဆုံးဖြတ်ချက်ချတာက အကောင်းဆုံးလဲဆိုတာ နားလည်မှာပါ…”

သို့နှင့် လင်းရီ ဆက်လက် လေကုန်ခံမနေတော့ပဲ အရင်ဆုံး ထွက်လာခဲ့လိုက်၏။

“ မစ္စတာလင်း… ခနေလေး….”

လီလင်း သူမ အိတ်ကိုလွယ်လျက် ဒေါက်မြင့်ဖိနပ်ဖြင့် ပြေးလိုက်ရင်း “ မစ္စတာလင်း.. ကျွန်မတို့ စကားပြောလို့ မပြီးသေးဘူးလေ… ဘာလို့ ထွက်သွားဖို့ အလျင်လိုနေတာ…”

“ ဘာဆက်ပြောချင်သေးတာ… စာချုပ်တောင် လက်မှတ်မထိုးနိုင်တာကို ဆက်ပြီး စကားပြောနေစရာ လိုသေးလို့လား….” လင်းရီ တံခါးပေါက် အပြင်ဘက်၌ ရပ်ရင်း ပြောလိုက်၏။

“ ဘယ်လိုကိစ္စပဲ ဖြစ်ဖြစ် သေချာလေး ညှိနှိုင်းယူလို့ရပါတယ် မစ္စတာလင်းရယ်… ရှင်က ဒီတိုင်းပဲ ထွက်သွားတော့မှာလား…”

“ ကောင်းပြီလေ… ဒါဆိုလည်း ဆက်ပြီး ပြောလို့ရတယ်…ဒါပေမယ့် အဲ့သောက်ရူးကိုတော့ မမြင်ချင်ဘူး… ရုပ်ကြည့်နေရတာကိုက စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းလွန်းလို့….”

လီလင်း တခဏမျှကြောင် ငြိမ်သက်ပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။

“ ဒါဆို ကျွန်မတို့ ဒီနားက ကဖေးဆိုင်မှာ စကားသွားပြောကြမလား….”

“ မလိုဘူး…ပြောစရာရှိရင် ဒီမှာပဲ ပြောလိုက်…ငါ အချိန်သိပ်မရဘူး…”

“ စထွင်းမယ့် ကြာချိန်နဲ့ ပတ်သက်ပြီးတော့ တကယ်ပဲ ညှိနှိုင်းလို့ မရဘူးလား….”

“ အင်း…”

“ ဒါဆိုကျွန်မ တစ်ခုမေးမယ်… ရှင် Dou yu မှာပဲ စထွင်းမယ်လို့ အာမခံနိုင်လား….”

“ ပြဿနာမရှိဘူး.. ငါ့ဘက်က ပလတ်ဖောင်း ပြောင်းမှာမဟုတ်ဘူး…”

စထွင်းမင်း ပလတ်ဖောင်းမှာ စနစ်မှ ရွေးချယ်ပေးထားသောကြောင့် သူရွေ့ချင်လည်း ရွေ့လို့မရချေ။

လီလင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

အကယ်၍ မျက်နှာဖုံးအစ်ကိုကြီးသာ အဆိုပါ တောင်းဆိုချက်ကို လက်ခံနေသရွေ့ စာချုပ်ချုပ်ဖို့ရန်ပင် လိုအပ်လိမ့်မည် မဟုတ်လိမ့်ချေ။

ထို့ကြောင့် ရလဒ်မှာ သိပ်မဆိုးဟု ပြော၍ ရ၏။ အနည်းဆုံးတော့ တခြားပလတ်ဖောင်းသို့ ပြောင်းမည့်ကိစ္စအား စိတ်ပူနေရန် မလိုအပ်တော့ပေ။

“ ဒီလိုဆိုရင်ကော… ကျွန်မ ပြန်ပြီးတော့ စာချုပ်ကို ပြောင်းလဲလိုက်မယ်… ဘယ်နနာရီ စထွင်းရပါမယ်ဆိုတဲ့ အချက်တွေ မပါတော့ဘူး.. ဒါပေမယ့် အဲ့လိုမျိုးဆိုရင် စာချုပ်ကြေးကတော့ နည်းနည်းလေး……”

“ ပြောပြီးပြီလေ… ကျုပ်က ပိုက်ဆံကို စိတ်မဝင်စားဘူးလို့…. စာချုပ်ကြေးက ဘယ်လောက်ပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး….”

