← Chapters

မူလစနစ်အသစ်

Vol. 74 Ch. 1025

မူလစနစ်အသစ်

Vol. 74 Ch. 1025

“စိတ်ဝိညာဉ်လေ့ကျင့်မှုတွေက အသက်ရှူခြင်းကနေ စတင်တယ်။ ကိုယ် စားလိုက်တဲ့ အစားအစာက ကြီးထွားနှုန်းနဲ့ အလားအလာကို ဆုံးဖြတ်ပေးနိုင်သလိုမျိုး ကျင့်ကြံသူတွေရဲ့ ရှူသွင်းတဲ့ ချီကလည်း အရေးကြီးတယ်။ ချီဆိုတာက …”

ဝမ်ဝေ့က ပထမအဆင့်ဖြစ်သည့် ခန္ဓာကိုယ်သန့်စင်ရေးအဆင့်အကြောင်း ရှင်းပြလိုက်သည်။ သူက ပင်ကိုချီကို စုပ်ယူပြီး သွေးချီကို ဖွဲ့စည်းဖို့ အကောင်းဆုံးနည်းလမ်းကို ရှင်းပြခဲ့၏။ သူ့ရှင်းပြချက်က ၉လွှာမြောက်ထိသာ ပြောခဲ့သည်။ ၁၀လွှာမြောက်မှ ၁၂လွှာမြောက်အဆင့်ကိုမူ ဂိုဏ်းများ၏ အခြေခံအုတ်မြစ်အလိုက် ကောက်ချက်ချဖို့ ချန်ထားခဲ့သည်။

သူ့ဟောပြောပို့ချခြင်း၏ ရလဒ်အနေဖြင့် ထိုအဆင့်အပေါ် ရှင်းပြချက် ပြီးဆုံးသွားသည့်အခါ လူများက စနစ်အသစ်သည် ယခင်စနစ်ဟောင်းထက် ၅၀ရာခိုင်နှုန်းကနေ ၅ဆ ပိုကောင်းကြောင်း ပြောနိုင်လေသည်။ ထို့အပြင် သက်တမ်းတိုးမြင့်လာမှုက ယခင်စနစ်ထက် နှစ်ဆ ဖြစ်၏။

အံ့ဖွယ်ပင်လယ်အဆင့်က များများစားစား ပြောင်းလဲခြင်း မရှိဘဲ ပထမအဆင့်တွင် တူညီစွာ လုပ်ဆောင်သည်။ သူက မူလချီကို ဖွဲ့စည်းဖို့ အကောင်းဆုံး နည်းလမ်းကို ရှင်းပြခဲ့၏။ ပြောင်းလဲမှုအပြီးတွင် ထိုစနစ်တွင် အသုံးပြုသည့် စွမ်းအင်ကို ပင်ကိုမူလချီဟု ခေါ်ဆိုမည် ဖြစ်သည်။ နောက်ဆုံးတွင် မူလရေကန်၊ မူလမြစ်နှင့် မူလပင်လယ်တို့အပြင် သူက လေးဆင့်မြောက်အနေဖြင့် ကောင်းကင်မူလပင်လယ်ကိုပါ ထည့်သွင်းပေါင်းခဲ့သည်။

ကျင့်ကြံသူများက သူတို့၏ စွမ်းအင်ဗဟိုချက်အလယ်တွင် ဒုတိယအံ့ဖွယ်ပင်လယ်ကို ဖွင့်လှစ်နိုင်ပြီး စွမ်းအားအမြောက်အများ သိုလှောင်နိုင်လိမ့်မည်။ ထိုအဆင့်တွင် သူတို့၏ စွမ်းအားနှင့် သက်တမ်းတို့က ချီပမာဏအမြောက်အများ၏ အားဖြည့်မှုကြောင့် တိုးမြင့်သွားလိမ့်မည်။

အံ့ဖွယ်ပလ္လင်အဆင့်တွင် အောက်ပိုင်းစွမ်းအင်ဗဟိုချက်ရှိ ပင်ကိုမူလချီက ပလ္လင်သဖွယ် ပြောင်းလဲသွားလိမ့်မည်။

