← Chapters

သူ ပြန်လာပြီ

Vol. 133 Ch. 1855

သူ ပြန်လာပြီ

Vol. 133 Ch. 1855

အိပ်မက်မိုးဆန်းကြယ်နယ်မြေက အလွန်လုံခြုံ၏။ ၎င်း ပတ်ပတ်လည်တွင် အခြားဆန်းကြယ်နယ်မြေကြီးများ များစွာရှိသည်။ ထို့ပြင် အနီး၌ တပ်သားသန်းကျော်လည်း တပ်ချထားကြသည်။

ခွမ်ဟူက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ မျိုးနွယ်များသည် ခွမ်ဟူက အိပ်မက်မိုးဆန်းကြယ်နယ်မြေသို့ သွား၍ တမလွန်ဘုံမျိုးနွယ်ဝင်များအား တိုက်ခိုက်တော့မည်ကို ကြားသော်လည်း များစွာအရေးမစိုက်ကြပေ။

လူတစ်ယောက်တည်းသာ အရေးစိုက်သည်။ ထိုသူမှာ ဟယ်နုန်ယင်းပင်။

ဟယ်နုန်ယင်းသည် နာရီအနည်းငယ်ကြာပြီးနောက် သတိလည်လာ၏။ သူမသည် သတင်းကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားသည်။ သူမ ချက်ချင်း တည်းခိုခန်းထဲမှ ပျံထွက်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်လေသည်။

သို့သော် ဟယ်နုန်ယင်းသည် အိပ်မက်မိုးဆန်းကြယ်နယ်မြေဆီသို့ တည်နေရာမပြောင်းရွှေ့ဘဲ ချီလင်းမြို့ဆီသို့သာ တည်နေရာပြောင်းရွှေ့လိုက်သည်။ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း သူမ သိပေသည်။ ခွမ်ဟူတို့က မသေသေးလျှင်ပင် ပြဿနာတက်နေလောက်ပေပြီ။

ကျန်းရီက ဟယ်ကျန်းဇာတ်ရုပ်ကို အသုံးပြုနေသည်။ ထို့ကြောင့် ပြဿနာထဲတွင် ဟယ်မျိုးနွယ် ပါမသွားရန် ဟယ်နုန်ယင်း စီစဉ်စရာရှိသည်များကို ချက်ချင်း စီစဉ်ရမည်ဖြစ်သည်။ ခွမ်ဟူက အလွန်အရေးပါသူဖြစ်သည်။ သူက ခွမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်ပြီး ရူးသွပ်မဟာဧကရာဇ်၏ ဆက်ခံသူလည်းဖြစ်သည်။

ဟယ်နုန်ယင်းသည် ချီလင်းမြို့ကို ပြန်ရောက်သည်နှင့် သတင်းစုံစမ်းရန် အိပ်မက်မိုးဆန်းကြယ်နယ်မြေဆီ ချက်ချင်း လူများစေလွှတ်လိုက်သည်။ အားလုံး ပျောက်သွားကြောင်း သိလိုက်ရသောအခါ သူမ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

ကျန်းရီက အမှန်ကို ကျန်းရီပင်။ သူ ကိစ္စများလုပ်ဆောင်သည့်အခါ ဟာကွယ်တစ်ခုမှ ချန်မထားပေ။ ယခုလည်း သူ အားလုံးကို ဖမ်းခေါ်သွားပေပြီ။

ဟယ်နုန်ယင်းသည် မည်သည်ကိုမှ အလျင်စလို မလုပ်လိုက်ပါ။ ကျန်းရီနှင့် ခွမ်ဟူတို့က သူတို့ တမလွန်ဘုံမျိုးနွယ်ဝင်များကို တစ်ရက်ကြာအောင် သတ်မည်ဟု လူအများရှေ့တွင် ပြောခဲ့သည်။ ထို့ကြောင့် တစ်ရက်အတွင်း မည်သည့်မျိုးနွယ်ကမှ သံသယဝင်လိမ့်ဦးမည် မဟုတ်ပေ။ သို့သော် တစ်ရက်ပြည့်ပြီးနောက် ခွမ်ဟူတို့ ပြန်ရောက်မလာလျှင်မူ မျိုးနွယ်များသည် စိုးရိမ်ကာ စုံစမ်းရန် လူများစေလွှတ်ကြပေလိမ့်မည်။

