အသေးစားတိုက်ပွဲ အပိုင်း(၁)
Vol. 74 Ch. 1028
အရာအားလုံးကို စီစဉ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ခုံရုံးသို့ ပြန်လာလိုက်သည်။ ကမ္ဘာရှိအားလုံးက စနစ်အသစ်ကို အာရုံစိုက်ထားကြသည်။ အထူးသဖြင့် အထွတ်အထိပ်နယ်မြေ၊ တော်ဝင်နယ်မြေနှင့် စည်းမျဉ်းကုန်းမြေတို့ ဖြစ်ကြသည်။ သူတို့က နောက်ခုံရုံးအစည်းအဝေးသည် အရေးပါမှန်း သိထားကြပြီး သူတို့၏ အင်အားကို အလျင်အမြန် တိုးမြှင့်လိုကြ၏။ နှမြောစရာကောင်းလှသည်က နှစ်သုံးရာသည် သက်ရောက်မှု များများစားစား ရှိဖို့ရာ မကြာမြင့်ပေ။
ဝမ်ဝေ့က သူတို့မည်သို့ခံစားရသည်ကို ဂရုမစိုက်ပေ။ သူက ခုံရုံးချဲ့ထွင်မှုကို အာရုံစိုက်ထားပြီး အိပ်မက်လောကက ထင်ထားသည်ထက် နှေးကွေးနေသည့်အတွက် အရှိန်မြှင့်တင်ဖို့ လိုအပ်နေသည်။
သူက အိပ်မက်လောက၏ ဗဟိုချက်ဆီသွားကာ သုံ့လီဖန်းကို ခေါ်ပြီး လူများဆီမှ အိပ်မက်စွမ်းအား မည်သို့ စုဆောင်းရမည်ကို ဆွေးနွေးလိုက်သည်။ ကျင့်ကြံရေးလောကအတွင်း အရာရာတိုင်းက စွမ်းအားအရင်းအမြစ် ဖြစ်လာနိုင်ပြီး အိပ်မက်များကလည်း ခြွင်းချက် မဟုတ်ပေ။
ကျင့်ကြံသူများက သူတို့၏ အချိန်အများစုကို ကျင့်ကြံနေရင်း သို့မဟုတ် တရားထိုင်ခြင်းဖြင့် အစားထိုးခြင်းကို ပြုလုပ်ကြသည့်အတွက် အိပ်မက်မက်ဖို့ရာ ရှားပါးလှသည်။ သို့သော်လည်း သူတို့က အိပ်မက်မက်ဆဲသာ ဖြစ်၏။ ထို့ကြောင့် သူတို့နှစ်ဦးက သက်ရှိအားလုံးဆီမှ အိပ်မက်စွမ်းအားကို တိတ်တဆိတ် စုဆောင်းဖို့ လုပ်ဆောင်ခဲ့ကြသည်။ ထိုဖြစ်စဉ်က ထင်ထားသည်ထက် ပိုမိုလွယ်ကူနေလေ၏။ အကြောင်းအရင်းက ကမ္ဘာရှိ ၉၉ရာခိုင်နှုန်းသည် အိပ်မက်လောကကို အသုံးပြုပြီး တစ်နည်းမဟုတ် တစ်နည်းဆက်နွယ်နေကြ၍ ဖြစ်သည်။
ဝမ်ဝေ့က ပြီးဆုံးသွားသည့်အခါ ကမ္ဘာတစ်ဝှမ်းရှိ လူတချို့ဆီ ဖိတ်ခေါ်စာများကို ပို့ပြီး စောင့်ဆိုင်းနေလိုက်သည်။
…………………………………………………………
ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်
လင်းဖန်က အဖြူရောင်နှင့် ရွှေရောင်ဂူတစ်ခုရှေ့တွင် တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူက ဘယ်ဖက်လက်တွင် သေရည်အိုးကို ကိုင်ဆောင်ထားပြီး ညာဖက်လက်ဖြင့် ထိုအုတ်ဂူပေါ်ရှိ စာလုံးများကို ပွတ်သပ်နေ၏။