ခန္ဓာကိုယ်က ပလ္လင်နှစ်ခု တောင့်မခံနိုင်သည့်အတွက် တစ်ခုကိုသာ ဖွဲ့စည်းနိုင်မည်။ သို့သော်လည်း လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ ဒုတိယမြောက် ပလ္လင်ကို ယာယီဖွဲ့စည်းကာ တိုက်ပွဲအလယ်တွင် ဖောက်ခွဲဖျက်ဆီးပစ်နိုင်သည်။

ဟောပြောပို့ချနေစဉ်အတွင်း ဝမ်ဝေ့က ထိုနည်းစနစ်ကို ပြောပြခဲ့ပြီး ကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ခဲ့သည်။

ပလ္လင်ကို ဖွဲ့စည်းခြင်းက စနစ်အသစ်တွင် ရိုးရှင်းမည် မဟုတ်ပေ။

ဝမ်ဝေ့က ကျင့်ကြံသူအားလုံးသည် စိတ်၏ တီးတိုးခေါ်သံဟု ခေါ်ဆိုသည့် တာအိုနှလုံးသားစမ်းသပ်ချက်ကို တွေ့ကြုံခံစားဖို့ ထည့်သွင်းထားခဲ့သည်။ နာမည်အတိုင်း ကျင့်ကြံသူများက သူတို့၏ ပလ္လင်ကို တည်ဆောက်ကာ စိတ်ဆန္ဒ၊ စိတ်အခြေအနေနှင့် တာအိုနှလုံးသားကို လေ့ကျင့်နေရင်း တီးတိုးပြောဆိုသံများ၏ ဆွဲဆောင်မှုကို ခုခံရမည်။ သူက ကမ္ဘာထံ အတုအယောင် ထာဝရဧကရာဇ်များ မွေးဖွားလာခြင်းကို မဖြစ်လိုဘဲ တာအိုနှလုံးသားကို စောစီးစွာ လေ့ကျင့်ပေးဖို့ အစပြုခဲ့ခြင်း ဖြစ်သည်။

ပလ္လင်နှင့် အံ့ဖွယ်သွေးကြောများကို ဖွဲ့စည်းပြီးသည့်နောက်တွင် ထိုအဆင့်က ယခင်စနစ်ဟောင်းကဲ့သို့ အဆုံးသတ်မသွားသေးပေ။ ဝမ်ဝေ့က တာအိုစည်းချက် အားဖြည့်မှုဟု ခေါ်ဆိုသည့် ကဏ္ဍအသစ်ကို ထည့်ပေါင်းထားခဲ့၏။ အသင်္ချေအင်ပါယာကမ္ဘာက ဤမျိုးဆက်အတွင်း ဧကရာဇ်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် ကမ္ဘာတွင် တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသည်။

ကျင့်ကြံသူများက သူတို့၏ ပလ္လင်ကို ကမ္ဘာ၏ တာအိုစည်းချက်ဖြင့် အားဖြည့်နိုင်ကာ စည်းမျဉ်းနားလည်ဖို့ရာအတွက် ပိုမိုကောင်းမွန်သည့် အုတ်မြစ်ကို တည်ဆောက်နိုင်လိမ့်မည်။ ကျင့်ကြံသူများက ရှေးကျသည့် ကျမ်းများ၊ ဝိဇ္ဇာများ၏ မှတ်ချက်များ သို့မဟုတ် ဉာဏ်ပညာရှိသူများ၏ အတွေးအခေါ်များကို လေ့လာကာ မိုးမြေနှင့် သဟဇာတဖြစ်ဖို့ သို့မဟုတ် တာအိုစည်းချက်ကို ရယူနိုင်လိမ့်မည်။

