← Chapters

ပြန်ရောက်လာခြင်း

Vol. 74 Ch. 1033

ပြန်ရောက်လာခြင်း

Vol. 74 Ch. 1033

နှစ်၂၀၀ကုန်ဆုံးသွားပြီး လူများစွာက ကမ္ဘာကြီးသည် နောက်ထပ်ခုံရုံးအစည်းအဝေး မကျင်းပခင်အထိ တိတ်ဆိတ်နေလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော်လည်း ယနေ့ကား အမှတ်တရဖြစ်မည့် နေ့ရက်တစ်ခု ဖြစ်လာသည်။

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

“အချိန်ကျလာပြီလား”

သူက တစ်ကမ္ဘာလုံး၏ ချီကံကောင်းမှုကို ဆင့်ခေါ်ကာ အသင်္ချေအင်ပါယာကမ္ဘာထံ နယ်ခြားအကြည့်များကို တားဆီးဖို့ အသုံးပြုလိုက်သည်။ သူက ယခုဖြစ်လာမည့် ကိစ္စကို နည်းနည်းလေးမှ မပေါက်ကြားစေလိုပေ။

ဝုန်း

ကမ္ဘာတစ်ခုလုံးက ရုတ်တရက်ဆိုသလို ပြောင်းလဲသွားပြီး အမြင်ရုပ်လွှာများက နေရာတိုင်းတွင် ပေါ်ထွက်လာသည်။ အရှေ့ဘက်မှ အထွတ်အထိပ်သားရဲ၊ ဝိဇ္ဇာရွတ်ဖတ်သံ သို့မဟုတ် ဟောပြောသံများ၊ ရွှေကြာ၊ တာအိုအသံနှင့် ခရမ်းရောင်ချီတို့ပင် ထွက်ပေါ်လာသည်။ ထို့နောက် မြင့်မြတ်ကာ အံ့ဩဖို့ကောင်းလှဖွယ် အရှိန်အဝါရှိသည့် လူ၇ဦးက ကောင်းကင်အထက် ထွက်ပေါ်လာ၏။ ကမ္ဘာကြီးက လူ၇ယောက်ကို အသိအမှတ်ပြုကာ အဖြစ်အပျက်ကို သဘောပေါက်သွားလေသည်။

လူများစွာက ယခင် ကောင်းကင်ရွေးချယ်ခံဟောင်းများ၏ တိုက်ပွဲသည် မရိုးရှင်းဘဲ လျှို့ဝှက်ချက်ကြီး ရှိနေကြောင်း သဘောပေါက်သွားကြ၏။ ပြောရလျှင် ကောင်းကင်ခုံရုံးနှင့် ဆက်နွယ်နေလေ၏။ နှမြောစရာကောင်းလှသည်က အမှန်တရားကို သိသူများကပင် တိတ်ဆိတ်လျက် ကျန်ရှိနေသည်။

ထိုသူများက သူတို့တည်ရှိမှုကို ပြသပြီးသည့်နောက်တွင် ဝမ်ဝေ့နှင့် တွေ့ဆုံဖို့ ခုံရုံးဆီ သွားလိုက်ကြ၏။ ထို့နောက် သူတို့က အံ့အားသင့်သွားကြသည်။ သူတို့အနေဖြင့် သူ မည်မျှအားကောင်းကြောင်း သိထားခဲ့သော်လည်း လက်ရှိ သူတို့၏ အနေအထားဖြင့် ကိုယ်တိုင်တွေ့ကြုံရသည့်အခါ အမှန်တကယ် ကွဲပြားသည့် အတွေ့အကြုံတစ်ခု ဖြစ်နေသည်။

“အရှင်ကောင်းကင်ဧကရာဇ်ကို တွေ့ဆုံပါတယ်”

