← Chapters

ညီမလေး .. မင်းကတော့ ဇာတ်ကောင်နဲ့ ခပ်မြန်မြန် နေသားကျသွားခဲ့တာပဲ…

Vol. 48 Ch. 720

ညီမလေး .. မင်းကတော့ ဇာတ်ကောင်နဲ့ ခပ်မြန်မြန် နေသားကျသွားခဲ့တာပဲ…

Vol. 48 Ch. 720

နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာနိုးတော့ ကျီချင်းရန်မှာ သူ့အတွက် အောက်ထပ်တွင် ဖက်ထုပ်များ ချက်ပြုတ်ပေးနေလေသည်။

“ဖက်ထုပ် စားကြမလို့လား… ပြီးတော့ မနက်ပိုင်းကြီးကို…”

“ အွန်း… ငါ့ အဖွားက တုံးပေကလေ….ဖွားဖွားပြောတာ အိမ်က လူတွေ ခရီးထွက်တော့မယ်ဆို ဖက်ထုပ်ကျွေးရတာ တုံးပေရဲ့ ထုံးစံတဲ့..”

“ ဆိုတော့.....မင်း ဘယ်အချိန်တုန်းကရင် ဖက်ထုပ် လုပ်တတ်သွားတာ…”

“ ဝယ်ခဲ့တာပေါ့ဟဲ့… ဒီလောက် ခက်တာကြီးကို ငါက ဘယ်လိုလုပ်ပြီး လုပ်တတ်မှာ… တကယ်လို့ ငါ လုပ်ပေးခဲ့မယ်ဆိုရင်တောင် နင်က စားရဲမှာမို့လို့လား…”

“ လင်းကတော်ရဲ့ ကိုယ့်ကိုယ်ကို သိမြင်နေမှုကြီးက လုံးဝ ထိပ်တန်းပဲ…”

ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး “ ငါ မတတ်ဘူးဆိုတာက နင့်ကို အားကိုးချင်လို့လေ... အားကိုးမယ်နော်…”

“ ချင်းရန်... မင်းက‌တော့ အသုံးမကျတာတောင် လူကို ချီးမွမ်းချင်စိတ် ဖြစ်အောင် လုပ်နိုင်တာ ပထမဆုံးပဲ…”

“ ဟွန်း… မြန်မြန်စား… အေးကုန်တော့မှာ….”

“ ဟုတ်ပါပြီဗျာ….”

မနက်စာ စားပြီးနောက် ကျီချင်းရန် သူမအခန်းသို့ ပြန်၍ မိတ်ကပ်ပုတ်လေသည်။

ထိုစဉ် လင်းရီ သူမ ဖုန်းအား တိတ်တဆိတ် ယူလိုက်ပြီး Dou Yu အက်ပ်ထဲသို့ ဝင်ကြည့်လိုက်၏။ သူ့အား ဖော်လိုမလုပ်ထားသည်ကို မြင်တော့မှ စိတ်သက်သာ ရသွားခဲ့လေသည်။

ဆိုလိုသည်က သူ တိုက်ရိုက်ထုတ်လွင့်နေစဉ်တွင် ကျီချင်းရန်မှာ အသိပေးစာများ လက်ခံရရှိမည် မဟုတ်သည့် သဘောပင်။ ဤသို့ဖြင့် လင်းရီ သူမ ရှာတွေ့သွားမည့် အကြောင်း စိတ်ပူနေရန် မလိုချေ။

ပိုပြီး စိတ်ချသွားရအောင် လင်းရီ Dou yu အက်ပ်၏ နိုတီများ အားလုံး ပိတ်ချထားလိုက်၏။

ဤသို့ဖြင့် ကျီချင်းရန် မည်သည့် သတင်းအချက်အလက်ကိုမျှ ရရှိနိုင်တော့မည် မဟုတ်ချေ။

‘ အိုကေ... အကုန် ပြီးပြည့်စုံသွားပြီ…”

ဟော်ယွမ်ယွမ်အတွက်ကတော့ လင်းရီ ထွေထူး စိတ်ပူမနေချေ။ အကယ်၍ ကျီချင်းရန်ကြောင့်သာ မဟုတ်ပါက သူမ လိုက်စထွင်း အကောင့်ပင် ဖွင့်ထားလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။