အတိအကျပြောရလျှင် ဝမ်ဝေ့က ဧကရာဇ်တာအိုကမ္ဘာ၏ စိတ်ဝိညာဉ်အုတ်မြစ်စနစ်၏ ၄ဆင့်မြောက်ဖြစ်သည့် တာအိုကြေညာရေးနယ်ပယ်အဆင့်မှ လှုံ့ဆော်မှု ရကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သဘာဝလွန်အဆင့်အတွက်မူ ဝမ်ဝေ့က များများစားစား ပြောင်းလဲထားခြင်း မရှိပေ။ သူက ထိုအဆင့်သည် ပင်ကိုစွမ်းရည် ထုတ်ဖော်ဖို့ရာ သတ်မှတ်ထားခဲ့သည်။ သူ့စနစ်တွင် ကျင့်ကြံသူများက ကံကြမ္မာကောင်းမီးတောက်ကို ဖွဲ့စည်းနိုင်မည်ဖြစ်သော်လည်း ထိုမီးတောက်အတွက် လောင်စာအဖြစ်လိုအပ်သည့် မူလသင်္ကေတအရေအတွက်က ၅၀ မဟုတ်တော့ဘဲ ၉၉ခု ဖြစ်လာလိမ့်မည်။

မူလသင်္ကေတ တိုးပွားသွားခြင်းက မီးတောက်ကို ပိုမိုအားကောင်းလာစေပြီး ကျင့်ကြံသူများအား တိုက်ပွဲအတွင်း သူတို့၏ အုတ်မြစ်ကို သက်ရောက်မှု မရှိစေဘဲ အသုံးပြုနိုင်လိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် ထိုအဆင့်ရှိ တိုက်ပွဲများက ကံကြမ္မာကောင်းမီးတောက် အသုံးပြုမှု ပါဝင်လာပြီ ဖြစ်၏။

ဝမ်ဝေ့က ထိုအဆင့်တွင် အကျိုးဆက်တချို့ရှိကြောင်း ဆုံးဖြတ်ထားခဲ့သည်။ တိုက်ခိုက်ရေးစွမ်းအား တိုးမြင့်လာခြင်းက သက်တမ်း တိုးမြှင့်လာမှုကို သိသိသာသာ လျှော့ချနိုင်သည်။ အဆုံးသတ်တွင် စနစ်အသစ်က ယခင်စနစ်ဟောင်းနှင့် ယှဉ်လိုက်ပါက သဘာဝလွန်အဆင့်တွင် သက်တမ်း ၁၀ရာခိုင်နှုန်းသာ တိုးမြှင့်နိုင်လေသည်။

အံ့ဖွယ်ခန္ဓာအဆင့်က ဝမ်ဝေ့သည် လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်အဆင့်အပြင် နောက်ထပ်အဆင့် နှစ်ခုကိုပါ ထည့်ပေါင်းခဲ့၍ အပြောင်းအလဲကြီးရှိသည်ဟု ဆိုရပေမည်။ အဝါရောင်အဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်ကို တာအိုစည်းချက်များဖြင့် ဆေးကြောအားဖြည့်ကာ မိုးမြေ၏ စည်းမျဉ်းများနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်နိုင်သည်။

နက်နဲအဆင့်တွင် သူတို့က အသိစိတ်ပင်လယ်နှင့် ဝိညာဉ်အတွက် တူညီစွာ လုပ်ဆောင်နိုင်မည် ဖြစ်၏။ ထိုအဆင့်၏ ထူးခြားသည့် ကဏ္ဍကမူ ရုပ်ခန္ဓာရှိသူများနှင့် တူညီစွာ သူတို့၏ အမြင်ကို ဖွဲ့စည်းဖို့ရာ ပိုမိုလွယ်ကူလာစေလိမ့်မည်။

ဝမ်ဝေ့က လူသားအဆင့်ကို ပြန်လည်ပြောင်းလဲထားခဲ့၏။ သူက စည်းမျဉ်းစွမ်းအားကို ကိုင်ဆောင်နိုင်သည့် ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မည်သို့လေ့ကျင့်ရမည်ကို နည်းလမ်းတကျ ရှင်းပြခဲ့သည်။ သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၊ ရှေးဟောင်းကျင့်ကြံရေးစနစ်မှ ကြေးနီအရေပြား - သံမဏိအရိုးအဆင့်အကြောင်းနှင့် တခြားသော သိုင်းပညာစနစ်များကို အသုံးပြုကာ ထိုအဆင့်ကို ဖန်တီးထားခြင်း ဖြစ်၏။

