ဥက္ကဌလင်းက အလုပ်များနေတယ်… ငါတို့ကို မနှောင့်ယှက်နဲ့….
Vol. 48 Ch. 718
“ မစ္စတာလင်းက ပြန်မစဉ်းစားချင်တော့ဘူးလား…”
ယူရှီမစ်ဆူမှ လွယ်လွယ်နှင့် လက်မလျှော့ချင်သေးချေ။
သူ လွန်ခဲ့သည့်ရက်က လင်းရီ၏ စွမ်းရည်များအား မြင်ပြီးကတည်းကရင် လင်းရီအား မည်သို့ စည်းရုံးရကောင်းနိုးနိုး အကြံထုတ်နေလေသည်။
လင်းရီ၏ ပါရမီနှင့် စွမ်းရည်များက နိုင်ငံတကာ စံချိန်စံနှုန်းများဖြင့် တိုင်းတာလျှင်တောင် ထိပ်တန်းဖြစ်ကြောင်း လုံးဝသေချာလေသည်။
အကယ်၍ ထိုကဲ့သို့သော ပါရမီရှင်မျိုးကိုသာ မစ်ဆူအုပ်စုသို့ ဆွဲဆောင်နိုင်ပါက သူ့မိသားစု၏ အဆင့်အတန်းမှာလည်း ဂျပန်တွင် ထိပ်တန်း နံပါတ်တစ် မိသားစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် မည်သည့်နည်းလမ်း သုံးရသုံးရ သူ ရအောင် ဆွဲခေါ်ရပေမည်။
“ မင်းက ဘာကို စဉ်းစားစေချင်နေတာ…” လင်းရီပြောလိုက်ပြီး “ အဲ့ဒီကျွန်းလေးက ဟွာရှလောက်လည်း မကြီး… ကောင်မလေးတွေကလည်း ဟွာရှသူတွေလောက် မလှတာကို ငါက မင်းနောက်လိုက်ပြီး ဘာလိုက်လုပ်ရမှာ…”
“ဟားဟား…” ယူရှီ မစ်ဆူမှ သဘောကျစွာ ရယ်မောလိုက်သည်။ သူ၏ သွင်ပြင်မှာ ကြင်နာတတ်သည့်ဟန် ပေါက်နေသော်လည်း ထိုအထဲ၌ ယုတ်မာကောက်ကျစ်သည့် ဗီဇအား ပီရိစွာ သိုဝှက်ထားလေသည်။
“ တကယ်လို့ မစ္စတာလင်းက အဲ့လိုပြောကြေးဆိုရင် ပေါ့သေးသေးစဉ်းစားနေတာ မဟုတ်ဘူးလား… မစ္စတာလင်းမှာ ပိုက်ဆံ ရှိနေသရွေ့ ဒီလိုကာမဂုဏ်စည်းစိမ်တွေက အလွယ်လေး ရနိုင်ပါတယ်…”
“ အဲ့တာအပြင် ခင်များဘက်က ဘာထပ်ပေးနိုင်သေးလဲ…”
“ အာဏာ…! “
ယူရှီမစ်ဆူမှ ပြောလိုက်ပြီး “ တကယ်လို့ ကျုပ်တို့ မစ်ဆူအုပ်စုထဲ ဝင်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင် အကန့်အသတ်မဲ့တဲ့ စည်းစိမ်ဥစ္စာနဲ့ မစ္စတာလင်း ဘဝမှာ အရှင်သခင်လို့ ခံစားရလောက်တဲ့အထိ အာဏာကို ပေးဖို့ အာမခံနိုင်တယ်…”
“ အရူးကွက် လာနင်းမနေနဲ့.. “ လင်းရီ ပြောလိုက်ပြီဂ “ ကျိုးဟိုင်ရဲ့ မြို့တော်ဝန်ကိုတောင် သိမ်းပိုက်နိုင်တဲ့ကျုပ်ကို ခင်များဘက်က ဘယ်လို အာဏာမျိုး ပေးနိုင်မှာ…”
သို့နှင့် လင်းရီ အပြီးတိုင် လှည့်ထွက်လာခဲ့လိုက်၏။
ယူရှီမစ်ဆူမှ မျက်လုံးမှေးကျင်းလိုက်ပြီး လင်းရီ၏ နောက်ကျောအား ကောက်ကျစ်သည့် အမူအရာဖြင့် ကြည့်နေလိုက်သည်။ ထို့နောက် သူလည်း လှည့်ထွက်သွားခဲ့တော့၏။
