← Chapters

အိမ်ထက်တောင် ကောင်းသေးတယ်

Vol. 48 Ch. 719

အိမ်ထက်တောင် ကောင်းသေးတယ်

Vol. 48 Ch. 719

ရေပူစမ်းထဲတွေ ရေနွေးစိမ်ရင်း အစားတစ်ချို့ စားပြီးနောက် အုပ်စုမှာ VIP အခန်းထဲသို့ ရောက်လာခဲ့ကြသည်။ မကြာမီ သက်ဆိုင်ရာ ပညာရှင်များမှ အခန်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

“ အစ်ကိုရီ… ဒါက အရမ်း သက်တောင့်သက်သာရှိတာပဲ…” ချောင်ရှင်း ပြောလိုက်ပြီး “ အိမ်မှာ ရေချိုးရတာထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိနေသေးတယ်…”

“ ကတ်လုပ်ထားပေးတယ်လေ… ပင်ပန်းရင် ဒီလာပြီး အနားယူလှည့်ပေါ့…”

“ ဟီးဟီး … ကျေးဇူးပါ အစ်ကိုရီ …”

“ ဒီရဲ့ spa ကို ဘယ်သူက ဖန်တီးခဲ့လဲ မသိဘူးနော်… ခန္ဓာကိုယ်ကို ဖိ ၊ နှိပ်ပေးနေတာနဲ့ အရမ်း သက်တောင့်သက်သာ ရှိတာပဲ…”

“ ဟွာရှန့် တိုင်းရင်းဆေးနည်းကြောင့်လေ… “ လီကျစ်မုန့် ပြောလိုက်ပြီး “ ဒီရဲ့ အနှိပ်နည်းပညာတွေကလည်း ဟွာရှန့်တိုင်းရင်း အကြောပညာကနေ ဆင်းသက်လာခဲ့တာ…”

“ အဓိပ္ပာယ်ရှိတယ်…”

ချိန်ရန် လင်းရီအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး “ ခဲအို… ငါနင့်ကို နှိပ်ပေးရမလား…. ငါ့ရဲ့ နည်းစနစ်တွေကို မြည်းစမ်းခွင့်ပေးမယ်လေ…”

“ ရတာပေါ့… လုပ်လေ…”

“ ဟီးဟီး… အစ်ကိုလင်း…. ကျွန်မ အစ်ကိုလင်းအပေါ် ပရုတ်ဆီ လိမ်းပေးမယ်….”လီကျစ်မုန့်ပြောလိုက်၏။

“ ဒါဆို ငါက ခြေထောက်တွေကို နှိပ်ပေးရမှာပေါ့…”ချောင်ရှင်းမှ ပြောလိုက်၏။

အနှိပ်ပညာရှင် အမျိုးသမီးများအားလုံး ဘေးသို့ ဖယ်ရင်း မနာလိုသည့် မျက်နှာထားဖြင့် လင်းရီအား ကြည့်လိုက်ကြ၏။

ဒီလူက နတ်ဘုရားတွေရဲ့ အရွေးချယ်ခံများလား…

လီချူးဟန်ကတော့ ဘေးတွင် ညင်သာစွာ ထိုင်နေရင်း ဘာမျှ မပြောချေ။ လင်းရီကိုသာ တိတ်ဆိတ်စွာဖြင့် ကြည့်နေလေသည်။

သူမအတွက်တော့ ယင်းက ကြည်နူးမှုပင်။

ဒူ ဒူ ဒူ…

လင်းရီ၏ ဖုန်း တုန်ခါလာခဲ့၏။

ချင်းဟန်မှ ဗွီဒီယိုကော ခေါ်လာခဲ့ခြင်းပင်။

“ ငိုးမ လင်းကြီး… မင်း မမျှတတဲ့ကောင်…”

“ ဘာလား… ငါက ဘာလုပ်နေလို့..”

