လျို့ဝှက်လုံခြုံရေး သေတ္တာ
Vol. 74 Ch. 1034
“ဒီမှာ မင်းအတွက်” လင်းဖန်က သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးကာ ပြောလိုက်သည်။
“ဒါက ဘာများလဲ”
“ကောင်းကင်တာအိုက ကိုယ်တို့တွေ ပြန်ယူရမဲ့ပစ္စည်းတချို့ကို ကန့်သတ်ထားပေမဲ့ လွတ်လမ်းတချို့တော့ ကျန်တုန်းပဲလေ။ အဲဒါကြောင့် မင်းအတွက် ရှားပါးအရင်းအမြစ်တချို့ ယူလာတာ။”
“ရှင်က ဒီပစ္စည်းတွေယူဖို့ ဘယ်လိုများ အချိန်ရလို့တုန်း” ရှုရှစ်က အံ့ဖွယ်ပစ္စည်းများဖြင့် ပါဝင်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မေးလိုက်၏။
“အဲဒါက တော်လှန်ရေးဘက်ကနေ ချေးလာတာ”
သူမက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒါက ပိုပြီးတော့ရှုပ်ထွေးမကုန်ဘူးလား”
“အဲ့လိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အနေနဲ့ အပိုတာဝန်တစ်ခုလောက် လုပ်ဖို့ပဲလိုတယ်။ အဲ့လိုဆိုရင် အကြွေးပြန်ဆပ်နိုင်တယ်”
“ကြားရတာ အန္တရာယ်များမဲ့ပုံပဲ”
“အဲ့လိုဖြစ်ပေမဲ့ ထိုက်တန်ပါတယ်” လင်းဖန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ပြီးတော့ ဒီကို ဖြစ်လာနိုင်ချေရှိတဲ့ အန္တရာယ်တွေကို ပြင်ဆင်ထားဖို့ ရောက်လာတာ”
ရှုရှစ်က သူ့ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။
ဒိုင်မေးရှင်းအနိမ့်တွင် မွေးဖွားသည့် ထာဝရဧကရာဇ်များက ဒိုင်မေးရှင်းအမြင့်တွင် ရှိသည့်သူများထက် အရေးသာချက်တစ်ခု ရှိလေသည်။ သူတို့က သူတို့၏ နာမည်နှင့် သမိုင်းကြောင်း ပါဝင်နေပြီး ကောင်းမွန်စွာ ကာကွယ်ထားသည့် လျှို့ဝှက်နယ်မြေများနှင့်အတူ သာမန်ကိုယ်ပွားတစ်ယောက်ကို ချန်ထားခဲ့နိုင်သည်။
ဒိုင်မေးရှင်းအနိမ့်က အစစ်အမှန်ကောင်းကင်တာအို၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည့်အတွက် စည်းမျဉ်းများကို အလွယ်တကူ ရှုပ်ထွေးဖို့ ခွင့်ပြုမထားပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ဒိုင်မေးရှင်းအနိမ့်မှ ထာဝရဧကရာဇ်ကို သုတ်သင်ဖို့ ကြိုးစားသည့်အခါ ကိုယ်ပွားနှင့် လျှို့ဝှက်နယ်မြေတို့က သူတို့အား အစစ်အမှန်ကောင်းကင်တာအိုဆီမှ အတားအဆီးကို ရင်ဆိုင်စေမည့် အဟန့်အတား ဖြစ်လာလိမ့်မည်။