“ နင့်ကိစ္စက ပြီးသွားပြီလား…”
လင်းရီ ပြန်လာသည်ကို မြင်တော့ လီချူးဟန်မှ မေးလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အကုန်ပြီးပြီ… သွားကြစို့…”
သူတို့အားလုံး သက်ဆိုင်ရာကားများထဲသို့ ဝင်ရောက်လိုက်ကြပြီး လင်းရီ ထိုင်ခုံ ခါးပတ် ပတ်ပြီးပြီးချင်းပဲ သူ့အိတ်ကပ်ထဲရှိ ဖုန်းက မြည်လာပြန်သည်။
“ ငါ လခွီးလိုမှပဲ… ငါက အနှိပ်ခံချင်ရုံလေးတင်ပါကွာ… ဘာလို့ ထန်စန်း ကျမ်းစာသွားယူတာထက် အနှောင့်အယှက်တွေက ပေါနေတာ…”
လင်းရီ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ရန်စီဖြစ်နေကြောင်း သတိပြုမိလိုက်၏။
“ ဟမ်.. ဒီမိန်းမက ဘာလို့ ငါ့ဆီဖုန်းဆက်လာတာ…”
ရေရွတ်ရင်း လင်းရီ ဖုန်းဖြေဆိုလိုက်၏။
“ ဘာကိစ္စတုန်း…! ”
ရန်စီ ကြက်သေသေသွားခဲ့၏။ သူမ သူ့ကို မစော်ကားမိပါဘူး.. ဘာလို့ စိတ်တိုနေတဲ့ လေသံပေါက်နေတာ….
“ မစ္စတာလင်း… ရှင်က တပ်ခရိုင် ဒေသမှာ တွေ့ခဲ့တဲ့ မျက်နှာဖုံး အစ်ကိုကြီးမလား…”
“ မဟုတ်ဘူး… မင်းလူမှားနေပြီ….”
“ ဒီဖုန်းနံပါတ်ကို ရှင်ပဲ ပေးခဲ့တာလေ…. အဲ့တာတောင် မစ္စတာလင်းက ဖုန်းကွယ်ချင်နေသေးတာလား…”
“ အာ…..”
လင်းရီ ခေတ္တရပ်တန့်လိုက်ပြီး ‘ ဒါက သောက်ရမ်းမှားတာပဲ…’
“အိုကေ… ဝန်ခံတယ်… အဲ့တာ ငါပဲ… ဆိုတော့ ဘာကိစ္စလဲ….”
“ ကျွန်မ မစ္စတာလင်းကို ဒီည ထမင်းစားဖိတ်ချင်လို့.. အချိန်ရလား မသိဘူး…”
“ မရဘူး… ငါခု ဟွာချင်းရေကန်ကို သွားမလို့…. စိတ်ပါရင် မင်းပါလိုက်ခဲ့လို့ရတယ်… မလိုက်ချင်ရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး…”
“ဒါက…”
ရန်စီ ပြောစရာ စကား ကင်းမဲ့နေတော့၏။ သူမ ပထမဆုံးအကြိမ် လူတစ်ယောက်မှ မိန်းမလှလေးအား ရေချိုးစင်တာ၌ ချိန်းသည်ကို ကြားဖူးခြင်းပင်။
“ နောက်နေ့မှတွေ့ကြတာပေါ့… မစ္စတာလင်းဘက်က အချိန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
“ကောင်းပြီလေ… နောက်နေ့မှ ပြောကြတာပေါ့…”
ဖုန်းချပြီးနောက် လင်းရီ ဖုန်းကို ရန်ချိန်ထံ ကမ်းပေးလိုက်ပြီး “ မသိတဲ့ဖုန်းစိမ်းတွေ လာရင် ငါ့အစား ကိုင်ပေးစမ်းပါ…”
“ အိုး…. အိုကေလေ…” ချိန်ရန် ခေါင်းညိမ့်လိုက်၏။
“ ဘယ်လိုပြောပေးရမှာ… မစ္စတာလင်းက အလုပ်များနေတယ်.. ဖုန်းပြောဖို့ မအားသေးဘူးလို့ ပြောလိုက်ရမှာလား….”