“ ရှီးပဲ… မင်း မနေ့တုန်းက ဟွာချင်းရေကန်ကို မိန်းကလေးတွေနဲ့ သွားတာ ငါ့ကို မခေါ်ဘူးလေ…”

“ ဘာဆန်းလို့… မင်းက အဲ့တာကို စကားလုပ်ပြီး ပြောနေတာလား…”

“ ငါပြောချင်တာ မင်းငါ့အပေါ် မမျှတဘူးလို့ ပြောနေတာ… “ ချင်းဟန် ပြောလိုက်ပြီး “ မင်း အရင်တစ်ခေါက်တုန်းကကျ ကောင်းကြီးကို ခေါ်သွားတယ်ကွာ… ဒီတစ်ခေါက်ကျတော့ လျန်ကြီးကို ခေါ်သွားတယ်… ငါ့ကျ တစ်ခေါက်မှလည်း မခေါ်ဘူး…”

“ မင်း ငါ့ကို ရယ်အောင် လာလုပ်ပြနေတာလား…. သခင်လေးချင်းက မိန်းကလေးတွေ ရှားနေပြီလို့တော့ လာမပြောနဲ့… “

“ အမှန်ပဲ…” ချင်းဟန်မှ စီးကရက်ခဲရင်း မာဖီးယား စတိုင်ဖြင့် “ ငါ့မှာလည်း ကောင်မလေးတွေ မရှားဘူး…”

သို့နှင့် ချင်းဟန်ကို ကင်မရာကို တစ်ဖက်သို့ လှည့်ပြလိုက်၏။ ဆန့်ကျင်ဘက်တွင် ရေကူးကန်တစ်ကန် ရှိနေပြီး ဘစ်ကနီနှင့် မိန်းမလှလေးများ ရေဆော့နေကြလေသည်။

“ ငါခု ကောင်းကြီးနဲ့ ရှိနေတာ… မင်းတို့ကောင်တွေကို မခေါ်ဘူး… နှလုံးသားမဲ့တယ်လို့တော့ အပြစ်မတင်နဲ့ပေါ့ကွာ….မင်းကမှ ငါ့ကို မရိုးသားတာ…”

“ ချင်းကြီး.. မင်းပြောနေတဲ့ ပုံစံက ငါကပဲ မိန်းကလေးတွေ မရှိတဲ့ ပုံစံနဲ့….”

သို့နှင့် လင်းရီ ကင်မရာကို နည်းနည်း မြောက်လိုက်ပြီး သူ့အား နှိပ်ပေးနေသည့် ချိန်ရန်နှင့် ကျန်သူများအား မြင်သာအောင် ပြလိုက်၏။

“ ကဲကဲ.. အလှလေးတို့ 'ဟယ်လို'လို့ နှုတ်ဆက်လိုက်ကြဦး…”

“ ဟယ်လို…”

“ဟိုင်း…”

ချိန်ရန် ၊ ချောင်ရှင်းနှင့် လီကျစ်မုန့်တို့ သူမတို့လက်လေးများအား ပြိုင်တူ ကစားရင်းနှုတ်ဆက်လိုက်ကြ၏။ လီချူးဟန်နှင့် ကော်နန်ကျစ်းတို့လည်း မြင်ကွင်းထဲသို့ ရောက်လာကြလေသည်။

“ သေစမ်း.. မင်းတို့ ဘယ်ရောက်နေကြတာ… spa မှာလား…”

“ တော်တယ်…”

“ မဟုတ်သေးပါဘူး… သူတို့ အဝတ်အစားတွေက နည်းနည်းလေး ထူးဆန်းနေသလားလို့…”

“ ငါက မင်းနဲ့ ခြားတယ်လေ… ဒီမိန်းကလေးတွေကိုက ငါ ကိုယ်တိုင် ခေါ်လာခဲ့တာ… အကုန်လုံးက သန့်စင်ပြီး မျိုးရိုးမြင့်တွေချည်းပဲ… ပြီးတော့ သူတို့ရဲ့ ဝန်ဆောင်မှုတွေက အရမ်းကောင်းတယ်… ဒီက ပညာရှင်တွေထက်တောင် ပိုပြီးတောင် ကောင်းသေး….”လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ သူတို့အားလုံးက Ph.Dတွေကျောင်းသားတွေ.. ဒါမှမဟုတ် Ph.D ဘွဲ့ရတွေနော်… မာစတာ ဘွဲ့တွေ… ရိုးရိုးဘွဲ့ရတွေဆို ငါက စိတ်မဝင်စားဘူး…”

“ မင်း.. မင်း… ငိုးမသား… “

ကျိန်ဆဲပြီးနောက် ချင်းဟန် ဖုန်းချသွားခဲ့၏။ မဟုတ်ပါက သူ ဒေါသကြောင့် အသက်ထွက်သွားနိုင်သည်။