“စိတ်အေးအေးထားပါ” ဝမ်ဝေ့က ပြောလိုက်သည်။ ထိုသူများက သူ့ကို စစ်ဆေးကြည့်နေစဉ် သူကလည်း အတူတူ လုပ်ဆောင်နေ၏။ ယင်ကန်းက နဂါးဇာမဏီ ဆယ်ဆင့်မြောက်ထဲမှ တတိယအဆင့်အထိ ရောက်ရှိသွားခဲ့သည်။ သူ့တိုက်ခိုက်ရေးက ၅ဆတိုက်ခိုက်ရေးအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းဖန်ကလည်း ၅ဆတိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရောက်ရှိထားခဲ့သော်လည်း ယင်ကန်းထက် အနည်းငယ် နိမ့်ကျနေသေးသည်။

ကျန့်ဝူရွှမ်းက ၃ဆတိုက်ခိုက်ရေးနယ်ပယ်အဆင့်ကို ရယူထားသော်လည်း အထွတ်အထိပ်ဖြစ်၍ အနည်းငယ်သာ တွန်းအားရှိပါက လေးဆ တိုက်ခိုက်ရေးအဆင့်ထိ ရောက်လာနိုင်သည်။

ကျန်းပိယုက ၃ဆတိုက်ခိုက်ရေးအဆင့် ဖြစ်သော်လည်း သူမက အလယ်အလတ်မျှသာ ရှိသေးသည်။ ကျင်းဝူဟွားနှင့် ရှောင်စုန့်ရှီတို့က နှစ်ဆတိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားစဉ် ယန်ကောဝေကမူ တစ်ဆတိုက်ခိုက်ရေး စွမ်းအားသာ ရှိထားသည်။

သို့သော်လည်း ရှောင်စုန့်ရှီနှင့် ယန်ကောဝေတို့က အတုအယောင် ထာဝရဧကရာဇ်မျှသာ ဖြစ်၏။

ယန်ကောဝေက သူ့အဖေရဲ့ အပြုအမူတွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်သွားတာ။ ရှောင်စု့န်ရှီကလည်း ပင်လယ်မျိုးနွယ်မှာ ဖြစ်တဲ့ ကိစ္စတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေတာ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ကျင်းဝူဟွားအပါအဝင် ထိုသူနှစ်ဦးက အောင်မြင်လိမ့်မည်ဟု အာမခံချက်မရှိထားသည့် ထာဝရအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ သူတို့၏ စွမ်းဆောင်ရည်က ကောင်းကင်အလိုဆန္ဒကို စုပ်ယူနေစဉ် သူတို့၏ လုပ်ဆောင်ချက်အပေါ် မူတည်နေသည်။

ကျင်းဝူဟွား၏ စိတ်အခြေအနေက သူ့အဖေနှင့် စကားပြောဆိုပြီးသည့်နောက်တွင် ပိုအားကောင်းလာကာ ထာဝရဧကရာဇ် ဖြစ်လာခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုသူနှစ်ဦးက ကျရှုံးခဲ့၏။

“မင်းတို့တက်လှမ်းပြီးတဲ့နောက်မှာ တွေ့ကြုံခဲ့တာတွေကို ပြောပြပါဦး”

လင်းဖန်က ရှေ့ထွက်ကာ အားလုံးကို ရှင်းပြလိုက်သည်။ သူက ဘာမှဖုံးကွယ်ထားခြင်း မရှိပေ။ သူက သူတို့မြင်တွေ့သမျှ ၊ တွေ့ကြုံခဲ့သမျှ အသေးစားစမ်းသပ်မှု၊ စာချုပ်၊ ကောင်းကင်အလိုဆန္ဒ စုပ်ယူမှုနှင့် သူတို့၏ အင်အားစုများကို ဆက်သွယ်ခြင်းအပါအဝင် အရာအားလုံးကို ပြောပြခဲ့သည်။ ကံဆိုးစွာဖြင့် လင်းဖန်ကသာ ဧကရာဇ်ခုံဆီမှ အသိအမှတ်ပြုမှုတချို့ကို ရယူနိုင်ခဲ့ပြီး ကျန်သူအားလုံးက တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။