“ ဒီတိုင်း ဥက္ကဌလင်းက ဖက်ဖက်ဖက်(လိင်ဆက်ဆံ)နေလို့ ဖုန်းပြောဖို့ မအားသေးဘူးလို့သာ ပြောလိုက်…”
“ ဟားဟား…” ချိန်ရန် ရယ်မောလိုက်ပြီး “ တကယ်လို့ ခဲအိုသာ ယောင်းမနဲ့ လုပ်မယ်ဆိုရင် တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းမှာ… ပြီးတော့ ကားထဲမှာလေ…. ဟားဟား….”
ကလင် ကလင် ကလင်….
“ သပ… နင်ပြောတဲ့အတိုင်း တကယ်ကြီး ဖုန်းခေါ်လာတယ်ကော…”
“ ကိုင်လိုက် ကိုင်လိုက်…” လင်းရီ အားမာန်ပါပါနှင့်ပြောလိုက်ပြီး “ ဒီလူတွေ ဒီနေ့ကျမှ ငါ့ကို အနှောက်အယှက်ပေးဖို့ လက်ဖက်ရည်ဝိုင်း ဖွဲ့ထားကြလား မသိဘူး…”
“ လင်းရီ…..”
“ ဥက္ကဌလင်းက ခု မအားသေးဘူး… သူလိင်ဆက်ဆံနေတယ်… ငါတို့ကို မနှောင့်ယှက်နဲ့…” ချိန်ရန် အမှုမထားသည့် လေသံဖြင့် ပြောလိုက်၏။
ယခုလိုမျိုး ပြောလိုက်ရသည့် ခံစားချက်က အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေလေသည်။
“ ရန်ရန်လား….”
“ အာ…………”
ထိတ်လန့်မှုကြောင့် ရုတ်ချည်းငြိမ်သက်သွားခဲ့တော့၏။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက်လုံးက ထိုအသံနှင့် ရင်းနှီးနေသောကြောင့်ပင်။
ဒီအသံက ချိန်ရွှင့်ကျယ် အသံနဲ့ နည်းနည်းလေး ဆင်နေသလိုပဲ…
ချိန်ရန် ဖုန်းနံပါတ်ကို သေချာလေး ဖတ်ကြည့်ပြီးနောက် ကျောက်ရုပ်ဖြစ်သွားခဲ့တော့၏။
မေးကြည့်ရန် မလိုအပ်တော့ချေ။ မြင်ကြည့်ရုံနှင့် သိပြီးဖြစ်၏။
“ ဖေဖေ… သမီးရှင်းပြမယ်.. သမီး ခုနက စနောက်ပြီး ပြောလိုက်တာ… သမီးတို့က ခု ကားထဲမှာလေ… အဲ့လိုမျိုးတွေ လုပ်နေတာ မဟုတ်ဘူး…”
“ ကားထဲမှာ……”
လင်းရီ “…. “
“ သမီးတို့ ထမင်းသွားစားမလို့ကို လူတွေ အများကြီးက အစ်ကိုရီဆီ ဖုန်းတွေအများကြီး ခေါ်နေကြတာလေ… အစ်ကိုရီ ဖြေရင်း မောလာတော့ သမီးက သူ့အစား ဖြေပေးလိုက်တာ…”
“ ဖုန်းကောတွေ များတော့ ကိစ္စနှောင့်နှေးလို့လား….”
