မျှော်လင့်ချက်
Vol. 74 Ch. 1030
“ဘာကိစ္စနဲ့များ လာတွေ့တာလဲ” ဝမ်ဝေ့က ငါးမျှားနေသော်လည်း ဥယျာဉ်အနားရှိ ရေကန်ငယ်လေးတွင် မဟုတ်ပေ။ ထိုအစား သူက ကြယ်တာရာဝေဟင်စကြဝဠာထဲ သီးသန့်ရှိနေသည့် ကြယ်တစ်လုံးအထက် ထိုင်နေပြီး သူ့ငါးမျှားချိတ်က အလင်းနှစ်သန်းပေါင်းများစွာ ဝေးလွန်းနေပြီး လေဟာနယ်အတွင်း ရှင်သန်နေသည့် ထူးထူးဆန်းဆန်း သက်ရှိကို ချိတ်တွယ်ထားဟန်ပေါ်သည်။
“မင်းယောက်ျားက မနိုင်လို့ ငါ့ဆီ လာညည်းတာလို့တော့ မပြောနဲ့နော်” သူက စနောက်လိုက်သည်။
“ကျွန်မကို အဲ့လိုမြင်နေတာလား” ရှုရှစ်က မျက်လုံးဝှေ့ကာ ပြောလိုက်၏။ သူမက သူ့နားတွင်ထိုင်ကာ ငါးစမျှားလိုက်သည်။ သူမက သတ္တိကောင်းကောင်းဖြင့် တူညီသည့် ငါးနောက်ကို လိုက်လိုက်သည်။
“အချစ်ဆိုတာက အားကောင်းတဲ့အရာပဲ။ မင်းနေရာမှာ ငါဆိုရင်လည်း အဲ့လိုလုပ်မယ်ဆိုတာ သိတယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။ သူတို့၏ ယှဉ်ပြိုင်မှုက မိနစ်ပိုင်းကြာ ကြာမြင့်ခဲ့၏။ ထို့နောက် ဝမ်ဝေ့က မျက်နှာပူမှု မရှိဘဲ လှည့်ကွက်တချို့ကို ထုတ်သုံးခဲ့သည်။
“ဒါပေမဲ့ ဒီလိုတုံ့ဆိုင်းနေတာက မင်းနဲ့ မတူဘူး” သူက ပြောလိုက်သည်။
“ကျွန်မက အဖြေကြောင့် စိတ်ပျက်မသွားချင်ရုံပါ” သူမက ပြန်ဖြေလိုက်၏။
“မင်း ဘယ်တော့မှ မသိရရင် ပိုကောင်းသွားမယ် မဟုတ်ဘူးလား”
“မဟုတ်ဘူး။ အတုအယောင် မျှော်လင့်ချက်က အမှန်တရားထက်ပိုပြီးတော့ ဆိုးရွားတယ်” ရှုရှစ်က သက်ပြင်းချကာ ပြောလိုက်၏။
“ကောင်းပြီ။ ကျွန်မကို ပြောပြပါ”
“မင်းက ဘာမှမမေးရသေးဘူးလေ။ ငါက မင်း သိချင်တာကို ဘယ်လိုလုပ်သိမှာလဲ”
ရှုရှစ်က မနေနိုင်ဘဲ မျက်လုံးဝှေ့ကာ ကြည့်လိုက်၏။
“ကျွန်မက မမွေးဖွားလိုက်ရတဲ့ ကလေးငယ်အကြောင်း မေးချင်နေတယ်ဆိုတာကို ရှင်သိပါတယ်။ သူ့ကို ပြန်ပြီး အသက်သွင်းဖို့ ဆိုတာဖြစ်နိုင်လား”
“အဲဒါက အခြေအနေပေါ် မူတည်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ဖန်ဆင်းခြင်းတာအိုနဲ့ ပြန်လည်ဖန်ဆင်းတဲ့ ကလေးငယ်ကို သူက လက်ခံမှာလား”
