← Chapters

ကျောင်းသားဆိုးများရဲ့ အမူအကျင့်

Vol. 48 Ch. 714

ကျောင်းသားဆိုးများရဲ့ အမူအကျင့်

Vol. 48 Ch. 714

“ ဒါဆိုလည်း မင်းတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့…. ဒါပေမယ့် မင်းတို့မှာ အရေးကြီး ကိစ္စတွေ ရှိရင်တော့ ထားလိုက်… ရတယ်… မင်းတို့ ကိစ္စကို မနှောင့်နှေးစေနဲ့…”

“ ဘယ်လိုလုပ်ပြီး ဒုက္ခပေးတာ ဖြစ်ရမှာ.. နိုင်ငံနဲ့ လူမျိုးအတွက်ကိုပဲ… ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာပဲလေ….”

ထို့နောက် စားသောက်စားပွဲရှိ လေထုမှာ လျန်ရူရွှယ်ကြောင့် ပို၍ အသက်ဝင်လာခဲ့သည်။

စားသောက်နေစဉ်အတွင်း လင်းရီနှင့် ချိန်ရွှင့်ကျယ်တို့မှ ဟွာရှနှင့် ဆေးဝါးများအကြောင်း ဆွေးနွေးခဲ့ကြလေသည်။ လင်းရီ၏ အသိပညာတို့မှာ ချိန်ရွှင့်ကျယ်အား ရှော့ခ်ရသွားစေခဲ့၏။ သူကိုယ်တိုင် လင်းရီ၏ ပြိုင်ဘက်မဟုတ်ဟု တွေးထင်နေရုံသာမက အကယ်ဒမီရှိ သက်ကျားအိုကြီးများပင် လင်းရီလောက် မသိနိုင်ဟု ခံစားနေရသည်။

“ ကောင်းပြီလေ… အချိန်လည်း နောက်ကျနေပြီဆိုတော့ ငါ ရန်ကျင်းကို ပြန်ရတော့မှာ… မင်းတို့နဲ့ ဆက်ပြီး စကားမပြောနိုင်တော့ဘူး…”

လျန်ရူရွှယ် သူမ နာရီအား ကြည့်လိုက်ပြီး “ အန်ကယ်ချိန်ကလည်း ….နောက်သုံးလေးရက်လောက် နေပြီးတော့မှ ပြန်ပါလားလို့ … အန်ကယ်လည်း ဒီကို တစ်ခေါက် ရောက်ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ… သမီး နေရာတစ်ချို့ လိုက်ပြပေးမယ်လေ…”

“ ငတုံးမလေး..” ချိန်ရွှင့်ကျယ် ရယ်မောလိုက်ပြီး “ နင် ငါ့လက်ပေါ်မှာ ကြီးပြင်းခဲ့တာကို မသိဘူးများ မှတ်နေလား… စကားအလှတွေ လာပြီး ပြောမနေနဲ့…”

လျန်ရူရွှယ် ပြုံးလိုက်ပြီး “ မဟုတ်ပါဘူး.. သမီးက အမှန်တွေ ပြောနေတာပါ…”

“ နောက်မှ ဆက်ပြောကြတာပေါ့… ရန်ကျင်းမှာ အန်ကယ်ကိုင်တွယ်ရမယ့် ကိစ္စတွေကလည်း မနည်းမနော ရှိနေသေးတယ် ဆိုတော့ ပြန်မှ ဖြစ်တော့မှာ.. ရန်ရန်ကတော့ ဒီမှာ သုံးလေးရက်လောက် ဆက်နေဖြစ်လိမ့်မယ်… အဲ့မျောက်မလေးကို ကြည့်ပေးဖို့ မင်းတို့နှစ်ယောက်ကို အပူကပ်ရတော့မှာပဲ…”

“ ရန်ရန်က သမီးညီမအရင်းလေးလိုပဲလေ.. မပြောလည်း သမီးက အစ်မကြီးနေရာကနေ ကြည့်ရှုစောင့်ရှောက်ပေးမှာပါ…” လျန်ရူရွှယ်ပြောပြီးနောက် နာရီကို တစ်ဖန်ပြန်ကြည့်ရင်း “ အန်ကယ်ချိန် သမီး လေဆိပ်လိုက်ပို့ပေးမယ်လေ…”

