← Chapters

ပျော်ရွှင်မှု

Vol. 74 Ch. 1032

ပျော်ရွှင်မှု

Vol. 74 Ch. 1032

နောက်ဆုံးတွင် ဝမ်ဝေ့က အရယ်ရပ်သွားနိုင်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ သူက ထိုသူအား ကြည့်ပြီးသည့်နောက်တွင် စာကို သိုလှောင်လက်စွပ်ရှိ ဝူဟုန်၏ ပစ္စည်းများ ပြည့်နှက်နေသည့်နေရာတွင် ထည့်သိမ်းလိုက်သည်။ ထိုနေရာတွင် သူ ပြုလုပ်ထားသည့် ရွှံ့စေးရုပ်များပင် ရှိနေသည်။

“အာ အားနာပါတယ်”

“ကိစ္စမရှိပါဘူး” ဝမ်ချီက ပြောလိုက်သည်။ ဂိုဏ်းရှိ လူအားလုံးက ခေါင်းဆောင်သည် ဧကရီ ပျောက်ကွယ်သွားကတည်းက ဝမ်းနည်းမှုတချို့ကို သယ်ပိုးထားကြောင်း နားလည်ထားကြသည်။ သူ့အဆင့်က နိမ့်နေသေးသည့်အတွက် ထိုဖြစ်ရပ်များအကြောင်း သတင်းအချက်အလက် အကုန်မသိရသေးပေ။ သို့သော်လည်း ကိစ္စများက ကောလဟာလများလောက် ဆိုးရွားဟန်မပေါ်ပေ။

“ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပါဦး။ ဘာမှမချန်ခဲ့နဲ့”

ဝမ်ချီက သူ မြင်ခဲ့သမျှ၊ သင်ယူခဲ့သမျှ အကြောင်းအရာအားလုံးကို ပြန်လည်ရှင်းပြခဲ့သည်။ ဝမ်ဝေ့က ဂရုတစိုက် နားထောင်နေ၏။ ဤအချိန်တိုလေးအတွင်း သူက သတင်းအချက်အလက်များစွာကို ကောက်ချက်ချနိုင်ခဲ့သည်။

“အဲဒီလောင်မာကို ဘယ်လိုထင်လဲ” သူက မေးလိုက်သည်။

“သူက အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကြီးကြပ်ရေးမှူးလိုမျိုးတော့ ပြုမူနေတာ။ ဒါပေမဲ့ သူက သိပ်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ပြောရမယ်ဆိုရင် အဓိကဆုံးဖြတ်ချက်တွေကို မချနိုင်ဘဲနဲ့ တခြားလူဆီ ကြိုတင်အကြောင်းကြားပေးရတယ်။ အဲဒါက လှည့်ဖျားမဲ့ နည်းဗျူဟာလည်း ဖြစ်တော့ဖြစ်နေနိုင်ပါတယ်”

ဝမ်ဝေ့က သူ့စကားများကို ခေါင်းညိတ်လိုက်သော်လည်း လောင်မာ၏ အကျင့်စရိုက်နှင့် စွမ်းရည်ကို ချက်ချင်းမဆုံးဖြတ်သေးပေ။

ဝူဟုန်နှင့် သက်ဆိုင်သည့်အရာများကို အလျင်စလို ဆုံးဖြတ်ချက်ချဖို့ရာ အကျိုးအကြောင်းမသင့်မှန်း နားလည်ထားသည်။

“ဆုလာဘ်ကို ပေးပါဦး”

ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို လက်ခံရရှိစဉ် မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာခဲ့သည်။ သူက အထဲက ပစ္စည်းကို စစ်ဆေးမကြည့်ခင် လက်စွပ်ကို အာရုံစိုက်လိုက်၏။

ဒိုင်မေးရှင်းအမြင့်ရဲ့ ကျင့်ကြံရေးအဖွဲ့အစည်းက ဘယ်လောက်တိုးတက်နေလဲဆိုရင် ဒီလိုအရာမျိုးတောင် တည်ရှိနေတာပဲ…

သူက တွေးလိုက်မိသည်။ သေချာသည့် အဆင့်တစ်ခု ရောက်ပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်က ဘေးမကင်းတော့ပေ။ ပြောရလျှင် ထိပ်တန်းအင်အားကြီး ပုဂ္ဂိုလ်များက အာကာပြင်ကို အလွယ်တကူ ထိန်းချုပ်နိုင်၍ ဖြစ်၏။ တခြားနည်းဖြင့် ပြောရလျှင် ဧကရာဇ်တစ်ပိုင်းအဆင့်အတွက် သူတော်စင်အဆင့်နှင့်အောက် ကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်ထဲမှ သူတို့ကို အသိမပေးဘဲ ခိုးယူဖို့ရာ လွယ်ကူလှသည်။

