← Chapters

အခန်း (၇၁၇)

Vol. 48 Ch. 717

အခန်း (၇၁၇)

Vol. 48 Ch. 717

" အင်း... အစ်ကို ကိစ္စလေး ရှိသေးလို့ ခဏမှ စားကြစို့...."

“ မစ္စတာလင်း…”

လင်းရီမှ မစ်လာနှင့် ယူရှီမစ်ဆူတို့အား ရှာတော့မည့် အချိန်တွင် ယူရှီမစ်ဆူမှ သူ့ထံ လျှောက်လာနေကြောင်း မြင်တွေ့လိုက်ရ၏။

“ မစ်လာကို ခေါ်ပေးစမ်းပါ… ကျုပ် သူနဲ့ ပြောစရာရှိတယ်…”

“ ကောင်းပါပြီ မစ္စတာလင်း.. ကျုပ် ခုပဲ သွားခေါ်လိုက်ပါ့မယ်…”

“ အစ်ကိုလင်းက မစ္စတာလင်းနဲ့ မစ္စတာယူရှီကို သိနေတယ်ပေါ့…” ချိန်ရန်မှ အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်၏။

“ သူတို့က ငါ့ရဲ့ လက်အောက်ငယ်သားတွေလေ… ဒါပေါ့… သေချာပေါက် သိတာပေါ့…”

“ အာ….. လက်အောက်ငယ်သား….” ချိန်ရန် အံ့အားသင့်စွာ ပြောလိုက်ပြီး “ အစ်ကို့ရဲ့ ဆေးပညာ စွမ်းရည်က အံ့ဩစရာကောင်းမှန်းသိပေမယ့် သူတို့နှစ်ယောက်ကိုတော့ ဖိနှိပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးမလား…. သူတို့က နိုဘယ်ဆုရှင်တွေလေ….”

“ နိုဘယ်ဆုလား… အဲ့တာက ဘာလုပ်ရမှာ… အဲ့လို အရာတွေကို ဦးနှောက်ထဲထည့်မနေနဲ့… ရောဂါတွေကို ဘယ်လိုမျိုး ကုသပေးပြီး လူတွေကို ဘယ်လိုကယ်တင်ပေးမလဲ ဆိုတာသာ စဉ်းစားနေ… ဆရာဝန်တစ်ယောက်အတွက် အဲ့တာထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး…”

“ အွန်း အွန်း… အစ်ကိုလင်း ပြောတာ မှန်တယ်…” ချိန်ရန် ခေါင်းညိမ့်လိုက်၏။

“ ငါလည်း ထောက်ခံတယ်…” လီကျစ်မုန့်မှ ပြောလိုက်၏။

မကြာမီ ယူရှီမစ်ဆူမှ မစ်လာအား ခေါ်လာခဲ့လေသည်။

“ ကိစ္စရှိလို့လား မစ္စတာလင်း..” မစ်လာမေးလိုက်၏။

လင်းရီ သူ့အိတ်ကပ်ထဲမှ ခေါက်ထားသည့် စက္ကူတစ်ရွက်ကို ထုတ်လိုက်ပြီး မစ်လာထံသို့ ကမ်းပေးကာ “ မင်းတို့ သွေးပျော်ဝင်ဆေးအတွက် သုတေသနတွေ လုပ်နေကြတယ်မလား… ဒါက ငါ့ရဲ့ ဖော်မြူလာပဲ… ဟွာရှန့်နည်းလမ်းနဲ့ပေါ့… ဒါပေမယ့် မစ္စတာမစ်လာလည်း ဟွာရှန့်ဆေးဝါးရဲ့ အာနိသင် နှေးတဲ့ အကျိုးသက်ရောက်မှုကို နားလည်ပြီးသားပဲ မဟုတ်လား.. ဒါကို အခြေခံပြီးတော့ သုတေသန ပြုလိုက်ရင် အာနိသင် သက်ရောက်မှုက ပိုပြီး လျင်မြန်လာဖို့ မျှော်လင့်ပါတယ်… ကျုပ်ဆိုလိုချင်တဲ့ သဘောကို နားလည်တယ်မလား…”

“ စိတ်ချပါ မစ္စတာလင်း.. ကျုပ်ဘက်က အကောင်းဆုံး ကြိုးစားသွားမှာပါ… မစ္စတာလင်းကို စိတ်မပျက်စေရဘူး…”

မစ်လာ စက္ကူစာရွက်ကို ရှားပါးရတနာ တစ်ခုအလား လက်ထဲတွင် တယုတယ ကိုင်ရင်း ပြောလိုက်၏။

သူ့အတွက်တော့ အကယ်၍ ဆေးဝါးကိုသာ အောင်အောင်မြင်မြင်နှင့် ဖန်တီးနိုင်မည် ဆိုပါက နိုင်ငံတကာ၌ နာမည်ဂုဏ်သတင်း ပျံ့ပွားနိုင်မည့်အပြင် အဆင့်အတန်းကလည်း လယ်ဗယ်တစ်ခုအထိ မြင့်တက်လာပေမည်။