“ကျွန်မတို့တွေ အဲဒီအကြောင်းကို ပြောဖူးတယ်။ သူက လက်မခံဘူး” သူတို့၏ အစီအစဉ်တစ်ခုသည် ကလေးကို ပြန်လည်အသက်သွင်းဖို့ရာ နည်းလမ်းအနေနှင့် လင်းဖန်အနေဖြင့် ဖန်ဆင်းခြင်းတာအိုအဖြစ် မပြောင်းလဲခင် ကံကြမ္မာကောင်းတာအိုကို ကျင့်ကြံဖို့ ဖြစ်၏။ သို့သော်လည်း ရှင်းနှင့် စကားများစွာ ပြောပြီးသည့်နောက်တွင် ထိုအရာက သူတို့ လိုချင်သည့်အရာမဟုတ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ဝမ်ဝေ့က ခေတ္တမျှ တွေးကာ ပြောလိုက်၏။
“ငါတို့သိထားတဲ့အတိုင်း ကမ္ဘာကြီးက မြင်ရတာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်။ ငါတို့လုပ်ခဲ့တဲ့ အပြုအမူတွေ၊ ဆုံးဖြတ်ချက်တွေက အဲဒီရွေးချယ်မှုအပေါ်မှာ မူတည်ပြီးတော့ တခြားစကြဝဠာ ဒါမှမဟုတ် တခြားအချိန်စက်ဝန်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တယ်”
ရှုရှစ်၏ အကြည့်များက တောက်ပလာကာ ကိစ္စများစွာက သူမ၏ စိတ်ထဲ ဝင်ရောက်လာလေသည်။ အချိန်မြစ်ကြောင်းနှင့် ပတ်သက်ပြီး တချို့သော မေးခွန်းများက အဖြေရရှိလိုက်၏။ ထိုအရာက သူမ၏ စကြဝဠာအပေါ် နားလည်မှုအသစ် ဖြစ်တည်လာစေသည်။
နောက်ထပ် အချိန်စက်ဝန်းဟူသော သဘောတရားက သူမအတွက် အသစ် မဟုတ်ပေ။ သူမက ထိုအရာကို ဖန်တီးဖို့ တိုက်ခိုက်ရေးနည်းစနစ်များပင် ဖန်တီးထားခဲ့၏။ သို့သော် သူတို့က ယာယီမျှသာ ဖြစ်ပြီး ကမ္ဘာ အရေအတွက် အဆုံးမဲ့ကာ ပါဝင်နေလိမ့်မည်ဟု မသိထားခဲ့ပေ။
“အဲဒါဆိုတော့ ကလေးငယ် မွေးဖွားပြီးတော့ ကျန်းမာနေနိုင်တဲ့ အချိန်စက်ဝန်းတစ်ခု ရှိနေမလား” သူမက မေးလိုက်သည်။
“တစ်ခုတင် မကဘူး”
ရှုရှစ်က မျက်မှောင်အသာကြုတ်လိုက်ပြီး “အဲဒါဆို ကျွန်မတို့ရဲ့ အချိန်စက်ဝန်းကိုရော အတိတ်ကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလား”
“ငါတို့ရဲ့ အချိန်စက်ဝန်းက ထူးခြားတယ်။ မဟာတာအိုကိုယ်တိုင်နဲ့ တခြားစွမ်းအားတွေက အပြင်းအထန် ကာကွယ်ပေးထားတာ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“အဲ့လိုဆိုရင် ကျင့်ကြံရေးလောကရဲ့ အထွတ်အထိပ်ဖြစ်တဲ့ စံပြ ဖြစ်လာပြီးတဲ့နောက်မှာဆိုရင်တော့ တခြားအချိန်စက်ဝန်းက ကလေးရဲ့ နောက်ထပ် ပုံစံတစ်ခုကို ဒီနေရာဆီ ခေါ်ဆောင်လာနိုင်လိမ့်မယ်”
