ဝါးမျိုရေးဇုန်၏ လျှို့ဝှက်ချက်
Vol. 74 Ch. 1027
ဝမ်ဝေ့က ဝါးမျိုရေးဇုန်ဆီ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။ သူက လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ထားသည့်အတွက် ဝင်ရောက်ဖို့ရာ တုံ့ဆိုင်းမနေပေ။ သူ့တည်ရှိမှုကို ဖုံးကွယ်မထားသည့်အတွက် သူ့တည်နေရာဆီ လှမ်းကြည့်နေသည့် အကြည့်များစွာကို အာရုံခံမိလိုက်သည်။ သို့သော် သူက ဂရုမစိုက်ပေ။
ကမ္ဘာရှိ လူများစွာအနေနှင့် ထိုတားမြစ်နယ်မြေများကို ဖြေရှင်းဖို့က သူ့တာဝန် ဖြစ်သောကြောင့် ဆုလာဘ်သည်လည်း သူနှင့်သာ သက်ဆိုင်ကြောင်း လက်ခံထားကြသည်။
သူ ဝင်ရောက်ထားသည်နှင့် သူ့အသွေးအသား၊ ဝိညာဉ်နှင့် မဟာတာအိုအရင်းအမြစ်ကိုပင် ဝါးမျိုလိုသည့် ကြောက်မက်ဖွယ် ဝါးမျိုရေးစွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ကာ ညကောင်းကင်ယံတွင် ကြယ်တာရာများနှင့် တူသည့် အလင်းပျောက်များအဖြစ် ကွဲထွက်နေသည့် အဆုံးမဲ့ အမှောင်ထု ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။
ဝမ်ဝေ့က ပတ်ဝန်းကျင်ကို လေ့လာနေရင်း ကိစ္စနှစ်ခုကို သတိထားလိုက်မိ၏။
ပထမဦးစွာ ဤနေရာရှိဝါးမျိုရေးစွမ်းအားသည် ပြင်းထန်လွန်း၍ သာမန်ထာဝရဧကရာဇ်များပင် သူတို့၏ အာရုံခံစားမှုအပေါ် သက်ရောက်ခံရလိမ့်မည်။ သို့သော်လည်း ထိုအရာကား ဤနေရာရှိစွမ်းအား၏ ကန့်သတ်ချက်သာ ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ဤနေရာတွင် ဝါးမျိုရေးစွမ်းအားကို အသင်္ချေအင်ပါယာကမ္ဘာဆီ ရောက်မလာအောင် တားဆီးထားသည့် စည်းတံဆိပ်များစွာ ရှိနေသည်။ သူ လေ့လာထားသလောက် တချို့သော စည်းတံဆိပ်များက ရှေးကျပြီး ဗလာခေတ်ကာလမှ ဖြစ်နေနိုင်သည်။
သူက တစ်စုံတစ်ခုကို ခံစားမိ၍ ထိုနေရာအတိုင်း ဦးတည်သွားလိုက်၏။ သူ အာရုံခံမိသည့်အရာနှင့် နီးကပ်လာလေလေ ဝါးမျိုရေးစွမ်းအားက ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။ သို့သော်လည်း သူက အလယ်ဗဟိုချက် ရောက်ရှိလာသည့်အခါ ဝါးမျိုရေးစွမ်းအားက မဟာတာအိုအရင်းအမြစ် ၂၅ မှ ၃၅ရာခိုင်နှုန်းအထိ ရှိလာလေသည်။
ဝမ်ဝေ့က အကြောင်းအရင်းကို သိလိုက်၏။
ဝမ်ဝေ့က သူ့ကို အထွတ်အထိပ်အခြေအနေတွင်ပင် ချွေးပျံသွားစေနိုင်သည့် ခြိမ်းခြောက်နိုင်ဖွယ် စည်းတံဆိပ်တစ်ခုကို အာရုံခံမိလိုက်သည်။ တခြားသော ကမ္ဘာများတွင် ဤစည်းတံဆိပ်က သူသာ ပုံရိပ်ယောင်ဆေးလုံးကျမ်းကို အသုံးမပြုသရွေ့ သူ့ကို ရင်ဆိုင်ဖို့ရာ လုံလောက်နေပြီ ဖြစ်၏။