သို့တိုင်အောင် မလိုလားအပ်သည့် ပြဿနာများကို ရှောင်ကြဉ်ရန်အတွက် လင်းရီ ချီရှန်းကျောက်အား ခေါ်၍ အဆိုပါကိစ္စအား ကိုင်တွယ်ရန် ပြောထားလိုက်သည်။

သူ၏ အကောင်းဆုံး သရုပ်ဆောင် ဇာတ်ရုပ်နှင့်ဆိုပါ ပန်းခြံထဲ လမ်းဆင်းလျှောက်ရသလို လွယ်ကူလှလေသည်။ နာရီဝက်ကျော်ကြာပြီးနောက် ကျီချင်းရန် မိတ်ကပ်လိမ်းခြယ်လာခဲ့ပြီး သူမ၏ လေကာ အင်္ကျီနှင့် အတူ အောက်ထပ်သို့ ဆင်းလာခဲ့၏။

“ ငါအရင်သွားတော့မယ်… လမ်းသွားလမ်းလာ သတိထားဦးနော်… အချိန်မှန် ထမင်းစားဖို့လည်း မမေ့နဲ့…”

“ အေးပါ… စိတ်ချလက်ချသာနေ….”

“ တာ့တာ….”

သူမ မထွက်ခွာမီ ကျီချင်းရန် လင်းရီအား အကြင်နာ အနမ်းပေးလိုက်၏။ထို့နောက် အနည်းငယ် တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။

နေ့လည်ဝန်းကျင်သို့ ရောက်ခါနီးတော့ လင်းရီ ကျန်းရှောင်ယွီ၏ အိမ်သို့ သွား၍ သူမအား သွားခေါ်လိုက်၏။

“ အေး….ဆင်းလာခဲ့လိုက်တော့… ငါ အခု အောက်မှာရောက်နေပြီ…”

“ အစ်ကိုရီ ခဏလေးစောင့်ဦး… ကျွန်မ မိဘတွေ အိမ် ရောက်နေလို့… သူတို့ကို ကိုင်တွယ်ပြီးတော့မှ ဆင်းလာခဲ့တော့မယ်….”

“ မင်းမိဘတွေ ရောက်နေတာလား….”

“ ပြောမနေစမ်းပါနဲ့… ဒီလာပြီး အတင်းလင်ယူခိုင်းနေတာလေ….ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိတော့ဘူး… အစ်ကိုရီ.. ကျွန်မကို နည်းနည်းလောက် ကူပြီး စဉ်းစားပေးစမ်းပါ….”

“ လွယ်ပါတယ်.. ငါ ကိုယ့်ကိုယ်ကို အနစ်နာခံပြီးတော့ မင်းကောင်လေးအဖြစ် ငါးမိနစ် ဟန်ဆောင်ပေးမယ်လေ… အဲ့တာဆို မင်းမိဘတွေကို အေးဆေး ကိုင်တွယ်လို့ ရသွားပြီ…”

“ တကယ်…” ကျန်းရှောင်ယွီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါဆို ကျွန်မက အခွင့်အရေး ယူခံလိုက်ရသလို ဖြစ်သွားမှာပေါ့နော်…. ရှက်စရာကြီး…”

“ ငါဘာလို့ တံတွေးမျိုချသံတွေ ကြားနေတာပါလိမ့်…”

“ ဟီးဟီး.. ဒီတိုင်း စိတ်ကူးယဉ်ကြည့်တာလေ…” ကျန်းရှောင်ယွီ ရူးကြောင်ကြောင် ပြုံးလိုက်ပြီး “ စောင့်နေနော် အစ်ကိုရီ…. အမေတို့ကို ကိုင်တွယ်ပြီးရင် အောက်ဆင်းလာခဲ့မယ်…”

“ အိုကေ….”

