ဆုလာဘ်
Vol. 74 Ch. 1023
“ရွတ်ဖတ်သံတွေကိုတော့ ကြားလိုက်ရတယ်။ မဟုတ်သေးဘူး … ဆုတောင်းနေတာ ဖြစ်မယ်တူတယ်” ထုံရို့ပင်းက မျက်မှောင်အသာကြုတ်ကာ ပြောလိုက်သည်။
“ကျွန်မ လူတစ်စုနဲ့ တိုက်ခိုက်ခဲ့တယ်။ သူတို့က အားကောင်းပေမဲ့ ကျွန်မအတွက်တော့ ပြိုင်ဖက် မဟုတ်ဘူး”
သူမက မှုန်ဝါးနေသည့် မှတ်ဉာဏ်ကို ပြန်လည်စဉ်းစားရင်း သူမ၏ စိတ်ခံစားချက်နှင့် အလိုလိုသိစိတ်များကို ပေါင်းစပ်ကာ ဖြစ်ပျက်သမျှအရာများကို ပြန်လည်ပြောလိုက်သည်။
“သူတို့ကို အနိုင်ယူပြီးတဲ့နောက်မှာ သူတို့ကို ဖမ်းဖို့ ကြိုးစားခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်မ အောင်မြင်ခဲ့လားတော့ မသိဘူး။ အဲဒီနောက် ကျွန်မ အစီအရင်တစ်ခုကို မြင်လိုက်ရတယ်။ အရမ်းအားကောင်းတဲ့ အစီအရင်ပေါ့။ ကျွန်မ စုံစမ်းဖို့ ကြိုးစားနေတုန်း တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသလိုပဲ။
အဲဒီတွေ့ဆုံရတဲ့ ခံစားချက်က အတော်လေးကို စိတ်မသက်မသာဖြစ်လွန်းတယ်။ ကျွန်မ ဘယ်လိုပြောပြရမယ်မှန်း မသိဘူး”
“မင်း စိတ်လွတ်ပြီးတော့ ရူးသွပ်သွားတော့မဲ့ ပုံလိုမျိုးလား”
“အတိအကျပဲ” ထုံရို့ပင်းက ခေါင်းညိတ်လိုက်သည်။
“ကျွန်မက မကြည့်သင့်တဲ့ အရာကို စိုက်ကြည့်မိသလိုမျိုးပဲ။ တားမြစ်ချက်တစ်ခုကို ကြည့်နေသလို ခံစားရတယ်။”
သူမက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ကျွန်မ ဘာတွေဖြစ်နေတာလဲဆိုတာ ရှင် သိလား”
“ဒါက ကျောချမ်းဖွယ်ကိစ္စတစ်ခုပါပဲ။ ဘာများ ရှိဦးမှာမလို့လဲ။”
“အဲဒီအရာက ကျွန်မကို တိုက်ခိုက်လာခဲ့တယ်” ထုံရို့ပင်းက သူသည် သတင်းအချက်အလက် ထပ်မံ မရရှိတော့ကြောင်း သဘောပေါက်သွားပြီး ဆက်ပြောလိုက်သည်။
“ကျွန်မက ခုခံဖို့ အင်အားမဲ့နေပြီးတော့ ထွက်ပြေးလာခဲ့ရတယ်။ ဒါပေမဲ့ အကောင်းဆုံး အားစိုက်ထုတ်ထားတာတောင် ဒီလိုအခြေအနေမှာ အဆုံးသတ်သွားခဲ့ရတယ်”
ထုံရို့ပင်းက သက်ပြင်းချလိုက်၏။
သူမ၏ တည်ရှိမှုက ဒဏ်ရာရရှိသွားပြီး သူမ၏ အခြေအနေက ဝမ်ဝေ့ထက်ပင် အခြေအနေဆိုးရွားနေကာ သူမ၏ အဆင့်က ဧကရာဇ်အဆင့်ထက် နိမ့်ကျသွားခဲ့သည်။ ယခု သူမ၏ စွမ်းအားက တာအိုဘိုးဘေးကို တိုက်ခိုက်နိုင်ရုံမျှသာ ဖြစ်၏။