ထိုဟာကွက်က ဒိုင်မေးရှင်းအနိမ့်ရှိ ထာဝရဧကရာဇ်များအတွက်သာ အကျုံးဝင်၏။ တခြားနည်းဖြင့် ပြောရလျှင် ဒိုင်မေးရှင်းအမြင့်တွင် မွေးဖွားသည့် လူတစ်ယောက်က အောက် ဆင်းသက်လာကာ တာအိုကို သက်သေပြလျှင်ပင် အစစ်အမှန်ကောင်းကင်တာအိုက ခွင့်ပြုပေးမည် မဟုတ်ပေ။ ထို့အပြင် သူတို့က အခွင့်အရေးတစ်ခုသာ ရှိပြီး ကိုယ်ပွား သို့မဟုတ် လျှို့ဝှက်နယ်မြေများ ပျက်စီးသွားလျှင်ပင် ပြန်လည်ဖန်တီးနိုင်မည် မဟုတ်ပေ။
“ကိုယ် ဝမ်ဝေ့နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်” လင်းဖန်က ပြောလိုက်သည်။ လျို့ဝှက်လုံခြုံရေး သေတ္တာက နာမည်အတိုင်း ထာဝရဧကရာဇ်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ထဲမှတစ်ခုဖြစ်ကာ တချို့သူများက သူတို့၏ တာအိုလက်တွဲဖော်ကိုပင် ပြောမပြကြသည့် အရာတစ်ခု ဖြစ်၏။ သို့သော်လည်း လင်းဖန်က သူ့လျို့ဝှက်လုံခြုံရေး သေတ္တာကို ဝမ်ဝေ့၏ အကြည့်အောက်မှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း သိလေ၏။
“သူ့တည်ရှိမှုက မျှခြေကို ချိုးဖောက်နေတာ” ရှုရှစ်က ပြန်ပြောလိုက်သည်။ ထာဝရဧကရာဇ်များက ပုံမှန်အားဖြင့် ခေတ်ကာလမဟုတ်လျှင်ပင် မျိုးဆက်ကွာဟတတ်ကြပြီး သူတို့၏ စွမ်းအားက တစ်ယောက်နှင့်တစ်ယောက် မကွာဟသည့်အတွက် သူတို့၏ လျို့ဝှက်လုံခြုံရေး သေတ္တာများကို ဝှက်ထားဖို့ လွယ်ကူလှသည်။ ကံဆိုးစွာဖြင့် ဤခေတ်ကာလက ရှုပ်ထွေးနေ၏။
“မင်းရော တစ်ခုခု တွေးမိသေးလား” သူက ဤအခြေအနေကို ဝေခွဲမရ မဖြစ်လို၍ မေးလိုက်သည်။
“ကျွန်မ စဉ်းစားမိတာက ရှင့်အနေနဲ့ ဖုံးကွယ်ဖို့ အရင်းအမြစ်တချို့ကို ရှာပြီးတော့ ပြန်ပို့လိုက်ရင်ရော။ ဒါပေမဲ့ အဲ့လိုအရာက အနည်းဆုံး အဆင့်(၁၁) ဖြစ်ရမယ်။ ကောင်းကင်တာအိုက အဲလိုပစ္စည်းမျိုးကို ဒိုင်မေးရှင်းအနိမ့်ဆီ ပို့ဆောင်ခွင့်ပြုမှာ မဟုတ်ဘူး”
“အဲ့လိုတော့ မဟုတ်သေးဘူး” လင်းဖန်က မှတ်ချက်ပေးလိုက်သည်။
“မင်း ပြောတဲ့အတိုင်း သူက မျှခြေချိုးဖောက်သူဆိုတော့ သူတို့ကြားမှာ အပေးအယူ ဒါမမဟုတ် သဘောတူညီချက် ရှိထားတယ်ဆိုရင်တောင် အစစ်အမှန် ကောင်းကင်တာအိုဘက်က လက်ခံပေးမှာ မဟုတ်ဘူး။ အဲ့လိုဆိုတော့ လုပ်လို့ ရနိုင်တယ်”
“ရှင်က အကောင်းဘက်က တွေးလွန်းနေပြီ။ ဝမ်ဝေ့ကို မျှခြေညီဖို့အတွက် မမျှမတ အရေးသာချက်ကို ပေးလိမ့်မယ်လို့ ထင်နေတာလား”