ဖုန်းချပြီးနောက် ကျန်းရှောင်ယွီ အခန်းထဲမှ ထွက်လာခဲ့၏။

အပြင်ရှိ ဆိုဖာပေါ်တွင်တော့ သက်လတ်ပိုင်း စုံတွဲ နှစ်ဦး၊ လူငယ် စုံတွဲနှစ်ဦးတို့ ထိုင်နေကြလေသည်။

သက်လတ်ပိုင်း စုံတွဲ၏ နာမည်မှာ ကျန်းကော်ချန်နှင့် ကျောက်ယာလန်ဖြစ်ပြီး သူတို့က ကျန်းရှောင်ယွီ၏ မိဘများ ဖြစ်ကြ၏။

လူငယ်စုံတွဲကတော့ ကျန်းရှောင်ဝမ်နှင့် ယွီဖန့်ဟု ခေါ်တွင်ကာ ကျန်းရှောင်ယွီ၏ အစ်မနှင့် ခဲအိုတို့ပင်။

“ ကျန်း ရှောင် ယွီ… ငါ ညဉ်းကို လေးနက်တဲ့ ကိစ္စတွေ ပြောနေတာကို ဘာလို့ အခန်းထဲ ပြေးဝင်သွားတာ…! ” ကျန်းကော်ချန်မှ မာန်ပါသည့် လေသံဖြင့် ပြောလိုက်၏။

“ သမီး ခုလေးတင် ပြောပြီးပြီလေ… သမီးကောင်လေးနဲ့ ခရီးတစ်ခု သွားတော့မှာလို့… သူက အိမ်အောက်တောင် ရောက်နှင့်နေပြီ…”

“ အရူးကွက်လာနင်းမနေနဲ့… နင်ပြောတော့ သူငယ်ချင်းနဲ့ပါဆို…. ခု ဘယ်ကနေ ဘယ်လိုဖြစ်ပြီးတော့ ကောင်လေး ဖြစ်သွားပြန်တာ…”

“ အဲ့တာက စောနတုန်းကလေ…. သမီးက ပြောပြရမှာ ရှက်လို့… ခု သူက အောက်မှာ စောင့်နေပြီဆိုတော့ မပြောပြလို့လည်း မရတော့ဘူးလေ… တကယ်လို့ ခု မသွားရင် လေယာဉ်မှီမှာ မဟုတ်တော့ဘူး…”

“ သူ့ကားက အောက်မှ စောင့်နေတာလား..” ကျန်းရှောင်ဝမ်မှ မေးလိုက်ပြီး “ နင်‌ ပြောတော့ နင့်ရဲ့ ဒီရပ်ကွက်က သူစိမ်းကားတွေ ပေးမဝင်ပါဘူးဆို… ခုသူက ဘယ်လိုလုပ်ပြီး ဝင်လို့ရသွားတာ….”

“ သိဘူးလေ… သူက ကားအကောင်းစားကြီး စီးခဲ့လို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့… “

ကျန်းရှောင်ယွီလည်း ထိုအချက်ကို နားမလည်နိုင်ဖြစ်နေလေသည်။ ဤနေရာက အလယ်အလတ်တန်းစား လူနေရပ်ကွက်တစ်ခုအဖြစ် သတ်မှတ်၍ ရပြီး ရပ်ကွက်ထဲတွင် အိမ်ငှားထားသည့် ကားပိုင်ရှင်များအပ အခြားကားများမှာ အထဲသို့ မဝင်နိုင်ပေ။

သို့သော်လည်း အစ်ကိုရီမှာ ဝင်ရောက်လာနိုင်ခဲ့ပြီး မည်သူကမျှလည်း သူ့အား မတားစီးကြချေ။ သူမောင်းလာသည့် ကားက အရမ်းကောင်းနေသည် ဟူသည့် အကြောင်းပြချက်မှတစ်ပါး အခြား တစ်ခု မစဉ်းစားတတ်တော့ချေ။

“ အရူးလာလုပ်မနေနဲ့…” ကျန်းကော်ချန် ပြောလိုက်ပြီး “ နင့်ခဲအိုဆို ယွမ် ငါးသိန်းတန်တဲ့ ကားကြီး မောင်းလာခဲ့တာပဲ… ဒါပေမယ့် လုံခြုံရေး အစောင့်တွေက တားသေးတာပဲ မဟုတ်ဘူးလား… ဒါက ကားကောင်းတာ မကောင်းတာနဲ့ မဆိုင်ဘူး… နင် ဆင်ခြေတွေ လျှောက်ပေးနေတာမလား…”