မွန်းလွဲလေးနာရီကိုရောက်တော့ ဆက်ရှင်လည်း ပြည့်သွားပြီး အုပ်စုမှာ သက်တောင့်သက်သာ ရှိစွာဖြင့် ကိုယ်စီ လမ်းခွဲလိုက်ကြ၏။ လင်းရီကတော့ ချောင်ရန် အုပ်စုသို့ သွား၍ ကျီချင်းရန်အား ကြိုလိုက်သည်။

လင်းရီ သူ့ကိုယ်သူ အချိန်စီမံခန့်ခွဲသူ ဆရာကြီး ဖြစ်တော့မည်ဟု ခံစားနေရ၏။ သို့သော်လည်း လမ်းတွင် ကျောက်ဝန်ထံမှ ဖုန်းခေါ်လာခဲ့လေသည်။

“ လင်းရီ … မစ္စတာမစ်ဆူက နှုတ်ထွက်သွားတာကို ရှင်သိပြီးပြီလား…”

“ နှုတ်ထွက်တယ်…” လင်းရီ တီးတိုးရေရွတ်လိုက်ပြီး “ ခု မင်းပြောမှ ငါလည်း သိတာပဲ… “

“ အဆင်ပြေပါတယ်… ကျွန်မက ရှင်များ သိမလားဆိုပြီး မေးကြည့်ကြည့်တာ… “ ကျောက်ဝန် အနည်းငယ် ပဟေဠိ ဖြစ်သွားပြီး “ အရင်နေ့တွေတုန်းက အကုန်အဆင်ပြေနေတာကိုပဲ… စာချုပ်ချုပ်တောင် ချုပ်ပြီးတော့ သူ့ဘက်က အချိန်အကြာကြီး လက်တွဲလုပ်ချင်တယ်လို့တောင် ပြောသေးတာ်.. ခု ရုတ်တရက်ကြီးဆိုတော့ တစ်ခုခု အဆင်မပြေတာများ ဖြစ်သွားသလားပေါ့…”

“ ကိုယ့် လုပ်စရာရှိတာ ဆက်လုပ်… လူလေးတစ်ယောက် ထွက်သွားတာ.... သူ မရှိလည်း ကမ္ဘာကြီးက ဆက်ပြီး လည်ပတ်နေမှာပဲ…”

“ အွန်း… ကျွန်မအရင် ဖုန်းချလိုက်တော့မယ်…”

ကျောက်ဝန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ချောင်ရန်အုပ်စုသို့ ဆက်လက်ဦးတည်၍ ကျီချင်းရန်အား သွားကြိုလိုက်လေသည်။

ညစာ စားပြီးပြီးနောက် လင်းရီ သူ၏ စာကြည့်ခန်းထဲသို့ ဝင်၍ Dou yu ပေါ် တက်လာခဲ့လိုက်၏။

လင်းရီ တိုက်ရိုက်ထုတ်လွင့်နေသည်ကို မြင်တော့ ကြည့်ရှုသူ မြောက်များစွာမှ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

“ မျက်နှာဖုံးအစ်ကိုကြီး … ခင်များ ကတိပေးထားတာကိုတော့ မမေ့သေးဘူးမလား…” တစ်စုံတစ်ယောက်မှ မေးလိုက်၏။

“ ရာဝမ်းကျွန်းက ရွက်လှေ စုဝေးပွဲကို ပြောနေတာမလား… မပူနဲ့….မှတ်မိတယ်… ငါမနက်ဖြန်ဆို သွားတော့မှာ….”

“ မျက်နှာဖုံး အစ်ကိုကြီး… မင်းက ဘာလို့ အရမ်း အံ့ဩဖို့ ကောင်းနေရတာ.. အဲ့လို နေရာက သာမန်လူတွေ သွားနိုင်တဲ့ နေရာ မဟုတ်ဘူးလေ…”

“ သာမန်လူတွေ တပ်ခရိုင် ဒေသထဲ ဝင်လို့မရဘူး.. ဒါပေမယ့် ငါကတော့ ဝင်လို့ မရခဲ့ဘူးလား….”