ချိန်ရန် “ …..”
“ ဖေဖေ…! အဲ့လိုမျိုး မဟုတ်ပါဘူးဆိုနေ… တကယ်လို့ မယုံဘူးဆိုရင် သမီး အခုပဲ ဗီဒီယိုရိုက်ပြီး ပို့လိုက်မယ်…”
“ ရန်ရန် .. နင်က အရွယ်ရောက်ပြီးနေပြီကို အဲ့လိုမျိုး တွေ လျှောက်မပြောရဘူးလေ….”
“ ဟုတ်… သမီးမှားသွားပါတယ်…”
“ ရပြီ… လင်းရီကို ဖုန်းပေးလိုက်…”
“ အွန်း…”
ချိန်ရန် ဖုန်းကို လင်းရီထံ ပြန်ပေးလိုက်လေသည်။
“ အန်ကယ်ချိန်…”
“ မီလိလေးခုတင် ငါ့ဆီ ဖုန်းဆက်လာတာ ဆေးဝါးကိစ္စက ကိုင်တွယ်ပြီးပြီဆို…”
“ ဟုတ်တယ် အန်ကယ် … ပြီးလုပြီးခင်ပေါ့… ကျော်လွှားစရာ အသေးမွှား ကိစ္စလေးတွေ ရှိသေးတယ်ဆိုပေမယ့် ဟိုလို ခက်ခဲနေတာမျိုးတော့ မဟုတ်ပါဘူး…”
“ ဒါဆို မင်းလိုအပ်တဲ့ ပစ္စည်းတွေကို မင်းလက်အောက်ကလူတွေဆီ ပြောထားလိုက်… မြန်မြန်ပြီးအောင်လို့ လိုအပ်ရင် ငါ ကြိုတင် ခွင့်ပြုမိန့်ပေးထားလိုက်မယ်..”
“ ဟုတ် အန်ကယ်.. ကျေးဇူးပါဗျ..”
ရိုးရှင်းစွာ စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
“ မင်းက ကိုယ့်အဖေ ဖုန်းနံပါတ်ကိုတောင် မမှတ်မိဘူးလားကွ…”
“ သိဘူးလေ.. ငါက အမေ့ဖုန်းနံပါတ်ပဲ မှတ်ထားတာ…”
“ မင်းလုပ်လို့ သေဖို့ နည်းနည်းလေးပဲ လိုတယ်…”
“ ဟီးဟီး.. အဆင်ပြေပါတယ်.. အဖေက များများ စဉ်းစားနေမှာ မဟုတ်ဘူး… တွေးပူမနေနဲ့…” ချိန်ရန် အပြုံးလေးဖြင့် ပြောလိုက်၏။ သူမ အလေးအနက် ထားမနေကြောင်း သိသာလေသည်။ “ မြန်မြန်မောင်း… စောစောရောက်တော့ စောစောဇိမ်ခံလို့ရတာပေါ့…. ရန်ကျင်းကို ပြန်ရောက်ရင် ဒီလိုမျိုး ဇိမ်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…”
“ အင်း… သွားစို့….”
မိနစ်နှစ်ဆယ်ကြာပြီးနောက် လင်းရီ ကားကို 'ရင်ကျွမ်းရွှေဟူ'သို့ မောင်းလာခဲ့လိုက်သည်။
“ ခဲအို ဒီနေရာက မဆိုးဘူးနော်… ဟွာချင်းရေကန် ရောက်နေသလိုမျိုးပဲ…”
“ အင်း... ဒါက ငါ အသစ်တွေ့ထားတဲ့ နေရာလေ… မင်းအစ်မက ဒီနေရာအသစ်ကိုတော့ မသိသေးဘူး ဟာဟား…”
“ အရမ်းဉာဏ်ကောင်းတာပဲ… ကျင်းသုံးကျင်းနဲ့ မြေခွေးလိုမျိုးလေ…”
“ အစ်ကိုရီ… ဒီနေရာက လုံခြုံတယ်မို့လား… ညီမတို့ရဲ့ အထောက်အထားက လူသိခံလို့ မရဘူးနော်…”
“ စိတ်မပူနဲ့… ဒါက အမျိုးသားတွေ စိတ်ပူသင့်တဲ့ ကိစ္စ… အမျိုးသမီးတွေ စိတ်ပူစရာမလိုဘူး..”