[လင်းဟွမ်ရဲ့ ချစ်စဖွယ်ကောင်းတဲ့ မှတ်ဉာဏ်၊ ဒီရက်စက်လှတဲ့ ကမ္ဘာကြီးက ကောင်းချီးခံ ကလေးငယ်လေးကို ခေါ်ဆောင်သွားခဲ့တယ်]
လင်းဖန်က ထိုအုတ်ဂူကို ကြည့်နေရင်း မျက်ဝန်းထဲမှ နာကျင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူက မှီကာ သောက်သုံးနေပြီး သူ့စိတ်ထဲတွင် ထိုကလေးသည် မည်သို့ဖြစ်လာပြီး မည်သည့်လိင်အမျိုးအစားဖြစ်ကာ သူတို့နှင့် မည်သို့ပျော်ရွင်နေမည်ကို တွေးနေမိသည်။
သူက ထိုဖြစ်ရပ်အတွက် မှတ်ဉာဏ်လှုံ့ဆော်ရေးစနစ်များကို ရှာဖွေခဲ့ပြီး လုံလုံလောက်လောက် အားမကောင်းပါက ပြုပြင်ခဲ့သေးသည်။ ပုံမှန်အားဖြင့် သူသည် ထိုအရာအတွက် အိပ်မက်လောကကို အသုံးပြုနိုင်လေ၏။ သို့သော်လည်း သူက လုံလုံလောက်လောက် ရင်းနှီးမှုမရှိဘူးဟု ခံစားမိကာ ဤနည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ရှင် ဒီမှာ ရောက်နေမယ်ဆိုတာကို သိတယ်”
လင်းဖန်က ထိုအသံကို ကြားကာ ရပ်တန့်ပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ပုံမှန်ဆိုလျှင် သူသည် ဇနီးဖြစ်သူ၏ အလှတရားကြောင့် အံ့အားသင့်သွားရလိမ့်မည်။ ဤသည်က သူ လက်ထပ်ကတည်းက အမြဲလိုလိုသာ ဖြစ်ခဲ့၏။ ဤတုံ့ပြန်မှုက နှစ်ထောင်ချီကြာမြင့်ပြီးလျှင်ပင် ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော်လည်း ယနေ့တွင် သူက စိတ်ခံစားချက် သိပ်မကောင်းနေပေ။
“တစ်စုံတစ်ခု မဖြစ်ပျက်သရွေ့ ဒီအခြေအနေမှာ ရောက်လာမှာ မဟုတ်ဘူး။ ဘာကိစ္စများလဲ” လင်းဖန်က မေးလိုက်သည်။ လင်းဖန်၏ အသံကို သေချာနားထောင်ကြည့်ပါက အနည်းငယ် အက်ရှရှ ဖြစ်နေသည်။
ရှုရှစ်က ချက်ချင်းပြန်မဖြေသေးဘဲ အုတ်ဂူကို ကြည့်လိုက်၏။
သူမ၏ ဘဝတွင် နောင်တ အနည်းငယ်ရှိပြီး တခြားအရာများကို ကာမိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုနေ့ရက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာက သူမအနေဖြင့် လက်မလွှတ်နိုင်သည့် အရာထဲမှ တစ်ခုဖြစ်၏။ သူမက သူမခင်ပွန်းထံ ဖြစ်ပျက်ခဲ့သမျှ အရာကြောင့် သူမကိုယ်သူမ အပြစ်တင်ရုံသာမက ကလေး၏ ကံကြမ္မာအတွက်လည်း ယူကျုံးမရဖြစ်မိသည်။