“ သမီး… ! အဖေ ဒီတစ်ကြိမ် နင့်ကို မိတ်ဆက်ပေးမယ့်သူက အန်တီဝမ် အကြံပြုပေးထားတဲ့သူနော်… သူက အစိုးရဝန်ထမ်း အရာရှိ…. နောက်ခံမိသားစုကလည်း တောင့်တင်းတယ်… နင်နဲ့လည်း လိုက်ဖက်တယ်… မနက်ဖြန် သမီး သူနဲ့ တွေ့မယ်လို့ အဖေ ပြောပြီးသား…. သွားပြီးတော့ တွေ့ကြည့်လိုက်…. အဖေကတော့ မဆိုးဘူးလို့ ထင်တာပဲ… “ကျန်းကော်‌ချန် ခပ်တင်းတင်း လေသံဖြင့် ပြောလိုက်၏။

“ အဖေဘာတွေ လာပြောနေတာ… သမီးမှာ ကောင်လေး ရှိတယ်လို့ ပြောပြီးပြီလေ… ဘာလို့ မယုံတာလဲ…”

သူမ ပြောရင်းဖြင့် ကျန်းရှောင်ယွီ suitcase ကိုဆွဲလိုက်ပြီး “ အဖေတို့ ဘာပြောပြော သမီးတော့ ဂရုမစိုက်ဘူး… အဖေတို့ ဒီမှာနေချင်တယ်ဆိုလည်း နေရစ်ခဲ့ကြ…. သမီးကတော့ သွားပြီ…”

“ ဒီကလေးကတော့ ဘာဖြစ်နေတာ….! ဒီအဖေက နင်ကောင်းဖို့အတွက် လုပ်ပေးနေတာ…. နင့်အသက်အရွယ်ကို နင်ပြန်ကြည့်စမ်း…. ခုထိ ကောင်လေးလည်းမရှိ… ကြင်ဖက်တွေ့ခိုင်းပြန်တော့လည်း နားမထောင်…. နင်စိတ်တော့ မှန်သေးတယ်မလား…”

“ အိုက်ယား… သမီးမှာ ကောင်လေး ရှိပါတယ်ဆို…. ဘာလို့ နောက်တစ်ယောက်တွေ့ဖို့ပဲ ပြောနေတာလဲ….”

“ နင်က ခုတော့ ကိုယ့်အဖေကို စိတ်မရှည် ဖြစ်နေပြီပေါ့.…. အရွယ်ရောက်လာပြီဆိုတော့ ကလန်ကဆန် လုပ်ပြနေတာလား…. ငါ နင့်ကို မရိုက်တော့ဘူးလို့ ထင်နေတာလား…”

“ ဖေဖေ…. စိတ်ကလေးလျှော့ပါဦး..” ကျန်းရှောင်ဝမ် ဖြောင်းဖြလိုက်ပြီး “ ရှောင်းယွီပြောတာ သူ့ကောင်လေး ဒီရောက်နေပြီလို့ ပြောနေတာ မဟုတ်ဘူးလား… အောက်ဆင်းပြီး သွားကြည့်ကြည့်ကြမယ်လေ…. တကယ်လို့ သူပြောတာ အမှန်တွေဆိုရင်တော့ အဲ့ကောင်လေးကို အကဲခတ်ကြည့်ကြမယ်… မဟုတ်ဘူးဆိုလို့ကတော့ ကြင်ဖက်တွေ့ဖို့ ကိစ္စ ပြောကြတာပေါ့….”