တစ်ဖက်တွင်တော့ ယူရှီမစ်ဆူမှာ အများကြီး တည်ငြိမ်နေသည်။ သူ့ကို ကျေးဇူးတင်စကား ပြောပြီး အခြား မည်သည့် မလိုအပ်သည့် အမူအရာကိုမျှ ထုတ်မပြချေ။

“ ကောင်းပြီ… ကျုပ် ခင်များတို့နှစ်ယောက်ဆီကို လွှဲထားခဲ့လိုက်တော့မယ်…. တကယ်လို့ နားမလည်တဲ့ နေရာရှိရင် ကျုပ်ကို လာမေးလှည့်….”

“ ဟုတ်ကဲ့ပါ… ကျေးဇူးတင်ပါတယ် မစ္စတာလင်း…”

လင်းရီ‌ ခေါင်းညိမ့်လိုက်ပြီး လီချူးဟန်နှင့် ကျန်သူများကို ကြည့်ကာ “ သွားစို့… အလုပ်ကိစ္စလည်း ပြီးပြီဆိုတော့ တစ်ခုခု လိုက်ကျွေးမယ်…”

သို့နှင့် အုပ်စုမှာထွက်လာခဲ့ရင်း ချိန်ရန်မှ သူ့အနား ချဉ်းကပ်လာပြီး လေသံတိုးတိုးလေးဖြင့် “ ခဲအို.. ငါတို့ မနေ့တုန်းက ဘာမှန်းတောင် မသိလိုက်ရဘူး… ညစာစားပြီးရင် ထပ်သွားရအောင်လား…”

“ အစ်ကိုရီ… နင်သူတို့ကို ဟွာချင်းရေကန်ဆီ ခေါ်သွားခဲ့တာလား…” ချောင်ရှင်း အံ့အားသင့်သည့် လေသံဖြင့် မေးလိုက်၏။

“ အင်း… မင်းကော သွားချင်လို့လား… ဒီလိုလုပ်… မင်းတို့ ဒီရက်ပိုင်း တအား အလုပ်များထားတယ်ဆိုတော့ အနားယူရအောင် ခေါ်သွားပေးမယ်..”

“ ညီမမှ အဲ့လိုနေရာမျိုး တစ်ခါမှ မရောက်ဖူးတာ….”

“ မရောက်ဖူးဘူးဆိုရင် ရင်ထိတ်နေရမှာ မဟုတ်ဘူးလား… ဘာလို့ လက်နှစ်ဖက်ကို ပွတ်ဆွဲနေတာ…”

“ ဟီးဟီး…အဲ့တာက ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်ချင်လို့လေ….”

“ ချူးဟန် … မင်းကော.. “ လင်းရီ လီချူးဟန်အား ကြည့်လိုက်၏။

“ နင့် သဘောပဲ…” လီချူးဟန် တီးတိုးပြောလိုက်၏။

“ ကောင်းပြီလေ.. ဒါဆို အကုန်လုံးကို ခေါ်သွားပေးမယ်….”

“ အွန်း.. အဲ့တာဆိုရင် ငါတို့ တခြားနေရာ သွားမှ ဖြစ်တော့မှာနော်… ဟွာချင်းရေကန်ကို ထပ်သွားလို့ မဖြစ်လောက်တော့ဘူး.. မမက ထောက်လှမ်းရေးတွေ မလွှတ်ထားဘူးလို့ ပြောမရဘူး…. “ ချိန်ရန်မှ ပြောလိုက်၏။

“ အဲ့တာတွေ ကြိုသိလို့ နေရာအသစ်တစ်ခုကို ကြိုပြီး စုံစမ်းထားပြီးသား… အဲ့ဒီနေရာက ဟွာချင်းရေကန်နဲ့ သိပ်မဝေးဘူး… မင်းအစ်မ ရှာမတွေ့ဘူးဆိုတာ အာမခံနိုင်တယ်…”

“ ဟီးဟီး… ကောင်းတယ်..”

အုပ်စုမှာ ကားပါကင်သို့ ရောက်ရှိလာခဲ့ပြီး ချိန်ရန်မှ လင်းရီကားထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်ပြီး ကူနန်ကျစ်းနှင့် လီကျစ်မုန့်တို့မှ လီချူးဟန် ကားထဲသို့ ဝင်ရန် ဟန်ပြင်လိုက်ကြ၏။

သို့သော်လည်း သူ ကားထဲသို့ ဝင်တော့မည့်စဲစဲတွင် လင်းရီ ဖုန်းသံ မြည်လာခဲ့သည်။

ဖုန်းကို ထုတ်ကြည့်လိုက်တော့ ခေါ်လာသူမှာ လျန်ရူရွှယ်ဖြစ်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

“ ဟိုက်… သောက်ကျိုးတော့ နည်းပြီ…”

လင်းရီ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး “ ဒီမိန်းမ ငါ့ကိုယ်ပေါ်မှာ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ထားတယ်လို့တော့ လာမပြောနဲ့..”