အင်မော်တယ်အဆင့်အတွက်မူ ထိုကိစ္စက သာမန်ကိစ္စသာ ဖြစ်ပြီး သိုလှောင်လက်စွပ်မျှသာ မကပေ။ သူတို့ပစ္စည်းသိမ်းဆည်းဖို့ ကျင့်ကြံသူများ ဖန်တီးထားသည့် နေရာလွတ်ငယ်ကပင် ကာကွယ်သည့် အစီအရင်များ မထားသရွေ့ ထိုကိစ္စရပ်မျိုးကို ကြုံတွေ့ရနိုင်ချေရှိသည်။ အာကာပြင်၊ အစီအရင် မဟာတာအိုအရင်းအမြစ် သို့မဟုတ် နှစ်ခုလုံးကို ကျင့်ကြံထားသည့်သူများအတွက်မူ ထိုအရာများက အသုံးမဝင်ပေ။

မဟာမိတ်ဘက်မှ အသုံးပြုသည့် သိုလှောင်လက်စွပ်ကို လေဟာနယ်တားဆီးရေး သလင်းကျောက်ဟု ခေါ်ဆိုသည့် ပစ္စည်းဖြင့် ပြုလုပ်ထားလေသည်။ ထိုနာမည်အတိုင်း ထိုအရာသည် သူခိုးရန်မှ ကာကွယ်ပေးနိုင်သည်။ ထိုပစ္စည်းက သိုလှောင်လက်စွပ်၏ တည်နေရာကို ရှာတွေ့ခြင်းမှ တားဆီးဖို့ ကံများကိုပင် ပိတ်ဆို့ထားနိုင်သည်။

ဒီတစ်ခုက အဆင့်(၂)လေဟာနယ်တားဆီးရေး သလင်းကျောက် ဖြစ်လောက်တယ်။ အဲဒါဆိုတော့ အကောင်းဆုံးဧကရာဇ်တွေတောင် ဒီထဲက အရာကို ခိုးကြည့်နိုင်မှာ မဟုတ်ဘူး…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ နောက်ဆုံးတွင် သူက အထဲရှိ ပါဝင်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီး ရလဒ်နှင့်ပတ်သက်ပြီး ကျေနပ်နေမိသည်။

သူတို့၏ သဘောတူညီချက်အရ နောက်ဆုံးဆုလာဘ်သည် သူတို့ခေါ်ဆောင်လာသည့် ပါရမီအရည်အသွေးအပေါ် မူတည်နေသည်။ ပထမအသုတ်က အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်ခဲ့၏။ တော်လှန်ရေးဘက်အနေဖြင့် အသေးစိတ်ကို ဖြည့်ဆည်းပေးပြီး သူ့ကို နဂါးဇာမဏီအဆင့် ဝင်ရောက်ဖို့ ကူညီပေးနိုင်သည့် အရင်းအမြစ်များစွာ ပေးအပ်လာသည်။

“အလုပ်ကြိုးစားပေးတာ ကျေးဇူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက အစစ်အမှန်ကောင်းကင်တာအိုနဲ့ သဘောတူညီချက်တချို့ ရယူထားသော်လည်း ဝမ်ချီသာ ဂရုမစိုက်သလို ညွှန်ကြားချက်အတိုင်း မလုပ်ဘဲ ထိုဆုလာဘ်များဖြင့် ထွက်ပြေးဖို့ ဆန္ဒကို မခံနိုင်လျှင် အရာအားလုံးက အဆင်ပြေချောမွေ့နေမည် မဟုတ်ပေ။

“ဒါက ကျုပ်ရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ”

“ခင်ဗျားရဲ့ ဆုလာဘ်က ဂိုဏ်းမှာ စောင့်ကြိုနေတယ်”

ဝမ်ချီက ထိုစကားကို ကြားသည့်အခါ စိတ်လှုပ်ရှားမှုကြောင့် ထိန်းချုပ်မှုပင် ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ သူက ယဉ်ယဉ်ကျေးကျေး ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားခဲ့၏။ သို့သော်လည်း သူ ထွက်သွားပြီးနောက် မိနစ်ပိုင်းကြာမြင့်ပြီးသည့်အခါ တစ်စုံတစ်ယောက်က ဝမ်ဝေ့ကို လာရောက်တွေ့ဆုံခဲ့သည်။