“ ရတယ်… အန်ကယ် ကိုယ့်ဘာကိုယ်ပဲ သွားလိုက်မယ်…” ချိန်ရွှင့်ကျယ် ပြောလိုက်ပြီး “ မင်းတို့ ကိစ္စ မင်းတို့လုပ်ကြ…”

“ ဒါဆိုလည်း လိုက်မပို့တော့ဘူးနော်…”

“ အင်း..”

ချိန်ရွှင့်ကျယ်မှ မထွက်ခွာခင် လင်းရီ၏ ပခုံးအား ပုတ်လိုက်ပြီး “ ကောင်လေး… ကြိုးစားကွာ… ငါမင်းကို အများကြီး မျှော်မှန်းထားတယ်.. မင်းသာ အနေအထိုင် ဆင်ခြင်မယ်ဆိုရင် အနာဂတ်မှာ သေချာပေါက် ထွန်းပေါက်လိမ့်မယ်….”

“ ကျေးဇူးပါ အန်ကယ်..”

“ ကောင်းပြီ မင်းတို့နှစ်ယောက်…. အန်ကယ်သွားတော့မယ်…” ချိန်ရွှင့်ကျယ်မှ ပြောလိုက်ပြီး “ အပြင်လူတွေလည်း မဟုတ်တာကို လိုက်ပို့မနေကြနဲ့တော့…”

ကန်သင်းအပြင်ဘက်သို့ ထွက်ခွာသွားပြီး ချိန်ရွှင့်ကျယ် ကားထဲသို့ ဝင်၍ ထွက်ခွာသွားသည်ကို နှစ်ယောက်သား ငေးကြည့်နေကြလေသည်။

“ သွားစို့…. စင်တာကို သွားပြီးတော့ ဆေးဝါးအသစ် ကိစ္စကို ကိုင်တွယ်ကြမယ်… “ လျန်ရူရွှယ်မှ ပြောလိုက်ပြီး “ ဒီကိစ္စက အန်ကယ်ချိန်အတွက် အရမ်းအရေးကြီးတာ ဆိုတော့… ငါတို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး…”

လင်းရီနှင့် နှိုင်းယှဉ်ပါက လျန်ရူရွှယ်မှာ ပိုပြီး လေးလေးနက်နက် ရှိသည်။ ထိုဆေးက သူမတို့ ဟွာရှအတွက် အရေးကြီးသည့် ဆေးဝါးတစ်မျိုး ဖြစ်ပြီး ချက်ချင်းကိုင်တွယ်ရမည့်ကိစ္စ ဖြစ်၏။ လင်းရီ၏ အမူအကျင့်နှင့်ဆိုပါက ထိုကောင်စုတ် ဘယ်အချိန်ထိ ဆွဲထားမလဲဆိုတာ မည်သူကမျှ မပြောနိုင်ချေ။

“ အသေးမွှားကိစ္စလေးကို ငါပဲ သွားလိုက်မယ်…” လင်းရီ ပြောလိုက်ပြီး “ စိတ်ပူမနေနဲ့…”

“ ဟွန့်… အနည်းဆုံးတော့ နင့်မှာ အသိတရားတော့ ရှိသေးသားပဲ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင်က မလိုဘူးဆိုမှတော့ ငါရုံးပြန်သွားတော့မယ်…”

“ သွားသွား… ငါပဲ ကြည့်လုပ်လိုက်မယ်…”

“ ဖြည်းဖြည်းမောင်းဦးနော်….”

