← Chapters

ပြိုင်ဘက်ကင်း ကလေးငယ်

Vol. 74 Ch. 1026

ပြိုင်ဘက်ကင်း ကလေးငယ်

Vol. 74 Ch. 1026

ဝမ်ဝေ့က လီကျွင်း၏ သတ်ဖြတ်ရေးတောင်ထိပ်ရှိ ဥယျာဉ်အတွင်း ပေါ်ထွက်လာသည်။ သူ့အနေဖြင့် ထိုသူက စုအိုက်ကို ပွေ့ဖက်ထားပြီး အနည်းငယ် စူထွက်နေသည့် သူမ၏ ဝမ်းဗိုက်ကို အသာပွတ်နေသည်ကို မြင်လိုက်ရ၏။ သူတို့နှစ်ဦးကြားရှိ လေထုက သူ့အတွက် အော်ဂလီဆန်စရာ ကောင်းနေသည်။

ဝမ်ဝေ့က မနာလိုအားကျမှုကို ခံစားမိလိုက်၏။

အတိတ်တုန်းက အကြောင်းကို ပြန်လည်တွေးတောမိသွားသည်။ သူသည် လီကျွင်းကို တခြားအမျိုးသမီးများနှင့် တွေ့မြင်ရစဉ် သူတွင်မူ အမျိုးသမီးတစ်ယောက်တည်း ရှိနေသည့်အချိန်တွင် မည်သို့ခံစားရသည်ကို အမှတ်ရသွား၏။ ယခု ပို၍ဆိုးရွားသည်က သူ့တွင် မည်သူကိုမှ ပွေ့ဖက်စရာ မရှိစဉ် ထိုသူကမူ လှပသည့် ဖခင်ဘဝကို လျှောက်လှမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်သည်။

လီကျွင်းအား သွားရောက်မရိုက်မိစေရန် အတော်လေး ထိန်းချုပ်ထားရ၏။

ငါ ဒါကို မှတ်ထားမယ် …

ဝမ်ဝေ့က ချောင်းအသာဟန့်ကာ ထိုစုံတွဲအား သတိပေးလိုက်သည်။

“အရှင်” စုအိုက်က ရေရွတ်လိုက်၏။

“အစ်ကိုကြီး ဒီရောက်လာပြီပဲ” လီကျွင်းက သူမကို ပွေ့ဖက်ထားရင်း လှည့်လိုက်သည်။ ဝမ်ဝေ့က ထိုကောင်စုတ်သည် သူ့ရောက်နေမှန်း သိသိရက်နှင့် သူ့ကို အားကျမနာလိုအောင် လုပ်နေကြောင်း အတည်ပြုလိုက်နိုင်သည်။ သူက တိတ်တဆိတ် အံကြိတ်ကာ မျက်လုံးဝှေ့လိုက်ပြီး စုအိုက်ကိုသာ ကြည့်လိုက်၏။

“ဘာမှ စိတ်လှုပ်ရှားနေဖို့ မလိုဘူး။ တူလေးကို ဦးလေးက လာပြီးတော့ စစ်ဆေးကြည့်ရုံပဲ”

“ဟုတ် … ဟုတ်ကဲ့”

လီကျွင်းက သူမကို စိတ်သက်သာရာရအောင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

“အစ်ကိုကြီးရဲ့ ဒဏ်ရာတွေက ဘယ်လိုနေသေးလဲ”

“အဆင်ပြေပါတယ်။ နောက်ဆုံးတစ်ခုကတော့ အချိန်ပိုလိုမဲ့ပုံပဲ”

“တော်သေးတာပေါ့” လီကျွင်းက သက်ပြင်းချကာ ပြောလိုက်၏။

“ဘာဖြစ်လို့လဲ”

“ဒီလိုအချိန်မျိုးမှာ ကျွန်တော်က အစ်ကိုကြီး ဘေးနားရပ်ပြီး ကာကွယ်ပေးသင့်ပေမဲ့ … ”