သူ့ဟောပြောပို့ချချက်အရ ခန္ဓာကိုယ်ကို အဆုံးအစွန်အထိ လေ့ကျင့်ပြီးမှ မြေကမ္ဘာအဆင့်ဆီ တက်လှမ်းနိုင်လိမ့်မည်။ သူက ဒွါရပေါက်များအပြင် ချက္ကရဖွင့်လှစ်ရေးနည်းလမ်းကို ထိုအဆင့်တွင် ထည့်ပေါင်းထားခဲ့သည်။ ထို့အပြင် သူက တချို့ဗုဒ္ဓနည်းလမ်းများကို အသုံးပြုကာ သူတို့၏ စိတ်နှင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးနိုင်ပြီး ကမ္ဘာ၌ အတုအယောင်ဧကရာဇ်များ ထွက်ပေါ်လာမှုကို လျှော့ချဖို့ လုပ်ဆောင်ခဲ့သည်။

ယခင်က ဝမ်ဝေ့သည် ဤနည်းလမ်းကို သူ့ဂိုဏ်းအတွက်သာ ချန်ထားလိုခဲ့၏။ သို့သော်လည်း သူက အနာဂတ်တွင် ဗုဒ္ဓဘာသာ မြင့်တက်လာမှုနှင့် စည်ပင်ကြွယ်ဝမှုကို ထည့်သွင်းစဉ်းစားပြီး စနစ်တွင် သူတို့နှင့် သက်ဆိုင်သည့်အရာကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံအဆင့်က ကျင့်ကြံသူများအား မိုးမြေ၏ စွမ်းအားကို ငှားယူခွင့်ပြုထားပြီး ၉လွှာ ပြန်လည်ခွဲခြားထားသည်။ တစ်ခုချင်းစီက ကျင့်ကြံသူ၏ စွမ်းအားကို ၉ဆ မြှင့်တင်ပေးနိုင်သည်။ ယခုအခါ စနစ်အသစ်ဖြင့် ၂၇ လွှာရှိလာပြီး တစ်ခုချင်းစီက လူတစ်ယောက်၏ စွမ်းအားကို ၆ဆ တိုးမြှင့်ပေးနိုင်လိမ့်မည်။

ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်က များများစားစား ပြောင်းလဲခြင်း မရှိပေ။ သူတို့က ယင်နတ်ဘုရား၊ ယင်ယန်ပြောင်းပြန်၊ ယန်နတ်ဘုရား၊ အချုပ်အနှောင် ဖယ်ရှားခြင်းနှင့် အင်မော်တယ်သုံးပါးအဆင့်တို့ ဖြစ်သည်။ သို့သော်လည်း ယခင်တာအိုစည်းချက် ဆေးကြောခြင်းဖြင့် ဝိညာဉ်က လေ့ကျင့်ဖို့ရာ ပိုမိုခက်ခဲလာမည်ဖြစ်သော်လည်း ပိုမိုအားကောင်းလာလိမ့်မည်။

ထို့အပြင် ထိုအဆင့်ရှိ ကျင့်ကြံသူများအား သူတို့၏ မိုးမြေကြားမှ ဆက်နွယ်မှုကို အသုံးပြုကာ တာအိုသက်သေပြပစ္စည်းနှင့် တူညီသည့် ဝိညာဉ်ရတနာကို ဖန်တီးဖို့ ခွင့်ပြုထားသည့် အရန်နည်းစနစ်ကို ထုတ်ဖော်ခဲ့၏။ ဝိညာဉ်ရတနာက ကျင့်ကြံသူများ၏ ခရီးစဉ်တစ်လျှောက် လိုက်လံအားကောင်းလာနိုင်သည့် တိုက်ခိုက်ရေး သို့မဟုတ် ခုခံရေးရတနာ ဖြစ်ပေသည်။