ဟယ်နုန်ယင်းက အလွန်ဉာဏ်ကောင်း၏။ သူမသည် ကိစ္စများစွာကို ခန့်မှန်းနိုင်သည်။ အခြေအနေက မည်သို့ဖြစ်စေ သူမ ကျန်းရီအတွက် အချိန်ဆွဲပေးထားနိုင်သည်။ သို့ဖြစ်ရာ သူမသည် စီစဉ်စရာရှိသည်များကို လျှို့ဝှက်စီစဉ်၍ မျိုးနွယ်အသီးသီး၏ အခြေအနေကိုလည်း စောင့်ကြည့်နေလိုက်လေသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ ယန်ကိုးပါးမြို့မှ သခင်လေး၊ သခင်မလေးများသည် စုဝေးနေကြဆဲပင်။ သူတို့သည် ခွမ်ဟူက အနိုင်နှင့် ပြန်လာမည်ကို စောင့်နေကြခြင်းဖြစ်သည်။ ထို့ပြင် ဟယ်ကျန်းက အားလုံး၏ အရှေ့တွင် ခွမ်ဟူကို မည်သို့ဒူးထောက်ရှိခိုးမည်ကိုလည်း တွေ့လိုနေကြပေသည်။ သူတို့ ပွဲကြီးပွဲကောင်းကို မျှော်လင့်နေကြသည်။

နေ့ဝက်ကြာပြီးနောက် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ တစ်ခုခု မှားနေကြောင်း ခံစားလာရ၏။ အခြေအနေက မည်သို့ဖြစ်စေ ယွင်ပင်းက သတင်း ပြန်ပို့သင့်သည် မဟုတ်လော။ အဘယ်ကြောင့် ဤမျှကြာပြီးသည်ပင် သတင်းရောက်မလာရသေးသနည်း။

ကောင်းကင်ဘုရင်နှစ်ပါး အခြေအနေစုံစမ်းရန်အတွက် အိပ်မက်မိုးဆန်းကြယ်နယ်မြေဆီ လူများ လျှို့ဝှက်စေလွှတ်လိုက်ကြ၏။ သို့သော် ဆန်းကြယ်နယ်မြေတစ်ခွင်လုံးကို ရှာပြီးနောက်တွင်ပင် ခွမ်ဟူ၊ ဟယ်ကျန်းနှင့် အခြားသူများကို ရှာမတွေ့ချေ။ သူတို့သည် တောင်ငယ်လေးတစ်လုံးထိပ်ရှိ ကျောက်စိမ်းဆံထိုးတစ်ခုကိုသာ တွေ့လိုက်ကြရသည်။

ထောက်လှမ်းရေးများက ဆံထိုးကို ပြန်ယူလာပြီး ဆံထိုးပတ်ပတ်လည်တွင် စီထားသော ကျောက်တုံးပုံစံများကို ပြောပြသောအခါ ကောင်းကင်ဘုရင်နှစ်ပါး၏ မျက်လုံးများ ရုတ်ခြည်း အရောင်လက်သွားကြ၏။ သူတို့က မြေခွေးအိုကြီးများဖြစ်၍ ထိုမျှသိရရုံနှင့် မည်သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ကြပေပြီ။ သူတို့ ယွင်ပင်းက အဆင်ပြေကြောင်းလည်း သိလိုက်ရပြီဖြစ်သည်။ ခွမ်ဟူတို့၏ သေခြင်း၊ ရှင်ခြင်းမှာမူ သူတို့နှင့် မဆိုင်ပေ။ ဟယ်နုန်ယင်းကလည်း ချက်ချင်း ပြန်သွားခဲ့၍ တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း သူတို့ သိသည်။ သို့ဖြင့် သူတို့နှစ်ယောက် စီစဉ်စရာရှိသည်များကို လျှို့ဝှက်၍ စတင်စီစဉ်လိုက်ကြလေသည်။

***

တစ်ရက်ကြာပြီးနောက် သတင်းတစ်ခုက ကောင်းကင်ဘုံတစ်ခွင်လုံးတွင် တောမီးလောင်သလို ပျံ့နှံ့သွား၏။

ဟယ်မျိုးနွယ်သည် ဟယ်ကျန်း၏ အလောင်းကို ဆန်းကြယ်နယ်မြေတစ်ခု အပြင်ဘက်ရှိ အာကာသဟင်းလင်းပြင်ထဲတွင် ရှာတွေ့ခဲ့သည်။ ဟယ်ကျန်းသေနေသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း ဟယ်မျိုးနွယ်က အတည်ပြုလိုက်၏။ လေဘုံနှင့် ယန်ကိုးပါးမြို့တွင် ထွက်ပေါ်လာခဲ့သည် ဟယ်ကျန်းမှာ အတုဖြစ်သည်။