“ ပြောမနေနဲ့တော့ … ဟိုကဖြင့် အောက်ဆင်းသွားခဲ့ပြီ…” ယွီဖန့်ပြောလိုက်၏။

“ ဒါဆိုလည်း လိုက်သွားကြမယ်လေ..” ကျန်းရှောင်ဝမ် ပြောလိုက်ပြီး “ ရှောင်းယွီက နံရံနဲ့ ဝင်တိုက်မိရင်တောင် နောက်ပြန် မဆုတ်မဲ့ လူစားမျိုးပဲ… သူ့ကို ချောင်ပိတ်ထားလိုက်ရင် ကောင်းတာတွေ ဖြစ်လာမှာ မဟုတ်ဘူး… ”

“ ကောင်းပြီလေ… လိုက်သွားကြတာပေါ့…” ယွီဖန့် ပြောလိုက်ပြီး “ သူ့ကောင်လေးရဲ့ အနေအထားကို တစ်ချက် အကဲခတ်ကြည့်ကြတာပေါ့… တကယ်လို့ ငါ့လောက်တောင် မကောင်းဘူးဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ သဘောတူလို့ မရဘူး…”

၎င်းကိုကြားတော့ ကျန်းရှောင်ယွီ ယွီဖန့်အား မျက်လုံးလှန်လိုက်၏။ “ နင်က ငါ့ကို ဘာမှမသိတဲ့ စထွင်မာလို့များ ထင်နေတာလား… ငါ ခု စုထားတဲ့ ငွေတွေက BMW 5 သုံးစီးလောက် အသာလေး ဝယ်လို့ရတယ်ဆိုတာ သိရဲ့လား… ဘာလို့ လာပြီး မောက်မာပြနေတာ…”

အစမှအဆုံးထိတိုင်အာင် ကျန်းရှောင်ယွီ သူ့ခဲအိုဖြစ်သူအား ကြည့်၍ မရခဲ့ချေ။ ထိုသူက အခြေအနေ မဆိုးလှသော်လည်း ကပ်စေးတော့ အင်မတန်ကုတ်လေသည်။

သူမ အစ်မနှင့်သာ ညားသွားခဲ့သော်လည်း သူမကိုတော့ ရေခဲမုန့်လေး တစ်ခွက်ပင် ဝယ်မကျွေးခဲ့ဖူးချေ။

ဟမ့်… ဒီကောင်ကိုက ငါ့ကို ခယ်မလို့တောင် သဘောမထားတာပါ…

“ နင့်ဘာနင်ပဲ ယှဉ်နေလိုက်… ဘာပဲပြောပြော ငါတော့ သွားပြီ…”

ပြောပြီးနောက် ကျန်းရှောင်ယွီ သူမ၏ ခရီးဆောင်အိတ်အား ဆွဲ၍ အိမ်အပြင်သို့ ထွက်လာခဲ့လေသည်။

သူမ မိသားစုမှလည်း နောက်မှ လိုက်လာခဲ့ပြီး ဓာတ်လှေကားထဲသို့ ဝင်ရောက်လိုက်ကြ၏။

ဓာတ်လှေကား ပထမထပ်သို့ ရောက်မည့် အချိန်ကို စောင့်ဆိုင်းနေရင်း ကျန်းမိသားစု၏ အမူအရာမှာ အလွန်အမင်း တည်ငြိမ်နေကြသည်။

ယွီဖန့်ကတော့ သူ့ကားသော့အား သက်တောင့်သက်သာဖြစ်စွာ ကစားနေလေသည်။

“ ရှောင်းယွီ… နင့်မှာ တကယ်ကြီး ချစ်သူရှိတယ်ပေါ့…”

ကျန်းရှောင်ယွီ၏ မတုန်မလှုပ်အမူအရာကိုမြင်တော့ ကျန်းရှောင်ဝမ် သိချင်စိတ် ပြင်းပြစွာဖြင့် စူးစမ်းကြည့်လိုက်၏။

' သူမ ပုံစံက လုံးဝ ဟန်ဆောင်နေတဲ့ပုံလည်း မပေါ်ဘူး.. တကယ်ကြီး ကောင်လေး ရှိနေတဲ့အတိုင်းပဲ… ဟန်ဆောင်တာဆို ဒီလောက်ထိ ပီပြင်နေမှာ မဟုတ်ဘူး…'

“ ငါက ဘာလို့ ညာရမှာ… မဟုတ်လည်း တစ်နည်းနည်းနဲ့ ဖော်ထုတ်ခံရမှာပဲလေ….”