“ဒီလိုဆိုးဆိုးရွားရွား အခြေအနေမှာ မင်းက အသက်ရှင်ခဲ့တယ်ဆိုတော့ ချောက်နက်ရဲ့ ခြိမ်းခြောက်မှုက ကောင်းကင်ဘုံအဆင့် ဖြစ်လိမ့်မယ်” ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်တွင် လူအိုကြီးငရဲကလွဲ၍ တခြားသော ခြိမ်းခြောက်မှုများ ရှိနေသည်ကို သက်သေအခိုင်အမာ ရရှိသွားပြီ ဖြစ်၏။
“အဲဒါက စံပြအဆင့်တော့ မရောက်လောက်သေးဘူး။ မဟုတ်ရင် မင်း ထွက်ပြေးလာဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး။ ပြီးတော့ အစစ်အမှန် ကောင်းကင်တာအိုကလည်း ဒိုင်မေးရှင်းအနိမ့်မှာ စံပြအဆင့် တည်ရှိတာကို ခွင့်ပြုမှာ မဟုတ်ဘူး”
ဤသတင်းဖြင့် သူက ထုံရို့ပင်း၏ အားစိုက်ထုတ်မှုကို ကျေနပ်သွားမိသည်။ သူက ပြဿနာကို ဖြေရှင်းဖို့ စည်းတံဆိပ် ထားရမည်လား၊ မထားရမည်လား မဆုံးဖြတ်ရသေးပေ။ သို့သော် သူ ဆုံးဖြတ်ပြီးသည်နှင့် ချောက်နက်၏ ပြဿနာကို ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားလိမ့်မည်။
“အဲဒါဆိုတော့ ကျွန်မတို့ ကျေပြီလား” ထုံရို့ပင်းက မေးလိုက်သည်။
“အင်း” ဝမ်ဝေ့က အနက်နှင့်အဖြူမျိုးစေ့တစ်ခုကို ထုတ်ကာ ပေးလိုက်သည်။
“ဒါက ယင်ယန်မျိုးစေ့ပဲ။ မူလိန်နဲ့ နှစ်ကိုယ်တူ ကျင့်စဉ်သုံးဖို့ ကြားခံနယ်အဖြစ် သုံးပေါ့။ မင်းရဲ့ ဒဏ်ရာကုသနှုန်းကို အရှိန်မြှင့်တင်ပေးလိမ့်မယ်”
“ဒီလိုပစ္စည်းမျိုး ရှိတယ်လား” ထုံရို့ပင်းက တည်ရှိမှုဒဏ်ရာသည် အလွယ်တကူ ကုသမရနိုင်ကြောင်း သိထားလေ၏။ အများအားဖြင့် ကုသိုလ်၊ ကမ္ဘာ့အရင်းအမြစ် သို့မဟုတ် ချီကံကောင်းမှု အမြောက်အများ လိုအပ်တတ်သည်။ ထိုသို့ဆိုလျှင်ပင် ဖြစ်စဉ်က အင်မတန်နှေးကွေးတတ်၏။
“ငါက မင်းကို ဘာမှလိမ်နေစရာ မလိုဘူး။”
ထိုမျိုးစေ့က သူသည် အရူးကြီးချူး၏ အမွေအနှစ်အပေါ် လေ့လာခြင်း၏ ရလဒ် ဖြစ်၏။ ထို့ကြောင့် သူ့ဒဏ်ရာများက အလျင်အမြန် သက်သာလာခြင်း ဖြစ်သည်။
“ကျေးဇူးပါ” ထုံရို့ပင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက မျိုးစေ့ကို သေချာဂရုတစိုက် သိမ်းဆည်းလိုက်သည်။ သူမက တုံ့ဆိုင်းမနေဘဲ အဆောင်ကို အသက်သွင်းကာ ပျောက်ကွယ်သွားလေသည်။