သူမက အပြစ်အားလုံးကို ယူဆောင်ဖို့ မလိုကြောင်း မကြာခဏ ကိုယ့်ဘာသာကိုယ် ဖျောင်းဖျခဲ့ပြီး စုယာကသာ သဘာဝအရ ရက်စက်ခြင်း သို့မဟုတ် ကောင်းကင်တာအိုက သူတို့ကို ရုပ်သေးရုပ်အဖြစ် သတ်မှတ်ထားခြင်းကြောင့်သာ ဖြစ်သည်ဟု အယုံသွင်းခဲ့သည်။ သို့သော် မည်သို့ပင်လုပ်စေကာမူ သူမက မမေ့လျော့နိုင်သလို ခွင့်လွှတ်နိုင်ခြင်း မရှိပေ။
ထိုကလေးကို ပြန်လည်အသက်သွင်းနိုင်ဖို့က မဖြစ်နိုင်လုနီးပါး ဖြစ်၏။ ထိုကလေးက ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် လောကအမှတ်အသားတို့ မပြီးပြည့်စုံခင် သေဆုံးသွားခဲ့ရသည်။ စုယာက တည်ရှိမှုပါဝင်နေသည့် ကျိန်စာအတွက် စတေးမှုအဖြစ် အသုံးပြုခဲ့သေး၏။ ထို့ကြောင့် တည်ရှိမှုပြန်လည်တည်ဆောက်ခြင်းပင် အပါအဝင် နည်းလမ်းများ၏ ၉၉ ရာခိုင်နှုန်းကျော်က ပြန်လည်အသက်သွင်းနိုင်မည် မဟုတ်ပေ။
သူတို့ တွေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက အချိန်နောက်ပြန်ဆုတ်ပြီး ထိုဖြစ်ရပ် ဖြစ်မလာစေရန် ကာကွယ်ဖို့ရာ ဖြစ်၏။ နှမြောစရာကောင်းလှစွာဖြင့် အစစ်အမှန်ကောင်းကင်တာအိုက သူတို့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် အချိန်မြစ်ကြောင်းထဲ ရှုပ်ထွေးခွင့်မပြုပေ။ ဤသည်က သူတို့သည် အဆင့်မြင့်လာလျှင် ဖြစ်နိုင်ချေရှိသော်လည်း ယခုတွက်မူ သူတို့က မတည်ရှိသည့် အနေအထားဖြင့်သာ ကျန်ရှိနေသည်။
“ရှင် အကြံပြုထားတဲ့တိုက်ပွဲက မကြာခင် ကျင်းပတော့မယ်” ရှုရှစ်က ခေတ္တမျှ တိတ်ဆိတ်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“အိုး ဘယ်တော့လဲ”
“ဆယ်နှစ်နေရင်”
“အဲ့လောက်တောင် မြန်တယ်လား” လင်းဖန်က ထိုစနစ်အသစ်ကို အသုံးပြုကာ သူ မည်မျှအကျိုးကျေးဇူးရနိုင်ကြောင်း သိချင်နေမိသည်။ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် သူက ထိုစနစ်ကို ပြန်လည်ကျင့်ကြံဖို့ မလိုအပ်ဘဲအကောင်းဆုံးကိုသာ ယူဆောင်နိုင်သည်။
“ရှင်တို့တွေ တက်လှမ်းဖို့ အချိန်နီးကပ်လာပြီ” ရှုရှစ်က ပြောလိုက်၍ လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
“ကိုယ်တို့တွေ နောက်ခုံရုံးအစည်းအဝေးကို မမြင်ရတော့ဘူး ထင်တယ်”
“မမြင်ရလောက်တော့ဘူး”
လင်းဖန်က သက်ပြင်းချလိုက်၏။ သူ့ဆီမှာ အချိန်နည်းပြီး လုပ်စရာကိစ္စ အများကြီး ရှိနေလေသည်။ ခဏအကြာတွင် သူက ဇနီး၊ မိသားစုနှင့် ချစ်မြတ်နိုးရသူတို့ဖြင့် ကွေကွင်းရမည့်ကိစ္စကို တွေးကာ ဆုံးဖြတ်ချက်ကို နောင်တရသွားမိသည်။ သူက နေရာမှ ထရပ်ကာ အုတ်ဂူနှင့် မျက်နှာချင်းဆိုင်လိုက်၏။