ဆန်းကြယ်သော ပညာရှင်တစ်ယောက်က စွမ်းအားကြီး နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြု၍ ဟယ်ကျန်းအဖြစ် ဟန်ဆောင်ထားခဲ့ခြင်းပင်။ ဟယ်မျိုးနွယ်ခေါင်းဆောင်သည် ဒေါသထွက်နေပြီး ထိုဟယ်ကျန်းအတုကို လိုက်ဖမ်းရန် ဟယ်မျိုးနွယ်ကို အမိန့်ပေးထားသည်။

ဟယ်မျိုးနွယ်မှသတင်း ပျံ့နှံ့သွားသောအခါ ခွမ်မျိုးနွယ်၊ ယန်မျိုးနွယ်နှင့် တောက်မျိုးနွယ်တို့ အံ့အားသင့်သွားကြ၏။

ဟယ်ကျန်းက အတုလော။ ထိုအတုက ခွမ်ဟူနှင့် ယန်ကိုးပါးမြို့ထဲမှ ကောင်းကင်ဘုရင်များ သတိမထားမိနိုင်အောင်ပင် ရုပ်ဖျက်နိုင်သည်လော။ ထိုပုဂ္ဂိုလ်က မည်မျှစွမ်းအားကြီးသနည်း။ ထို့ပြင် တစ်ရက်ကုန်သွားပြီဖြစ်သော်လည်း ခွမ်ဟူတို့ကို ပြန်ရောက်မလာကြသေးသည်လော။

မျိုးနွယ်ကြီးသုံးခု တုန်လှုပ်သွားကြပြီး ချက်ချင်းပင် အိပ်မက်မိုးဆန်းကြယ်နယ်မြေဆီသို့ ပညာရှင်များ စေလွှတ်လိုက်ကြသည်။

ထို့နောက် တုန်လှုပ်ဖွယ်သတင်းတစ်ခုက ကောင်းကင်ဘုံတစ်ခွင်တွင် ထပ်မံ ပျံ့နှံ့သွားပြန်၏။ ခွမ်ဟူနှင့် အခြားသူများအပြင် ထိုဟယ်ကျန်းအတုလည်း ပျောက်နေပေသည်။

ကောင်းကင်ဘုံတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ခွမ်ဟူက အလွန်အရေးပါသည်။ သူက ခွမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်ဖြစ်ပြီး ရူးသွပ်မဟာဧကရာဇ်၏ ဆက်ခံသူလည်းဖြစ်သည်။ ထို့ကြောင့် ၎င်းသတင်းက ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် မိုးပြာမဟာဧကရာဇ်တို့၏ နားဆီသို့ ချက်ချင်း ရောက်သွားသည်။ မဟာဧကရာဇ်သုံးပါးသည် အသေးစိတ်အချက်အလက်များကို မေးလိုက်၏။ ဟယ်ကျန်းအတုက လေဘုံသို့ သွားခဲ့သည်ဆိုသော အကြောင်းကိုလည်း သူတို့ သိလိုက်ရသည်။ မကြာခင်မှာပင် ကောင်းကင်ဘုံထဲသို့ မရေမတွက်နိုင်သော အမိန့်များသည် နှင်းပွင့်များအလား ကျလာလေတော့သည်။ စစ်တပ်များစွာလည်း စတင်လှုပ်ရှာလာကြပေသည်။

အာကာသဟင်းလင်းပြင်ထဲ၌ စစ်တပ်များစွာ ရှိနေခဲ့ပြီးဖြစ်သည်။ ယခုတွင်မူ စစ်တပ်များ ပိုများသွားသည်။ ထိုစစ်တပ်များသည် နေရာအနှံ့တွင် သဲလွန်စများ လိုက်လံရှာဖွေနေကြလေသည်။

တမလွန်ဘုံလည်း အံ့အားသင့်သွား၏။ အဘယ်ကြောင့် ကောင်းကင်ဘုံက ရုတ်တရက်ကြီး စစ်တပ်များစွာ စေလွှတ်လိုက်ရသနည်း။ ထို့ပြင် စွမ်းအားကြီး သိုင်းသမားများစွာလည်း ထွက်လာကြသည်လော။

တပ်သားဆယ်သန်း၊ စွမ်းအားကြီး သိုင်းသမားများစွာနှင့် တောက်လန်တို့ပင် လှုပ်ရှားလာကြသည်။ သူတို့သည် အိပ်မက်မိုးဆန်းကြယ်နယ်မြေအနီးရှိ ဆန်းကြယ်နယ်မြေရာကျော်ထဲတွင် လိုက်ရှာကြသည်။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ကြပေ။