လင်းရီ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး လျန်ရူရွှယ်၏ ဖုန်းအား ကိုင်လိုက်သည်။

“ အေး .. ဘာကိစ္စလဲ….”

“ ကိစ္စမရှိရင် နင့်ဆီ ဖုန်းမဆက်ရတော့ဘူးလား….”

လျန်ရူရွှယ်၏ လေသံကို နားထောင်ရသလောက်တော့ ရာသီဥတု အခြေအနေမှာ ကောင်းမွန်လေသည်။ သူ၏ အနှိပ်ခရီးစဉ်အတွက် တိမ်မည်းများ မရှိသေးချေ။

“ မဟုတ်ပါဘူး… ပြောချင်တာက ငါအခု အရမ်း အလုပ်များနေလို့လေ….”

“ ဒါဆိုလည်း ဆက်လုပ်ပေါ့… ငါက ဘာမှမဟုတ်ပါဘူး.. ဒီတိုင်း ဖုန်းခေါ်လိုက်တာ… နင် အန်ကယ်ပြောတဲ့ ကိစ္စ လုပ်ပြီးပြီလားလို့…”

“ အသေးမွှားလေးကို …. အကုန်ပြီးပြီ…”

“ အွန်း… မဆိုးဘူး...တော်တယ်…”

ဖုန်းခေါ်ဆိုမှုမှာ စကားအနည်းငယ် ပြောပြီးနောက် ပြီးဆုံးသွားခဲ့လေသည်။

“ အခြေအနေ ဟန်တယ်မို့လား…”ချိန်ရန် စူးစမ်းလိုက်၏။

“ အင်း… နဂိုအစီအစဉ်အတိုင်းပဲ…”

“ ရေး…..”

ကလင် ကလင် ………

လင်းရီ ကားထဲသို့ ဝင်တော့မည့်အချိန်တွင် ဖုန်းမှာ တစ်ဖန် မြည်လာပြန်သည်။

“ ဒီအချိန်ကြီးကျမှ ဘယ်သူက ဖုန်းခေါ်လာတာတုန်းကွ…”

လင်းရီ ဖုန်းထုတ်ကြည့်လိုက်တော့ အမည်မသိနံပါတ်တစ်ခု ဖြစ်နေလေသည်။

“ ဘယ်သူလဲ…”

“ မစ္စတာလင်း.. ကျုပ်ပါ… ယူရှီမစ်ဆူ….”

လင်းရီ မျက်မှောင်ကြုတ်လိုက်မိ၏။

ဘာလို့ အဲ့ဒီအဘိုးကြီးက သူ့ဆီဖုန်းဆက်လာခဲ့တာ…

“ ဘာကိစ္စရှိလို့လဲ…”

“ ကျုပ် မစ္စတာလင်းနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေး စကားပြောချင်လို့… ခု စင်တာကနေ ထွက်သွားပြီလားမသိဘူး… အဆင်ပြေရင် အချိန်အနည်းငယ်လောက် ပေးလို့ရလား…”

“ ကောင်းပြီလေ…. ကျုပ်အခု ကားပါကင်မှာပဲ ရှိသေးတယ်…”

“ ဒါဆို စင်တာ အနောက်တံခါးပေါက်မှာ တွေ့ကြတာပေါ့…”

“ ကောင်းပြီ….”

လင်းရီ ဖုန်းချလိုက်ပြီး လီချူးဟန်၊ ချိန်ရန်နှင့် ကျန်သူများအား သိမ်းကျုံးကြည့်လိုက်ကာ “ ကားထဲမှာ စောင့်နှင့်ကြဦး…. ငါ ကိစ္စလေး ရှိလို့ ခနနေ ပြန်လာခဲ့မယ်…”

“ ငါ ကူညီပေးရဦးမလား…” လီချူးဟန် မေးလိုက်၏။

“ မလိုဘူး.. ကားထဲမှာပဲ စောင့်နေ… ခဏနေ ပြန်လာခဲ့မယ်…”

“ အွန်း… လိုအပ်ရင် ဖုန်းဆက်လိုက်ဖို့ မမေ့နဲ့နော်….”