အလယ်ဗဟိုချက်တွင် အလင်းတောက်ပနေသည့် သစ်ပင်တစ်ပင် ရှိနေပြီး အစိမ်းရောင်ပန်းသီးတစ်လုံး ရှိကာ တောက်ပနေဟန်ပေါ်သည်။ ဝမ်ဝေ့က ထိုအရာကို ကြည့်လိုက်သော်လည်း ချက်ချင်း မမှတ်မိပေ။ ထို့ကြောင့် သူက အဖြေကို တွက်ချက်ကြည့်လိုက်၏။ သို့သော်လည်း သူက ခုခံမှုတချို့နှင့် တွေ့ကြုံခံစားခဲ့ရသည်။
ဒီအရာရဲ့အနှစ်သာရက ငါ့ထက်ပိုပြီးတော့ အဆင့်မြင့်နေတာလား…
သူက သူ့စွမ်းအားအကုန် အသက်သွင်းကာ တွေးလိုက်သည်။ သူ့အထက်တွင် ကံကြမ္မာမြစ်ကြောင်း၏ ပုံရိပ်ပေါ်ထွက်လာကာ သူ့ကံကြမ္မာနန်းဆောင်ဆယ်ခုလည်း ပေါ်ထွက်လာခဲ့သည်။
“ဇစ်မြစ် သစ်သီးလား” သူက ရေရွတ်လိုက်၏။ သူ့ တွက်ချက်ထားသလောက် ထိုအသီးသည် အဆင့်တူ အရင်းအမြစ်များအဖြစ် ပြောင်းလဲနိုင်သည့် ကောင်းကင်ဘုံအဆင့် ဝိညာဉ်ဆေးပင်တစ်ခု ဖြစ်ပေသည်။
“စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်ပဲ” သူက တွေးလိုက်ပြီး မည်သို့အသုံးပြုရမည်ကို စဉ်းစားလိုက်သည်။ သူက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ရာ ကူညီပေးနိုင်သည့် အရာအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ဒုတိယအနေဖြင့် သူ့ကံကြွေးကို ဆေးကြောဖို့အတွက်လည်း အသုံးပြုနိုင်၏။
ဝမ်ဝေ့က ကမ္ဘာမြေမှ ဖြစ်ရပ်အပြီး ကမ္ဘာဦးဟွင်သွမ်းထဲ သွားလာရာမှ မှတ်ဉာဏ်များသည် ကံကြွေးအမြောက်အများ ပါဝင်နေကြောင်း သတိထားမိခဲ့သည်။ ထို့ကြောင့် သူက မှတ်ဉာဏ်များကို ရယူဖို့ စည်းတံဆိပ်ကို မဖယ်ရှားဘဲ နေခဲ့ခြင်းဖြစ်၏။ ထိုအစား သူက ဖြည်းဖြည်းချင်းဖြင့် ထိုကံကြွေးကို ဖြေရှင်းဖို့ရာ ရွေးချယ်ခဲ့သည်။
သူ့ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာက ထိုဖြစ်စဉ်အတွင်း အရေးပါလှသော်လည်း သင့်တော်သည့် ကောင်းကင်ဘုံအဆင့် ဆေးပင်က အလွန်တရာ အကျိုးရှိလိမ့်မည်။
“မဟုတ်သေးဘူး။ ဒီပစ္စည်းအတွက် အကောင်းဆုံး သုံးရမှာက မဟာဧကရာဇ်နဲ့ ကောင်းကင်ဘုံအဆင့်ကြားက အတားအဆီးကို ချိုးဖောက်ဖို့ပဲ”