အဲဒါဆိုတော့ ဘာမှပြဿနာမရှိတဲ့ပုံပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

“အဲဒါဆိုတော့ စစ်ပွဲရဲ့ ယေဘုယျအခြေအနေကရော ဘယ်လိုလဲ”

“သူတို့က အခြေအနေတစ်ခုလုံးကို ရှင်းပြနိုင်တဲ့ သတင်းအချက်အလက် ကျောက်စိမ်းကို ပေးထားတယ်”

“ငါ့ကို ပြလို့ရမလား။ ဒါမှမဟုတ် ဒါက ဟန့်တားထားတဲ့ သတင်းအချက်အလက်တွေလား။”

“တချို့ကိစ္စအသေးစားလေးတွေကလွဲရင် အားလုံးကို ပြလို့ရပါတယ်” လင်းဖန်က သတင်းအချက်အလက်ကို ပို့ဆောင်ရင်း ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ထိုကိစ္စရပ်များက အသေးစိတ်မကျသည့်အတွက် သူ့အနေဖြင့် သတင်းအချက်အလက် ကျန်ခဲ့သည်လား သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့ဘက်က မသိသည်လား မသိရပေ။ ကံကောင်းစွာဖြင့် သူ မသိသေးရသည့် အရေးပါသည့် သတင်းအချက်အလက် တစ်ခုကို သင်ယူနိုင်ခဲ့၏။ မေတ္တယျနှင့် အန္တိမသဟဇာတတို့က လွန်ခဲ့သည့်နှစ်ရာပိုင်းခန့်ကတည်းက ပျောက်ကွယ်သွားကြလေသည်။

ပြောရလျှင် သူတို့က သူ ကောင်းကင်ဘုံအရှင် ကျိမင်ကို ဆက်သွယ်ခဲ့စဉ်အချိန်လောက်က ပျောက်ကွယ်သွားခြင်း ဖြစ်၏။

မေတ္တယျက ဒီကစားပွဲမှာ သူ့လွှမ်းမိုးမှုကို လျှော့ချဖို့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကနေ အတင်းအကြပ် ဖယ်ထုတ်လိုက်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့တွေက တခြားအကြောင်းအရင်းကြောင့် ပျောက်ကွယ်သွားကြတာလား…

ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက ကိစ္စများသည် တိုက်ဆိုင်လွန်းနေ၍ ရှေ့တစ်ခုသာ ဖြစ်လိမ့်မည်ဟု ထင်နေမိသည်။

သူက ထိုသိထားသည့် သတင်းအချက်အလက်များကို ပြန်လည်ပို့ဆောင်လိုက်သည်။ သူက အကြွင်းမဲ့တားမြစ်ချက်အပါအဝင် လမင်း ၇စင်း၊ နေမင်း ၂စင်းတို့၏ အာဏာမြင့်တက်မှုအကြောင်းနှင့် သူတို့၏ ဘက်ကွဲမှုအကြောင်းနှင့် ထူးကဲသာလွန်မှုလမ်းစဉ်ကိုပါ ပြောပြခဲ့သည်။ ဝမ်ဝေ့က သတင်းအချက်အလက် အမြောက်အများကို လျှို့ဝှက်ထားသော်လည်း တော်လှန်ရေးဘက်မှ သူတို့ကို ပေးထားသည့် သတင်းအချက်အလက်ထက် ပိုမိုပေးခဲ့၏။

ထို့နောက် ထိုသူများအား သတင်းအချက်အလက် နားလည်စေရန် ဆယ်မိနစ်ကြာ စောင့်ဆိုင်းခဲ့သည်။

“ငါက ဘာလို့ ဒီသတင်းအချက်အလက်တွေကို ပြောပြခဲ့တယ်ဆိုတာ သိလား”