ဝမ်ဝေ့က လူတစ်ယောက် သို့မဟုတ် အဖွဲ့သည် အချိန်စက်ဝန်းကို ပြောင်းလဲဖူးကြောင်း သိထားလေသည်။ ထိုအရာက သူ့ဘိုးဘေးချီယွမ် ဖြစ်၏။ သို့သော်လည်း ယနေ့ထိတိုင် ထိုသူက မည်သို့လုပ်ခဲ့မှန်း၊ မည်သည့် တန်ကြေးပေးဆပ်ခဲ့ရမှန်း မသိထားပေ။ ထို့ကြောင့် သူက သူမအား ထိုအကြောင်းကို ပြောမပြခဲ့ပေ။
“အဲဒါဆိုရင် စံပြအဆင့်က ဘာလဲ” ရှုရှစ်က ကောင်းကင်ဘုံအဆင့်ကိုသာ သိထားပြီး စံပြအကြောင်းကို သိမထားပေ။
“အဲဒါက ကောင်းကင်ဘုံအဆင့်ပြီးရင် ရောက်လာမဲ့အဆင့်ပဲ”
“စံပြတွေက ကျင့်ကြံရေးခရီးလမ်းရဲ့ အဆုံးသတ်လား။ ဒါမှမဟုတ်ဘူးဆိုရင် အဲဒီနောက်ပြီးသွားရင် ကျင့်ကြံဆင့်ဆိုတာ မရှိတော့တာလား” ရှုရှစ်က မေးလိုက်သည်။
ဝမ်ဝေ့က သူမကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“ကျင့်ကြံရေးလမ်းစဉ်က အဆုံးမဲ့တယ်”
ရှုရှစ်က ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်၏။ သူမက မျှော်လင့်ချက် ပြည့်ဝလာသလို ခံစားမိလိုက်သည်။ သူမက စိတ်ခံစားချက်များကို ထိန်းချုပ်ကာ သတင်းအချက်အလက်ကို ထပ်မေးလိုက်၏။
“ရှင့်ရဲ့ဘိုးဘေးက ဘယ်အဆင့်ကို ရောက်သွားပြီလဲ” သူမက မေးလိုက်သည်။
“သူတို့က စံပြတွေ”
သူမ၏ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်တို့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ သူမက ထိုသူများထက် ပါရမီနည်းပါးသည်ဟု မထင်ပေ။ သို့သော် ဤမျှကြာမြင့်ပြီးသည့်နောက်တွင်ပင် သူတို့က စံပြအဆင့်တွင်သာ ရှိနေဆဲ ဖြစ်၏။ ထိုအချက်က သူတို့၏ စွမ်းရည်ကို ညွှန်ပြနေခြင်း မဟုတ်ဘဲ ရှေ့ဆက်ရမည့်လမ်းစဉ်၏ ခက်ခဲမှုကို ညွှန်ပြနေသည်။
“ငါတို့တွေက ကြီးမြတ်တဲ့ ခေတ်ကာလမှာ နေထိုင်နေတာဆိုတော့ ဘာမှစိုးရိမ်စရာ မလိုဘူး” ဝမ်ဝေ့က သူမ၏ စိတ်ခံစားချက်ကို အာရုံခံမိကာ ဖျောင်းဖျလိုက်၏။
“အဲဒါက ဘာကို ပြောချင်တာလဲ”
“ငါတို့ရဲ့ ဘိုးဘေးတွေက ငါတို့အတွက် ရှေ့ဆက်ရမဲ့ လမ်းစဉ်အသစ်ကို ဖန်တီးပြီးသွားပြီ။ သူတို့က တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်။ အခု ငါတို့သာ ဒိုင်မေးရှင်းအမြင့်က ကပ်ပါးတွေကို ဖြေရှင်းနိုင်သရွေ့ သူတို့ပြန်လာရင် ရှေ့ဆက်ရမဲ့ လမ်းစဉ်က မှုန်ဝါးဝါး ဖြစ်နေတော့မှာ မဟုတ်ဘူး”