ပြဿနာက ကြီးပေပြီ။

ခွမ်ဟူက ဧကရာဇ်တစ်ပိုင်းအဆင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ ထို့ပြင် သူ့လက်ထဲ၌ ကျောက်စိမ်းအဆောင်တစ်ခုလည်း ရှိသည်။ အရေးကြီးအခိုက်အတန့်တွင် သူ ထိုကျောက်စိမ်းအဆောင်ကို ချိုးလိုက်နိုင်သည်။ ထိုအခါ ရူးသွပ်မဟာဧကရာဇ်က သူ အန္တရာယ်ကြုံနေကြောင်း ချက်ချင်း သိသွားမည်ဖြစ်သည်။

သို့သော် ခွမ်ဟူက ကျောက်စိမ်းအဆောင်ကို ချိုးရန်ပင် အချိန်မရခဲ့သည်လော။ သို့ဆိုလျှင် ထိုဟယ်ကျန်းအတုက မည်မျှစွမ်းအားကြီးပါသနည်း။ သူက ဧကရာဇ်အဆင့်သို့ မရောက်သေးလျှင်ပင် အနည်းဆုံး တောက်နူလောက်တော့ စွမ်းအားကြီးရမည် မဟုတ်လော။

ကောင်းကင်ဘုံတွင် ထိုမျှစွမ်းအားကြီးသော သိုင်းသမားများမှာ အနည်းငယ်သာ ရှိသည်။ မျိုးနွယ်တိုင်းတွင် ထိုသိုင်းသမားများ၏ အချက်အလက်များ ရှိကြသည်။ ထိုဟယ်ကျန်းအတု၏ အသက်အရှိန်အဝါက အလွန်ငယ်ရွယ်သေးသည်ဟု ဆိုကြ၏။ သို့သော် သူက အဘယ်ကြောင့် ထိုမျှစွမ်းအားကြီးနေရသနည်း။ အားလုံး၏ ပါးစပ်ဖျားတွင် လူတစ်ယောက်၏အမည် ထွက်ပေါ်လာလေသည်။

ကျန်းရီ...

ကောင်းကင်ဘုံတွင် ငယ်ရွယ်သော စွမ်းအားကြီး သိုင်းသမား အရေအတွက် ပို၍ပင် နည်းသည်။ ထို့ပြင် ခွမ်ဟူနှင့် သခင်လေး၊ သခင်မလေးတစ်စုကို ဖမ်းဝံ့သူမှာမူ မရှိသလောက်ပင်။ ဤလောကထဲတွင် ကျန်းရီမှ လွဲ၍ မည်သူက ထိုမျှရဲတင်းစွာ လုပ်ဝံ့မည်နည်း။

သခင်လေးများနှင့် သခင်မ‌လေးများ၏ ကျောက်စိမ်းအဆောင်များမှာလည်း အချိုးမခံခဲ့ရပေ။ ထို့ကြောင့် သူတို့အားလုံး အဖမ်းခံလိုက်ရခြင်း သို့မဟုတ် အသတ်ခံလိုက်ရခြင်းသာ ဖြစ်ပေမည်။ အခြားတစ်ချက်လည်း ရှိသေးသည်။ ဟယ်မျိုးနွယ်က ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများကို ကူညီပေးနေကြောင်း ထင်ရှားသည်။ ဟယ်ကျန်း သေသွားသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်ကျောက်စိမ်းအဆောင်က ယခင်ကတည်းက ကွဲအက်သွားပြီးလောက်ပေပြီ။ သို့ဖြစ်ရာ ဟယ်ကျန်းအတု ထွက်ပေါ်လာလျှင် ဟယ်မျိုးနွယ်က မည်သို့မှ တန်းမသိဘဲ နေမည် မဟုတ်ပေ။

ဟယ်နုန်ယင်းနှင့် ကျန်းရီတို့က ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။ သူမက ကျန်းရီကို မိုးပြာဒေသထဲတွင် တစ်ကြိမ် ကယ်ခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင်လည်း သူမ ယန်ကိုးပါးမြို့သို့ ရောက်လာပြီး ကျန်းရီကိုယ်စား တိုက်ခိုက်ပေးခဲ့သည်။ ဟယ်မျိုးနွယ်က စိတ်ဝိညာဉ်ကျောက်စိမ်းအဆောင်များကို စောင့်သော အကြီးအကဲက တာဝန်ပေါ့လျော့ခဲ့၍ဟု ဆိုသော်လည်း အရူးတစ်ယောက်ပင် ဟယ်မျိုးနွယ်က ထိုဟယ်ကျန်းမှာ အတုဖြစ်ကြောင်း သိသိနှင့် ဖုံးကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