လင်းဖန်က ထိုအကြောင်းအရင်းကို နားလည်သည့်အတွက် မလုံမလဲသာ ပြုံးလိုက်သည်။ ယခု သူတို့က အခြေအနေကို ပိုမိုနားလည်လာပြီဖြစ်သည့်အတွက် တော်လှန်ရေးဘက်က သူတို့၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူခြင်းမှ တားဆီးပြီး ဆုံးဖြတ်ချက်ကောင်းချဖို့ရာ ပိုမိုလွယ်ကူလာစေသည်။ ဝမ်ဝေ့၏ နည်းဗျူဟာက သူတို့အား ထိုသူများ၏ နယ်ရုပ်ဖြစ်လာခြင်းမှ တားဆီးပြီး သူ့နယ်ရုပ်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

“ကျုပ်တို့ကို ဒီသတင်းအချက်အလက် ပြောမပြသင့်ဘူး။ အထက်ကသူတွေဆီကနေ လျှို့ဝှက်ထားနိုင်မှာ မဟုတ်ဘူး” ယင်ကန်းက ပြောလိုက်သည်။

“ဘယ်သူကမှ ဒီသတင်းအချက်အလက်ကို တွက်ချက်ကြည့်လို့ရမှာ မဟုတ်ဘူး။ အဲဒါက အဲဒီနှစ်ယောက်နဲ့ ပတ်သက်နေတယ်လေ” သူက ရှင်းပြလိုက်သည်။

“အဲဒါဆိုတော့ မင်းတို့ရဲ့ မှတ်ဉာဏ်တွေကို ကာကွယ်ဖို့ပဲ ဂရုစိုက်ထားဖို့လိုတာ။ မင်းတို့ပြန်ရောက်တာနဲ့ မင်းတို့ရဲ့ အင်အားစုတွေကို ဒီသတင်းအချက်အလက်နဲ့ ဆက်နွယ်လိုက်ပေါ့”

သူက လင်းဖန်ကို ကြည့်လိုက်သည်။

“ဧကရာဇ်ခုံက တစ်စုံတစ်ခုကို သိထားလောက်တယ်။ ဒါပေမဲ့ ဒါက သူ့အတွက် အဖိုးတန်နေတုန်းပဲ။ မင်းတို့တွေအတွက်ကတော့ မင်းတို့ရဲ့ အင်အားစုတွေက ဒီသတင်းအချက်အလက်တွေကို ဘယ်လိုသိထားလဲဆိုတာကို သိချင်ပြီးတော့ ဆက်သွယ်ကြလိမ့်မယ်”

ဝမ်ဝေ့က လမင်းခုနစ်စင်းသည် သမိုင်းကြောင်းကို ပြောင်းလဲကာ လျှို့ဝှက်ချက်များစွာကို ဝှက်ထားသည်ဟု သေချာနေသည်။

“အဓိကပြဿနာက မင်းတို့နှစ်ယောက်ပဲ” သူက ယန်ကောဝေနှင့် ရှောင်စုန့်ရှီကို ကြည့်လိုက်သည်။

“ဧကရာဇ်ခုံက မင်းတို့ရဲ့ စိတ်ကို ကာကွယ်ပေးဖို့ ကူညီတာက ပြဿနာ မရှိဘူး။ အရှင်းဆုံးပြောရရင် မင်းတို့တွေက အကျိုးအမြတ်အတွက် သတင်းအချက်အလက်တွေကို ရောင်းမယ်ဆိုရင်တောင် ပြဿနာမရှိဘူး။ ဒါပေမဲ့ ဘယ်ဟာကို ရောင်းပြီး ဘယ်ဟာကို လျှို့ဝှက်ချက်အဖြစ် ထားရမယ်ဆိုတာကိုတော့ နားလည်သင့်တယ်”