“ ကောင်းပြီလေ… ဒါဆို အတည်ဖြစ်သွားပြီပေါ့…” လီလင်း သူမလက်ကို ဆန့်တန်း၍ လင်းရီနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး “ ကျွန်မ ပြန်ရောက်တာနဲ့ စာချုပ်ကို ပြန်ပြင်ဆင်ပြီးတော့ အဆင်ပြေရင် digital sign ပဲ ဖြစ်ဖြစ် ထိုးကြတာပေါ့….”

“ အိုကေ…”

“ အိုး… ဒါနဲ့လေ… စကားမစပ် ရှင့်ရဲ့ နောက်ထပ် စထွင်းမယ့် အစီအစဉ်လေး မေးလို့ရလားမသိဘူး…”

“ တနင်္လာနေ့ စထွင်းဖြစ်မှာ… အဲ့နေ့ကျ ရွက်လှေစုဝေးပွဲရှိတယ်လေ… ကြည့်ရှုသူတွေကို အဲ့ဒီနေရာ ခေါ်သွားပေးမလို့….”

“ ဟိုင်ထျန်းပွဲ ဆိုတာလား….”

“ အင်း… အဲ့ပွဲပဲ….”

လီလင်း အနည်းငယ် ကြက်သေသေသွားခဲ့၏။ “ ရှင်က အဲ့လို နေရာမျိုးတောင် သွားနိုင်တယ်ပေါ့လေ….”

လီလင်း ရာဝမ်ကျွန်းမှ ဟိုင်ထျန်းပွဲအကြောင်း ကြားဖူးနားဝ ရှိလေသည်။ ထိုနေရာက ဟွာရှရှိ သူဌေးသူကြွယ်တို့၏ စုဝေးပွဲဖြစ်ပြီး တစ်ချိန်တည်းတွင် မရေမတွက်နိုင်သည့် လူချမ်းသာများနှင့် ဒုတိယမျိုးဆက် ဆက်ခံသူတို့က တက်ရောက်ကြ၏။

ထိုနေရာ၌ ဆယ်လီများကား မရှားပါးချေ။ သို့သော်လည်း သာမန်လူများကတော့ ထိုသို့ သီးသန့်စုဝေးပွဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။ သူ့လို စထွင်မာကို မဆိုထားနှင့်။ သူမပင် ထိုနေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။ အကယ်၍ ဝင်ရောက်ချင်ပါက အဆက်အသွယ်ကောင်း တစ်ခု ရှိဖို့ရာ လိုအပ်လေသည်။

“ ငါလည်း အစကတော့ မသွားချင်ပါဘူး… ဒါပေမယ့် ငါ့ရဲ့ ကြည့်ရှုသူတွေက ပူဆာနေတော့ သူတို့ အမြင်ကျယ်သွားအောင် လိုက်ပြမလို့….”

“ ဒါဆို ကျွန်မရှင့်ကို ပြောစရာ တစ်ခု ရှိသေးတယ်…” လီလင်း ပြောလိုက်၏။

“ ဘာကိစ်စလဲ…”

“ လာမယ့် ရက်တွေကျရင် စိုက်ပျိုးရေး စထွင်းမင်းပွဲတစ်ခုရှိတယ်… ပလတ်ဖောင်း အသီးသီးက ထိပ်တန်း စထွင်မာတွေအကုန် ဆင်နွှဲကြမှာ… ကျွန်မဘက်ကတော့ ရှင့်ကို သွားစေချင်တယ်… ရှင့်ဘက်က အချိန်အားလပ်ရဲ့လား မသိဘူး….”

“ အားတာပေါ့… ပြဿနာမရှိဘူး…”

လင်းရီ အခွင့်အရေးကို သဘာဝအလျောက် မငြင်းဆန်ခဲ့ချေ။ သူ ပိုပြီး ထုတ်လွင့်လေ.. မစ်ရှင်ပြီးမြောက်ရန် ပိုပြီး လျင်မြန်လေပင်။

“ ဒါဆို စထွင်းဖို့အတွက် နေရာနဲ့ အချိန်အသိအကျကို နောက်မှ အသိပေးလိုက်မယ်… ပြီးတော့ စာချုပ်ရဲ့ ကျန်တဲ့ အချက်အလက်တွေကတော့ အတည်ဖြစ်သွားပြီနော်.. ရှင့်မှာ ကန့်ကွက်စရာတွေ ရှိသေးလား…”

“ မရှိဘူး… မင်းဘာမင်း ကြည့်စီစဉ်လို့ရတယ်…”

“ အိုး... ဒါနဲ့ ရှင် ရာဝမ်းကျွန်းမှာ စထွင်းမယ်ဆိုလည်း ဂရုစိုက်ဦးနော်….”