“မင်းကိုယ်မင်း အဲ့လိုလုပ်နေစရာမလိုပါဘူး။ ငါတို့တွေ နောင်အနာဂတ်ကျရင် ဘေးချင်းယှဉ်တိုက်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။”

“ကျွန်တော်တို့တွေ အဲ့လိုဖြစ်ပါ့မလား” လီကျွင်းက သူ့ကို တိုက်ရိုက်ကြည့်ကာ မေးလိုက်သည်။ ဝမ်ဝေ့က သူ့ကို ကြည့်ကာ မျှော်လင့်ချက်နှင့် စိုးရိမ်မှုများကို မြင်လိုက်ရ၏။

“ကမ္ဘာပေါ်မှာ ငါ ယုံကြည်ရတဲ့သူ နည်းနည်းပဲ ရှိတယ်။ ငါ့ရဲ့ နောက်ကျောကို ယုံယုံကြည်ကြည် အပ်ပေးလို့ရတာ မင်းကလွဲပြီး တခြားသူရှိမှာ မဟုတ်ဘူး။ မင်းအတွက်လည်း အတူတူပဲလို့ထင်တယ်”

“ဒါပေါ့”

“ဒါပဲလေ”

“နှစ်ဦးသားက အချင်းချင်း ပွေ့ဖက်နေစဉ် စုအိုက်က ငိုနေသည်ကို သတိထားမိသွားကြသည်။

“အာ ဘာဖြစ်လို့လဲ” လီကျွင်းက မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒီအခိုက်အတန့်က လှပပြီးတော့ ငိုချင်စိတ်ကို ထိန်းမရမိလို့ပါ”

“ပျော်ရွှင်လို့ ကျတဲ့ မျက်ရည်ဆိုရင် ကိစ္စမရှိဘူး” လီကျွင်းက ပြောလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အစ်ကိုကြီးအား ကြည့်ကာ မေးလိုက်၏။

“ကျွန်တော်ရဲ့ ကလေးကို ဘယ်လိုထင်လဲ”

ဝမ်ဝေ့က စုအိုက်၏ ဝမ်းဗိုက်ကို ကြည့်ကာ သူ့မျက်ဝန်းက အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“မှန်မှန်ကန်ကန် ပြုစုပျိုးထောင်မယ်ဆိုရင် သူက ငါ့ထက် သာလွန်တဲ့ အလားအလာရှိတဲ့ မကောင်းဆိုးဝါးတစ်ယောက် ဖြစ်လာလိမ့်မယ်”

“ဘာလို့ အဲ့လိုပြောရတာလဲ”

“ဟုန်အာက ဘာလုပ်ခဲ့တယ်ဆိုတာတော့ မသိဘူး။ သူမရဲ့ မဟာတာအိုအရင်းအမြစ်နဲ့ ဆေးကြောပေးခဲ့တဲ့ အခါတုန်းက သူ့အတွက် ပြိုင်ဘက်ကင်းအုတ်မြစ်ကို ဖန်တီးပေးခဲ့တယ်။ ငါ၊ မင်း၊ လီလင်း၊ ငါ့အဖေနဲ့ အမေတို့နဲ့ ရောက်လာတဲ့ ဂိုဏ်းရဲ့ ဧကရာဇ်တွေက သူ့ကို ထပ်မံဆေးကြောပေးရင် သူက ပင်ကို အရင်းအမြစ် မဟာတာအိုရုပ်ခန္ဓာကို ရယူထားတဲ့ပုံစံနဲ့ မွေးဖွားလာနိုင်တယ်”

“ရှောင်ထျန်းတိရဲ့ ရုပ်ခန္ဓာလား။ ကျွန်တော့်သားက အဲ့လိုရုပ်ခန္ဓာနဲ့ မွေးဖွားလာနိုင်တာလား”

