← Chapters

အသေးစားတိုက်ပွဲ အပိုင်း(၂)

Vol. 74 Ch. 1029

အသေးစားတိုက်ပွဲ အပိုင်း(၂)

Vol. 74 Ch. 1029

ကျန့်ဝူရွှမ်းက တစ်ဖက်လူကို ကြည့်လိုက်၏။ သူက သူ့အဖြူရောင်ဓားကို ကိုင်ဆွဲထားသည်။ သူတို့မျိုးဆက်တစ်လျှောက်လုံး အဓိပ္ပာယ်ရှိသည့် စကားဝိုင်း သို့မဟုတ် ပြင်းထန်သည့် စကားဝိုင်းမျိုး ရှိဖူးခဲ့သည်ကို အမှတ်မရပေ။ သို့သော်လည်း သူတို့တွင် တူညီသည့်အရာများ ရှိနေလေ၏။ သူတို့က ကောင်းကင်တာအိုနှင့် ကံကြမ္မာတို့၏ ရက်စက်မှုကြောင့် ဆုံးရှုံးခဲ့ရသူများ ဖြစ်နေသည်။

“ကြည့်ရတာ ငါတို့ဆီမှာ တူညီတာတွေ ရှိနေတဲ့ပုံပဲ” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျက်နှာပူစရာကောင်းတာမျိုးနဲ့ လိုက်တူညီနေစရာ မလိုဘူးလေ” လင်းဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ဟုတ်တာပေါ့။ ဒီလိုဆိုရင် စလိုက်ကြရအောင်” သူက စတင် တိုက်ခိုက်လိုက်သည်။

…………………………………

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က တိုက်ပွဲကို တခြားသူများကဲ့သို့ အိပ်မက်လောကမှတဆင့် ကြည့်ရှုနေသည်။ လင်းဖန်က ပထမ တိုက်ကွက်ကို ထုတ်သုံးလာသည့်အခါ မျက်မှောင်အသာကြုတ်လိုက်၏။

“သူ့ပင်မတာအိုက အချိန်လား။ မဟုတ်သေးဘူး … ဒါက ငါ့လိုမျိုး ပေါင်းစည်းထားတဲ့ တာအိုတွေပဲ။ သူက အချိန်နဲ့ အဆင့်နိမ့်ဟွင်သွမ်းကို ပေါင်းစည်းထားတာ စကြဝဠာအစက အချိန်ပေါ့။ အင်း မဆိုးဘူးပဲ … စိတ်ဝင်စားဖို့ကောင်းတယ်”

ဝမ်ဝေ့က ထိုသူသည် မမွေးဖွားလိုက်ရသည့် ကလေးငယ်အတွက် ဤတာအိုကို ရွေးချယ်ခဲ့ကြောင်း ချက်ချင်း ပြောနိုင်လေသည်။ သူတို့က အချိန်စက်ဝန်းကို ပြောင်းလဲကာ သူ့ကို ကယ်တင်လိုဟန်ပေါ်၏။ ထို့အပြင် လင်းဖန်က အဆင့်မြင့် ဟွင်သွမ်းတာအိုကို ကျင့်ကြံဖို့ ရည်မှန်းချက်ကို အပြည့်အဝ လက်မလျှော့သေးမှန်း သိသာလှသည်။ သူက အမှားအယွင်းမှ သင်ယူပြီး ဤနည်းလမ်းမှတဆင့် တားမြစ်ခံစစ်ဆေးမှုအတွက် လိုအပ်ချက်ကို လျော့ကျစေရန် သို့မဟုတ် ကျော်ဖြတ်နိုင်စေရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

တိုက်ပွဲက စတင်ကတည်းက ပြင်းထန်လှ၏။ လင်းဖန်က သူ့ဟွင်သွမ်းအရှိန်တာအိုကို အသုံးပြုလာစဉ် ကျန့်ဝူရွှမ်းက အဆုံးမဲ့ဓားရေးဖြင့် ပြန်လည်ရင်ဆိုင်လာခဲ့သည်။ တိုက်ခိုက်မှုတစ်ခုချင်းစီတွင် ကျန့်ဝူရွှမ်းက အဆုံးမဲ့ ထိုးစိုက်ခြင်း၊ အဆုံးမဲ့ ဝှေ့ယမ်းချက်၊ အဆုံးမဲ့ ဖြတ်တောက်ခြင်း သို့မဟုတ် အခြေခံ သို့မဟုတ် အဆင့်မြင့် ဓားရေးလှုပ်ရှားမှုများကိုသာ အသုံးပြုခဲ့သည်။