လေဟာနယ်ဖြိုခွင်းခြင်း အဆင့်အတွက်မူ အပြောင်းအလဲလိုအပ်ခြင်း မရှိ၍ များများစားစား ပြောင်းလဲခြင်းမရှိပေ။ စနစ်အသစ်က ကျင့်ကြံသူ၏ စည်းမျဉ်းအပေါ် သဟဇာတဖြစ်မှုကို အလေးထားထားပြီး ကိုင်ဆောင်ဖို့ ပိုမိုလွယ်ကူအောင် ပြုလုပ်ထားသည်။ ကမ္ဘာဦးနတ်ဘုရားနှင့် စိတ်ဝိညာဉ်အုတ်မြစ် စနစ်တို့က သူ့ကို သိသိသာသာ လွှမ်းမိုးမှုရှိ၏။

သူက ကျင့်ကြံသူများအား ထိုစနစ်တွင် သူတို့၏ မိုးမြေ၏ အစီအစဉ်ကျမှုကို ပြောင်းလဲကာ စိတ်ဝိညာဉ်ခရီးလမ်းကိုပင် ပိုမိုစိန်ခေါ်မှုရှိအောင် လုပ်ဆောင်ခဲ့ပြီး ကျင့်ကြံသူ၏ တာအိုနှလုံးသားကို ပိုမိုလေ့ကျင့်ပေးနိုင်လိမ့်မည်။ သူက လူတစ်ယောက်၏ အမြင်ကို သူတို့၏ စည်းမျဉ်းခန္ဓာကိုယ် သို့မဟုတ် ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကို လျှောက်လှမ်းနေကြသူများအတွက် သာမန်ခန္ဓာကိုယ်များထဲ ပေါင်းထည့်နိုင်မည့် နည်းလမ်းကိုပါ ထည့်ပေါင်းခဲ့၏။

ဝမ်ဝေ့က သူတော်စင်အဆင့်တွင် တာအိုကိုယ်အဆင့်ဟု ခေါ်သည့် အဆင့်တစ်ခုကို ထည့်သွင်းခဲ့သည်။ တာအိုမျိုးစေ့ကို အရွယ်ရောက်သည့် သစ်ပင်အဖြစ် ပြုစုပျိုးထောင်ပြီး သစ်သီး ရင့်မှည့်လာပြီးသည့်နောက်တွင် ကျင့်ကြံသူက သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို အသီးထဲ ပေါင်းထည့်ကာ တာအိုကိုယ်ကို မွေးဖွားနိုင်လိမ့်မည်။ ထိုအရာက ကျင့်ကြံသူသွင်ပြင်နှင့် နတ်သူငယ်ပုံစံ သက်ရှိငယ်လေး ဖြစ်၏။

တာအိုကိုယ်က စိတ်ဝိညာဉ်အုတ်မြစ် စနစ်မှ အဆင့် ၈ ဆီမှ လှုံ့ဆော်မှု ရရှိထားခြင်း ဖြစ်၏။ ထိုအရာက တူညီသည့် ရည်ရွယ်ချက်အတွက် ကျင့်ကြံသူများအား စည်းမျဉ်းကို ထိန်းချုပ်နိုင်စွမ်းအား မြှင့်တင်ပေးခြင်း ဖြစ်သည်။ သူတို့ကိုယ်တိုင်က အလိုလို ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက် တမင်ထိန်းချုပ်နေစရာ မလိုအပ်တော့ပေ။