“မင်း သိသင့်တယ် …”
“ကိစ္စမရှိဘူး” ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း ပြောလိုက်၏။ သူက ရွှံ့စေးရုပ်ကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူက ပြန်လည်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့၏။
………………………………
ကြယ်တာရာ သားရဲကမ္ဘာ
ထုံရို့ပင်း၏ ဖြူဖျော့ကာ အားနည်းနေသည့် ခန္ဓာကိုယ်က ကျင့်ကြံရေးအခန်းအတွင်း ပေါ်ထွက်လာကာ နာကျင်စွာ ညည်းညူနေသည်။ ကူးသန်းပို့ဆောင်ရေးဖြစ်စဉ်က သူမ၏ ခန္ဓာကိုယ်အခြေအနေကို အနည်းငယ် ဆိုးရွားသွားစေခဲ့သည်။
သူမက စတင်ကျင့်ကြံစဉ်ကတည်းက ဤသို့အခြေအနေမျိုး တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူမက ဒဏ်ရာအပြင်းအထန် ရရှိနေလျှင်ပင် အခြေအနေက ကွဲပြား၏။ သူမ၏ လက်ရှိအခြေအနေက သူမသည် ကုသမရသည့် ရောဂါကို ခံစားပြီး ဆယ်စုနှစ်လောက် တောင့်ခံခဲ့ရသလိုမျိုး ဖြစ်နေသည်။
ဝှစ်
မူလိန်က အခန်းအတွင်း ပေါ်ထွက်လာ၏။
“မင်း အဆင်ပြေရဲ့လား” သူက သူမကို ပွေ့ဖက်ထားသည်။ သူ့အနေဖြင့် သူမက မေ့လဲတော့မလို ခံစားနေရ၏။ သူက သူမကို ကောင်းကောင်းသိထားသည့်အတွက် သူမ ဤမျှအားနည်းနေသည်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သူမကို ကျင့်ကြံရေးအခင်းအပေါ် ခေါ်လာခဲ့၏။
“ကျွန်မ အဆင်ပြေပါတယ်”
“မင်း ကိုယ့်စကားကို နားထောင်သင့်တာ” တာအိုလက်တွဲဖော်များအနေဖြင့် အဆိုးအကောင်းမျှဝေဖို့ရာ ပုံမှန်သာ ဖြစ်သည် မဟုတ်ဘူးလား။
မူလိန်က ကိုယ်စားသွားခဲ့ပါက အခြေအနေသည် ဤမျှမဆိုးရွားနိုင်ကြောင်း ခံစားနေရသည်။ သူက ခန္ဓာကိုယ်လေ့ကျင့်သူ တစ်ယောက်ဖြစ်သည့်အတွက် အန္တရာယ်များသည့် အခြေအနေမျိုးတွင် အသက်ရှင်နိုင်လေသည်။ အနည်းဆုံးတော့ သူတို့ အတူတူသွားသင့်၏။
“ကျွန်မ ခေါင်းမာခဲ့တာ တော်သေးတယ်။ တကယ်လို့ ရှင် သွားခဲ့ရင် ပြန်လာနိုင်မှာ မဟုတ်လောက်ဘူး” သူမ၏ ခင်ပွန်းက အသက်ဓာတ် အမြောက်အများရှိသော်လည်း စွယ်စုံနည်းလမ်း မရှိပေ။ အကယ်၍ သူ သွားလျှင်ပင် ဝမ်ဝေ့၏ စွမ်းအားဖြင့်ပင် ပြန်ရောက်လာနိုင်မည် မဟုတ်ပေ။