ဓားသမားတစ်ယောက်အနေဖြင့် သူ့တိုက်ကွက်က ကြမ်းတမ်းခက်ထန်လှ၏။ သူက ဓားသမားများ၏ ၁၂ဆင့်မြောက်ကို အောင်မြင်ထားသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ကျန့်ဝူရွှမ်းက ကမ္ဘာ၏ ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက်ဟု ဆိုနိုင်ပေသည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။

သူ့ ပွင့်ချပ်ရှစ်လွှာ ထာဝရအရှင်စွမ်းအားအပါအဝင် အဓိပစ္စည်းကို သူ့အရိုးကို အသုံးပြုကာ သန့်စင်ထားသည့် ထူးကဲသောတာအိုသက်သေပြပစ္စည်းတို့ဖြင့်ပင် ကျန့်ဝူရွှမ်းက တိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်။

အသစ်ဖန်တီးထားတဲ့ ဟော်သဲ့ရုပ်ခန္ဓာလား…

ဝမ်ဝေ့က လင်းဖန်ကို ကြည့်ကာ တွေးလိုက်မိ၏။

မဆိုးဘူးပဲ။ ဒီဟာရဲ့ အလားအလာက သူ့ယခင် အကြွင်းမဲ့ ဟွင်သွမ်းရုပ်ခန္ဓာထက်ပိုပြီးတော့ မြင့်တယ်…

လင်းဖန်က ဟွင်သွမ်းနှင့် သဟဇာတဖြစ်မှု မြင့်မားသည့်အတွက် သူ့ဇနီးဖြစ်သူ ရှုရှစ် ဖန်တီးပေးထားသည့် ရုပ်ခန္ဓာအသစ်ကလည်း ထိုကဏ္ဍအတွင်း ရှိနေသည်။ သို့သော်လည်း နှစ်ဦးသားက ဟွင်သွမ်းကို သူတို့၏ အဓိကပင်ကိုလက္ခဏာအဖြစ် ရွေးချယ်ထားကြသော်လည်း သူတို့က ကွဲပြားသည့် လမ်းစဉ်ကို လျှောက်လှမ်းကြလေသည်။ ရှုရှစ်က ဟွင်သွမ်း၏ ဆင့်ကဲပုံစံဖြစ်သည့် ကမ္ဘာဦးဟွင်သွမ်း လမ်းစဉ်ကို လျှောက်လှမ်းလေသည်။

ထိုစဉ် လင်းဖန်က ဟွင်သွမ်း၏ အစွန်းရောက်လမ်းစဉ်ကို လျှောက်လှမ်း၏။ သူက ဟွင်သွမ်းစွမ်းအားကို ကမ္ဘာဦးဟွင်သွမ်း စွမ်းအားနှင့် ယှဉ်နိုင်သည်အထိ သန့်စင်ခဲ့သော်လည်း ဆင့်ကဲပြောင်းလဲမှု တွေ့ကြုံခြင်း မရှိပေ။ ထိုအရာက သာမန်တာအိုများကို တားမြစ်ခံ သို့မဟုတ် အထွတ်အထိပ် တားမြစ်ခံ တာအိုများဖြင့် ယှဉ်နိုင်အောင် ကျင့်ကြံသည်နှင့် တူညီလေ၏။

ရလဒ်အနေဖြင့် သူ့ရုပ်ခန္ဓာအသစ်ကို ပြိုင်ဘက်ကင်း ဟွင်သွမ်းရုပ်ခန္ဓာဟုခေါ်ဆိုပြီး အကြွင်းမဲ့အဆင့်ထက် ကျော်လွန်နေသည်။