လင်းဖန်က တိတ်တဆိတ် သက်ပြင်းချကာ ပြောလိုက်၏။ သူက နောက်ခံနိမ့်ကျသည့် သက်ရောက်မှုကို ခံစားနေရသည်။ ကံဆိုးစွာဖြင့် ကျောင်းတော်က သက်တမ်းနုကာ သမိုင်းကြောင်း လိုအပ်နေသေးသည့်အတွက် မတတ်နိုင်ပေ။

“မင်းတို့တွေက ဒီမှာ ဘယ်လောက်ကြာကြာနေနိုင်တုန်း”

“အများဆုံး နှစ်သုံးရာအထိပဲ။ ဒါပေမဲ့ စောစောစီးစီး ထွက်သွားတာ အကောင်းဆုံးပဲ”

သူတို့က ဒိုင်မေးရှင်းအနိမ့်ဆီ သက်ဆင်းလာသည်နှင့် အစစ်အမှန်ကောင်းကင်တာအိုဆီမှ သတိပေးချက်ကို လက်ခံရရှိလိုက်သည်။

“ဒီလိုဆိုရင် လုပ်စရာရှိတာ လုပ်ပြီးတော့ ထွက်သွားကြပေါ့”

အားလုံးက ဝမ်ဝေ့ကို အရိုအသေပေးပြီးနောက်တွင် အဘက်ဘက်သို့ ထွက်သွားကြသည်။

လင်းဖန်က ကျောင်းတော်၏ အပြင်ဘက်တွင် ပေါ်ထွက်လာပြီး ခုံရုံးဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

“ထူးကဲသာလွန်မှုလမ်းစဉ်လား”

သူက သူ့မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။ လူများစွာက သူ့ကို စောင့်ဆိုင်းနေသော်လည်း သူ့ဇနီးသည်ကိုသာ တိုက်ရိုက်သွားရောက်တွေ့ဆုံခဲ့၏။ သူက သူမကို ပွေ့ဖက်ထားပြီး စောစောလေးမှ အစည်းအဝေးအပါအဝင် တွေ့ကြုံခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြခဲ့သည်။

“အခြေအနေတွေက ပိုပြီးတော့ ရှုပ်ထွေးပြီးတော့ အန္တရာယ်များလာပြီ” ရှုရှစ်က သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ အန္တရာယ်ကများလေလေ အကျိုးအမြတ်က ပိုကြီးလေလေပဲ။ ပြီးတော့ ရှေ့ဆက်ရမဲ့ လမ်းစဉ်ကို သက်သေအခိုင်အမာ ရှိလာပြီ”

နေမင်းနှစ်စင်းက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ရှိလာသည့်အတွက် သုံးစွဲနိုင်သည့် နည်းလမ်း တည်ရှိနေသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

“ရှင်ပြောတာ ဟုတ်တယ်” ရှုရှစ်က ရောက်ရှိလာမည့် ကပ်ဘေးမှ မလွတ်မြောက်နိုင်ကြောင်း သိထားလေသည်။ သူမ၏ နှောင့်နှေးထားသည့် တက်လှမ်းမှုက ပိုမိုအားကောင်းဖို့ ပြင်ဆင်နေခြင်းသာ ဖြစ်၏။

“ထွက်မသွားခင် ဘယ်လိုလုပ်မယ်လို့ စီစဉ်ထားလဲ။ ဘယ်လောက်အချိန်ရလဲ”

“အဓိကကိစ္စက ကမ္ဘာဆီ ကံကြွေးပြန်ပေးဆပ်ဖို့ ဟောပြောပို့ချရမယ်”

“ရှင်က ကမ္ဘာဆီ ကံကြွေးတင်နေတုန်းလား”

“ဟုတ်တယ်။ ဒါပေမဲ့ မင်းတို့လောက်တော့ မများဘူး။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်ရဲ့ မွေးရပ်မြေဆိုတော့ အကောင်းဆုံး ဂရုစိုက်ပေးရမယ်လေ” လင်းဖန်က ပြောလိုက်သည်။