ရလဒ်အနေဖြင့် ထိုစနစ်အသစ်ရှိ သူတော်စင်များသည် ယခင်ကန့်သတ်ချက်ဖြစ်သည့် ၁.၂၆၉ ထရီလီယမ်ကီလိုမီတာထက် ကြီးမားသည့် ပိုင်နက်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့၏ စွမ်းအားက သူတို့ကိုင်ဆောင်ထားသည့် စည်းမျဉ်းအပေါ် ထိန်းချုပ်မှု မြင့်မားသည့်အတွက် ပိုမိုအားကောင်းလာကြသည်။ သူတို့က သူတို့ပိုင်နက်အတွင်း အကြွင်းမဲ့ဖြစ်ကာ တခြားသော ကျင့်ကြံရေးစနစ်များဖြင့်ပင် ယှဉ်နိုင်လေ၏။

အထွတ်အထိပ်အဆင့်ကမူ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ ကျင့်ကြံသူများက သူတို့၏ ဓမ္မခန္ဓာကိုယ်ကို ဖွဲ့စည်းရ၍ ဖြစ်သည်။

သို့သော်လည်း ဝမ်ဝေ့က ဧကရာဇ်တစ်ပိုင်းအဆင့်အတွက် တုယီနယ်ပယ်ကို အတုခိုးခဲ့ပြီး လူများအား ထိုအရာကို မပေါင်းစပ်ခင် ဓမ္မခန္ဓာကိုယ်ကို ဖွဲ့စည်းခိုင်းခဲ့သည်။ ထို့အပြင် ကျင့်ကြံသူများက ထိုဖြစ်စဉ်အတွင်း သူတို့၏ တာအိုကိုယ်ဖြင့် ပေါင်းစည်းရမည် ဖြစ်၏။

ထိုစနစ်ထဲ ဧကရာဇ်တစ်ပိုင်းအဆင့်ကို စည်းမျဉ်းထိန်းချုပ်ရေးအပေါ် အလေးထားထားပြီး ဖန်တီးထားခဲ့ရာ သူ့အစွမ်းထိန်းချုပ်ရေးပညာရပ်၏ ပညာရှင်အဆင့်နှင့် ကျွမ်းကျင်ပညာရှင်အဆင့် ထိန်းချုပ်မှုအဆင့်ကြား ရှိလာစေလိမ့်မည်။

ဝမ်ဝေ့က ဟောပြောချက် ပြီးဆုံးသွားသည့်အခါ ခေါင်းညိတ်လိုက်၏။ စနစ်အသစ်က ယခင်ထက် ပိုမိုသိသိသာသာ တိုးတက်နေသည်။ ကျင့်ကြံသူများက အားကောင်းလာရုံသာမက သူတို့၏ ယေဘုယျ သက်တမ်းသည်လည်း ၅သန်းမှ ၁၀သန်းကနေ သန်း၅၀မှ သန်း၁၀၀အထိ ဖြစ်လာခဲ့သည်။

စကြဝဠာက မျှခြေကို ဖော်ညွှန်းသည့်အတွက် အကျိုးဆက်တချို့ ရှိလေသည်။ စနစ်အသစ်က ကျင့်ကြံဖို့ရာ ပိုမိုခက်ခဲပြီး အရင်းအမြစ်နှင့် အချိန်များစွာ လိုအပ်၏။ မျိုးဆက်တစ်ခုချင်းစီအတွက် လိုအပ်သည့် အချိန်က သိသိသာသာ မြင့်တက်သွားကာ အင်မော်တယ်ကျင့်ကြံရေး စနစ်အဆင့်လောက် ရောက်လုနီးပါး ဖြစ်လာသည်။ ထို့အပြင် ထိုစနစ်က ပင်ကိုပတ်ဝန်းကျင် မရှိဘဲ အကျိုးမရှိနိုင်ပေ။

ဝမ်ဝေ့က ကမ္ဘာကို ကြည့်ပြီး သူ့စကားသံက အားလုံး၏ နားထဲ ပဲ့တင်ထွက်သွား၏။

“နောက်ခုံရုံးအစည်းအဝေးက နောက်ထပ် နှစ်၃၀၀နေရင် ကျင်းပမယ်”

သူက လုပ်စရာတစ်ခု ရှိသေး၍ ကောင်းကင်အထက်မှ ပျောက်ကွယ်သွားလေသည်။

All Chapters