သူတို့၏ တိုက်ပွဲပြီးသည့်နောက်တွင် နောက်ပွဲစဉ်ကို ချက်ချင်းစတင်လိုက်၏။ ပထမဆုံးတိုက်ပွဲက ရှောင်စုန့်ရှီနှင့် ယင်ကန်းတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။ ယခင် ပိုင်ရှယ်မျိုးနွယ် ခေါင်းဆောင်ဟောင်းက ရှုံးနိမ့်ခဲ့လေသည်။ သို့သော် ရလဒ်က လူအများ ထင်ထားသလို မဆိုးရွားခဲ့ပေ။ ပြောရလျှင် ရှောင်စုန့်ရှီက လူအများ ထင်ထားသည်ထက် ပိုမိုတိုက်ခိုက်နိုင်ခဲ့၏။

သူက ဝါးမျိုရေးတာအိုမှ စတေးခံတာအိုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုတာအို၏ အကြောင်းအရင်းက သူက ပိုမိုကောင်းမွန်သည့် အရာများကို စတေးလေလေ သူ ရရှိမည့် အကျိုးအမြတ်က ပိုမိုများပြားလေလေ ဖြစ်၏။ ရှောင်စုန့်ရှီက စွမ်းအားတိုးမြှင့်ဖို့အတွက် သူ့ပိုင်ရှယ်သွေးမျိုးဆက်ကို စတေးခဲ့သည်။ ရလဒ်အနေဖြင့် ယင်ကန်းကို ပြဿနာတချို့ ပေးနိုင်ခဲ့၏။

“စိတ်ဝင်စားစရာကောင်းပြီး အလားအလာကောင်းတဲ့ တာအိုပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်ပြီးနောက် ပြုံးလိုက်သည်။

“ပင်လယ်မျိုးနွယ်ကတော့ ထပ်ပြီးတော့ ဒုက္ခတွေ့တော့မှာပဲ”

နောက်ထပ် တိုက်ပွဲက ကျန်းပိယုနှင့် လင်းဖန်တို့ဖြစ်ပြီး ကျန်းပိယုက အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း တစ်ဖက်သူ၏ စွမ်းအားနှင့် သူမ၏ ပါရမီသည် တိုက်ခိုက်ရေးထက် ကျင့်ကြံရေးတွင် ရှိနေသည့်အချက်ကြောင့် နားလည်၍ ရပေသည်။

နောက်ဆုံးသော တိုက်ပွဲက တိုက်တန်နှစ်ယောက်ဖြစ်သည့် ယင်ကန်းနှ့် လင်းဖန်တို့ကြား တိုက်ပွဲ ဖြစ်သည်။ အကယ်၍ ဝမ်ဝေ့နှင့် တိထျန်းတို့ တိုက်ပွဲကြောင့်သာ မဟုတ်လျှင် ဤတိုက်ပွဲက သမိုင်းကြောင်းတွင် မှတ်တမ်း တင်ကျန်လောက်၏။

တိုက်ပွဲစတင်သည်နှင့် လင်းဖန်က ချုပ်တည်းမထားဘဲ နဝမအဆုံးစွန်အုတ်မြစ်ကို ပြသလာခဲ့သည်။

“အဆင့်(၄) တာအိုဘိုးဘေးလား” ဝမ်ဝေ့၏ မျက်လုံးအထက် ကံကြမ္မာစွမ်းအားဖြင့် တောက်ပလာကာ ရေရွတ်လိုက်သည်။

“ငါ သိပြီ”

သူက လင်းဖန်သည် ပြီးပြည့်စုံမှုကို မရရှိရသေးသည့် အကြောင်းအရင်းကို နားလည်သွားခဲ့၏။ သူက ဤတိုက်ပွဲအတွင်း ပါဝင်ဆင်နွှဲဖို့ အလျင်အမြန် ကျင့်ကြံခဲ့သည့်အတွက် သက်ရောက်မှုရှိလာခြင်း ဖြစ်သည်။ သို့သော်လည်း အဓိကအကြောင်းအရင်းက သူ့ပြစ်ချက်ရှိ တာအိုနှလုံးသားကြောင့် ဖြစ်၏။ သူ့မမွေးဖွားရသေးသည့် ကလေး သေဆုံးသွားမှုက သူ ထင်ထားသည်ထက် သက်ရောက်မှုများစွာ ရှိနေခဲ့သည်။ နောက်ဆုံးသော ပေါင်းစည်းမှုအတွက် အချိန်ကျလာသည့်အခါ ထိုပြစ်ချက်က သူ့အောင်မြင်မှုကို လျော့ကျသွားစေခဲ့၏။