လင်းဖန်က အမွှေးတိုင်ထွန်းပြီးသည့်နောက်တွင် ခေတ္တမျှ တိတ်ဆိတ်နေသည်။
ရှုရှစ်ကလည်း သူ့အတိုင်း လုပ်ဆောင်လိုက်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် နှစ်ယောက်သားက ပျောက်ကွယ်သွားကြသည်။
…………………………………………………………
ကမ္ဘာကြီးက အမှန်တကယ် ဖွံ့ဖြိုးတိုးတက်နေသည့် ကာလအတွင်း ရောက်ရှိနေစဉ် အားလုံးက အိပ်မက်လောကမှ အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
တိုက်ပွဲမျှော်စင်အတွင်း ယခင်ကောင်းကင်ရွေးချယ်ခံဟောင်းများက စစ်ဆေးမှုတစ်ခုအနေဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ပွဲကြီးကြီးတစ်ခု ဖြစ်လာသည်။
ထိုသတင်းကို ထုတ်လွှတ်လိုက်သည်နှင့် ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင်နှုန်းက လုပ်လက်စကို ရပ်ကာ ပါဝင်လာကြသည်။
ကျန်ရှိနေသည့် ၃၀ ရာခိုင်နှုန်းကမူ တစ်စိတ်တစ်ပိုင်းက သီးသန့်ကျင့်ကြံနေခြင်း သို့မဟုတ် ဆေးလုံးဖော်စပ်ခြင်းများ ပြုလုပ်နေသည့်အတွက် မကြည့်ရှုနိုင်ကြပေ။
ကျန်ရှိနေသည့် လေးပုံနှစ်ပုံကမူ တိုက်ပွဲကို ဂရုမစိုက်ကြပေ။ ထိုဖြစ်ရပ်က ကမ္ဘာအပေါ် သိသိသာသာ လွှမ်းမိုးမှုရှိမည် မဟုတ်ပေ။ အနည်းဆုံးတော့ ဤမျိုးဆက်အတွင်း ဖြစ်၏။
သိပ်မကြာခင် တိုက်ပွဲက အစပြုခဲ့သည်။ ဝမ်ဝေ့က အကုန်ထုတ်သုံးမည့် တိုက်ပွဲအစား ပြိုင်ပွဲပုံစံကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း သူက ထိုတိုက်ပွဲအပေါ် ကန့်သတ်ချက် များများစားစား မထားရှိပေ။ သူတို့က စိတ်ကြိုက်တိုက်ခိုက်နိုင်၏။ သူတို့က တပ်သားများကိုလည်း အသုံးပြုနိုင်လေသည်။ ၇ယောက်က သေတ္တာထဲမှ စာရွက်ကို မဲနှိုက်လိုက်ကြပြီး သူတို့၏ ပထမဦးဆုံး တိုက်ခိုက်မည့် ပြိုင်ဘက်ကို သိလိုက်ကြရသည်။
ပထမပွဲစဉ်အတွက် နောက်ဆုံးရလဒ်က ယန်ကောဝေနှင့် ကျင်းဝူဟွား၊ ယင်ကန်းနှင့် ကျန်းပိယု၊ လင်းဖန်နှင့် ကျန့်ဝူရွှမ်းတို့ ဖြစ်ကာ ရှောင်စုန့်ရှီက ကံကောင်းပြီး တိုက်ခိုက်စရာ မလိုဘဲ ဒုတိယပွဲစဉ်ကို တက်ရောက်နိုင်သွားသည်။
