← Chapters

နှုတ်ခွန်းဆက်ခြင်း

Vol. 74 Ch. 1031

နှုတ်ခွန်းဆက်ခြင်း

Vol. 74 Ch. 1031

ဖေးလန်က ခေတ္တမျှစဉ်းစားလိုက်ပြီးသည့်နောက် “သူတို့ကို ကမ္ဘာရဲ့ လက်ရှိအခြေအနေကို ရှင်းပြလိုက်ဦး။ ပြီးတော့ သူတို့ရဲ့ အကျင့်စရိုက်နဲ့ ငါတို့ဘက်ကနေ ဘယ်သူက လိုလိုလားလား တိုက်ခိုက်ပေးချင်တယ်ဆိုတာ ဆုံးဖြတ်ပေးဖို့ နှလုံးသားစစ်ဆေးမှု ရောင်ပြန်ကြေးမုံကို သုံးလိုက်ဦး”

“အဲဒီနောက် သူတို့ကို ကောင်းကင်အလိုဆန္ဒ ပေးမှာလား”

“အင်း ဒါပေမဲ့ သူတို့ကို စာချုပ် အရင်ချုပ်ခိုင်းဖို့ မမေ့နဲ့” ဖေးလန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါ ကြေးမုံစမ်းသပ်ချက်ပြီးရင် ယန်ကောဝေနဲ့ ရှောင်စုန့်ရှီကို လာတွေ့လှည့်မယ်”

“သဘောအတိုင်းပါပဲ။ အဲ့လိုဆိုရင် ဧကရာဇ်ဝမ်အတွက် ဆုလာဘ်ကရော” လောင်မာက မေးလိုက်သည်။

“သူ့ကို ကတိပေးထားတဲ့အတိုင်း ပေးလိုက်”

ထိုသူများက ပထမအသုတ်သာ ရှိသေးပြီး သူက အတော်လေး ကျေနပ်နေမိသည်။ ကမ္ဘာက ဖရိုဖရဲအခြေအနေသို့ ဝင်ရောက်တော့မည် ဖြစ်ကာ သူတို့ဘက်က အဆင့်မြင့်ပါရမီရှင်များ လိုအပ်နေလေသည်။

……………………………………………………………….

ဝမ်ချီက သူစိမ်းဆီမှ သိုလှောင်လက်စွပ်တစ်ကွင်းကို လက်ခံရရှိပြီး အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ခေါင်းဆောင်က သူ့အား စစ်ဆေးကြည့်ရမည့်အရာများကို ပြောထားသည့်အတွက် အမှားအယွင်း မလုပ်လိုပေ။

“ကျေနပ်ရဲ့လား”

“ဟုတ်ကဲ့” ဝမ်ချီက ခေါင်းညိတ်လိုက်၏။

“အဲ့လိုဆို ကောင်းပြီလေ” လောင်မာက ပြောလိုက်သည်။

“ဒီအပေးအယူကို ကျုပ်တို့ဘက်ကလည်း သဘောကျတယ်။ ဒီမဟာမိတ် ဆက်လက်ရှိဖို့ မျှော်လင့်ပါတယ်”

“ဒါက ပထမအသုတ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ခေါင်းဆောင်က သတင်းစကားပါးဖို့ ပြောလိုက်တယ်။ နောက်တစ်သုတ်ကျရင် ဒီလောက်ပါရမီထူးမယ်လို့ မျှော်လင့်မထားပါနဲ့တဲ့။”

“အဲဒါက နားလည်လို့ ရပါတယ်” လောင်မာက ပြောလိုက်သည်။ သူက သမိုင်းကြောင်းကို ဖတ်ရှုဖူးသည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာသည် အမည်မသိ အကြောင်းအရင်းတချို့ကြောင့် ဒိုင်မေးရှင်းအနိမ့်တွင် ထူးကဲနေကြောင်း သိထားသည်။ ထို့ကြောင့် သူတို့တွင် ထာဝရအဆင့် ပါရမီရှင်များစွာ ရှိသည်က နားလည်၍ ရပေသည်။