သူ့ဘိုးဘေး ယန်းအိုက်ဆီမှ သူမနှင့် ဝူဟုန်လိုမျိုး ပါရမီထူးကဲသူများပင် အဆင့်တက်လှမ်းဖို့ အားစိုက်ထုတ်မှုများစွာ လိုအပ်ခဲ့ကြောင်း သိခဲ့ရသည်။ သူကလည်း တူညီသည့် အခြေအနေကို တွေ့ကြုံခံစားနေရ၏။ အထူးသဖြင့် သူက ဒိုင်မေးရှင်းအနိမ့်တွင် ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်ချင်သည့်အခါတွင် ဖြစ်သည်။
သူက ထိုအတားအဆီးကို ဖြေရှင်းဖို့ ကုသိုလ်ကို အသုံးပြုနေသော်လည်း အလွန်တရာ များပြားလိမ့်မည်။ ထို့ကြောင့် ကုသိုလ်ကို ကောင်းကင်ဘုံအဆင့်တွင် ဆက်လက်ကျင့်ကြံဖို့ရာ အသုံးပြုသည်က ပို၍ကောင်းလိမ့်မည်။ သူ့အနေဖြင့် ထိုသို့မလုပ်လျှင်ပင် မဟာတာအိုအရင်းအမြစ် ၇၀ ရာခိုင်နှုန်းကို ရောက်ရှိဖို့ အခွင့်အရေးက မြင့်မားနေဆဲ ဖြစ်၏။
“တကယ်လို့ ငါသာ အထက် မတက်လှမ်းခင် ကောင်းကင်ဘုံအဆင့်ကို ဝင်ရောက်ချင်တယ်ဆိုရင် ဒီအတားအဆီးမှာ အချိန်အများကြီး ဖြုန်းလို့မရဘူး။ အဲဒါဆိုတော့ ဒီအသီးကို အကောင်းဆုံး သုံးရတာက အဲဒီနေရာမှာပဲ။ ဒါပေမဲ့ ဒါကို ဘယ်လိုရင့်မှည့်အောင် လုပ်ရမလဲဆိုတဲ့ ပြဿနာကြီး ရှိနေသေးတယ်”
ထိုအရာက အားစိုက်ထုတ်မှုတချို့ လိုအပ်သော်လည်း ဝမ်ဝေ့က ထိုသစ်ပင်၏ ဇစ်မြစ်နှင့် သမိုင်းကြောင်းကို အောင်မြင်စွာ တွက်ချက်ကြည့်နိုင်ခဲ့သည်။ ပင်ကို - ဟော်သဲ့စစ်ပွဲအတွင်း အစစ်အမှန်ကောင်းကင်တာအိုက တချို့သော ကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ညှာပေးထားသည်။ တခြားနည်းဖြင့် ပြောရလျှင် ယနေ့တွင် ခွင့်ပြုမထားသည့်အရာများကို ထိုခေတ်အချိန်အခါက သက်ညှာပေးကာ ခွင့်ပြုပေးခဲ့၏။
ထို့ကြောင့် ဒိုင်မေးရှင်းအမြင့်တွင် နေထိုင်သည့် ဟော်သဲ့မျိုးနွယ်နှင့် ပင်ကိုမျိုးနွယ်တို့က ထိုအခွင့်အရေးကို အရယူကာ တချို့ပစ္စည်းများကို ဒိုင်မေးရှင်းအနိမ့်ဆီ ပို့ဆောင်ပေးခဲ့ကြသည်။
ဝမ်ဝေ့က ထိုအရာကြောင့် လူအိုကြီးငရဲသည် ဒိုင်မေးရှင်းအမြင့်ဆီ အောင်အောင်မြင်မြင် ခိုးဝင်ခဲ့သည့် အကြောင်းအရင်း ဖြစ်လိမ့်မည်ဟု မှန်းဆထားပြီးသား ဖြစ်၏။
ထိုအသီးကို ရည်ရွယ်ချက်တစ်ခုအတွက် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ ပြောရလျှင် တိုက်ပွဲအတွက် လက်နက်တစ်ခုအနေဖြင့် ဖြစ်၏။ ဒိုင်မေးရှင်းအနိမ့်က ဤသို့အားကောင်းသည့် ဝိညာဉ်ဆေးပင်ကို မပျိုးထောင်နိုင်ပေ။ ထို့ကြောင့် ထိုအရာကို စိုက်ပျိုးပြီးသည့်နောက်တွင် စိုက်ပျိုးသည့်ကမ္ဘာအား အာဟာရအနေဖြင့် ဝါးမျိုသွားလိမ့်မည်။ အကယ်၍ ကောင်းမွန်စွာ မထိန်းချုပ်ထားပါက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကိုပင် ဝါးမျိုသွားနိုင်၏။