ထုံရို့ပင်းက သူမသည် ထိုတိုက်ကွက်မှ မည်သို့လွတ်မြောက်လာမှန်း အတိအကျ မမှတ်မိသော်လည်း သူမ၏ တာအိုက ထိုဖြစ်စဉ်အတွင်း အတော်လေး အရေးပါခဲ့ကြောင်း သိနေသည်။
မူလိန်က သက်ပြင်းချလိုက်၏။
“အဲဒါက ထိုက်တန်ရဲ့လား”
“ဒါပေါ့”
“ဘယ်လိုထိုက်တန်တာလဲ” သူက အသံညင်းကာ ပြောလိုက်သည်။
“မင်းက ဒီလိုအခြေအနေ ဆိုးရွားနေတာလေ”
တစ်ခါတစ်ရံ ပိုမိုကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်နေတတ်သည့် သတ်သေကာ ပြန်လည်ရှင်သန်ခြင်းကပင် သူမ ဒဏ်ရာအခြေအနေကို အကူအညီ မဖြစ်နိုင်ကြောင်း သိထားသည်။
“အကြောင်းအရင်းအများကြီးကြောင့်ပေါ့” ထုံရို့ပင်းက ရှင်းပြလိုက်သည်။
“ပထမတစ်ခုက ကျွန်မတာအိုထက် မြင့်မားတဲ့ အဆင့်ကို တွေ့ကြုံခံစားခဲ့ရတယ်”
အဆောင်က သူမထံ ဝမ်ဝေ့၏ စွမ်းရည်နှင့် တာအို အကုန်လုံးကို ပေးအပ်ထားရုံသာမကပေ။ ထိုအစား ထိုအရာက သူမ၏ တာအိုနှင့် တခြားကဏ္ဍများကို အားဖြည့်ပေးပြီး မဟာတာအိုအရင်းအမြစ် ၆၉.၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားစေသည်။
အရိုးသားဆုံးပြောရလျှင် ထုံရို့ပင်းက သူမတွင် အဆောင်ကို လေ့လာဖို့ အချိန်များစွာ မရှိသည်ကို နှမြောစရာကောင်းလှသည်ဟု ထင်နေမိသည်။ သူမက ထိုအကြောင်းအရာကို မှတ်တမ်း တင်ထားသော်လည်း မလုံလောက်သေးပေ။
“ဒုတိယအနေနဲ့ ကမ္ဘာကြီးက ဘယ်လောက်ကျယ်ပြောပြီး ကျွန်မက ဘယ်လောက်သေးနုပ်လဲဆိုတာ နားလည်သွားခဲ့တယ်”
ကျင့်ကြံသူတစ်ယောက်၏ အမြင်နှင့် လောကအပေါ် သိမြင်မှုက အရေးပါလှသည်။ ထိုအရာက သူတို့၏ အနာဂတ်ကို ကူညီပေးနိုင်ပြီး အမြင်ကျယ်လာစေကာ စိတ်ကြီးဝင်ခြင်းမှ တားဆီးပေးနိုင်သည်။ ထိုအရာက ထုံရို့ပင်းအနေဖြင့် သူမ လိုအပ်သည်ဟု ခံစားမိသည့်အရာ ဖြစ်၏။
ထိုအရာက သူမသာလျှင် မကပေ။ ကျင့်ကြံသူအားလုံးက တာအိုကို သက်သေပြပြီးသည့်နောက်တွင် စိတ်ကြီးဝင်မှု အနေအထားတစ်ခု ရှိလာတတ်ကြသည်။ သူတို့၏ စွမ်းအားက သူတို့သည် မျိုးဆက်တစ်ခုလုံးအတွင်း အကောင်းဆုံးဟု သက်သေ ဖြစ်၏။ သူမ၏ အခြေအနေတွင် ထိုအရာက သူမ၏ ပါရမီကို ထုတ်ဖော်ပြသနေသည်။
“မဟာဧကရာဇ်ရဲ့ အဆင့်က အစဆိုတာကို သိပေမဲ့ ဒီထက်မြင့်တဲ့ စွမ်းအားကို တွေ့ကြုံခံစားပြီးတဲ့နောက်မှာ ကျွန်မ ဘယ်လောက်တောင် အားနည်းနေလဲဆိုတာကို သဘောပေါက်သွားမိတယ်”