“နောက်တစ်သုတ်က ဘယ်တော့ ရောက်မလဲ”

“ကျုပ်တို့တွေက တခြားကမ္ဘာ့အသိုက်အဝန်းက စုဆောင်းရဦးမှာဆိုတော့ နည်းနည်းတော့ ကြာလိမ့်မယ်”

“သိပြီ။ အဲ့လိုဆိုရင် ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကို ဆက်သွယ်ဖို့ နည်းလမ်း သိနေတာပဲ”

“ဒါနဲ့လေ… ”

“တခြားတစ်ခုခုများ ရှိသေးလို့လား” လောင်မာက မေးလိုက်၏။

“ဧကရီဝူကို တွေ့ဖို့နည်းလမ်းများ ရှိမလား မသိဘူး”

“သူမကို ဘာလို့ တွေ့ချင်တာလဲ”

“ကိုယ်ရေးကိုယ်တာ ကိစ္စလေးပါ”

လောင်မာက မျက်မှောင်ကြုတ်လိုက်ပြီး “ခဏလေးနေဦး။ ကျုပ်က ဒီလိုဆုံးဖြတ်ချက်ကို ချလို့မရသေးဘူး”

“ရပါတယ်။ အချိန်ယူပါ” ဝမ်ချီအနေဖြင့် သူမ သတင်းကို ရှာဖွေနေခြင်းအား လူသိရှင်ကြား မဖြစ်လိုပေ။ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်က သူ့အပြုအမူကို သေချာပေါက် သိသွားမည်ဖြစ်သည့်အတွက် ဤကျိုးပဲ့လွယ်သည့် မဟာမိတ် မပျက်စီးစေရန် နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားဖို့ရာ အကောင်းဆုံး ဖြစ်၏။

……………………………

“သူက ဧကရီဝူကို တွေ့ချင်တာလား” ဖေးလန်က မေးလိုက်သည်။ ပထမဦးစွာ လောင်မာက သူ့ကို စောစောစီးစီး ဆက်သွယ်လာသည့်အတွက် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု ထင်ထားခဲ့မိသည်။ သို့သော် ဤအကြောင်းအရင်းအတွက် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အကြောင်းအရင်းကို သိလား”

“သူက ဘာမှမပြောဘူး”

“မင်း မစုံစမ်းလိုက်ဘူးလား” သူတို့က အားနည်းသည့် ထာဝရအရှင်တစ်ယောက်ဆီမှ သတင်းအချက်အလက်ရဖို့ နည်းလမ်းများစွာ ရှိနေသည်။

“မရဘူး။ သူမနဲ့ ပတ်သက်နေတာဆိုတော့ ဂရုစိုက်တာ အကောင်းဆုံးလို့ ထင်ပြီးတော့ လာပြီးတင်ပြတာပါ”

ဖေးလန်က အသာညည်းတွားလိုက်သည်။

“မင်း မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တယ်။ သူ့ကို သတင်းအချက်အလက် ပေးပြီးတော့ သူ တကယ်သွားတွေ့လားဆိုတာကို စောင့်ကြည့်ခိုင်းလိုက်”

ထို့နောက် လောင်မာက ဝမ်ချီက မူလစည်းတံဆိပ်ကုန်းမြေကို မည်သို့ သွားရမည့်အကြောင်း ပြောပြခဲ့သည်။ သူက အချိန်မဖြုန်းဘဲ ဦးတည်ရာသို့ သွားနိုင်မည့် လမ်းကြောင်းကိုပင် ပြုလုပ်ပေးခဲ့၏။

မူလစည်းတံဆိပ်ကုန်းမြေက ကျယ်ပြန့်လွန်းပြီး ပြည်သူ ထရီလီယမ်ပေါင်းများစွာ ရှိလေသည်။ ဝမ်ချီက သူမက အလယ်တွင်ရှိသည့် နန်းဆောင်တွင် နေထိုင်မှန်း သိလျှင်ပင် သူ့ဇစ်မြစ်ဖြင့် ဧကရီဝူကို သွားရောက်တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း သိလေ၏။ ထို့ကြောင့် သူက ခေါင်းဆောင်၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ခဲ့သည်။