“အတိအကျတော့ မဟုတ်ဘူး” ဝမ်ဝေ့က အမှန်ပြင်ပြောလိုက်သည်။

“စည်းမျဉ်းနဲ့ တာအိုတွေရဲ့ သဟဇာတဖြစ်မှုက အရမ်းမြင့်တော့ သူ့ရဲ့ နားလည်နိုင်စွမ်းကလည်း ရှောင်ထျန်းတိနဲ့ ယှဉ်နိုင်လိမ့်မယ်”

လီကျွင်းက သူ့ကိုယ်လုပ်တော်၏ ဝမ်းဗိုက်ကို ကြည့်ကာ ဘာပြောရမှန်းပင် မသိတော့ပေ။

“သူ့ရဲ့ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်အကြောင်းကို ထည့်မပြောရသေးဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်၏။

“ထာဝရအဆင့် ပုဂ္ဂိုလ်တွေရဲ့ ဆေးကြောမှုတွေနဲ့ဆိုရင် သန့်စင်မှုက သူသာ နိုးထဖို့ ရွေးချယ်လိုက်တာနဲ့ သန့်စင်မှုက ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်။ သူက ဒဿမသာလွန်အုတ်မြစ်ကို ငါ ပြီးတဲ့နောက် သမာသမတ်ကျတဲ့ နည်းလမ်းအတိုင်း ကျင့်ကြံနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်လာနိုင်တယ်”

“ကျွန်တော့်ကလေးက အဲ့လောက်တောင် ပါရမီထူးကဲမှာလား” လီကျွင်းက အမှန်တကယ် အံ့အားသင့်နေမိသည်။ သူသာလျှင်မကဘဲ စုအိုက်က ထိုစကားကို ကြားကာ မရပ်မနား ပြုံးနေမိတော့သည်။

မျိုးနွယ်အတွင်း သူမ၏ အနေအထားက သိပ်မကောင်းလှပေ။ အကြောင်းအရင်းက လီကျွင်းသည် ပင်မဇနီးဖြစ်သည့် ယန်းလီလင်းကိုသာ အလေးထားပြီး တခြားကိုယ်လုပ်တော်များကို အနေအထားတစ်ခုအထိ လျစ်လျူရှုထားလေသည်။ ကံကောင်းစွာဖြင့် သူမက သူ ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ကလေးဖြင့် ကိုယ်ဝန်ရလာခဲ့၏။

ယခုတွင် သူမက သားတစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားရရုံသာမက ပါရမီထူးကဲသူ တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၍ မျိုးနွယ်အတွင်း သူမ၏ အဆင့်အတန်းက အာမခံချက် ရှိလာလိမ့်မည်။

လီကျွင်း၏ မျက်နှာအထက် အပြုံးတစ်ခု ပေါ်ထွက်လာပြီးသည့်နောက်တွင် ချက်ချင်း ပျောက်ကွယ်သွားလေ၏။

“အဲ့လောက် ပါရမီကောင်းတာ သိပ်ကြီးတော့ မကောင်းဘူး ထင်တယ်”

သူက ထိုပါရမီနှင့် အလားအလာသည် စွမ်းအားကို ကိုယ်စားမပြုကြောင်း သိထားလေသည်။ လူတစ်ယောက်က ရှောင်ထျန်းတိကဲ့သို့ သူတို့၏ ပါရမီကို အလဟဿဖြစ်အောင် လုပ်ပစ်နိုင်ချေလည်း ရှိ၏။

ထို့နောက် ဤသို့ပါရမီထူးကဲသည့် ကလေးကို ပြုစုပျိုးထောင်ရာတွင် တခြားသော ပြဿနာများ ရှိလာနိုင်သည်။ ကောင်းကင်ဧကရာဇ်ခေတ်ကာလဖြင့် ဂိုဏ်းက ထိုကလေးကို ပြုစုပျိုးထောင်ဖို့ရာ အရင်းအမြစ်များနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုသော်လည်း လီကျွင်းက မျှခြေကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်နေမိသည်။