“ ညီကိုတို့… မတ်တပ်ရပ်ပြီး မျက်နှာဖုံး အစ်ကိုကြီးအား ဦးညွှတ်ကြလော့…..! “

“ လူတိုင်းပဲ… သေချာလေး လုပ်ကြစမ်း… ငါတို့ ရာဝမ်းကျွန်းမှာ စထွင်းလုပ်ရင် ကြည့်ရှုသူ ဆယ်သန်းကျော်ဖို့ မှန်းထားတယ်…”

“ အစ်ကိုကြီး.. ငါ မနေ့တုန်းက ကြားခဲ့တာ Dou Yu ရဲ့ နံပါတ်တစ် outdoor streamer ၊ လုံရွှိုက်လည်း ရာဝမ်းကျွန်းကို သွားပြီး စထွင်းမှာတဲ့… ပြီးတော့ သူက လဝက်လောက် ကတည်းက ကြိုပြီး ပြောထားတာ… ကြည့်ရှုသူ လိုချင်ရင် အစ်ကိုကြီးကတော့ သူနဲ့ ပြိုင်ပြီး တိုက်ခိုက်ရတော့မယ်…”

“ တိုက်ဆိုတော့လည်း တိုက်တာပေါ့… ဘာဂရု စိုက်နေရမှာ…ဘယ်သူက ပိုကောင်းလဲဆိုတာ သိရတာပေါ့…”

“ ဟုတ်တယ်.. တိုက်ကြမယ်.. ! ”

ဖန်များနှင့် နာရီဝက်ကျော် စကားပြောပြီးနောက် လင်းရီ စထွင်းပိတ်လိုက်လေသည်။

သူ စထွင်း ပိတ်ပိတ်ပြီးချင်းပဲ ကျန်းရှောင်ယွီထံမှ ဝီချက်မက်ဆေ့ချ် ရောက်လာခဲ့၏။

“ အစ်ကိုရီ… ရှင် မနက်ဖြန် ဘယ်အချိန်လည်း သွားမှာ…”

“ မနက်ဖြန် မနက် … အိမ်မှာ ငါဖုန်းဆက်လာမယ့် အချိန်ကို စောင့်နေလိုက်…”

“ ဟီးဟီး… အဲ့တာဆို ဘာတွေ ကြိုပြီး ပြင်ဆင်ထားရဦးမလဲ…”

“ မင်းက ဘာတွေ ပြင်ဆင်ထားချင်လို့… ဒီတိုင်း ဆယ်ဖီစတစ်နဲ့ ဖုန်းပဲ သယ်လာခဲ့..”

“ ဒါပေမယ့် အစ်ကိုရီကလည်း … ကျွန်မတို့ ခုသွားမယ် နေရာက ရာဝမ်းကျွန်းရဲ့ ရွက်လှေ စုဝေးပွဲလေ… အဲ့မှာ ကမ်းခြေရှိမယ်… ပင်လယ်ကြီး ရှိမယ်.. ပြီးတော့ လှိုင်းတွေလည်း ရှိမယ်… ရေကူးဝတ်စုံ နှစ်စုံသုံးစုံလောက်တော့ ထည့်ခဲ့သင့်တာပေါ့…”

“ လူတိုင်းက ဘီကနီတွေ ဝတ်ကြမှာ… တကယ်လို့ မင်းက ရေကူးဝတ်စုံ ဝတ်မယ်ဆို တအားကြီး ဖုံးထားသလို မဖြစ်ဘူးလား….”

“ အာ….” ကျန်းရှောင်ယွီ ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ ဒါဆို ကျွန်မလည်း ဘီကနီ တစ်စုံလောက် သွားဝယ်ထားလိုက်မယ်လေ….”

“ ဒါပေမယ့် ဘီကနီဝတ်မယ့် မိန်းကလေးတွေက အနည်းဆုံး C-cup လောက်မှ အဆင်ပြေတာ…. ခု မင်းဟာက A ဆိုတော့….. ဝတ်မနေစမ်းပါနဲ့… ဒီတိုင်း သာမန်အဝတ်အစားလေးတွေပဲ ဝတ်ခဲ့လိုက်…”

“ ရွှတ်…. အစ်ကိုရီက အဲ့လိုပြောတော့ ဝမ်းနည်းသွားပြီ….”