“ပြီးတော့ ဂိုဏ်းအတွက် အစီအရင်နဲ့ အသုံးအဆောင်ပစ္စည်းတွေထားဖို့ အချိန်လည်း ချန်ထားရဦးမယ်”

အစီအရင်ကို ခင်းကျင်းဖို့ လွယ်ကူသော်လည်း အသုံးအဆောင်ပစ္စည်းကမူ ပြဿနာတချို့ရှိလာနိုင်သည်။ အကယ်၍ ဂိုဏ်းဖက်က ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်ကို ပြင်ဆင်ထားပါက သူ့အနေဖြင့် မဟာတာအိုအရင်းအမြစ်ဖြင့် အားဖြည့်ကာ သူ့လက်နက်၏ ပုံရိပ်ယောင်ကို ပေါင်းစပ်ပေးလိုက်ဖို့သာ ဖြစ်၏။ သို့သော်လည်း သူတို့က ပိုမိုကောင်းမွန်သည့် ဧကရာဇ်အသုံးအဆောင်ကို သန့်စင်လိုလျှင် ပိုမိုကောင်းမွန်သည့် အရင်းအမြစ်နှင့် အချိန်များစွာ လိုအပ်လိမ့်မည်။

“အဲဒါဆို တာအိုဘိုးဘေး၊ ထာဝရအရှင်နဲ့ ဆန့်ကျင်ကျင့်ကြံသူတွေကရော”

“ဝမ်ဝေ့ နောက်တစ်သုတ် လဲလှယ်တဲ့ အချိန်ကျရင် တာအိုအရင်းအမြစ်မျိုးစေ့နဲ့ မသေမျိုးနန်းဆောင်ကို ပို့လိုက်မယ်” လင်းဖန်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။

“ဆန့်ကျင် ကျင့်ကြံသူအတွက်ကတော့ အရင်းအမြစ်နဲ့ လမ်းညွှန်ချက်တွေကိုတော့ ပြင်ဆင်ပြီးသွားပြီ။ ဒါပေမဲ့ မင်းအနေနဲ့ ကိုယ့်ကို ပြီးမြောက်အောင် ကူညီပေးဖို့ လိုတယ်”

“ရှင် အားလုံးပြင်ဆင်ထားတယ်ဆိုလည်း ပြီးတာပါပဲ” ရှုရှစ်က ခေါင်းညိတ်လိုက်သည်။

“အဲဒါဆိုရင် ကျွန်မတို့ရဲ့ အခြေအနေကရော ဆုံးဖြတ်ချက်ချပြီးပြီလား”

“အင်း ကိုယ့်အနေနဲ့ သူတို့ကို အဖော်ပြုပေးဖို့ အင်မော်တယ် ကိုယ်ပွားတစ်ယောက် ချန်ထားပြီးတော့ ကိုယ်တို့ကတော့ မဟာတာအိုလမ်းစဉ်နောက်ကို လျှောက်လှမ်းဖို့ တွေးထားတယ်”

လင်းဖန်က သူမဆီမှ စကားမကြားရသေးသည့်အတွက် အလျင်အမြန် ထပ်ပြောလိုက်သည်။

“ကိုယ့်ပင်မခန္ဓာကိုယ် အကြောင်း မသိအောင် သူတို့ရဲ့မှတ်ဉာဏ်တွေကိုပါ ပြောင်းလဲပစ်မှာပါ”

သူက အရာအားလုံးကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် သူ့အနေဖြင့် အားလုံးကို စွန့်ပစ်လိုက်ပါက သူ့အသိစိတ်ထဲ ဆိုးရွားနေလိမ့်မည်ဟု ခံစားမိနေသည်။

“အဲဒါက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေနိုင်ပါတယ်”

All Chapters