နှမြောစရာပဲ။ ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်မှာတော့ ဒီအခြေအနေကို ကုစားဖို့ နည်းလမ်းရှိမှာပါ…

ဝမ်ဝေ့က တိုက်ပွဲကို ကြည့်ရင်း တွေးလိုက်သည်။

ယင်ကန်းကလည်း သူ့မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား နယ်ပယ်အဆင့်၏ အောင်မြင်မှုကို ထုတ်ပြလာခဲ့သည်။ သူ့အားကောင်းသည့် ခန္ဓာကိုယ်နှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းတို့ဖြင့် တိုက်ပွဲအများစုကို လွှမ်းမိုးထားကာ လင်းဖန်ကို ဝှက်ဖဲ ထုတ်သုံးနိုင်လောက်အောင် ဖိအားပေးနိုင်ခဲ့၏။

လင်းဖန်က ရှေးကျကာ မြင့်မြတ်သည့် အားကောင်းသော သက်ရှိ၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့သည်။ ထိုသက်ရှိက ဟွင်သွမ်းအစကတည်းက တည်ရှိခဲ့ခြင်း ဖြစ်၏။

“မကောင်းဆိုးဝါးနတ်ဘုရားတွေထက်တောင် ပိုပြီးတော့ ရှေးကျပြီး အားကောင်းတဲ့ သက်ရှိမျိုးလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ သူက သူ့စွမ်းအားအပြည့်ဖြင့် ထိုသတင်းအချက်အလက်ကို တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံး၊ ပါးစပ်နှင့် တခြားသော ဒွာရပေါက်များမှ သွေးများ စတင်စီးကျလာသည်။

“ကမ္ဘာဦးနတ်ဆိုးနတ်ဘုရားတွေပဲ”

သူက ထိုနာမည်ကိုသာ သိလိုက်ရသော်လည်း ဖြစ်စဉ်အတွင်း ထိခိုက်သွားခဲ့သည်။ ဝမ်ဝေ့က ဆေးလုံးတချို့ သောက်သုံးကာ အသက်ပြင်းပြင်း ရှူလိုက်၏။

“ကမ္ဘာဦးနတ်ဆိုး နတ်ဘုရားတဲ့လား” သူက လေးနက်မှုဖြင့် ရေရွတ်လိုက်သည်။

“ဒီမျိုးနွယ်က ငါကြုံတွေ့ခဲ့တဲ့ တားမြစ်ချက်တစ်ခုနဲ့ ဘာလို့ ဆက်နွယ်မှုရှိနေတယ်လို့ ခံစားမိနေပါလိမ့်”

သူက အသာ ညည်းတွားလိုက်မိသည်။ သူက လင်းဖန်ကို အာရုံစိုက်ထားရင်း ရေရွတ်လိုက်မိ၏။

ပိုပြီးအရေးကြီးတာက အဲဒီတစ်နေရာကနေ ထွက်ပေါ်လာတဲ့ ဒီရှေးဟောင်းမျိုးနွယ်နဲ့ မင်းရဲ့ ဆက်သွယ်မှုက ဘာလဲ”

ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေသည်။ သူက ကိစ္စတစ်ခုကို ကောက်ချက်မချနိုင်ပေ။ စကြဝဠာရှိ အရာအားလုံးက တခြားတစ်ယောက်၏ နယ်ရုပ်သာ ဖြစ်ကြ၏။ သူက ကံကြမ္မာနယ်ရုပ်ဖြစ်ကာ တိထျန်းက ကာဒီနယ်ထဲမှ တစ်ယောက်၏ နယ်ရုပ်ဖြစ်စဉ် လင်းဖန်က ထိုရှေးဟောင်းမျိုးနွယ်၏ နယ်ရုပ် ဖြစ်နေနိုင်သည်။