“ကျွန်မ နားလည်ပြီ။ ကျေးဇူးတင်ပါတယ်”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဘာမှမဟုတ်ကြောင်း ညွှန်ပြလိုက်၏။ ရှုရှစ်က ထိုသတင်းကို လင်းဖန်ဆီ ပြောဖို့ ထွက်ခွာသွားခဲ့သည်။
“အဲဒါဆိုတော့ ကိုယ်တို့တွေက စံပြအဆင့်ကို ကျော်လွန်ဖို့ လိုတာလား” သူက ရေရွတ်လိုက်သည်။ သူက သူ့ကလေးကိုသာ လိုချင်မိ၏။
“ဟုတ်တယ်။ ဒီလမ်းစဉ်က မလွယ်ကူပေမဲ့ မျှော်လင့်ချက်တော့ ရှိတယ်”
“နည်းလမ်း ရှိတာကိုက ကျေနပ်နေပါပြီ” လင်းဖန်က ပြန်ဖြေလိုက်သည်။ ယခုအခါ သူက ရည်မှန်းချက်ရှိလာပြီဖြစ်သည့်အတွက် ဤကိစ္စသာ အရေးကြီးလေသည်။ ထိုအဆင့်ကို ရောက်ရှိဖို့ မည်မျှခက်ခဲစေကာမူ သူ ဖြစ်နိုင်မည်မှန်း သိထား၍ လိုအပ်လာသည့် အရာများကို လုပ်ဆောင်မည်သာ ဖြစ်၏။
“အဲဒီလူတွေက ဘိုးဘေးတွေ ကမ္ဘာဆီ ပြန်လာဖို့ တားဆီးနေတယ်ဆိုတာက အမှန်လို့ ထင်လား”
လင်းဖန်က မေးလိုက်သည်။ သူက တုံးအနေခြင်း မဟုတ်ဘဲ ဝမ်ဝေ့က ဤအခွင့်အရေးကို အသုံးပြုကာ သူတို့အား ထိုသူများနှင့် သူ့စစ်ပွဲကို ရင်ဆိုင်ဖို့ နယ်ရုပ်အဖြစ် အသုံးချလိုကြောင်း မှန်းဆမိ၏။
“သူ့စကားတွေက အကျိုးအကြောင်းတော့ သင့်တယ်” ရှုရှစ်က ပြန်ဖြေလိုက်သည်။
“ဘာလို့ အဲ့လိုပြောရတာလဲ”
“ကျွန်မတို့တွေက ဒိုင်မေးရှင်းအမြင့်အကြောင်းကို ကောင်းကောင်း မသိသေးဘူး။ ဒါပေမဲ့ ဒီလိုအင်အားကြီးပုဂ္ဂိုလ်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုက ဘယ်လောက်တောင်ကြောက်ဖို့ ကောင်းလိုက်မလဲဆိုတာကိုတော့ သိတယ်လေ။ အခု ၇ယောက် … အဲလေ ၉ယောက်က ဘယ်လိုအပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တာလဲ”
“ဟုတ်တယ်။ တကယ်လို့ ဘိုးဘေးတွေသာ ပျောက်ကွယ်သွားခဲ့တယ်ဆိုရင် သူတို့ရဲ့ အာဏာကြီးမားလာမှုကို ရှင်းပြလို့ရတယ်” လင်းဖန်က ပြောလိုက်သည်။
“အခြေအနေတွေက ကျွန်မတို့ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးကောင်း ရှုပ်ထွေးနေနိုင်တယ်”
“မင်း ပြောတာက နေမင်းနှစ်စင်းကိုလား” ဝမ်ဝေ့က အခြေအနေကို အကြမ်းဖျင်းသုံးသပ်ချက် ပေးထားပြီး သူတို့ ပြန်လာပြီးသည့်နောက်တွင် အသေးစိတ် သတင်းအချက်အလက် ပေးဖို့ရာ ကတိစကားထားထားသည်။
“ဟုတ်တယ်။ သူတို့ကို ပြောတဲ့ပုံစံက တခြားသူတွေနဲ့ ကွဲပြားနေတယ်။ သူ့လေသံက ရွံရှာမှုနဲ့ စိုးရိမ်မှုနဲ့ ပါဝင်နေသလိုပဲ”