“ ငါက မင်းကောင်းဖို့ ပြောနေတာ…. ငါ့ရဲ့ စိတ်ကောင်းစေတနာတွေကို နားလည်ပေးသင့်တယ်…”

“ အွန်း.. ကောင်းပြီလေ… မနက်ဖြန် ကျရင် ကျွန်မ ပစ္စည်းတွေ ထုပ်ပိုးပြီးတော့ အစ်ကိုရီ ဖုန်းဆက်လာမှာကို စောင့်နေမယ်နော်…”

“ အင်း..”

ကျန်းရှောင်ယွီနှင့် ခဏတဖြုတ် စကားပြောပြီးနောက် ကျီချင်းရန် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမ၏ ဆံနွယ်များမှာ ချွေးတို့ကြောင့် စေးနေပြီး နဖူးထင်တွင်လည်း ချွေးသီးတို့ ‌ဝေ့သီနေလေသည်။

“ နင့် မနက်ဖြန် လေယာဉ်ချိန်က ဘယ်တော့လဲ… ငါ့ဘက်ကတော့ အကုန် ပြင်ဆင်ပေးပြီးပြီနော်…”

“ ဟမ်…. ငါ့ အဝတ်တွေ ထုပ်ထားပေးတာလား…”

“ အွန်း… နင်က ငါ ဘာတွေလုပ်နေတယ် ထင်လို့လဲ…”

“ ငါထင်နေတာ မင်းက ရေချိုးနေတယ်ပေါ့.…”

“ ရေချိုးဖို့ လောစရာ မလိုပါဘူး..” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါက လေးရက် ခရီး မလား… ဒါကြောင့်မို့ နင်လဲလို့ရအောင် အဝတ်အစားအသစ် လေးစုံ ထည့်ထားပေးတယ်… နေ့တိုင်းလဲဖို့ မမေ့နဲ့နော်… နံနံစော်စော်နဲ့ ပြန်မလာခဲ့နဲ့…”

“ အင်း အင်း… ငါ နေ့တိုင်း တစ်နေ့တစ်စုံ လဲမယ်…”

“ အွန်း... နင်က အလိမ္မာတုံးလေးပဲ…”

လင်းရီ အတွက် ပြင်ဆင်ပေးပြီးနောက် ကျီချင်းရန် ရေချိုးခန်းထဲသို့ သွား၍ ရေချိုးလေသည်။

လင်းရီကတော့ စာကြည့်ခန်းထဲတွင် ချစ်ပ် 3.0 အတွက် code ရေးသားနေရင်း ဆက်လက် အလုပ်ရှုပ်နေတော့၏။

သို့တိုင်အောင် လင်းရီ စိတ်တည်ငြိမ်စွာ မနေနိုင်သေးချေ။

ထို မြေခွေးအိုကြီး ယူရှီမစ်ဆူနဲ့ ပတ်သက်၍ ထူးဆန်းသည့် ခံစားချက်တို့က ပျံ့နှံ့နေကာ လင်းရီ အတော်လေး စိတ်ထင့်နေလေသည်။

ထို အဘိုးကြီး၏ အရည်အချင်းများက ဓာတ်ခွဲခန်းတစ်ခုအား ဦးဆောင်ရန် လုံလောက်၏။ ဂျပန်တွင်လည်း ကမ္ဘာ့အဆင့်မှီ ကျော်ကြားသည့် ဆေးဝါး ကုမ္ပဏီကြီး ရှိကာ အဆိုပါ နယ်ပယ်မှ အကျိုးအမြတ်ရရှိရန် မခက်ခဲချေ။ တစ်နည်းအားဖြင့် ဆိုသော် သူ့အား သိမ်းသွင်းရန် မလိုအပ်ချေ။

အကယ်၍ ယူရှီမစ်ဆူမှ သူ၏ အရည်အချင်းများအား သိထားလျှင်တောင် ထိုမျှ များပြားသည့် အကျိုးခံစားခွင့်များဖြင့် ကမ်းလှမ်းလာရန် မလိုအပ်ပေ။

လင်းရီ မေးစေ့ပွတ်ရင်း သူ့စိတ်ထဲတွင် ယူရှီမစ်ဆူမှ ငွေမျက်နှာ တစ်ခုတည်းကြောင့် သိမ်းသွင်းချင်နေသည် မဟုတ်ဟု ရေးတေးတေး ခံစားနေရ၏။

ဒီရဲ့ မြေခွေးအိုကြီးတွေကို ကိုင်တွယ်ရတာ အတော်လေး လက်ပေါက်ကပ်တာပဲ…

All Chapters