ထိုအချက်ကို လက်ခံပြီးသည့်နောက်တွင် ဝမ်ဝေ့က တိုက်ပွဲကို ဆက်လက်ကြည့်လိုက်သည်။ နောက်ဆုံးသော အနိုင်ရရှိသူက ယင်ကန်းဖြစ်ပြီး အတုအယောင်အစစ်အမှန် စိတ်ဆန္ဒကို အသုံးပြုကာ လင်းဖန်ကို အနိုင်ယူနိုင်ခဲ့သည်။ သူ အသုံးပြုသည့် နည်းလမ်းက ဝမ်ဝေ့၏ စံနှုန်းအရပင် ပြောင်မြောက်လှ၏။

ခန္ဓာကိုယ်လေ့ကျင့်သူ အများစုက သူတို့၏ ခန္ဓာကိုယ်သည် အားအကောင်းဆုံးဟု ယုံကြည်ထားကာ လက်နက်ကို အသုံးမပြုကြပေ။ သို့သော်လည်း တချို့က အသုံးပြုကြ၏။ သူတို့အတွက်လည်း ထူးကဲသည့် လက်နက်များ ရှိတတ်ကြသည်။ နမူနာအနေဖြင့် တာအိုသက်သေပြပစ္စည်းနှင့် တူညီသည့် သွေးအားဖြည့်ရေး လက်နက် ဖြစ်၏။

ယင်ကန်းက သွေးအားဖြည့်ရေး လက်နက်ကို ပြုစုပျိုးထောင်ထားပြီး အသိစိတ်ရှိကာ စိတ်ဝိညာဉ်ဖွဲ့ စည်းပေးနိုင်လောက်အောင်အထိ ခွင့်ပြုပေးထားခဲ့သည်။ ထိုလက်နက်က မူလစနစ်ကို ကျင့်ကြံကာ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီး လက်နက်ချီဖြင့် ပြုလုပ်ထားသည့် ထူးကဲဝိညာဉ်ချီကို ဖွဲ့စည်းခြင်းဖြင့် တုယီနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

နောက်ဆုံးတွင် ယင်ကန်းက သူ့စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းအား လက်နက်၏ တုယီနယ်ပယ်အဆင့်ဖြင့် ပေါင်းစည်းကာ အတုအယောင် အစစ်အမှန်စိတ်ဆန္ဒကို ရယူနိုင်ခဲ့သည်။

“တကယ်ကို ပါရမီထူးကဲတဲ့သူပဲ။ သူက ငါနဲ့ တိထျန်းကြားက တိုက်ပွဲကို ကြည့်ပြီး သင်ထားတာ ဖြစ်လိမ့်မယ်”

ဝမ်ဝေ့က သူ့အပြုအမူများကြောင့် ကမ္ဘာသည် မည်မျှတိုးတက်လာသည်ကို မြင်ကာ ပျော်ရွှင်နေမိသည်။ ဤတိုက်ပွဲငယ်လေးအတွင်း ကောင်းကင်ရွေးချယ်ခံတိုင်းက အိပ်မက်လောက၏ တိုက်ပွဲမျှော်စင်ကို တိုက်ရိုက်အသုံးပြုခြင်း၏ ရလဒ်ကို ထုတ်ပြနိုင်ခဲ့သည်။

“တကယ်လို့ သူ့လက်နက်က တာအိုကို သက်သေပြနိုင်ရင် သူက တကယ့်အစစ်အမှန် စိတ်ဆန္ဒကို အသုံးပြုနိုင်လိမ့်မယ်”

လက်နက်တစ်ခုက တာအိုကို သက်သေပြခြင်းက ထူးခြားနေခြင်း မဟုတ်ပေ။ အထူးသဖြင့် ဒိုင်မေးရှင်းအမြင့်ကဲ့သို့ နေရာမျိုးတွင် ဖြစ်၏။ တကယ်တော့ သင့်တော်သည့် မဟာတာအိုအရင်းအမြစ် ဆေးကြောမှုဖြင့် ဤလက်နက်သည် တာအိုကို သက်သေပြနိုင်ပြီး သူ့တုယီနယ်ပယ်ကို တာအိုဆန္ဒအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။

သို့သော်လည်း ဤနည်းလမ်းက အဟန့်အတားတချို့ ရှိနေပြီး အလားအလာကို လျှော့ကျသွားစေနိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က ယင်ကန်းအနေနှင့် ကိစ္စများကို မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် မျှော်လင့်နေမိ၏။

အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသည်နှင့် နောက်တစ်ဆင့်က အဆင့် ဆုံးဖြတ်ဖို့ရာဖြစ်ပြီး တခြားသူများက ယင်ကန်းကို စိန်ခေါ်မည်လားဟု စောင့်ကြည့်ရမည်။

ရလဒ်ကမူ လင်းဖန်က ဒုတိယဖြစ်ကာ ကျန့်ဝူရွှမ်းက တတိယနေရာလိုက်ပြီး ကျန်းပိယုက စတုတ္ထမြောက်၊ ကျင်းဝူဟွားက ပဉ္စမြောက်၊ ရှောင်စုန့်ရှီက ဆဌမမြောက်နှင့် ယန်ကောဝေက အောက်ဆုံးတွင် ရှိနေသည်။

လင်းဖန်က ယင်ကန်းကို ဒုတိယအကြိမ် စိန်ခေါ်မည့်အခွင့်အရေးကို ငြင်းဆန်ခဲ့သော်လည်း ကျန်းဝူရွှမ်းကမူ တိုက်ခိုက်ဖို့သာ ရွေးချယ်ခဲ့သည်။ သူက ရှုံးနိမ့်သွားသော်လည်း သူ့မျက်နှာအထက် အတွေ့အကြုံကို ကျေနပ်သည့် အမူအရာမျိုး ရှိနေလေသည်။ ဓားသမားတစ်ယောက်အနေဖြင့် သူက မယိုင်လဲသည့် စိတ်ဝိညာဉ်မျိုး ရှိလေသည်။

ဝမ်ဝေ့က အဖွဲ့ကို ဆင့်ခေါ်ကာ သူတို့နှင့် စကားစမြည် ပြောပြီးသည့်နောက် နောက်၃ရက်ကြာလျှင် ထွက်သွားရန် ပြင်ဆင်ထားဖို့အတွက် ပြောခဲ့သည်။ ထို့နောက် သူက ယင်ကန်းအား ခေါ်သွားပြီး ခန္ဓာကိုယ်လေ့ကျင့်ရေး၊ စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းနှင့် အစစ်အမှန်ဆန္ဒ အသုံးပြုမှုတို့ကို မျှဝေပေးခဲ့သည်။

…………………………………………………………………

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်

လင်းဖန်က သက်ပြင်းချလိုက်၏။

“ကိုယ်သာ အနိုင်ရရှိတဲ့သူဖြစ်ရင် သူ့ကို တောင်းဆိုလို့ရမယ် ထင်ထားတာ။ အခုတော့ မင်းပဲ မေးရတော့မဲ့ပုံပဲ”

“ကျွန်မ ရှင့်ကို တိုက်ရိုက်ပြောပါလို့ ပြောသားပဲ။ သူက စိတ်ထဲ မထားပါဘူး” ရှုရှစ်က ပြောလိုက်သည်။

“သူ့ကို ကိုယ် ဒီထက် ပိုပြီးတော့ အကြွေးမတင်ချင်ဘူး”

သူ့ယခင်အစီအစဉ်က အနိုင်ရရှိသူဖြစ်လာသည့်အခါ နောက်ဆုံးသော ဆုလာဘ်အဖြစ် သတင်းအချက်အလက်ကို မေးမြန်းဖို့ရာ ဖြစ်၏။ သို့သော်လည်း ဤအပြုအမူက သူ့ဝါစဉ်ကို လျှော့ချလိုက်သလို ဖြစ်သွားလိမ့်မည်။ သို့သော်လည်း လက်ရှိအနေအထားတွင် သူက မျိုးဆက်တူ ဖြစ်နေသော်လည်း ဂျူနီယာတစ်ယောက် ဖြစ်နေလေပြီ။

“မင်းကို ထပ်ပြီး အားကိုးရတော့မယ်”

“ကျွန်မလည်း တချို့ကိစ္စလေးတွေလည်း အဆုံးသတ်ချင်သေးတယ်” ရှုရှစ်က ခေါင်းအသာယမ်းကာ ပြောလိုက်၏။ သူမက အချိန်ဖြုန်းမနေဘဲ ခုံရုံးဆီ သွားလိုက်သည်။

All Chapters