“သား ဘာတွေများ အဲ့လောက်ပျော်နေတာလဲ”

“အမေ့ရဲ့ ချွေးမလေးဆီကနေ သတင်းစကား ရလိုက်လို့လေ”

ယုယန်က ရပ်တန့်လိုက်၏။ သူမက မတုံးအပေ။ ထို့ကြောင့် သူ့သားက ဘာမှမပြောသော်လည်း ဆက်ဆံရေးအခြေအနေကို ကောက်ချက်ချနိုင်သည်။ ပြောရလျှင် ဧကရီဝူက နာမည်ကျော်ကာ ကမ္ဘာတစ်ဝှမ်း ချစ်မြတ်နိုးခံရသည့် ထာဝရဧကရီတစ်ပါး ဖြစ်၏။

“အမလေး တော်သေးတာပေါ့။ အမေတော့ သားကို စိုးရိမ်စရာ မလိုတော့ဘူး”

“ဟင် … အဲဒါက ဘာကိုပြောတာတုန်း” ဝမ်ဝေ့က သူမ၏ လေသံသည် ထူးဆန်းသည်ဟု ခံစားမိကာ မေးလိုက်၏။

“သူမ ပျောက်သွားပြီးတဲ့နောက်မှာ သားက တစ်ယောက်တည်းပဲ ကျန်ပြီးတော့ ဘယ်တော့မှ မြေးမချီရတော့ဘူးလို့ ထင်နေတာ”

“ကျွန်တော်ရဲ့ ချောမောလှတဲ့ ရုပ်ရည်နဲ့ ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်ပါ့မလဲ”

“မင်းက သူမတစ်ယောက်တည်းကိုပဲ လိုချင်မှတော့ သူမက ငြင်းဆန်လိုက်ရင် မင်းက တစ်ကိုယ်တည်း ဖြစ်သွားမှာကို စိုးရိမ်နေခဲ့ရတာ”

ဝမ်ဝေ့က ရှုံ့မဲ့သွားကာ “အဲဒီအကြောင်း စိုးရိမ်စရာ မလိုပါဘူး။ အနည်းဆုံးတော့ အခုထိပေါ့”

“ကောင်းပြီလေ” ယုယန်က သူ့ကို လာရောက်စစ်ဆေးကြည့်ရုံမျှသာ ဖြစ်ပြီး စကားစမြည်ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားခဲ့သည်။ သူမ၏ အချိန်က နီးကပ်လာပြီဖြစ်သည့်အတွက် လေ့ကျင့်ဖို့ရာ လိုအပ်နေသည်။ သူမ ထွက်မသွားခင် ဝမ်ဝေ့က သူမ၏ ခန္ဓာကိုယ်အတွက် တစ်စုံတစ်ခုကို ပေးခဲ့၏။ သို့သော် သူမက ငြင်းဆန်ခဲ့သည်။

သူမနှင့် သူမ ခင်ပွန်းဖြစ်သူ ခုံရုံးကို အုပ်စိုးပြီးသည့်နောက်တွင် တာအိုပြန်လည်တည်ဆောက်ရေး မတိုင်ခင် ပွင့်ချပ်၇လွှာ စွမ်းအားကို ရယူဖို့ ရည်ရွယ်ထားခဲ့သည်။ ထိုလမ်းစဉ်က အန္တရာယ်များလှသော်လည်း အတွေ့အကြုံကမူ သူမအတွက် လေ့ကျင့်မှုတစ်မျိုး ဖြစ်လာလိမ့်မည်။

ထို့ကြောင့် သူမက ထိုရှားပါးအရင်းအမြစ်များသည် သူ့သား သို့မဟုတ် တခြားတစ်ယောက်အတွက် ချန်ထားသည်က အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်ထားကာ ငြင်းဆန်လိုက်ခြင်း ဖြစ်၏။

ယုယန် ထွက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က တတိယမြောက် ဧည့်သည်ကို ကြည့်လိုက်သည်။ ထိုသူ ဝင်ရောက်မလာခင်ကတည်းက အပြင်ဘက်မှ အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။

“ငါ့အချစ်ဆုံးမြေးလေး အဘိုးက မင်းကို လာတွေ့တယ်”