သူက စိတ်အာရုံစိုက်ထားပြီး ၉၀ ဒီဂရီဦးညွှတ်ကာ ရေရွတ်လိုက်၏။

“ခေါင်းဆောင်ရဲ့ အမိန့်အောက်မှာ ဝမ်ချီက ဧကရီကို လာရောက်တွေ့ဆုံပါတယ်။”

သူ့နဖူးအထက် ထူးကဲသည့် အရှိန်အဝါရှိသည့် သင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဝမ်ချီက သိပ်မစောင့်ဆိုင်းလိုက်ရဘဲ ဘေးပတ်ဝန်းကျင်က ပြောင်းလဲသွားသည်ကို ခံစားမိလိုက်ပြီး တခြားတစ်နေရာသို့ ရောက်ရှိသွားလေသည်။

သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည့်သူက ပြိုင်ဘက်ကင်းအလှတရား ရှိထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်နေခြင်း မရှိသော်လည်း စွမ်းအား၊ မြင့်မြတ်မှုနှင့် ခမ်းနားမှုတို့ကို ခံစားမိလိုက်သည်။ ဤသည်က သူမကို မြင်ဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။

ခေါင်းဆောင်က သေမျိုးဖြစ်စဉ်အချိန်ကတည်းက ဧကရီဝူ အဖော်ပြုပေးသည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ယခုက သူ မြင်တွေ့ခဲ့သူနှင့် လုံးဝကွဲပြားနေဟန်ပေါ်သည်။

“ဝမ်ဝေ့က မင်းကို လွှတ်လိုက်တာလား” ဝူဟုန်က မေးလိုက်သည်။

“ဟုတ် ဟုတ် … ဟုတ်ပါတယ်” ဝမ်ချီက ခေါင်းငုံ့ထားပြီး ထိုသို့အားကြီးကာ ပြီးပြည့်စုံမှုထံ စိုက်မကြည့်ရဲပေ။

“သူက ဘာလိုချင်တာတဲ့လဲ”

“ခေါင်းဆောင်က ဒါကို ပေးဖို့ ပြောလိုက်တာပါ”

သူက သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ကာ ပေးလိုက်၏။

ဝမ်ချီက သူ့လက်ဗလာကျင်းသွားမှန်း ခံစားမိလိုက်သော်လည်း ခေါင်းကို မော့မကြည့်ရဲပေ။

ထိုစဉ် ဝူဟုန်က သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းနှစ်ခုကို ထုတ်လိုက်သည်။ ကျောက်စိမ်းအဆောင်တစ်ခုနှင့် စာရွက်တစ်ခု ဖြစ်၏။

သူမက အကြမ်းဖျင်းကြည့်ပြီးသည့်နောက်တွင် စာရွက်ကို ဖွင့်ကာ ဖတ်လိုက်သည်။

[ နှုတ်ခွန်းဆက်လိုက်ပါတယ် …. ဘယ်လိုအခြေအနေရှိလဲ။ ဒီဟာက ပထမဆုံးစကားဝိုင်းအတွက် နည်းနည်းပျင်းရိစရာကောင်းမယ်ဆိုတာ သိပေမဲ့ ဒီစာကို အကြိမ်ထောင်ချီရေးပြီး ပြင်ပြီးတဲ့နောက်မှာ ကိုယ် မင်းကို ပြောချင်တဲ့ စကားတွေအတွက် အသင့်တော်ဆုံးပဲ။ မင်း အဆင်ပြေရတယ်ဆိုတာကို သိရတာ သတင်းကောင်းပဲ ဖြစ်မှာပါ။ ဘာဖြစ်ဖြစ် မင်းဆီကနေ သတင်းစကား ကြားချင်သေးတယ်။