ထုံရို့ပင်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
“နောက်ဆုံးတော့ ဒါက ကျွန်မ တကယ်လက်ခံရရှိခဲ့တဲ့ အကျိုးအမြတ်ပဲ” သူမက သူ့ကို ပစ္စည်းနှစ်ခု ထုတ်ပြလာခဲ့သည်။ ကြက်သီးထဖွယ် အငွေ့အသက်နှင့် အနက်ရောင်သွေးတို့ ဖြစ်သည်။
“အဲဒါက ဘာတွေလဲ” မူလိန်က ထိုအရာနှစ်ခုကို ကြည့်ခြင်းဖြင့် ဝိညာဉ်ထဲမှ ရွံရှာမှုကို ခံစားမိလိုက်၍ မေးလိုက်သည်။
“ကျွန်မရဲ့ ဆုလာဘ်ပေါ့”
“ဝမ်ဝေ့က မင်းကို ဒါတွေ သိမ်းခွင့်ပြုတယ်လား”
“သူ့ကို မပြောခဲ့ဘူး”
“ဘာလို့ မင်းက မီးနဲ့ ကစားချင်နေရတာလဲ” မူလိန်က မနေနိုင်ဘဲ ပြောလိုက်သည်။
“သူက မသိဘူးလို့ ရှင် ထင်နေတာလား။ သူက ဘာမှမပြောမှတော့ ကျွန်မရဲ့ ဆုလာဘ်လို့ သဘောတူလိုက်တာပဲလေ။ ပြီးတော့ ဒါတွေတင် ကျွန်မ မပြောခဲ့တာ မဟုတ်ဘူး”
“နောက်ထပ် ရှိသေးတာလား”
“ကျွန်မရဲ့ မှတ်ဉာဏ်တွေကို ဖျက်ထားတာ ကျွန်မပဲ ထင်တယ်” ထုံရို့ပင်းက ရှင်းပြလိုက်သည်။
“အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းက ကျွန်မရဲ့ လက်ချက်ပဲ”
“ဘာလို့လဲ”
“ကျွန်မ မမှတ်မိရဲတဲ့ တစ်စုံတစ်ခု ရှိနေတယ်”
မူလိန်က ခေါင်းအသာယမ်းကာ သက်ပြင်းချလိုက်၏။
“ကျင့်ကြံရေးလောကက အဆုံးမဲ့တောင်ကို တက်နေရသလိုပဲ။ ကိုယ်တို့တွေ သေမျိုးဘဝတုန်းက တာအိုကို သက်သေပြချင်ပြီးတော့ ရောက်ရှိလာတဲ့ ဂုဏ်ကျက်သရေနဲ့ စွမ်းအားကို ခံစားချင်ကြတယ်။ အဲဒီနောက် ပိုပြီးမြင့်တဲ့ တောင်ထိပ်တွေကို ပိုပြီးတွေ့လိုက်ရတာပဲ”
“ဟုတ်တယ်။ အဆိုးဆုံး အနေအထားက ကျွန်မတို့တွေ တောင်ထိပ်တွေ တက်ပြီးတဲ့အချိန်တိုင်းမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကို မသုံးနိုင်ကြဘူးလေ” ထုံရို့ပင်းက သဘောတူလိုက်သည်။
“အဲဒါဆိုတော့ ဒီပစ္စည်းတွေနဲ့ ဘာဆက်လုပ်မှာလဲ”
“ဒီအငွေ့အသက်ကိုတော့ ဝှက်ဖဲအဖြစ် ပြောင်းဖို့ စီစဉ်ထားတယ်။ ဒီအရာရဲ့ စိတ်ကို တိုက်စားနိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် မှန်မှန်ကန်ကန် သုံးနိုင်ရင် လက်နက်ကောင်း ဖြစ်လာနိုင်တယ်” ထုံရို့ပင်းက ရှင်းပြလိုက်သည်။