အရာအားလုံးသည် ထိုဟယ်ကျန်းအတုက ကျန်းရီဖြစ်နိုင်ကြောင်း ညွှန်ပြနေ၏။

ရူးသွပ်မဟာဧကရာဇ် ထိုင်မနေနိုင်တော့ပေ။ သူသည် စုံစမ်းရန် ကိုယ်တိုင် အာကာသဟင်းလင်းပြင်ထဲ ထွက်သွားလိုက်သည်။ တောက်နုနှင့် တောက်နူတို့လည်း လှုပ်ရှားနေကြသည်။ ယန်မျိုးနွယ်နှင့် ခွမ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံးမှာလည်း သဲလွန်စများ လိုက်လံရှာဖွေနေကြသည်။ သူတို့သည် မလွတ်နိုင်သော ပိုက်ကွန်ကြီးတစ်ခုဆင်ကာ ကျန်းရီကို လိုက်ရှာနေကြလေသည်။

ကျန်းရီ၏အမည်က ကောင်းကင်ဘုံတစ်ခွင်လုံးတွင် ထပ်မံရေပန်းစားသွားပြန်၏။ မူလတွင် သူ့အမည်မှာ ထုတ်ပြော၍မရသော အမည်တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် လူများစွာသည် သူ့အကြောင်းကို မေ့လျော့လာကြသည်။ သို့သော် ယခုတွင်မူ သူ့အကြောင်းက ကောင်းကင်ဘုံထဲတွင် ထပ်မံပျံ့နှံ့သွားပြီဖြစ်သည်။

***

ဝုန်း...ဝုန်း...

ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ဆံပင်အစိမ်းရောင်နှင့် လူငယ်တစ်ယောက်က စစ်တပ်တစ်တပ်ကို ဦးဆောင်၍ တမလွန်ဘုံမျိုးနွယ်နှင့် တိုက်ခိုက်နေ၏။ သူ့အရှိန်အဝါက အလွန်ခက်ထန်သည်။ သူ့တစ်ကိုယ်လုံးက ထက်ရှသော ရတနာဓားတစ်ချောင်းအလားပင်။ မည်သူကမှ သူ့ကို တိုက်ရိုက်မကြည့်ဝံ့ကြပေ။

ထိုလူငယ်မှာ စစ်သူကြီးချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ့လက်နှစ်ဘက်မှာလည်း သိမ်းငှက်လက်သည်းများကဲ့သို့ ရှိနေသည်။ သူ တစ်ချက်တိုက်ခိုက်လိုက်တိုင်း တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားလေသည်။

ဖုန်း...

တမလွန်ဘုံစစ်သူကြီး တစ်ယောက်ကို စုတ်ဖြဲပစ်ပြီးနောက် ဆံပင်အစိမ်းရောင်နှင့် လူငယ် ရပ်တန့်လိုက်၏။ သူ၏ စူးရှသော သိမ်းငှက်မျက်လုံးများက အာကာပြင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ ပြုံးလိုက်ပြီး သူသာကြားနိုင်သော လေသံနှင့် ရေရွတ်လိုက်လေသည်။

“ကျန်းရီ... နောက်ဆုံးတော့ မင်း ပြန်လာပြီ။ မင်းက ခွမ်ဟူကိုတောင် ဖမ်းနိုင်လိုက်တယ်တဲ့လား။ ဟားဟားဟား... မင်းက တကယ့်ကို ငါ့ညီမ အထင်ကြီးတဲ့ ယောက်ျားတစ်ယောက်ပဲ။ ကောင်းကောင်းရှင်သန်ပါ... ငါလည်း ကြိုးစားကျင့်ကြံမယ်။ ငါ သေချာပေါက် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ဖြတ်ကျော်ပြီး ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရမယ်။ ငါတို့ ပြန်ဆုံမဲ့နေ့ကို ငါ မျှော်လင့်နေပြီ။ မင်းက ကောင်းကင်ဘုံမှာ ကျော်ကြားနေပြီ။ ငါ သိမ်းငှက်ဘုရင်လေးကလည်း မင်းအောက်ကျခံမှာ မဟုတ်ဘူး။ ကောင်းကင်ဘုံရဲ့ အထွတ်အထိပ်မှာ ဘယ်သူ အရင်ဆုံး ရပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”

***

All Chapters