မှတ်ချက် - အဆောင်ထဲမှာ အရူးကြီးချူးလို့ ခေါ်တဲ့ ပါရမီထူးကဲတဲ့ ကျင့်ကြံသူတစ်ယောက်ဆီကနေ တည်ရှိမှုအကြောင်း စမ်းသပ်ချက်တွေ ပါဝင်နေတယ်။ အဲဒါက မင်းရဲ့ ဒဏ်ရာအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သေချာဂရုတစိုက် သုံးပါ။ မင်း သူ့အမွေအနှစ်ကို လက်ခံလိုက်ရင် သူ့အပေါ် ကံကြွေး တင်သွားလိမ့်မယ်။

ထပ်တိုး မှတ်ချက် - ကောင်းကင်ဘုံအဆင့် အတားအဆီးကို ချိုးဖောက်ဖို့ အဆင့်(၁၁)အရင်းအမြစ်ထဲမှာ ဘယ်ဟာက အကောင်းဆုံးလဲ။ ကိုယ် တော်လှန်ရေးဘက်ကို မေးချင်ပေမဲ့ မင်းက သူတို့ထက် ပိုသိမယ်လို့ ထင်လို့ … ]

ဝူဟုန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ပေါ်ထွက်လာခဲ့ပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သူမက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် စာရွက်တစ်ရွက်ကို ထုတ်လိုက်၏။

“သူ့ကို ဒါပေးလိုက်” သူမက ပြောပြီးသည့်နောက်တွင် ဝမ်ချီ၏ လက်ထဲ စာတစ်စောင် ပေါ်လာခဲ့သည်။

“တခြားပြောစရာ ရှိသေးလား”

“မရှိတော့ပါဘူး”

“အဲဒါဆိုရင် သွားလို့ရပြီ”

လက်တစ်ချက်အဝှေ့တွင် ဝမ်ချီက အခန်းမှ ပျောက်ကွယ်သွားလေသည်။ ဝူဟုန်က သူမလက်ထဲမှ ပစ္စည်းနှစ်ခုကို ကြည့်လိုက်ပြီး အတွေးနက်နေမိသည်။ သူက စာကို ဂရုတစိုက်သိမ်းဆည်းပြီးသည့်နောက်တွင် အဆောင်ကို အာရုံစိုက်လိုက်၏။

သူမက အရူးကြီးချူးဟုခေါ်သည့် နာမည်ကို ကြားဖူးလေသည်။ ဒုတိယ မူလစစ်ပွဲအတွင်း ချီယွမ်က ထိုသူကို ရှာဖွေကာ သူ့အစီအစဉ်ကို ပြီးမြောက်အောင် ကူညီစေလိုခဲ့သည်။ သူတို့၏ အဖွဲ့က အရူးကြီးချူးအကြောင်း ကောလဟာလများစွာနောက် လိုက်ခဲ့ပြီး ရှာဖွေဖို့ ကြိုးစားခဲ့သော်လည်း အကြွင်းမဲ့ တားမြစ်ချက်ဖြစ်ရပ်အပြီးတွင်ပင် ရှာမတွေ့ခဲ့ပေ။ ကောလဟာလများအရ အရူးကြီးချူးသည် သူ တွေ့လိုသည့်သူကိုသာ တွေ့လေ့ရှိ၏။

သူမက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အမွေအနှစ်ကို လက်ခံလိုက်သည်။

…………………………………………………………………

ဝမ်ချီက သူသည် မူလစည်းတံဆိပ်ကုန်းမြေ၏ တခြားနေရာဆီ ရောက်နေမှန်း သဘောပေါက်သွားသည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက အချိန်ဖြုန်းမနေဘဲ ခေါင်းဆောင် ပေးထားသည့် သိုလှောင်လက်စွပ်ကို အသုံးပြုလိုက်သည်။ သူက ထူးထူးဆန်းဆန်း အငွေ့အသက်တစ်ခုက သူ့ကို ကာကွယ်ပေးနေသည်ကို ခံစားမိလိုက်သည်။ သူ့အနေဖြင့် ဒိုင်မေးရှင်းအနိမ့်ဆီ ဆင်းဖို့ရာ အတားအဆီးကို မခံစားရတော့ပေ။