“ အေးပါ…”

ကန်သင်းမှ ထွက်လာခဲ့ပြီးနောက် လင်းရီ သုတေသန စင်တာသို့ ဦးတည်လိုက်၏။ မွန်းလွဲနှစ်နာရီကျော်နေပြီး ဖြစ်သော်လည်း မနက်ခင်းတုန်းက မည်မျှ စည်ကားနေခဲ့ကြောင်းကို လင်းရီ စိတ်ကူးကြည့်၍ ရလေသည်။

လင်းရီ ကားပါကင်ကို ရောက်လာတော့ နေရာအားလုံးယူပြီးဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။

SUV တစ်ချို့ဆိုလျှင် ဘေးနေရာများ၌ ရပ်ထားရလေသည်။ နေရာတစ်ခုလုံး လှည့်ပတ်ကြည့်ပြီးသည့် တိုင်အောင် သူ နေရာလွတ် တစ်နေရာကိုမျှ မတွေ့ရ၍ ဒေါသထွက်သွားခဲ့ပြီး

“ ငါ လခွမ်းတွေ ဖြစ်နေတာလားကွာ… ဘာလို့ ဒီနေ့ကျမှ…..”

လင်းရီ တစ်ဝက်တစ်ပျက်နှင့် စကား ရပ်တန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် မနီးမဝေး၌ ထိုးရပ်ထားသည့် အနီရောင် Civic တစ်စီးအား မြင်တွေ့လိုက်ရသောကြောင့်ပင်။ သို့နှင့် သူ လိုင်စင်နံပါတ်ပြားအား ကြည့်လိုက်တော့ “ ဟမ်.. အဲ့တာ လီချူးဟန်ရဲ့ Type R မဟုတ်ဘူးလား…သူမလည်း ဒီရောက်နေတာလား…”

လီချူးဟန်၏ ကားဖြစ်ကြောင်း အတည်ပြုပြိးသည်နှင့် လင်းရီ သူမကားရှေ့တွင် ထိုးရပ်လိုက်သည်။ တစ်စုံတစ်ယောက်၏ ကားအား ပိတ်ရပ်ထားသည်က လူမဆန်သော်လည်း လီချူးဟန်၏ ကားဆိုလျှင်တော့ ပြဿနာ မရှိတော့ချေ။

သူ အဆောက်အအုံနား ရောက်လာတော့ လူများစွာက ဝင်ချည်ထွက်ချည်ပြုနေသည်ကို မြင်တွေ့လိုက်ရလေသည်။

လင်းရီ ဖုန်းကို ထုတ်လိုက်ပြီး ကျောက်ဝန်အား ဆက်သွယ်လိုက်၏။

“ ဘာတွေဖြစ်နေတာ… ဘာလို့ ဒီနေ့ စင်တာမှာ လူတအား များနေတာ….”

“ ဒီနေ့က ကျွန်မတို့ တရားဝင် ကြေညာတဲ့နေ့လေ… တက္ကသိုလ်တစ်ချို့နဲ့ နာမည်ကြီးဆေးရုံက လူတွေ ရောက်လာပြီးတော့ လက်ချာ လာနားထောင်ကြတာ…” ကျောက်ဝန် ပြောလိုက်ပြီး “ ရှင်က ခု စင်တာကို ရောက်နေတာလား…”

“ အင်း.. ငါခုလေးတင် ရောက်တာ… မင်း လာမှာလား…”

“ ဟင့်အင်း.. တကယ်လို့ ကျွန်မသာ လာလိုက်မယ်ဆိုရင် ရှင့်လှည့်ကွက်ထဲ ရောက်သွားမှာပေါ့.. မယုံပါဘူး…”

“ အမိ… မင်းရဲ့ စိတ်ကျန်းမာရေး အခြေအနေက သိပ်မဟန်ဘူးပဲ… ဆေးတစ်ဘူးလုံး ကုန်အောင်သောက်ပြီးတော့ ဘယ်သွားခဲ့တာ….”

“ လစ် လစ်…. ရှင်ပဲ အဲ့လိုဖြစ်အောင် လုပ်ခဲ့တာလေ… “ ကျောက်ဝန်ပြောလိုက်ပြီး “ ဒီခု ရောက်လာတဲ့ လူတွေက ခြောက်ထပ်မြောက်မှာ…တကယ်လို့ ရှင့်မှာ ကိစ္စရှိတယ်ဆိုရင် အဲ့ဒီကို တက်လာခဲ့…”

“ အင်း… ကျေးဇူးပဲ… နောက်မှမင်းကို တစ်ခုခုသောက်ဖို့ ဖိတ်… တီ တီ တီ…..”