“ ဂရုစိုက်ရမယ်…” လင်းရီ လီလင်းအား ကြည့်လိုက်ပြီး “ ကြည့်ရတာတော့ မစ်လင်းက တွေ့ကြုံဖူးတယ်နဲ့ တူတယ်….”

လီလင်း ရှက်သွေးဖြန်းသွားခဲ့ပြီး “ အကုန်လုံးက လူကြီးတွေကိုပဲ.. ကျွန်မတို့အားလုံးက အဲ့တာ ဘယ်လိုနေရာလဲဆိုတာ သိပြီးသားပဲလေ.. ဒါကြောင့်မို့ ရှင် စထွင်းတဲ့အချိန်ကျရင် ဂရုစိုက်ခိုင်းနေရတာ… ကင်မရာမှာ ဘယ်လိုအရာတွေကို ပြသင့်တယ်.. ဘယ်လိုအရာတွေကိုတော့ မပြသင့်ဘူးဆိုတာ ရှင့်ဘာရှင် ဝေဖန်ပိုင်းခြားပေါ့…”

“ ကိုယ့်တုတ်နဲ့ကိုယ် ပြန်ခိုင်းမိနေမှာ စိုးနေတာလား…”

“ တကယ်လို့ တစ်ခုခု မှားသွားခဲ့ရင် ရှင်တစ်ယောက်တည်း ထိခိုက်မှာ မဟုတ်ဘူးလေ… ပလတ်ဖောင်း တစ်ခုလုံးပါ သက်ရောက်သွားမှာ…”

“ ကောင်းပြီ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုရင် ငါ အရင်သွားနှင့်တော့မယ်… “

“ အွန်း…” လီလင်း ခေါင်းညိမ့်လိုက်ပြီး ထွက်ခွာသွားသည့် လင်းရီနောက်ကျောအား ငေးမောရင်း မေးခွန်း သင်္ကေတများစွာ ဖြစ်ပေါ်နေလေသည်။

တကယ်လို့ သူက အဲ့လောက်ထိ ချမ်းသာနေပြီးသားဆိုရင် ဘာလို့ စထွင်မာ လုပ်နေတာလဲ….

ပြီးတော့ လင်းယွမ်အုပ်စုရဲ့ ရင်းနှီးမြုပ်နှံမှုကကော တိုက်ဆိုင်တာပဲလား… ဒါမှမဟုတ် သူ့ကြောင့်မို့လား….

ဖြစ်နိုင်တာ သူနဲ့ ဒါရိုက်တာထျန်က အရမ်းရင်းနှီးနေတဲ့ မိတ်ဆွေတွေများလား…

ထူးတော့ ထူးဆန်းတယ်….

ဘွန်း……….

လီလင်း အတွေးနက်နေစဉ် ရုတ်တရက် ကျယ်လောင် စူးရှသည့် ကားအင်ဂျင်သံတစ်ခုအား ကြားလိုက်ရ၏။

ထို့နောက် သူမဆံပင်မှာ လေထဲသို့ လွင့်မျောသွားခဲ့ပြီး အနက်ရောင် ဘူဂတီ တစ်စီးမှ သူမရှေ့ အရှိန်နှင့် ဖြတ်မောင်းသွားခဲ့လေသည်။

လီလင်း နှလုံးခုန် မြန်ဆန်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကားထဲတွင် ထိုင်နေသည့်သူက မျက်နှာဖုံးနှင့် အစ်ကိုကြီး ဖြစ်နေကြောင်း သူမ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောကြောင့်ပင်။

“ သူ… သူက အရမ်းချမ်းသာတာပဲ….”

စာချုပ်ကြေး ဘယ်လောက်ရမလဲဆိုတာ စိတ်မဝင်စားတာ မထူးဆန်းတော့ပါဘူး… အဲ့လောက်ငွေလေးက သူ့ကား တစ်စီး ဝယ်ဖို့ တောင်မှ မလောက်ငှတဲ့ဟာ…

လင်းရီမောင်းနေသည့် ဘူဂတီက မည်မျှ တန်ဖိုးကြီးလဲဆိုတာ လီလင်း မသိသော်လည်း ငါး မီလီယမ်က ထိုကားကို ဝယ်ရန် မလောက်ငှကြောင်းတော့ နားလည်လေသည်။ ထိုကား၏ တာယာတစ်လုံးပင် မဝယ်နိုင်သည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

လီလင်း တိတ်ဆိတ်စွာ ရပ်တန့်နေပြီး ယခင်က မေးခွန်းကို ပြန်လည်သုံးသပ်ကြည့်လိုက်၏။

ဧကန္တ ဒီလူက တကယ်ကြီး ရင်းနှီးမြုပ်နှံမှု ပရောဂျက်ကို အဆုံးအဖြတ်ပေးဖို့ တကယ်ကြီး အာဏာရှိနေတာများလား…

သူမ ဒီကိစ္စကို အထက်အကြီးအကဲတွေဆီ တင်ပြပြီးတော့ သေချာလေး ဆုံးဖြတ်ခိုင်းရမယ်….