သူ့သားက ပါရမီ ထူးကဲလာသည့်အခါ မိုးမြေက သူ့ကျင့်ကြံရေးခရီးလမ်းကို တခြားသူများထက် ပိုမိုခက်ခဲအောင်လုပ်ခြင်းဖြင့် မျှခြေညီအောင် လုပ်ဆောင်လိမ့်မည်။ အကယ်၍ ဂိုဏ်းအပေါ် မျှခြေညီစက်ယန္တရားကို ထည့်ပေါင်းလိုက်ပါက အခြေအနေသည် ပိုမိုဆိုးရွားသွားနိုင်သည်။

ဒုတိယအနေဖြင့် သူ့ကလေးက ဤသို့ပြောင်းလဲဖို့ရာအတွက် ဝမ်းဗိုက်အတွင်း အချိန်အတော်ကြာ နေရပြီး ချိုက်စုန့်၊ ကျင်းမုန့်ယောင်နှင့် သုံ့လီဖန်းတို့ တာအိုသက်သေပြပြီးသည်အထိ စောင့်ဆိုင်းရမည်။ ဂိုဏ်းက မျိုးဆက်များစွာတိုင် တိုက်ပွဲ ဝင်ရောက်မဆင်နွှဲသည့် အချက်ကို ထည့်ပေါင်းလိုက်လျှင် ကလေးမွေးဖွားမည့် အချိန်က အတော်လေး နောက်ကျသွားနိုင်သည်။

တတိယအနေဖြင့် ဤသို့ပါရမီထူးကဲသည့် ကလေးမွေးဖွားမှုက ယန်းလီလင်းနှင့် ဆက်ဆံရေးအပေါ် မည်သို့သက်ရောက်မှုရှိလာနိုင်ကြောင်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။ လီကျွင်းက ထိုအကြောင်းကို တွေးကာ ခေါင်းကိုက်လာမိသည်။

နောက်ဆုံးတွင် သူက စုအိုက်အတွက် စိုးရိမ်နေမိသည်။ သာမန်အမျိုးသမီး သို့မဟုတ် သေမျိုးများက ဤသို့ပါရမီထူးကဲသည့် သူတစ်ယောက်ကို မွေးဖွားမည့် ကံ သို့မဟုတ် ကြမ္မာ၏ အလေးချိန်ကို မထမ်းဆောင်နိုင်ကြပေ။

“သူမ အဆင်ပြေပါ့မလား” လီကျွင်းက မေးလိုက်သည်။

“ဂိုဏ်းရဲ့ ကာကွယ်ရေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ဆိုရင် အဆင်ပြေမှာပါ” ဝမ်ဝေ့က ဖျောင်းဖျလိုက်၏။

“ပြီးတော့ မင်းအနေနဲ့ ဒီလိုအလားအလာနဲ့ မွေးဖွားလာစေဖို့ တခြားအရာတွေ လုပ်ဖို့ လိုသေးတယ်ဆိုတာ မှတ်ထားရမယ်။ ငါ မြင်တဲ့ အနာဂတ်က တစ်သတ်မှတ်တည်း မဟုတ်ဘူး”

“ကျွန်တော် နားလည်ပါတယ်” လီကျွင်းက ခေါင်းညိတ်ပြီးသည့်နောက်တွင် စုအိုက်ကို အခန်းအတွင်း အနားယူဖို့ ခေါ်ဆောင်သွားလိုက်သည်။

ထို့နောက် သူက ဝမ်ဝေ့နှင့် သေရည် အတူတူ သောက်သုံးလိုက်၏။

“ဘာတွေ တွေးနေတာလဲ”

“ကိစ္စတွေအများကြီးပဲ။ ပထမဦးဆုံး ဒီကလေးရဲ့ အလားအလာတွေကို အလကား မဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ” လီကျွင်းက မေးလိုက်သည်။