လင်းရီ ခေါင်းညိမ့်ပြီး သုတေသန စင်တာ၏ အနောက်တံခါးပေါက်သို့ ဦးတည် ထွက်ခဲ့လိုက်သည်။

လင်းရီ ဟိုရောက်တော့ ယူရှီမစ်ဆူမှာ ထိုနေရာ၌ မတ်တပ်ရပ်သား စောင့်နေလေသည်။

“ မစ္စတာလင်း…” ယူရှီမစ်ဆူမှ မိတ်ဟောင်းရင်းချာကြီးများကဲ့သို့ ခေါင်းငြိမ့်ပြီး ပြုံးပြနှုတ်ဆက်လာခဲ့၏။

သို့သော်လည်း ယင်းက လင်းရီကို နေရခက်သွားစေသည်။

သူတို့နှစ်ယောက်ကြားတွင် ရင်းနှီးမှု တစ်စုံတစ်ရာ မရှိသော်လည်း ဓာတ်ခွဲခန်းထဲတွင်တော့ လင်းရီ၏ အဆင့်အတန်းက ယူရှီမစ်ဆူထက် မြင့်မား၏။ အလိုက်ကန်းဆိုးသိသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ အလုပ်ခွင်တွင် အထက်အကြီးအကဲအား ထိုသို့ ပြုမူဝံ့လိမ့်မည် မဟုတ်ချေ။

သို့တိုင်အောင် လင်းရီ အသေးစိတ် အလေးထားမနေတော့ပဲ ယူရှီမစ်ဆူ၏ ရှေ့သို့ လျှောက်လာခဲ့လိုက်၏။

“ ဘာကိစ္စရှိလို့လဲ.. လိုရင်းကို တစ်ခါတည်းပြော….”

“ မစ္စတာလင်း … ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ.. ကျုပ်က ဂျပန်နိုင်ငံ မစ်ဆူ မိသားစုကနေ ဆင်းသက်လာတဲ့ သူပါ.. မစ်ဆူအုပ်စုကလည်း ကျုပ် မိသားစုရဲ့ ပိုင်ဆိုင်မှုပါပဲ…”

လင်းရီ မျက်လုံး မှေးကျဉ်းလိုက်ပြီး “ အဲ့တော့… ခင်များက ဘာပြောချင်နေတာ…”

“ ဒီလိုပါ… လတ်တလော ကျုပ်တို့ မိသားစုက ဇီဝဓာတ်ခွဲခန်း တစ်ခု တည်ဆောက်ချင်နေတာ.. အဲ့တာကြောင့်မို့ ကမ္ဘာ့နေရာ အသီးသီးက မစ္စတာလင်းလို ပါရမီရှင်မျိုးတွေကို ခေါ်ယူနေတာ…. ကျုပ်တို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားရဲ့လား မသိဘူး…”

“ ဟားဟားဟား……” လင်းရီ ရယ်မောလိုက်ပြီး “ ဆိုတော့ ကျုပ်ကို ငှားချင်နေတာလား…”

ယူရှီမစ်ဆူမှ ပြုံးလိုက်ပြီး “ မစ္စတာလင်း… ငြင်းဖို့ ဆန္ဒမစောပါနဲ့ဦး… ကျုပ်တို့ဘက်က ငွေကြေးနဲ့ အာဏာအများအပြားကို ထောက်ပံ့ပေးနိုင်တယ်… မစ္စတာလင်း လိုအပ်တာမှန်သမျှကိုလည်း တုံ့ဆိုင်းခြင်းမရှိပဲနဲ့ ချက်ချင်း ဖြည့်ဆည်းပေးနိုင်တယ်….”

“ ဖြစ်လာမှာ မဟုတ်ဘူး… ခင်များတို့ တခြား တစ်ယောက်သာ လိုက်ရှာလိုက်တော့….”

ပြောပြီးနောက် လင်းရီ လှည့်ထွက်သွားတော့၏။

“ ဖြည်းဖြည်းသွားပါ မစ္စတာလင်း…” ယူရှီမစ်ဆူမှ ပြောလိုက်ပြီး “ ခင်များရဲ့ စွမ်းရည်တွေကို မေးခွန်းထုတ်စရာ မလိုအောင်ကိုပဲ... ကျုပ်ထက်တောင် ကောင်းမွန်သေးတယ်… တကယ်လို့ ကျုပ်တို့ မစ်ဆူအုပ်စုနဲ့ ပူးပေါင်းမယ်ဆိုရင် မစ္စတာလင်း လိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ အာမခံတယ်… ကျုပ်တို့ မစ်ဆူအုပ်စုက မစ္စတာလင်းကို သေချာပေါက် စိတ်ကျေနပ်စေမှာပါ…”

လင်းရီ ပြန်လှည့်လိုက်ပြီး ယူရှီမစ်ဆူအား ပြုံးပြကာ “ မစ်ဆူ အုပ်စု ဆိုတော့ကော ဘာအရေးလဲ… ကျုပ်က ဂရုစိုက်နေမယ်ထင်လား…”

All Chapters