အသင်္ချေအင်ပါယာကမ္ဘာက ပင်ကို-ဟော်သဲ့စစ်ပွဲစတည်ရာ ဇစ်မြစ်သုံးခုမှ တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများက တခြားဘက်မှ ထိုအရာကို ဖျက်ဆီးပစ်လို၏။ ကံကောင်းစွာဖြင့် လူသားမျိုးနွယ်မှ ထိုအကြောင်းကိုသိကာ သစ်သီးကို စည်းပိတ်ခဲ့ခြင်း ဖြစ်သည်။
လူသားများဆိုသည့်အတိုင်း သစ်ပင်က သူတို့အတွက် ပြဿနာများစွာ ဖြစ်လာစေသည်။ လူများစွာက အန္တရာယ်များလှသည့် ထိုအရာကို ဖယ်ရှားပစ်လိုကြစဉ် တခြားသူများကမူ အသုံးပြုသင့်သည်ဟု ထင်ကြ၏။
ထိုအရာကို ပြီးပြည့်စုံအောင် ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်သော်လည်း မပြီးပြည်စုံကာ မရင့်မှည့်သေးသည့် သစ်သီးကလည်း လူများကို သိသိသာသာ တိုးတက်မှု ရှိလာစေသည်။
ထိုသစ်သီးအပေါ် အငြင်းပွားမှုက လူသားများသည် ဆုံးဖြတ်ချက်ကို ရပ်တန့်ထားသည့် အနေအထားထိ ရောက်ရှိခဲ့သည်။ ဤအရာက လူသားမျိုးနွယ် သို့မဟုတ် ဟော်သဲ့မျိုးနွယ်အတွင်း ဖြစ်နိုင်သည့်ပိုင်းခြားမှုကို တားဆီးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ခဲ့သည်။ ထို့နောက် အသက်ရှင်ကျန်သည့် မဟာဧကရာဇ်များနှင့် အင်မော်တယ်များက သူတို့မဆုံးဖြတ်ခင် ဒိုင်မေးရှင်းအမြင့်ဆီ အတင်းအကြပ် ပို့ဆောင်ခံလိုက်ရသည်။
“နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဧကရာဇ်တွေအများကြီးက ဒီနေရာကို လာခဲ့ကြတယ်။ ချီယွမ်လည်း အပါအဝင်ပဲ။ ဒါပေမဲ့ ဒီဟာကို ရင့်မှည့်အောင်လုပ်ဖို့ မဖြစ်နိုင်မှန်း သဘောပေါက်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကိုယ်ပိုင်စည်းတံဆိပ်ကို ထားပြီး နောင်လာမဲ့မျိုးဆက်တွေအတွက် ဒီကံအပြောင်းအလဲကို ချန်ထားခဲ့တယ်။ လူသားဧကရာဇ်ကလည်း ရောက်လာပြီးတော့ စည်းတံဆိပ်ထားခဲ့တယ်။”
ဝမ်ဝေ့က ထိုသူသည် နောက်ပိုင်းတွင် ထိုအရာကို ရယူနိုင်လိမ့်မည်ဟု အစီအစဉ်ရှိနေကြောင်း မှန်းဆမိလိုက်သည်။ မဟုတ်ပါက သစ်သီးကို ဖြေရှင်းလိုက်ခြင်းက လူသားမျိုးနွယ်အပေါ် သူ တင်ရှိနေသည့် ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ရာအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။