“ ဖက်ခ်.. ဒါဘာအချိုးချိုးတာ… ငါစကားမဆုံးခင် ဖုန်းချသွားတယ်လား…”

လင်းရီ ဓာတ်လှေကား စီး၍ ခြောက်ထပ်မြောက်သို့ တက်လာခဲ့လိုက်သည်။ သူ ဓာတ်ခွဲခန်း အနောက်တံခါးကို ရောက်ရောက်ချင်းပဲ အထဲမှ အသံဗလံများကို ကြားလိုက်ရလေသည်။

လင်းရီ အနောက်တံခါး မှန်မှ ကြည့်ကြည့်လိုက်တော့ အထဲတွင် လူ လေးဆယ်ကျော် ငါးဆယ်ခန့် မတ်တပ်ရပ်နေကြကြောင်း မြင်တွေ့လိုက်ရ၏။ သူတို့အားလုံးမှာ အသက်အရွယ်မျိုးစုံ ရှိနေကြပြီး မစ်လာ၏ သုတေသန အတွေ့အကြုံများကို ငြိမ်သက်စွာဖြင့် နားစွင့်နေကြလေသည်။လင်းရီ မနာလိုဖြစ်စွာဖြင့် သူ၏ မေးစေ့အား ပွတ်လိုက်၏။ယခုလိုမျိုး ရှိုးပြရသည်ထက် ကောင်းသည့်နေရာ ရှိပါဦးမည်လော။

သို့နှင့် လင်းရီ လူအုပ်ထံသို့ တစ်ဖန် အကြည့်လှည့်လိုက်တော့ လီချူးဟန်နှင့် ချောင်ရှင်းလည်း ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။

ချောင်ရှင်းကတော့ နားထောင်ရင်း ခေါင်းတဆတ်ဆတ် ငြိမ့်နေလေသည်။ သို့သော်လည်း ကျောင်းတက်ဖူးသူများကတော့ ထိုအချင်းအရာက ဆိုးရွားသည့်ကျောင်းသားများ၏ အမူအကျင့်ဖြစ်ကြောင်း နားလည်ပေသည်။

ဆရာ ဘာပဲ ပြောပြော အလိုက် ခေါင်းညိမ့် ပေးတတ်ကြ၏။

သို့သော်လည်း လီချူးဟန်ကတော့ ခြားနားသည်။ သူမ၏ အမူအရာက ကြည်လင်နေသည့် ရေပြင်ကဲ့သို့ တည်ငြိမ်နေကာ တစ်ခါတစ်ရံ အနည်းငယ် မျက်မှောင်ကြုတ်တတ်၏။ ထိုသို့ အမူအရာ ဖြစ်လျှင်တော့ ဆိုလိုသည်က သူမ နှလုံးသားထဲတွင် သံသယများရှိနေသည့် သဘောပင်။၎င်းတို့အပြင် ရန်စီလည်း ဤနေရာသို့ ရောက်နေလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားချေ။

သို့သော်လည်း သူမဘေးရှိ ကင်မရာမန်းကတော့ အခြားတစ်ယောက် ပြောင်းလဲသွားပြီး ထိုသူက အထဲရှိ မြင်ကွင်းများကို ကြိုးစားပမ်းစားနှင့် ရိုက်ကူးနေသည်။

လင်းရီ တစ်ချက် စဉ်းစားကြည့်လိုက်၏။ အကယ်၍ လျန်ရူရွှယ်မှ ရန်စီ ရောက်နေကြောင်း သိနေပါက သူ့ကို တစ်ယောက်တည်း လွှတ်လိုက်ဝံ့မည် မဟုတ်ချေ။ ( သဝန်တိုနာ ချိမက)