“ငါ့ရဲ့ နည်းလမ်းကို သုံးလေ” ဝမ်ဝေ့က ပြုံးလိုက်၏။ လီကျွင်းက သူ၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူသာ ပါရမီကို စည်းပိတ်ကာ အလွှာနိမ့်ဆီ ပို့ဆောင်ပြီး အစမှ ကြိုးစားစေခြင်း ဖြစ်သည်။ အရင်းအမြစ်များအတွက် တိုက်ခိုက်ပြီး တစ်ဆင့်ချင်းစီ တက်လှမ်းဖို့ ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မည်။

လီကျွင်းက ခေါင်းခါလိုက်ပြီး သူ့အနာဂတ်တူလေးအတွက် စိတ်မကောင်းဖြစ်နေမိသည်။

“ကျွန်တော်ရဲ့ သားကို အားကောင်းတဲ့ မျိုးဆက်မှာ မွေးဖွားရတဲ့ အကျိုးအမြတ်တွေကိုတော့ ခံစားစေချင်တုန်းပဲ။ ဒါပေမဲ့ အစ်ကိုကြီးရဲ့ အစီအစဉ်နဲ့ သူ့ရဲ့ တာအိုနှလုံးသားကိုတော့ လေ့ကျင့်ပေးရမယ်”

အားကောင်းသည့် ပုံရိပ်ယောင်အစီအရင်ဖြင့် သူ့သားက ဘဝအသစ်တွင် နေထိုင်ပြီး စိတ်ကို လေ့ကျင့်ပေးနိုင်လိမ့်မည်။

“မင်းက ပျော့ညံ့လွန်းတယ်” ဝမ်ဝေ့က လှောင်ပြောင်လိုက်၏။ သူအနေနှင့် ဝူဟုန်ရော၊ သူပါ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ရှိပြီးသည့်နောက်မှ ကလေးယူဖို့ စီစဉ်ထားသည်။ ထိုအခါ သူတို့၏ ကလေးက ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်လာမည်ဖြစ်ကာ ထူးကဲသာလွန်မှု သက်ရှိအနေဖြင့်ပင် မွေးဖွားလာနိုင်သည်။

သို့သော် ထိုအရာက အမှန်ဖြစ်စေ၊ အမှားဖြစ်စေကာမူ သူ့သားက ကျင့်ကြံရေးကို ကြုံတွေ့ရမည်ဖြစ်ကာ အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်ရလိမ့်မည်။ သူ့သမီးအတွက်မူ တစ်ဘဝလုံး မင်းသမီးလေးသဖွယ် ဂရုစိုက်ကာ ချစ်မြတ်နိုးပေးမည် ဖြစ်၏။ သူမကို ဆူပူဖို့က သူ့အမေ၏ တာဝန်သာ ဖြစ်သည်။ သူ မဟုတ်ပေ။

“ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ အလုပ်ကတော့ သဘောကောင်းတဲ့ ဦးလေး ဖြစ်ဖို့ပဲ” လီကျွင်းက မျက်လုံးဝှေ့ကာ ပြောလိုက်၏။

“လီလင်းနဲ့ ကလေးအတွက်ကျတော့ ဘယ်လိုလုပ်ရပါ့”

ဝမ်ဝေ့ကလည်း သူ့ကို ပြန်မဖြေတတ်ပေ။ ထိုကလေးက ထူးကဲသည်မှာ ထာဝရဧကရာဇ်များစွာ၏ ဆေးကြောမှုကြောင့် မဟုတ်ဘဲ ဝူဟုန်၏ ကိုယ်ပွားက သူ့အုတ်မြစ်ကို ဖန်တီးပေးခဲ့၍သာ ဖြစ်၏။ မဟုတ်ပါက ထာဝရဧကရာဇ်၊ ကောင်းကင်ဘုံအဆင့်နှင့် စံပြများဆီမှ ပြည့်နှက်နေသည့် ဒိုင်မေးရှင်းအမြင့်တွင် ထိုသို့ပါရမီထူးကဲသည့်သူများကို ပြုစုပျိုးထောင်ဖို့ အလွန်တရာ လွယ်ကူနေလိမ့်မည်။