အသင်္ချေအင်ပါယာကမ္ဘာနှင့် ဆက်နွယ်မှုမှတဆင့် ဝမ်ချီသည် ယခင် တက်လှမ်းသွားသည့်နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သူက ပလ္လင်အခန်းအတွင်း ပြေးဝင်သွားလိုက်၏။

“သူမက ဘာပြောသေးလဲ” ဝမ်ဝေ့က ဝမ်ချီကို မြင်သည်နှင့် မေးလိုက်သည်။

“ဟုတ် ဟုတ် … ဟုတ်ကဲ့” ဝမ်ချီက စာတစ်စောင်ကို ထုတ်လိုက်သည်။

ထိုစာက သူ့လက်ထဲက ဘယ်အချိန်မှာ ထွက်သွားမှန်း မသိပေ။

[ ပြန်ပြီးတော့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်မ အဆင်ပြေပါတယ်။ ရှင်ရော ဘယ်လိုလဲ။ ကျွန်မ ကြားထားသလောက် ရှင်က ဒိုင်မေးရှင်းအနိမ့်မှာ ကိစ္စကောင်းတွေ အတော်လေး လုပ်နေတယ်ဆို။

မှတ်ချက် - ဒါနဲ့ ရှင့်ကို အခုနဲ့ အရင်လက်ဆောင်အတွက် ကျေးဇူးတင်ရမယ်။ အချိန်ကျလာတဲ့အခါ ပြန်ပြီးတော့ တုံ့ပြန်ပါမယ်။

ထပ်တိုးမှတ်ချက် - အကောင်းဆုံးကတော့ ယွမ်တောက်အမြစ်ပဲ။ အဲဒါက တက်လှမ်းဖို့ အချိန်ပမာဏအနည်းဆုံး လိုပြီးတော့ ခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံအဆင့်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ သက်ရောက်မှုမျိုး ရှိတယ်။ ပြီးတော့ ရှေးဦးစွမ်းအင် စက်ဝန်းကိုလည်း တည်ငြိမ်ဖို့ အထောက်အကူ ဖြစ်တယ်။ ဒါပေမဲ့ အဲဒါက အရမ်းကို ရှားပါးတဲ့ ဆေးပင်ပဲ]

စာက တိုတောင်းလွန်းလှသော်လည်း ဝမ်ဝေ့က ထိုအရာကို ဖတ်ရင်း ပြုံးဖြီးနေမိသည်။ သူက ဝမ်ချီကို ကြည့်လိုက်မိပြီး ထာဝရကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် သူ့စိတ်မှတဆင့် သူမကို တစ်ဖန်ပြန်မြင်လိုက်ရသည်။ သူမ၏ ပြိုင်ဘက်ကင်း အလှတရားကို ကြည့်ကာ ရင်းနှီးနေသော်လည်း စိမ်းသက်နေသည့် ခဲဖြူရောင်ဆံပင်ကိုပါ မြင်လိုက်ရသည်။

ဤအချိန်တိုလေးအတွင်း သူက ကိစ္စများစွာကို အတည်ပြုနိုင်ခဲ့ပြီး သူ့ပုခုံးပေါ်မှ ဝန်ထုပ်ကြီးကို ဖယ်ရှားနိုင်ခဲ့သည်။ ယခုတွင် သူက သူမအနေဖြင့် သူ့အကြောင်း တစ်စုံတစ်ခုကို သိသွားခဲ့ကြောင်း သိလိုက်ရသည်။ အထူးသဖြင့် ကိုယ်ပွား၏ မှတ်ဉာဏ်များ သို့မဟုတ် သူ့ဘိုးဘေးဆီမှ ဖြစ်နေနိုင်သည်။ ပို၍အရေးကြီးသည်က သူမသည် သူ့ကို အနည်းဆုံး အခွင့်အရေးတစ်ခု ပေးလာပြီ ဖြစ်၏။