“အဲဒီသူတွေက စံပြအဆင့်ကို ကျော်လွန်နေတယ်လို့ ထင်တာလား။ ဒီတော်လှန်ရေးရဲ့ အခရာက သူတို့လား” ရှုရှစ်၏ တိတ်ဆိတ်မှုက လင်းဖန်အား သူမ တွေးနေသည့်အရာကို ပြောပြနေသည်။
“ဒီလိုဆိုရင် အခြေအနေက ကိုယ်တို့ တွေးထားတာထက် ပိုပြီးတော့ ရှုပ်ထွေးသွားနိုင်တယ်” သူက ညည်းတွားလိုက်သည်။
“ရှင် သတိထားဖို့လိုတယ်။ တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်မကို ဆက်သွယ်။ ကျွန်မ တက်လှမ်းခဲ့မယ်” ရှုရှစ်က ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကိုယ်အဆင်ပြေမှာပါ” သူက သူမဆီမှ အကူအညီ မတောင်းဖို့ရာ ဆုံးဖြတ်ထားလေသည်။ အကယ်၍ အခြေအနေက သူတို့ သုံးသပ်ထားသည့်အတိုင်း ဖြစ်နေပါက သူမအနေဖြင့် ဝမ်ဝေ့ မတက်လှမ်းခင် ဒိုင်မေးရှင်းအနိမ့်တွင် ပိုမိုအန္တရာယ်ကင်းလိမ့်မည်။ ထိုအခါ သူမ၏ စွမ်းအားက သိသိသာသာ တိုးမြင့်လာနိုင်ပြီး သူမ၏ ရှင်သန်နိုင်မည့် အခွင့်အရေးလည်း တိုးမြင့်လာနိုင်သည်။
ရှုရှစ်က သူ တွေးနေသည့်အရာကို ပြောနိုင်၍ သက်ပြင်းသာ ချလိုက်သည်။ သူတို့က သုံးရက်တာသာ အချိန်ရ၍ အခြေအနေကို အကောင်းဆုံး ကျော်ဖြတ်ခဲ့ကြသည်။
…………………………………………
သုံးရက်တာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်ခုံရုံး
ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် ထာဝရအရှင်ကို ကြည့်လိုက်သည်။
“ကျုပ် အားလုံးကို ရှင်းပြပြီးသွားပြီ။ ခင်ဗျား မေးစရာ ရှိသေးလား”
“မရှိပါဘူး ခေါင်းဆောင်။ ကျုပ် ဒီတာဝန်ကို မကျရှုံးစေရပါဘူး” ဝမ်ချီက ပြောလိုက်သည်။
“မှတ်ထား။ သိုသိုသိပ်သိပ်နေပြီးတော့ ညွှန်ကြားထားတဲ့အတိုင်းပဲ လုပ်”
“ဟုတ်ကဲ့ပါ”
ဝမ်ဝေ့နှင့် ဝမ်ချီတို့က အားလုံး စောင့်ဆိုင်းနေသည့် အခန်းအပြင်သို့ လျှောက်လှမ်းလာသည်။
“အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က မေးလိုက်စဉ် အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ဝမ်ချီက အားလုံးကို တာအိုသင်္ချိုင်းမြေ၏ စွမ်းအားဖြင့် ပြုလုပ်ထားသည့် သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်သည်။ သူက သူ့ကိုယ်သူ ထိုရတနာ၏ စွမ်းအားဖြင့် လွှမ်းခြုံပြီးသည့်နောက်တွင် ခုံရုံးမှ ပျောက်ကွယ်သွားလေ၏။
သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ အမည်မသိနေရာတစ်ခုသို့ ရောက်ရှိနေလေသည်။ သူက ဘေးပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်၏။
“အမြင်ရုပ်လွှာ မရှိဘူးဆိုတော့ ဒီသိုလှောင်လက်စွပ်က အလုပ်ဖြစ်ပုံပဲ” သူက ရေရွတ်လိုက်သည်။ သူက သက်ပြင်းချပြီးသည့်နောက်တွင် စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ပြောရလျှင် သူ့တစ်ဘဝလုံးတွင် အကောင်းဆုံး ခံစားမိဖူးသလို ဖြစ်သည်။
သူက ဝန်ထုပ်ဝန်ပိုးကြီး ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
ဒီပတ်ဝန်းကျင်က ဘယ်လိုစွမ်းအားမျိုးလဲ။ ဒါက စွဲမက်ဖို့ ကောင်းလိုက်တာ…
ဝမ်ချီက သူ့ကိုယ်သူ ထိန်းချုပ်ဖို့ရာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ ဤလောက၏ သာယာမှုထဲ ပျောက်ဆုံးမသွားအောင် ထိန်းချုပ်လိုက်ရသည်။ သူ လုပ်ဖို့လိုအပ်သည်က ညွှန်ကြားထားသည့်အတိုင်း သတင်းအချက်အလက်များကို စုစည်းကာ သတ်မှတ်ထားရာ နေရာသို့ ဦးတည်ရန် ဖြစ်၏။
ထိုဖြစ်စဉ်က သူ့စွမ်းရည်ဖြင့် အာကာပြင်ကို ချိုးဖောက်ကာ ခေါင်းဆောင် ပေးခဲ့သည့် အဆောင်များကို အသုံးပြုခဲ့လျှင်ပင် တစ်ပတ်တာ ကြာမြင့်ခဲ့၏။ ဤသည်က ဤကမ္ဘာ မည်မျှကျယ်ပြောကြောင်း ပြသနေလေသည်။ သူ့အခြေအနေက ထူးကဲသည်မှာ သူက မြို့များဆီမှ တရားဝင်ကူးသန်းရေး အစီအရင်ကို အသုံးမပြုဖို့ ညွှန်ကြားထား၍ ဖြစ်သည်။
သူ့ဦးတည်ရာသို့ ရောက်လာပြီးသည့်နောက်တွင် ဝမ်ချီက ဆက်သွယ်ရေးအမှတ်အသားကို ချန်ခဲ့ကာ တည်းခိုဆောင်တစ်ခုတွင် နေထိုင်ခဲ့သည်။ နောက်တစ်ရက်တွင် သူက မျက်လုံးဖွင့်လာသည့်အခါ အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရ၍ ချက်ချင်းဆိုသလို စိတ်ပူသွား၏။ သူက တည်းခိုဆောင်မှ သူ့ကို ခေါ်ဆောင်သွားသည့်သူများကို အာရုံမခံမိခဲ့သည့်အတွက် အင်မတန် စိုးထိတ်လာမိသည်။
ကံကောင်းစွာဖြင့် သိပ်မကြာခင် သူတို့က လျှို့ဝှက်စကားဝှက်မှတဆင့် သူတို့၏ ဇစ်မြစ်ကို ထုတ်ဖော်ပြသလာခဲ့သည်။ ထို့ကြောင့် သူက ထိုကောင်းကင်ရွေးချယ်ခံများကို အပ်နှံလိုက်သည်။
……………………………………………………………………..