သူ တွက်ချက်ထားသလောက် ဝမ်ဝေ့သည် တန့်ယွမ်ဧကရာဇ်သည်လည်း ဤနေရာကို ရောက်လာကြောင်း သိခဲ့ရသည်။ သို့သော် ထိုသူက သစ်သီးကို မထိတွေ့ခဲ့ပေ။ ထိုအစား သူက သူ့ထူးကဲသည့် ကံကြမ္မာကောင်း မီးတောက်ဖြင့် အားဖြည့်ပေးပြီး ယခင်ထက် ပိုမိုပြုစုပျိုးထောင်ရ လွယ်ကူသွားစေသည်။
အကြွင်းမဲ့စတင်ခြင်းဧကရာဇ်နှင့် ဝူဟုန်တို့က ဤနေရာဆီ ရောက်မလာခဲ့ပေ။ သူတို့က အချိန် မရှိခဲ့ကြပေ။
ဧကရာဇ်ခုံက ဤနေရာကို ရောက်လာသော်လည်း စည်းတံဆိပ်သာ ချန်ထားခဲ့ပြီး ဘာမှမလုပ်ခဲ့ပေ။
သူ့စိတ်အနေအထားက တခြားသူများနှင့် အတူတူသာဖြစ်ပြီး ပြဿနာကို ဖြေရှင်းဖို့ စည်းပိတ်ခဲ့ကာ နောင်လာမည့် တတ်စွမ်းသူများအတွက် ကံအပြောင်းအလဲအခွင့်အရေးအဖြစ် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ဝမ်ဝေ့က ထိုသုံးသပ်ချက်နှင့်ပတ်သက်ပြီး သိပ်ပြီးတော့ မသေချာပေ။ သူ့သုံးသပ်ချက်အရ ဧကရာဇ်ခုံသည် ကမ္ဘာမှဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်များကို ဖယ်ရှားပစ်မည့် လူစားမျိုးဖြစ်ကြောင်း ပြောပြနေ၏။
ထို့ကြောင့် ထိုသူက ထိုအရာကိုလုပ်ဆောင်ဖို့ အားနည်းလွန်းနေခြင်း သို့မဟုတ် တစ်စုံတစ်ခု ရှိနေခြင်းသာ ဖြစ်လိမ့်မည်။ သူ့ဂမ္ဘီရက ထိုနေရာတွင် ဝေဝါးနေလေ၏။ ရှင်သန်နေဆဲ ဖြစ်သည့် ထာဝရကောင်းကင်ဘုံအဆင့် ပါဝင်ပတ်သက်နေ၍ ဖြစ်သည်။
ဤနေရာကို ရောက်လာသည့် နောက်ဆုံးသော ထာဝရဧကရာဇ်က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ် ဖြစ်၏။ ထိုအသိက သူ ရူးသွပ်သွားရသည့် အဓိကဇစ်မြစ် ဖြစ်ခဲ့သည်။ သူက ကမ္ဘာကို ဝါးမျိုပစ်ချင်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်၏။ သူက ကမ္ဘာအများစု သို့မဟုတ် ကမ္ဘာ့အရင်းအမြစ်အများစုကို ထိုသစ်သီးထံ စတေးကာ စားသုံးဖို့ ဖြစ်သည်။ ကံကောင်းစွာဖြင့် သူက ကျရှုံးသွားခဲ့သော်လည်း သူ့အပြုအမူများက သစ်သီးအပေါ် သက်ရောက်မှုတချို့ရှိစေခဲ့သည်။
ထိုထာဝရဧကရာဇ်များကသာ ရောက်လာကြခြင်း မဟုတ်ပေ။ အတုအယောင်ထာဝရဧကရာဇ်များနှင့် ထာဝရဦးသျှောင်များကလည်း ဤနေရာကို ရောက်လာပြီး တူညီစွာ လုပ်ဆောင်ခဲ့ကြသည်။ စည်းပိတ်ခြင်း သို့မဟုတ် သူတို့၏ ကိုယ်ကျိုးအသုံးပြုဖို့ရာ ကြိုးစားခြင်းတို့ ဖြစ်၏။