ကောင်းကင်ဘုံအဆင့် အရင်းအမြစ်ဖြင့် ဖုံးကွယ်ထားသည့် လျို့ဝှက်လုံခြုံရေး သေတ္တာက လင်းဖန်ကို အရေးသာချက် ရှိလာမည်ဖြစ်သော်လည်း ဖြစ်စဉ်အတွက် အောင်မြင်နိုင်ချေက နည်းပါးလှသည်။
“သူတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားတဲ့ အရာတစ်ခုကို ရှာမတွေ့သရွေ့ပေါ့။” သူက ပြောလိုက်၏။
“အဲ့လိုအရာက ရှိရော ရှိမှာမလို့လား။ တကယ်လို့ ရှိတယ်ဆိုရင်တောင် လက်ရှိအခြေအနေနဲ့ သူ့အပေါ် သုံးဖို့ ထိုက်တန်ရဲ့လား”
“အဲဒါကို စောင့်ကြည့်ရမှာပဲ”
“ဒီလိုဆိုရင် ရှင် ကြိုးစားကြည့်ပေါ့” ရှုရှစ်က သူအောင်မြင်ဖို့ရာ မျှော်လင့်နေမိသည်။ သူမသည်လည်း သူမ၏ လျို့ဝှက်လုံခြုံရေး သေတ္တာသည် လျှိုဝှက်ချက်တစ်ခု မဟုတ်ကြောင်း တွေးလိုက်မိလျှင် မသက်မသာ ခံစားနေမိသည်။ သူမက ဝမ်ဝေ့၏ မိတ်ဆွေတစ်ယောက် ဖြစ်သော်လည်း ထိုအရာက သူမ၏ ဘဝနှင့် ဘေးကင်းမှုတို့ ပါဝင်ပတ်သက်နေ၏။
လင်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်၏။
“ကိုယ်က တခြားတစ်ခုကို ပိုပြီးတော့ စိုးရိမ်နေမိတာ။”
“ဘာကိစ္စများလဲ”
“ကိုယ်တို့ကျောင်းတော်က တာအိုအခွင့်အလမ်းဂိုဏ်းလိုမျိုး ဧကရာဇ် ဆယ်ယောက်နဲ့ ထာဝရဧကရာဇ် သုံးယောက် ရှိနေပြီလေ”
“သူက ကျွန်မတို့ကို ရင်ဆိုင်လာမှာကို စိုးရိမ်နေတာလား”
“အဲဒီကိစ္စကိုတော့ ထည့်ပြီးစဉ်းစားရမယ်”
“အဲ့လိုဆိုရင်တော့ ရှင်က ဘာမှမဟုတ်တာကို စိုးရိမ်နေတာပဲ”
“အဲဒါက ဘာကိုပြောတာလဲ”
“တကယ်လို့ သူကသာ ကျွန်မတို့ကို ခြိမ်းခြောက်မှုလို့ မြင်တယ်ဆိုရင် ရှင့်ကို အစကတည်းက တာအိုသက်သေပြခွင့်ပြုမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ဒီမျိုးဆက်အတွင်းပေါ့”
လင်းဖန်က မျက်မှောင်ကြုတ်လိုက်ပြီး “အဲဒါဆိုတော့ ကိုယ်တို့အင်အားစုနှစ်ခုရဲ့ အခြေခံအုတ်မြစ် ကွာဟချက်က ဒီလောက်တောင် ကြီးမားသွားပြီလား”
“အဲ့လိုဖြစ်မှာ စိုးရတယ်” သူမက ပြောလိုက်သည်။
“သူ ကျွန်မတို့ကို အားကောင်းဖို့ ခွင့်ပြုပေးထားတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူ့ဂိုဏ်းအပေါ်မှာရှိတဲ့ မျှခြေညီစက်ယန္တရားရဲ့ အဟန့်အတားကို လျှော့ချရအောင်လို့ပဲ။ အဲ့လောက်တောင် သူတို့က အားကောင်းလာတယ်ဆိုတဲ့ သဘောပဲ”
လင်းဖန်က ညည်းတွားလိုက်မိသည်။