ဖေးလန်က သတင်းအချက်အလက်များ ပါဝင်နေသည့် စာရွက်ကို ကိုင်ဆောင်ထားရင်း လောင်မာက သူနှင့် မျက်နှာချင်းဆိုင် ပိတ်ကားချပ်ပေါ်တွင် ရှိနေသည်။
“အဲဒီကောင်လေးက ကျုပ်တို့ဆီ ပါရမီထူးကဲတဲ့သူတွေကို ပို့မယ်လို့ ပြောတုန်းက ဒီလောက်အဆင့်ထိ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး” လောင်မာက ပြုံးကာ ပြောလိုက်၏။
“အင်မတန် ပါရမီထူးကဲတဲ့ ခန္ဓာကိုယ်လေ့ကျင့်သူ၊ နဝမအဆုံးစွန်အုတ်မြစ်နဲ့ အကြွင်းမဲ့ဟွင်သွမ်းရုပ်ခန္ဓာထက် ပိုကောင်းတဲ့ ရုပ်ခန္ဓာပိုင်ရှင်၊ အကြွင်းမဲ့ဓားရေးလမ်းစဉ်ရဲ့ ဓားသမားကောင်းတစ်ယောက်၊ အကျင့်စရိုက်နှစ်ခုရှိထားပြီးတော့ တစ်ခုက သန့်စင်နှလုံးသားရှိတဲ့ တာအိုသူတော်စင်မ တစ်ယောက်”
သူ့အကြည့်များက တောက်ပနေလျက် ရှိသည်။
“တခြားသူတွေကလည်း သူတို့ကိုယ်ပိုင်သူတို့ ထူးကဲမှု ရှိကြတယ်”
ဖေးလန်က သက်ပြင်းအသာချလိုက်၏။
“မင်းက သူတို့ရဲ့ ပါရမီကိုပဲ အာရုံစိုက်ထားတာကိုး။ သူတို့နောက်ခံနဲ့ ပြဿနာတွေအကြောင်းကို မပြောရသေးဘူး”
ထိုသူအားလုံးတွင် နောက်ခံအနေဖြင့် စံပြအဆင့်မျိုးနွယ် ရှိထားကြသည်။ လင်းဖန်နှင့် ယန်ကောဝေကမူ ခြွင်းချက် ဖြစ်၏။ ထိုမျိုးနွယ်များက သူတို့၏ နေထိုင်ရာတောင်ကို ပိတ်ဆို့ထားကြသော်လည်း သူတို့အကြောင်း သိသွားသည်နှင့် ထိုပါရမီရှိသူများကို စိတ်ဝင်စားလာကြလိမ့်မည်။
“အဲဒါက ကျုပ်တို့တွေ ထင်မှတ်ထားသလိုပဲ မဟုတ်ဘူးလား” လောင်မာက ပြန်လည်ပြောလိုက်သည်။
“ဘာဖြစ်ဖြစ် ကျုပ်တို့က ယာယီ မဟာမိတ်ပဲလေ။ သူတို့တွေက ကျုပ်တို့အတွက် တိုက်ခိုက်ပေးဖို့ သဘောတူသရွေ့ ဒါပဲ အရေးပါတာလေ”
“မင်းက အခြေအနေကို ရေတိုကြည့်နေတာကိုး။ ငါတို့တွေက စစ်ပွဲပြီးသွားရင် နောင်အနာဂတ်အတွက် ပြင်ဆင်ထားရမယ်”
“အဲဒါဆိုတော့ အာဏာတည်ဆောက်ချင်တာလား။ အဲဒါက နည်းနည်း မစောလွန်းဘူးလား” လောင်မာက စိုးရိမ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အဲ့လိုဖြစ်နိုင်ပါတယ်” သူက ယန်ကောဝေနှင့် ရှောင်စုန့်ရှီကို အာရုံစိုက်ထားသည်။ ထိုသူနှစ်ဦးက သူတို့စုဆောင်းထားသည့် သတင်းအချက်အလက်များမှ ခေါ်ယူဖို့ရာ အမြင့်ဆုံး မျှော်လင့်ချက်ရှိသူများ ဖြစ်၏။
လောင်မာက သက်ပြင်းချကာ မေးလိုက်သည်။
“သူတို့တွေကို ဘာလုပ်မှာလဲ။ ကောင်းကင်အလိုဆန္ဒ ပေးလိုက်မှာလား”