ဝမ်ဝေ့က ထိုအရာကို မည်သို့ပြုစုပျိုးထောင်ရမည်ကို အစီအစဉ်တစ်ခု ချမှတ်လိုက်သည်။ သူက လက်ညှိုးထိုးကာ အရင်းအမြစ်ချီနေရာလွတ်ကို လမ်းကြောင်းဖောက်လိုက်ပြီး ချီပမာဏအမြောက်အများကို ထုတ်လွှတ်လိုက်သည်။ ထိုမုခ်ပေါက်ကို ဖွင့်လှစ်ခြင်းက စွမ်းအားအမြောက်အများ လိုအပ်လှသည်။ အကြောင်းအရင်းမှာ အရင်းအမြစ်ချီ နေရာလွတ်က သက်ရှိကဲ့သို့ ပြုမူပြီး အလိုအလျောက် ပိတ်သွားလိမ့်မည်။
သူက ချီပန်းပွင့် စွမ်းရည်ကို အသုံးမပြုခဲ့ပေ။ သူက ထိုအရာများသည် သစ်သီးအတွက် မလုံလောက်ကြောင်း ခံစားမိနေ၏။ ထို့ကြောင့် သူက အားပြင်းသည့် နည်းလမ်းများကို အသုံးပြုခဲ့သည်။ နောက်တဆင့်ကမူ အစီအစဉ်တစ်ခုကို ခင်းကျင်းဖို့ ဖြစ်၏။ ချီစုစည်းရေး အစီအရင်နှင့် အချိန်အစီအရင်တို့ ဖြစ်သည်။
သူ ပြီးဆုံးသွားသည့်အခါ ဤဇစ်မြစ်သစ်သီး ရင့်မှည့်လာနှုန်းက ပိုမိုတိုးမြင့်လာကြောင်း မြင်လိုက်ရသည်။ သို့သော် မလုံလောက်သေးပေ။
“ငါ အဲဒါကို ကုသိုလ်ရွေးလိုက်ရမလား” သို့သော် ဝမ်ဝေ့က သိပ်မကြာခင် ခေါင်းအသာယမ်းလိုက်သည်။ ထိုအရာက သူ့နဂိုရည်ရွယ်ချက်ကို သွေဖယ်နေသည်။ ထို့ကြောင့် သူက တခြားနည်းလမ်းကိုသာ ဆက်လက် စဉ်းစားလိုက်၏။
“အကောင်းဆုံးရွေးချယ်မှုက ထာဝရဦးသျှောင်တချို့ကို မြေဩဇာအဖြစ် သုံးလိုက်ဖို့ပဲ။ သူတို့ကလည်း အဆင့် ၁၁ ပဲလေ။ ဒုတိယအနေနဲ့ဆိုရင် ပျံ့နှံ့နေပြီး အလွယ်တကူ စုစည်းလို့ရမဲ့ စွမ်းအားတစ်ခု လိုတယ်”
ထိုစကားများကို ရေရွတ်လိုက်သည်နှင့် သူ့စိတ်ထဲ တစ်စုံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“အိပ်မက်စွမ်းအား”
ထိုအရာက သေမျိုးများနှင့် ကျင့်ကြံသူများဆီမှ အိပ်မက်စွမ်းအားကို စုစည်းဖို့ ပိုမိုလွယ်ကူလှသောကြောင့် ရေကန်ကြီးသဖွယ် ဖြစ်လာလိမ့်မည်။ သုံ့လီဖန်း၊ ထာဝရအိပ်မက်ဂိုဏ်းနှင့် အိပ်မက်လောကတို့ကသာ အိပ်မက်စွမ်းအားကို လိုအပ်လေ၏။ သို့သော်လည်း သူတို့အသုံးပြုသည့် ပမာဏက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးရှိ လူဦးရေနှင့် ယှဉ်လိုက်လျှင် အတော်လေး နည်းနေသည်။
အဲဒါဆိုတော့ ငါ့အနေနဲ့ အိပ်မက်လောကထဲက အိပ်မက်စွမ်းအားတွေကို စုစည်းပြီး ဒီသစ်သီးကို အားဖြည့်ဖို့ပဲ။ ပြီးတော့မှ ထာဝရဦးသျှောင်တချို့ကို မြေဩဇာအနေနဲ့ အသုံးပြုအောင် အမဲလိုက်ရမယ်…
ဝမ်ဝေ့က အဖိုးတန်သည့် အသုံးဝင်မှုကို သိသွားပြီးသည့်နောက်တွင် အိပ်မက်လောက ချဲ့ထွင်မှုအပေါ် ပိုမိုမျှော်လင့်စောင့်စားနေမိသည်။