လီချူးဟန်နှင့် ချောင်ရှင်းအား ရှာတွေ့ပြီးနောက် လင်းရီ ချိန်ရန်အား လိုက်ရှာကြည့်လိုက်သည်။ သို့သော်လည်း အနှီ လူအုပ်ထဲတွင် ရှိမနေချေ။ သို့နှင့် သူ ရှေ့လှမ်းလှမ်းသို့ ဆက်လျှောက်လိုက်ပြီး အခြား ဓာတ်ခွဲခန်းတစ်ခုသို့ ရောက်လာခဲ့၏။

ထို အခန်းထဲတွင်လည်း လူ လေးဆယ်ကျော် ငါးဆယ်ခန့် ရှိနေကြလေသည်။ ခြားနားသည်ကား ၎င်းတို့အားလုံးမှာ ငယ်ရွယ်နေကြပြီး သူ့လောက်ပင် အသက်မကြီးကြသေးချေ။ထိုအခိုက်အတန့်တွင်တော့ အကုန်လုံးက မှတ်စုစာအုပ်နှင့် ဖောင်တိန်းများ ကိုင်ပြီး ယူရှီမစ်ဆူပြောသည်များအား လေးလေးနက်နက်နှင့် နားထောင်နေကြလေသည်။

သူမ၏ အမူအရာမှာလည်း ချောင်ရှင်းနှင့် ထူးမခြားနားပင်။ ရှေ့က ပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေလေသည်။ မဟုတ်ပါက အကုန်လုံး ခေါင်းငြိမ့်ပြီး သူမ တစ်ဦးတည်း မငြိမ့်ပါက အားလုံးနှင့် ကွဲထွက်နေမည်ဖြစ်၏။ ချိန်ရန်နှင့် ကျန်သူများကို ရှာတွေ့ပြီးနောက် လင်းရီ လီချူးဟန်ရှိသည့် ဓာတ်ခွဲခန်းဘက်သို့ ပြန်သွားလိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် မစ်လာမှ “ ကျုပ်ဘက်က လူတိုင်းကို ဓာတ်ခွဲခန်းထဲမှာ ရှိတဲ့ အခြေအနေအကြောင်း ရှင်းပြပြီးပြီ… တကယ်လို့ နားမလည်တဲ့ မေးခွန်းတွေ ရှိတယ်ဆိုရင် ကျေးဇူးပြုပြီးမေးကြပါ…”

ထိုစကား ဆုံးသည်နှင့် လူတိုင်း စိတ်သက်သာရာ ရသွားခဲ့ကြပြီး အထူးသဖြင့်တော့ ချောင်ရှင်းပင်။ ဟွာချင်းရေကန်ထဲမှ အနှိပ်ခံပြီးသည့်နှယ် သက်တောင့်သက်သာ ဖြစ်နေလေသည်။

ယခုလိုအဆင့်မြင့်သည့် လက်ချာက ချောင်ရှင်းတို့လို စာမလိုက်နိုင်သည့် ကျောင်းသူများအတွက်တော့ ညှင်းပန်း နှိပ်စက်နေသည့်နှယ်ပင်။

ဆေးနယ်ပယ်ရှိ ဆရာကြီးများကတော့ မစ်လာအား ဝိုင်းရံ၍ မေးခွန်းများ မေးမြန်းကြတော့၏။ လီချူးဟန်လည်း ထို့နည်းတူ အမေးခံရလေသည်။ ကျိုးဟိုင်ရှိ အထူးချွန်ဆုံး နှလုံးအထူးကု တစ်ယောက်အနေနှင့် လီချူးဟန်၏ အရည်အချင်းများက မေးခွန်းထုတ်နေရန် မလိုချေ။

သို့သော်လည်း သူမအား မေးမြန်းလာသူတိုင်းက အမျိုးသားများ ဖြစ်နေပြီး ယင်းက လီချူးဟန်ကို အနည်းငယ် စိတ်မရှည် ဖြစ်စေသည်။

“ အလှလေး… ဝီချက်အပ်လို့ရလား….”

All Chapters