ပထမဦးစွာ ထိုအရာ ဒိုင်မေးရှင်းအမြင့်တွင်ဖြစ်ပြီး ယခုအခါ ဤနေရာတွင် ဖြစ်လာပြန်သည်။ သူက ထိုကိစ္စကို အာရုံများစွာ မစိုက်ဖို့ ဆုံးဖြတ်ထား၏။ ဒိုင်မေးရှင်းအမြင့်တွင် ဧကရာဇ်ခုံကို ကူညီ၍ ကျောင်းတော်အား အားအကောင်းဆုံး အင်အားစုတစ်ခုဖြစ်အောင် ပြုစုပျိုးထောင်သင့်သည်။
“သွားကြစို့။ လူတော်တော်များများက စောင့်နေကြတာ” သူက သူမနှင့် ပြောဆိုပြီးသည့်နောက်တွင် ကျောင်းတော်၏ အထက်ပိုင်းနှင့် တွေ့ဆုံဖို့ ထွက်သွားလိုက်သည်။
…………………………
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က ဧည့်သည်နှစ်ယောက်ကို လက်ခံတွေ့ဆုံလိုက်၏။ ယန်ကောဝေနှင့် ရှောင်စုန့်ရှီတို့ ဖြစ်သည်။ သူက ယန်ကောဝေကို ဆင့်ခေါ်ခဲ့သော်လည်း ရှောင်စုန့်ရှီက သူ့အလိုလို လိုက်ပါလာခြင်း ဖြစ်၏။ စကားစမြည်ပြောပြီးသည့်နောက်တွင် ရှောင်စုန့်ရှီက ချက်ချင်း ထွက်ခွာသွားခဲ့သည်။
“မင်းနဲ့ ဘာလို့စကားပြောချင်တာလဲဆိုတာကို ခန့်မှန်းမိမှာပါ”
“ကျုပ်အဖေကိစ္စလား” ယန်ကောဝေက မေးလိုက်သည်။
“ဟုတ်တယ်” ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်၏။
“ငါ တဲ့တိုးပဲ ပြောမယ်။ ငါ့အဘိုးရဲ့ တာအိုနှလုံးသားက ပြစ်ချက်ရှိနေပြီးတော့ မင်းအဖေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ လိုအပ်နေတယ်”
ယန်ကောဝေ၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေ၏။ သူက ကိစ္စတချို့ကို ထပ်ခါထပ်ခါ စဉ်းစားကာ ပြောလိုက်သည်။
“သူ လုပ်ခဲ့တဲ့အရာကို ကျုပ်က သဘောမတူပေမဲ့ ကျုပ်အဖေ ဖြစ်နေတုန်းပဲလေ”
“အား အနိုင်ရရှိတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သေစရာ မလိုဘူးဆိုတော့ကျတော့ ဘာမှစိုးရိမ်စရာ မလိုဘူး”
ယန်ကောဝေက တုံ့ဆိုင်းနေမိပြီး သူ့မျက်နှာအထက် အမူအရာက ပြသနေသည်။ သို့သော် သူက ကောင်းကင်ဧကရာဇ်ဆီ တင်ရှိနေသည့် ကံကြွေးကို စဉ်းစားပြီးသည့်နောက်တွင် ဝန်လေးစွာဖြင့် သဘောတူလိုက်၏။
“ဒါက မင်းအတွက်” ဝမ်ဝေ့က သူ့ကို အဆောင်တစ်ခု ပေးလိုက်သည်။
“မင်းအဖေရဲ့ တည်နေရာကိုရဖို့ ဆက်သွယ်လိုက်ရုံပဲ။ ဒါပေမဲ့ သူက မင်းကို မတွေ့ချင်ရင်တော့ ဒီအဆောင်က မင်းရဲ့ အရန်အစီအစဉ် ဖြစ်လာလိမ့်မယ်”
“ကျုပ် နားလည်ပါပြီ” သူက ရေရွတ်လိုက်သည်။
“တခြားတစ်ခုခုများ ရှိသေးလား”
“မင်းရဲ့ ဇစ်မြစ်က ပြဿနာ ဖြစ်လာသေးလား”