“သွေးအတွက်တော့ ကျွန်မက အစတုန်းက ဒီဟာကို လေ့လာဖို့ပဲ။ ဒါပေမဲ့ ကျွန်မရဲ့ အလိုလိုသိစိတ်က ကျွန်မအဆင့်ထက် ကျော်လွန်နေတဲ့ အရာနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို သတိပေးနေတယ်”
“အကျိုးအမြတ်က မင်းရဲ့ အကဲဖြတ်မှုအပေါ် အမှောင်ဖုံးမသွားတာ တော်သေးတာပေါ့”
ထုံရို့ပင်းက သူ့ကို လျစ်လျူရှုထားပြီး သွေးကို အာရုံစိုက်လိုက်သည်။
“သွေးကို ကျွန်မရဲ့ တာအိုသက်သေပြပစ္စည်းနဲ့ ပေါင်းစည်းနိုင်ပြီးတော့ တိုက်စားနိုင်စွမ်းကို ပေးအပ်နိုင်ရင် ကောင်းမှာပဲ။ ဒါပေမဲ့ အဲဒါက အရမ်းကို အန္တရာယ်များလွန်းတယ်”
တာအိုသက်သေပြပစ္စည်းက ပိုင်ရှင်နှင့် ဆက်နွယ်မှုများစွာ ရှိနေသည့်အတွက် ထုံရို့ပင်းက အန္တရာယ်များသည့် အရာကို သူမနှင့် နီးကပ်သည့် နေရာတွင် ထားရှိဖို့ မတုံးအပေ။
“မင်း စမ်းသပ်ကြည့်ပေါ့” မူလိန်က အကြံပြုလိုက်၏။
“သက်ရှိတွေက စွန်းထင်းပြီးသွားရင် နောက်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်ကြည့်ပေါ့”
“အဲဒါက ကျွန်မရဲ့ အစီအစဉ်တစ်ခုပဲ” ထုံရို့ပင်းက ထိုသွေးကို မည်သို့လုပ်ဆောင်နိုင်ကြောင်း စဉ်းစားပြီးသား ဖြစ်၏။
သူမက သွေးနှင့် အရှိန်အဝါကို သူမ၏ သိုလှောင်လက်စွပ်ထဲ လုံခြုံသည့် နေရာအတွင်း ထည့်ကာ သိမ်းဆည်းထားလိုက်သည်။ ထို့နောက် စည်းပိတ်ရေးအဆောင် သန်းချီကို ချထားလိုက်၏။
ထို့နောက် သူမက အဖြူနှင့် အမဲ မျိုးစေ့တစ်ခုကို ထုတ်ဖော်လိုက်သည်။
“အဲဒါက ဘာလဲ”
“ကျွန်မကို ကုသဖို့ ကူညီပေးနိုင်တဲ့ ဝမ်ဝေ့ရဲ့ လက်ဆောင်လေ”
“ဒါက ဘာလုပ်နိုင်မှာလဲ”
“ကျွန်မရဲ့ တည်ရှိမှုဒဏ်ရာအပေါ် ကုသနှုန်းကို မြှင့်တင်ပေးနိုင်တယ်”
“တကယ်လား။ ကိုယ်တို့ ဘယ်လိုလုပ်ရမှာလဲ”
ထုံရို့ပင်းက သူ့ကို ပြုံးကာ ကြည့်လိုက်ပြီး “ရှင်တော့ တော်တော်လေး ပျော်ရတော့မယ်ဆိုတာ သေချာတယ်”
မူလိန်အနေဖြင့် သူမ၏ ဆိုလိုရင်းကို သဘောပေါက်ဖို့ ခေတ္တမျှ ကြာမြင့်ခဲ့သည်။ ထို့နောက် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာကာ “ဝမ်ဝေ့အပေါ် အမုန်းတရား ကိုင်စွဲထားမဲ့အစား သူ့ကို ကျေးဇူးတင်သင့်တယ် ထင်တယ်”