ဤပြိုင်ပွဲ၏ စည်းမျဉ်းများက ထူးဆန်းလှ၏။ ပထမဦးစွာ ရှုံးထွက်ပြိုင်ပွဲ ဖြစ်၏။ ပြောရလျှင် အနိုင်ရရှိသူက နောက်တစ်ဆင့်ကို တက်သွားလိမ့်မည်။ သို့သော်လည်း ပြိုင်ပွဲ၏ နောက်ဆုံးအနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသည့်နောက်တွင် ကျန်ရှိနေသည့် ပြိုင်ပွဲဝင်များက အချင်းချင်း တိုက်ခိုက်ဖို့ အခွင့်အရေးရလာမည်ဖြစ်ကာ အမှတ်ပေးစနစ်ကို အသုံးပြုပြီး အဆင့်ပြန်ခွဲခြားနိုင်သည်။
အနိုင်ရရှိသူကလွဲ၍ ပါဝင်ဆင်နွှဲသူတိုင်းက အနည်းဆုံး အားလုံးနှင့် တိုက်ခိုက်ကြရလိမ့်မည်။ ထို့နောက် ဒုတိယနေရာနှင့် တတိယနေရာက ပလ္လင်လုဖို့ရာ အနိုင်ရရှိသူ နေရာအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာမည်။
ပထမပြိုင်ပွဲကို မကြာခင် ထုတ်လွှတ်လာခဲ့ပြီး ထိုအရာက စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။
ယန်ကောဝေက သူ့အရောင်တာအို၏ စွယ်စုံသုံးမှုကို ထုတ်ပြခဲ့သည်။ သူက အရောင်များကို ကန့်သတ်ချက်ထိရောက်အောင် အသုံးပြုကာ အရောင်ရှိသည့် အရာတိုင်းကို ထိန်းချုပ်ခဲ့သည်။
ယန်ကောဝေက အရောင်များဖြင့် သက်ဆိုင်နေသည့် ဒဏ္ဍာရီ သို့မဟုတ် သင်္ကေတများကို အသုံးပြုခဲ့၏။ တခြားနည်းဖြင့် သူ့တာအိုသည် ဖန်ဆင်းမှုတာအို၏ အဆင့်နိမ့်ပုံစံတစ်ခု ဖြစ်နေသည်။
နှမြောစရာကောင်းလှစွာဖြင့် ရှုံးနိမ့်သည့် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ပေ။ ကျင်းဝူဟွားက သူမ၏ ဘဝတွင် တစ်ခါမှ မပြသဖူးသည့် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးကို ပြသလာခဲ့သည်။ သူမက စိတ်အားထက်သန်ကာ ကြမ်းတမ်းပြီး သူမ၏ မီးတောက်များဖြင့် အဖျက်စွမ်းရည်ကို ပြသခဲ့သည်။ သူမက ဧကရာဇ်အရိုး၏ စွမ်းအားကို ကန့်သတ်ချက်ထိ ရောက်အောင် အသုံးပြုပြီး တိုက်ပွဲကို အနိုင်ရရှိခဲ့၏။
ဝမ်ဝေ့က သူမ၏ အနိုင်ရရှိသော အပြုံးကို ကြည့်ကာ ထိုကောင်မလေး၏ စိတ်သဘောထားကို ကောက်ချက်ချနိုင်ခဲ့သည်။ သူမသည် တာအိုကို သက်သေပြပြီး သူမ၏ အဖေအား ယခင်ကျရှုံးမှုများသည် သူမကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ပြသလိုခြင်း ဖြစ်၏။ ယခု အသစ်ရရှိထားသည့် ယုံကြည်မှုတို့ဖြင့် သူမသည် တာအိုကို သက်သေပြကာ ထာဝရဧကရာဇ် ဖြစ်လာပြီး သူမအဖေနှင့် ရွှေကျီးမျိုးနွယ်ကို အကူအညီ ဖြစ်လာစေလိမ့်မည်။