“ကျွန်တော်က တစ်ဦးတည်းသော မြေးလေ။ ဒီစကားက အဘိုး ထင်ထားသလောက် နားဝင်မချိုဘူး” သူက ပြန်အော်ကာ ပြောလိုက်၏။ ဝမ်ချန်းက ရယ်မောလျက် အခန်းအတွင်း ဝင်ရောက်လာခဲ့သည်။

“အဲဒါက ကောင်းတယ် မဟုတ်ဘူးလား။ ဘာဖြစ်ဖြစ် အဘိုးရဲ့ အချစ်ကို ဘယ်သူနဲ့မှ မျှဝေနေဖို့ မလိုတော့ဘူးလေ”

ဝမ်ဝေ့က မျက်လုံးဝေ့ကြည့်လိုက်၏။

“ဘာတွေများ အဲ့လောက်ပျော်နေရတာလဲ” ဝမ်ချန်က မေးလိုက်သည်။ သူက မိုးမြေကြားမှ အပြောင်းအလဲ တချို့ကို ခံစားမိ၍ ခေတ္တအနားယူဖို့ ထွက်လာခြင်း ဖြစ်သည်။

“သတင်းကောင်းတချို့ရှိတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အိုး”

“ကျွန်‌တော် နေမင်း၉စင်း ဧကရာဇ်ကို ရှာတွေ့ဖို့ နီးကပ်နေပြီ” ဝမ်ဝေ့က သူ့အဘိုး၏ မျက်ဝန်းအထက် တောက်ပမှုကို မြင်ကာ ပြောလိုက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။

“ကောင်းတယ်။ ကောင်းတယ်” ဝမ်ချန်းက ရေရွတ်လိုက်သည်။

“လတ်တလောလေး မင်းအဘွားနဲ့ ပြန်လည်ဆုံစည်းရတယ်ဆိုတဲ့ အိပ်မက်တွေ မက်နေတာ။ အခုတော့ အကြောင်းအရင်းကို နားလည်သွားပြီ”

ဝမ်ဝေ့က သူ့ကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်။

“အဘိုးရဲ့ ပြန်လည်ဝင်စားမှုက သေခြင်းတရားလိုမျိုး ဘာလို့ ပြုမူနေရတာတုန်း ”

“အဲ့လို မကြည့်စမ်းပါနဲ့။ ငါက တုံးအအ အရာတွေ မလုပ်ပါဘူး” ဝမ်ချန်က ပြောလိုက်သည်။

“အဲဒီဖြစ်စဉ်အတွင်း သူမကို မြင်ရနိုင်တယ်လို့ပဲ တွေးမိတာပါ”

“အဘိုးအတွက် တစ်ခုခု စီစဉ်ပေးစေချင်လား”

“မလိုဘူး။ မလိုဘူး။ ကံကိုသာ အပ်ထားလိုက်”

ဝမ်ဝေ့က မျက်လုံးဝှေ့ကာ ကြည့်လိုက်၏။ သူက ၅၀ကာရက် စိန်အရွယ်အစားရှိသည့် အစိမ်းရောင်သလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်သည်။

“ဒါက အဘိုးအတွက်”

“ဘာများလဲ”ဝမ်ချန်းက ထိုသလင်းကျောက်သည် နှလုံးလိုမျိုး ခုန်နေသလို ခံစားမိ၍ မေးလိုက်သည်။

“သစ်ပင်အိုကြီးဆီက နှလုံးသားကို တောင်းထားတာလေ။” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ဒီပစ္စည်းက သစ်သားနဲ့ အသက်ဓာတ်စွမ်းအားအမြောက်အများ ပါဝင်နေတာဆိုတော့ အဘိုး ကြိုက်သလို ပြင်းပြင်းထန်ထန် လေ့ကျင့်လို့ ရပြီ။ ဒါက အဘိုးကို ကုသပေးပြီးတော့ ခန္ဓာကိုယ်ကိုပါ အားဖြည့်ပေးလိမ့်မယ်”