ဒါက သူမကို ပြန်ပိုးပန်းရတာလား…

သူတို့က အတူတူရှိဖို့ ရည်ရွယ်နေသရွေ့ အကြိမ်သောင်းချီ လုပ်ဆောင်နိုင်သည်။ သူ တွေ့သည့်သူနှင့် ကွဲပြားနေသည့် အချက်အတွက်မူ သူက စိတ်ထဲမထားပေ။ သူ့အနေဖြင့် အသစ်သူ မကို သိလိုပြီး သူမ၏ အရှိအတိုင်း လက်ခံပေးလိုသည်။

“ဟား ဟား ဟား”

ဝမ်ဝေ့က အရူးတစ်ယောက်လို ရယ်မောလိုက်၏။ ကမ္ဘာက သူ့အတွက် ဒုတိယအကြိမ် ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာတစ်ဝှမ်း လွှမ်းခြုံသွားသည့် ရွှေရောင်မိုးများ ပေါ်ထွက်လာသည့်အတွက် အားလုံးက အံ့အားသင့်သွားကြ၏။ သို့သော်လည်း လူများက ထိုမိုးသည် သေမျိုးများ၏ သက်တမ်းကို အနည်းဆုံးဆယ်နှစ်၊ အဆင့်နိမ့်နှင့် အလယ်အလတ် ကျင့်ကြံသူများအတွက် ငါးနှစ်၊ အဆင့်မြင့် ကျင့်ကြံသူများအတွက် တစ်နှစ် တိုးမြှင့်ပေးနိုင်ကြောင်း သိထားသည့်အခါ အားလုံးက ရူးသွပ်ကုန်ကြသည်။

……………………………………………………………

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်

ရှုရှစ်နှင့် ဆရာအုပ်စုက အပြင်ဘက်တွင် ရပ်ကာ မိုးမြေကြားမှ ထူးဆန်းသည့် မြင်ကွင်းကို ကြည့်နေကြသည်။

“ကောင်းကင်တာအိုက သူ ပျော်လို့ ကမ္ဘာ့အရင်းအမြစ်ကိုတောင် ဖြုန်းတီးပစ်နေတာပဲ။” ဆရာတစ်ယောက်က အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောလိုက်၏။

“ဒီလိုဆက်ဆံခံရဖို့ မိုးမြေဆီကနေ ဘယ်လောက်တောင် ချစ်မြတ်နိုးခံရမလဲဆိုတာကို သိချင်မိသား” အမျိုးသမီးဆရာမ တစ်ယောက်က အနည်းငယ် အားကျစွာ ရေရွတ်လိုက်သည်။

“အချစ်ခံရုံတင် မကဘူး။ အားကောင်းလွန်းတာကိုး”

“အဲဒါ အဟုတ်ပဲ”

“အနာဂတ်ကောင်းကင်ဧကရာဇ်တွေက သူ လုပ်ခဲ့တဲ့ အရာကို ပြန်လည်ဖန်တီးနိုင်မယ်လို့ထင်လား” စုန့်လီက မေးလိုက်သည်။

“သူတို့က ကမ္ဘာကို ပိုမိုကောင်းမွန်အောင် မပြောင်းလဲနိုင်သရွေ့တော့ မဖြစ်နိုင်လောက်ဘူး”

“လူတချို့က သူတို့ရဲ့ လွှမ်းမိုးမှု နာမည်ကျော်အောင် ဒီမြင်ကွင်းတွေတောင် အတုလုပ်ကြလိမ့်မယ်”

“ဟုတ်တယ်”

သူတို့က သူတို့၏ ဘိုးဘေးများထက် နိမ့်ကျနေခြင်းကို မည်သူကမှ ဝန်ခံဖို့ သဘောကျသည် မဟုတ်ပေ။ နှမြောစရာကောင်းလှစွာဖြင့် အချိန်အကြာကြီးနောက်တွင်ပင် ပထမဦးဆုံး ကောင်းကင်ဧကရာဇ်၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို မည်သူကမှ အနီးကပ်လိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အနေနှင့် လူတချို့သည် ထိုလှည့်ကွက်များကို အသုံးပြုလာနိုင်ကြောင်း နားလည်ထားကြ၏။

All Chapters