သူ့တိုက်ပွဲကမူ ယင်ကန်းနှင့် ကျန်းပိယုတို့ ဖြစ်၏။ ထိုတိုက်ပွဲက ကြမ်းတမ်းပြီး လူအများ သဘောအကျဆုံး ဖြစ်သည်။ အကြောင်းအရင်းမှာ ကျန်းပိယုကြောင့် ဖြစ်၏။ ဓာတ်ငါးပါးက ကျင့်ကြံရေးလောကအတွင်း သာမန်အကျဆုံး သို့မဟုတ် အသုံးအများဆုံး စည်းမျဉ်းတစ်ခုဖြစ်ကာ သူမ၏ ထိုစည်းမျဉ်းများအပေါ် ကျွမ်းကျင်စွာ အသုံးပြုမှုက လူများစွာအား သူမဆီမှ သင်ယူနိုင်ခွင့်ပေးထားသည့်အတွက် သဘောကျခဲ့ကြသည်။
နှမြောစရာကောင်းလှစွာဖြင့် တစ်ဖက်လူသည် ခန္ဓာကိုယ်အစစ်အမှန် လေ့ကျင့်ထားသူ ယင်ကန်း ဖြစ်နေခဲ့သည်။ တိုက်ပွဲမစတင်ခင် ဝမ်ဝေ့က သူမ ရှုံးနိမ့်မည်မှန်း သိလေ၏။ ယင်ကန်းက မွေးကင်းစနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီးသား ဖြစ်နေသည်။ ထို့အပြင် သူက သူ၏ ဖုတ်ကောင်ပညာရပ်ကို အဆင့်မြှင့်တင်ထားခဲ့ပြီး ယင်ဓာတ်ကို အာရုံစိုက်ထားခြင်း မဟုတ်ဘဲ မျှခြေကို ပိုမိုအလေးထားလာခဲ့သည်။
သို့သော်လည်း တိုက်ပွဲက ယင်ကန်းအတွက် မလွယ်ကူခဲ့ပေ။ ပထမဦးစွာ သူက စွမ်းအားကို ဖုံးကွယ်ထားခဲ့ပြီး အပြည့်အဝ ထုတ်မသုံးခဲ့ပေ။ ဒုတိယအနေဖြင့် ကျန်းပိယုက ဓာတ်ငါးပါးကို ယင်ယန်တာအိုအဖြစ် အောင်မြင်စွာ ပြောင်းလဲပြီး စွမ်းအားကို အသုံးပြုကာ တိုက်ပွဲ၏ စွယ်စုံသုံးမှုကို ပြသလာခဲ့သည်။
ဝမ်ဝေ့က ထိုတိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေကာ နှစ်ယောက်လုံးကို ချီးကျူးခဲ့၏။
ယင်ကန်းက ကမ္ဘာကြီးအား သူသည် ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်အပေါ်တွင် ပါရမီထူးကဲသူဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။ ထိုစဉ် ကျန်းပိယုကမူ ကွဲပြားသည့် အကျင့်စရိုက်နှစ်မျိုးကို အောင်အောင်မြင်မြင် ရှိလာပြီးသည့်နောက် ဖွံ့ဖြိုးတိုးတက်မှုအနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း နှလုံးသားငါးခုဧကရာဇ်၏ ခြိမ်းခြောက်မှုက သူမအပေါ် လွှမ်းမိုးနေဆဲဖြစ်၍ သူမ၏ တာအိုနှလုံးသားက ပြီးပြည့်စုံခြင်းနှင့် အလှမ်းဝေးနေသေးကြောင်း ပြောနိုင်လေသည်။
ပထမဆုံးပွဲစဉ်၏ နောက်ဆုံးတိုက်ပွဲက လင်းဖန်နှင့် ကျန့်ဝူရွှမ်းတို့ဖြစ်ပြီး အဓိကပွဲဟုပင် ယူဆနိုင်သည်။ လူများစွာက သူတို့ကို အာရုံစိုက်ထားကြ၏။ အထူးသဖြင့် ထိုသူနှစ်ဦးသည် ဤမျိုးဆက်အတွင်း တူညီသည့် ကံကြမ္မာကို မျှဝေထားသူများ ဖြစ်နေသည်။