ဝမ်ဝေ့က ထိုပစ္စည်းကြောင့် အံ့အားသင့်ခဲ့မိသည်။ သူက သူ့အဘိုးအတွက် သီးသန့်တောင်းဆိုထားသောကြောင့် အင်မော်တယ်အဆင့် အရင်းအမြစ် မဟုတ်ပေ။ သို့သော် ထိုသလင်းကျောက်တွင် ပါဝင်နေသည့် စွမ်းအားက များပြားလွန်းလှ၏။ သို့သော်လည်း သုံးသပ်ပြီးသည့်နောက်တွင် ထိုအရာက အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားခဲ့သည်။ ဒိုင်မေးရှင်းအမြင့်တွင် အိုဟောင်းသက်တမ်းကြီးရင့်သည်ဟု ယူဆနိုင်သည့်အရာက အနည်းဆုံး ယွမ်ခေတ်ကာလ တစ်ခုတော့ ရှိသင့်ပေသည်။

“အဲဒါဆိုတော့ ငါ ပိုပြီးတော့ လေ့ကျင့်နိုင်ပြီပေါ့” ဝမ်ချန်းက မေးလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ အဘိုး ဘာပဲဖြစ်ဖြစ် အနားတော့ ယူသင့်တယ်။ ဒီပစ္စည်းက ဝိညာဉ်စွမ်းအား ပြန်လည်အားဖြည့်တဲ့အပေါ်မှာတော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ စိတ်ပင်ပန်းမှုအကြောင်းက ထည့်တောင် မပြောရသေးဘူး”

“သိပါတယ် သိပါတယ်။ ဒါပေမဲ့ ဘယ်လိုသုံးရမှာလဲ”

“အဘိုးရဲ့ နှလုံးသားအကန့် တစ်ခုထဲမှာ ထည့်ထားလိုက်ရုံပဲ”

ဝှစ်

ဝမ်ချန်းက ထိုသလင်းကျောက်ကို သူ့နှလုံးသားအတွင်း တိုက်ရိုက်သာ ထည့်လိုက်၍ ဝမ်ဝေ့က ဆွံ့အသွားမိသည်။ ထိုသူက မျိုချကာ နှလုံးသားထိရောက်အောင် လမ်းကြောင်းကာ ပို့ဆောင်ပေးနိုင်သည်။ သို့သော် သူက ဤသို့ အကြမ်းဆန်သည့် နည်းလမ်းမျိုးကို အသုံးပြုခဲ့၏။

သူ့ကျင့်စဉ်က ဒီလိုမျိုးနာကျင်ရတာ ကြိုက်နေတာ မထူးဆန်းတော့ဘူး…

သူက တိတ်တဆိတ် ညည်းတွားလိုက်မိသည်။

“ကောင်းပြီ။ အဘိုး ပြန်ပြီးလေ့ကျင့်လိုက်ဦးမယ်” ဝမ်ချန်က ထွက်သွားဖို့ ပြင်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခု အမှတ်ရသွားဟန်ဖြင့် ပြောလိုက်၏။

“မင်းဆီမှာ အရင်တစ်ခေါက်က သေရည်တွေ ကျန်သေးလား”

ဝမ်ဝေ့က လက်ဝှေ့ပြီး သေရည်တစ်အိုးကို ထုတ်ပေးလိုက်သည်။

“တစ်အိုးတည်းလား။ နှမြောမနေ … ”

သူ့အတွေးတစ်ချက်ဖြင့် သူ့အဘိုးက ခုံရုံးမှ ပျောက်ကွယ်သွားကာ ဂိုဏ်းဆီ ပြန်ရောက်သွားသည်။ သူက ထိုသူ၏ အကြီးကို မလေးစားဘူးဟု ညည်းတွားသံများကို ကြားကာ ပြုံးလိုက်မိ၏။

ထို့နောက် သူက ဝါးမျိုရေးဇုန်ကို လှမ်းကြည့်လိုက်သည်။ ယခုအခါ ဇစ်မြစ်သစ်သီးကို ဘယ်အရာအဖြစ် ပြောင်းလဲရမည်ကို သိနေပြီဖြစ်၏။ သို့သော် သူ့အတွက် ပြဿနာတချို့ရှိလာခဲ့သည်။

အကယ်၍ သူသာ ထိုအရာကို အရည်အသွေး အကောင်းဆုံး ယွမ်တောက်အမြစ်အဖြစ် ပြောင်းလဲလိုပါက စွမ်းအားအမြောက်အများ ကျွေးဖို့ လိုအပ်လာသည်။

“ခေါင်းကိုက်စရာပဲ” သူက နောက်အဓိကဖြစ်ရပ်ကို စောင့်ဆိုင်းရင်း သီးသန့်ကျင့်ကြံရေး မဝင်ရောက်ခင် ရေရွတ်လိုက်မိသည်။

All Chapters