လီလင်း ပြန်ရောက်လာတော့ ကော်ရှစ်ပေါ် မတ်တပ်ရပ်ပြီး “ မင်းတို့ ဘာစကားတွေ ပြောနေကြတာ….”

“ ကျွန်မတို့ ယာယီ သဘောတူညီချက် လုပ်နေကြတာလေ.. ဘယ်နနာရီကြာအောင် စထွင်းပေးရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ မရှိတော့ဘူး…” လီလင်း ပြောလိုက်ပြီး “ အနည်းဆုံးတော့ သူ့ကို တခြား ပလတ်ဖောင်းတွေက လာပြီး ဆွဲဆောင်သွားမယ့်ဘေးကို စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့….”

“ ယာယီ သဘောတူညီချက်…” ကော်ရှစ်ပေါ် နှာခေါင်းရှုံ့လိုက်ပြီး “ ငါ့အမြင်အရ ဆိုရင်‌တော့ မင်းသူ့ကို လျစ်လျူရှုလိုက်ရင်တောင် ကြိုက်တဲ့ စထွင်မာနဲ့ စာချုပ်ချုပ်ကြည့်လိုက်… သူ့ထက်တော့ သာတယ်…”

“ ဘာပဲဖြစ်ဖြစ်ပါ… သူ့ဘက်က စာချုပ်ကြေးတောင် မလိုချင်နေဘူး.. ကျွန်မတို့က လမ်းကြောင်းလုပ်ပေးဖို့ပဲ လိုတာ… ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် ကျွန်မတို့ဘက်က အရှုံးမရှိပါဘူး…”

“ ငါပြောချင်တာက သူ့လို စရိုက်ဆန်တဲ့ လူမျိုးက စထွင်မာဖြစ်ဖို့ မထိုက်တန်ဘူးဆိုတာပဲ…” ကော်ရှစ်ပေါ်မှ ဒေါသတကြီးနှင့် ဆိုလိုက်၏။

လီလင်း အနည်းငယ် ဆွံ့အသွားခဲ့တော့သည်။ လောင်ကော်က နည်းနည်းလေး စိတ်သဘောထား ကျဉ်းမြောင်းမနေလွန်းဘူးလား….

စထွင်မာ အလုပ်ကလည်း မြင့်မြတ်ပြီး ယဉ်ကျေးဖို့လိုတဲ့ အလုပ်မှ မဟုတ်တာကို ဘာလို့လဲ… စထွင်မာဖြစ်ဖို့ ယဉ်ကျေးလိမ္မာသင်တန်း တက်ရဦးမှာလား….

“ အဲ့တာက ကျွန်မ ဆုံးဖြတ်နိုင်တဲ့ ကိစ္စမှမဟုတ်တာ… ကျွန်မက ဒီတိုင်း ဘော့စ်ချိန်ပေးတဲ့ တာဝန် လုပ်နေတာကိုပဲ….”

“ ဟမ့်… ငါလည်း ပြန်ရောက်ရင် ဘော့စ်ချိန်ကို သူ့လိုကောင်မျိုးက လက်မှတ်ထိုးဖို့ မထိုက်တန်ဘူးဆိုတာ သိအောင် ပြောပြလိုက်မယ်….”

လီလင်း ဘာတစ်ခွန်းမျှ ပြန်မပြောပဲ ကော်ရှစ်ပေါ်အား ဆွံ့အစွာ ကြည့်လိုက်၏။

တစ်ဖက်သူက ပလတ်ဖောင်းနဲ့ စာချုပ်မချုပ်ရလို့ ထမင်း ငတ်သွားမှာ မဟုတ်ဘူးနော်… ပြီးတော့ ရှင် Dou yu မှာ ဆက်နေနိုင် မနေနိုင်က တစ်ဖက်သူရဲ့ သဘောထားအပေါ် မူတည်နေတာ…

တခြားဟာ မလုပ်ခင် ကိုယ့်အတွက်ကိုယ် အရင်စဉ်းစားပါဦးလား ….

ဟင်း…….

All Chapters