“ ဟီးဟီး… ကောင်းတယ်…”
မကြာမီ လူခြောက်ယောက်မှာ ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုအခါ လူတိုင်း ကြက်သေသေသွားခဲ့ကြတော့၏။
ဒီကောင်က မိန်းကလေး ငါးယောက်ကို ဒီခေါ်လာခဲ့တယ်လား… ပြီးတော့ အကုန်လုံးက အလှလေးတွေချည်းပဲ…
နတ်ဘုရား….
ဘယ်လိုတောင် စွမ်းလိုက်ပါလိမ့်…
“ မင်းတို့ဆီမှာ မန်ဘာကတ် ရောင်းလား…”
“ ဟုတ်ကဲ့… ရပါတယ်ရှင့်… 1999 ယွမ်ကနေ 168,000 ယွမ်အထိ ရှိပါတယ်… လူကြီးမင်းက ဘယ်လိုကတ်မျိုး လိုချင်တာလဲ မသိဘူး…”
“ 168,000 တန်… ခြောက်ခု ယူမယ်…”
“ ခြောက်ခု…”
ငွေကိုင် အမျိုးသမီးမှ ကြက်သေသေသွားခဲ့တော့၏။
သူမတော့ တိုင်ကွန်းနဲ့လာတိုးတာပဲ…
“ ဟုတ် ဟုတ်… ရပါတယ်ရှင့်.. ခဏလေး စောင့်ပေးပါနော်… ခုပဲ စီစဉ်ပေးပါ့မယ်…”
“ ခဲအို… နင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ….နင်နဲ့သာဆိုရင် သေချာပေါက် ကောင်းစားမယ်ဆိုတာ သိနေတယ်လေ……”
“ ပါးပါးလေးပါ.. ဒါနဲ့ ဒီကိစ္စ မင်း အစ်မ မသိစေနဲ့… ဟုတ်ပြီလား.... ”
အွန်း အွန်း
ငွေကိုင် အမျိုးသမီး “ ??? “
ခဲအို…?
ခယ်မ ….?
သူဌေးတွေကတော့ မီးနဲ့ ဆော့ရတာ အတော်လေး ကြိုက်ကြတာပဲ…
မကြာမီ မန်ဘာကတ်များ အဆင်သင့်ဖြစ်သွားခဲ့ပြီး လင်းရီမှ ကျန်ငါးယောက်ကို အတွင်းထဲသို့ ဦးဆောင်သွားခဲ့လေသည်။
လင်းရီ ထိပ်တန်းအဆင့် မန်ဘာကတ် ခြောက်ခု တစ်ပြိုင်နက်တည်း ပြုလုပ်လိုက်သည်ကို မြင်တော့ အနီးတစ်ဝိုက်ရှိလူများအားလုံး မနာလိုအားကျသည့် မျက်နှာထားများ ဖြစ်သွားခဲ့ကြ၏။
သူတို့အားလုံးက လင်းရီ၏ ကြွယ်ဝမှုကို မနာလိုအားကျနေခြင်း မဟုတ်ပဲ သူ၏ ကိုယ်ပိုင် မိန်းကလေးများအား ဤနေရာသို့ အပိုင် ခေါ်လာနိုင်ခဲ့ခြင်းကိုပင်။
ထို့ပြင် ထိုအထဲမှ တစ်ယောက်ကလည်း သူ၏ ခယ်မ ဖြစ်နေပြန်သည်။
အိုင်းရှီး…. မနာလိုလိုက်တာ…..!