“မင်းကို အကြံပေးချင်တာက ငါ့လိုမျိုး ထူးကဲသာလွန်မှု လမ်းစဉ်အထိ လျှောက်လှမ်းပြီးတဲ့အထိ စောင့်ပေါ့” လီကျွင်းက မလုံမလဲပြုံးလိုက်၏။

“အစ်ကိုကြီးက ကျွန်တော်တို့ကို အထင်ကြီးလွန်းနေပြီ”

“မင်းကသာ ကိုယ့်ဘာသာကိုယ် လျှော့တွက်နေတာ” ဝမ်ဝေ့က ပြန်လည်ပြောလိုက်၏။

“တကယ်လို့ ဒီလိုအောင်မြင်မှုမျိုး ရမယ်လို့ မထင်ထားရင် ဘယ်တော့မှ အခွင့်အရေးရလာမှာ မဟုတ်ဘူး”

“အဲဒါတော့ အမှန်ပဲ” လီကျွင်းက ခေါင်းညိတ်ပြီး မေးခွန်းကို စဉ်းစားနေမိသည်။ သူက တခြားသော ဝူဟုန်သည် တစ်စုံတစ်ခုကို သိထားလားဟု မေးချင်သော်လည်း ထိလွယ်ရှလွယ်ခေါင်းစဉ် ဖြစ်နေ၍ ရပ်တန့်လိုက်သည်။

“ကောင်းပြီ။ မင်းရဲ့ ကျင့်ကြံရေး ရလဒ်ကို ကြည့်ရအောင်” ဝမ်ဝေ့က ပြောလိုက်၍ လီကျွင်းက ရှုံ့မဲ့သွားလေသည်။

သူက ယခင်အပြုအမူများအတွက် ပြန်လည်ခံစားရတော့မည်ဖြစ်ကြောင်း သိလိုက်၏။ ထင်ထားသည့်အတိုင်း သူက တိုက်ပွဲအတွင်း နာကျင်စွာ ရိုက်နှက်ခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူက စစ်မှန်သည့် လမ်းညွှန်မှုနှင့် အကူအညီကိုပါ လက်ခံရရှိလိုက်၏။

ဝမ်ဝေ့က ကျေနပ်စွာ ထွက်ခွာလာသည်။ သူက လီကျွင်းအတွက် ရည်မှန်းချက် ချပေးထားခဲ့သည်။ သူက ခရမ်းရောင် အစက်အပြောက်များရှိသည့် ရွှေရောင်စည်းမျဉ်း သစ်ပင်ကို ကျင့်ကြံထားနိုင်သည့် တိထျန်းကဲ့သို့ ခန္ဓာကိုယ်လေ့ကျင့်ရေးတွင် အောင်မြင်မှုများစွာ ရရှိစေချင်သည်။

လီကျွင်းက သူ့သက်တမ်းကို တိုးမြှင့်ဖို့သာ လိုအပ်ပြီး အနာဂတ်ဗုဒ္ဓကိုယ်၏ ပေါင်းစည်းမှုဖြင့် ထိုရည်ရွယ်ချက်က အချိန်အစီအရင်အတွင်း နှစ်များစွာ လေ့ကျင့်ပြီးသည့်နောက်တွင် ရရှိလာနိုင်သည်။

ဂိုဏ်းမှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့၏ နောက်ဦးတည်ရာက နောက်ဆုံးသော တားမြစ်နယ်မြေနှစ်ခုထဲမှ တစ်ခုဖြစ်သည့် ဝါးမျိုရေးဇုန် ဖြစ်၏။

All Chapters