ကျန်းရှောင်ယွီ၏ စကားကိုကြားတော့ ကျန်းရှောင်ဝမ် သူ့ညီမလေးထံတွင် တကယ်ကြီး ချစ်သူရှိနေကြောင်း ယုံကြည်သွားခဲ့တော့၏။

အတင်းအဖျင်းပြောချင်သည့် မီးစများအား သူမကိုယ်ထဲတွင် လောင်ကျွမ်းလာကာ “ ဟဲ့… ဒါဆို သူက ချောလား…”

“ အရမ်း အရမ်းနဲ့ ချောတာ…. အရပ်က 1.8 မီတာတောင်မှ …. အရှည်ကြီးပဲ… ချမ်းလည်းချမ်းသာတယ်… နောက်ပြီး ဆစ်ပတ်နဲ့နော်…. ဘယ်လိုပဲ ကြည့်ကြည့် အရမ်းချောတယ်…”

“ မဆိုးဘူးပဲ… ရှောင်းယွီ… သူက နင့်ခဲအိုထက်တောင် ပိုသာမယ့်ပုံပဲ…”

“ ဟီးဟီး…”

ကျန်းရှောင်ယွီ ပြုံးလိုက်၏။

ယွီဖန့်ရဲ့ အရည်အချင်းတွေက အစ်ကိုရီရဲ့ လက်ချောင်းလေး တစ်ချောင်းနဲ့တောင် ယှဉ်ဖို့ မထိုက်တန်ဘူး….

“ ရှောင်ဝမ်… ငါက မင်းထင်သလောက်လည်း မဆိုးရွားသေးပါဘူးဟ..” ယွီဖန့် ပြောလိုက်ပြီး “ ငါက အဲ့ဒီ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီမောင်တွေနဲ့ မယှဉ်နိုင်ပေမယ်.. သာမန်လူတွေနဲ့ စာရင် သိပ်မဆိုးပါဘူး… ဟုတ်တယ်မလား…”

“ နင်က ရှောင်ယွီပြောသွားတာကို မကြားလိုက်ဘူးမလား… သူ့ကောင်လေးက အဲ့ဒီ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီမောင်တဲ့…”

“ ငါတို့က ဒီတိုင်း သာမန် မိသားစုလေးကိုပဲ… သူက တကယ်ကြီး အဲ့လို ကောင်လေးမျိုးနဲ့ တွေ့နိုင်မယ်လို့ ထင်နေတာလား… သူများပေါက်တတ်ကရပြောနေတာတွေကို လျှောက်ယုံစားမနေနဲ့…”

“ ရှောင်းယွီက အဲ့လို ကိစ္စမျိုးကိုတော့ မလိမ်လောက်ပါဘူး.......… မလိမ်လောက်ဘူး မလား…”

“ မင်းက အရမ်းနဲ့ ရိုးအတာကိုး… အမှန်တရားကိုတော့ မြင်ရင် သိမှာပဲလေ…” ယွီဖန့် ထူးမခြားနားစွာ ပြောလိုက်ပြီး “ အလှတရားဆိုတာ ရှုသူမျက်စိထဲမှာပဲ… သူမလည်း အရူးအကြီးစား နေမှာပေါ့….. အလေးနက် ထားမနေနဲ့…”

ကျန်းရှောင်ယွီ ဘာမျှ ပြန်မပြောချေ။ ခဏနေကျရင်တော့ သူမ အစ်ကိုရီ၏ ခန့်ညားမှုအား ဆုပ်ကိုင်ပြီး ထိုအကောင်၏ မျက်နှာကို ဖြတ်ရိုက်ရပေမည်။

ကျန်းမိသားစုမှာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့ကြပြီး ပင်မ တံခါးအား တွန်းဖွင့်လိုက်ကြ၏။

“ အချစ်ရေ… စောင့်နေရတော့ ပင်ပန်းနေလောက်ရောပေါ့…”

ကျန်းရှောင်ယွီ သော့သော့လေး ပြေးလာပြီး လင်းရီ လက်မောင်းအား ဖက်၍ အပြုံးကြီးကြီးပြုံးကာ ပြောလိုက်သည်။

လင်းရီ ဆွံ့အသွားခဲ့၏။

ညီမလေး… မင်းကတော့ ဇာတ်ကောင်နဲ့ ခပ်မြန်မြန် နေသားကျသွားတာပဲ….

All Chapters