“မဖြစ်ပါဘူး။ သူတို့တွေက ဘာမှမပြောကြဘူး။ အစတုန်းက ကျုပ်အတွက် ကောင်းကင်အလိုဆန္ဒက နှောင့်နှေးနေမယ်လို့ ထင်ထားခဲ့တယ်ဆိုတာ အဲ့လိုကိစ္စမျိုးလည်း ရှိမလာခဲ့ဘူး”
“သူတို့က ဘာမှမပြောတာတော့ ထူးတော့ ထူးဆန်းသားပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ကျုပ်လည်း အဲ့လိုပဲ ခံစားနေမိတာ”
“ဘာမှစိုးရိမ်နေစရာ မလိုပါဘူး။ ကြည့်ရတာ မင်းက ခြိမ်းခြောက်မှု ဖြစ်လာမှာမျိုးကို မစိုးရိမ်တာနဲ့ သူတို့ဘက်က မင်းကို ပင်မအဖွဲ့ဝင်အဖြစ် မသတ်မှတ်ထားလို့လည်း ဖြစ်နေနိုင်တယ်။”
“အဲ့လိုလား”
“အဲဒါက ကိစ္စကောင်းတစ်ခုပါပဲ။ အဓိကပင်မအဖွဲ့ဝင် မဖြစ်ဘူးဆိုတာက မင်းအနေနဲ့ ဆိုးဆိုးရွားရွားတာဝန်တွေကို စေလွှတ်မခံရတော့တာပေါ့။ ဒါပေမဲ့ မင်းအနေနဲ့ အစားထိုးလို့ရတဲ့ နယ်ရုပ် မဖြစ်အောင်တော့ ဂရုစိုက်ရမယ်”
“ကျုပ် သတိထားပါ့မယ်”
ဝမ်ဝေ့က သူ့ကို ပြန်လွှတ်ကာ အဝေးတစ်နေရာသို့ကြည့်ပြီး မျက်လုံးအသာမှိတ်ကာ စောင့်ဆိုင်းလိုက်၏။ သူက သိပ်ကြာကြာမစောင့်လိုက်ရဘဲ ကျန်းပိယုက လာရောက်တွေ့ဆုံခဲ့သည်။
“ဘာလို့များ လာတွေ့တာလဲ” သူက မေးလိုက်စဉ် သူမကို အပြင်ဘက် လမ်းလျှောက်ထွက်ဖို့ ခေါ်လာခဲ့သည်။
“ကျွန်မက ကိစ္စတစ်ခုလောက် လာပြီး အကူအညီတောင်းတာပါ” ကျန်းပိယုက တိုက်ရိုက်သာ ပြောလိုက်၏။
“ကျွန်မက ရှင့်အပေါ်မှာ ကံကြွေးအမြောက်အများ တင်ရှိနေတယ်ဆိုတာကို သိပေမဲ့ ကျွန်မလည်း မတတ်နိုင်ဘူးလေ”
“အကူအညီတဲ့လား။ မင်းရဲ့ အလုပ်ရှင်ကို ဘာလို့မတောင်းဆိုရတာလဲ”
“အလုပ်ရှင်တဲ့လား” သူမက သူတို့၏ အခြေအနေအရ ထိုသူများကို ရည်ညွှန်းဖို့ ထူးထူးဆန်းဆန်း နည်းလမ်း ဖြစ်သည်ဟု စဉ်းစားမိကာ ခေါင်းအသာယမ်းလိုက်သည်။
“ကျွန်မတို့က အဲ့လောက်ယုံကြည်ရတဲ့ အနေအထား မရောက်သေးဘူး”
“အဲဒါက နားလည်လို့တော့ ရပါတယ်။ ဒါပေမဲ့ အခု ဘာလိုတာလဲ”
“နှလုံးသား ၅ခုကို နောက်ယောင်ခံပြီးတော့ သတ်ပစ်ဖို့”
“သူမကို နောက်ယောင်ခံလိုက်ချင်တာကိုတော့ နားလည်လို့ရပါတယ်။ ဘာလို့ ကိုယ်တိုင် မလုပ်ချင်တာလဲ”
“မဟုတ်ဘူး။ ကျွန်မ သူမကို တတ်နိုင်သမျှ မြန်မြန် ပျောက်ကွယ်သွားစေချင်တယ်”
သူမက ကောင်းကင်အလိုဆန္ဒကို စုပ်ယူရင်းဖြင့် ပြဿနာတက်လုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍ သူမ၏ သန့်စင်လွန်းသော စိတ်နှလုံးပါရမီကြောင့်သာ မဟုတ်လျှင် ယန်ကောဝေနှင့် ရှောင်စုန့်ရှီလိုမျိုး ဖြစ်သွားနိုင်၏။ ထိုကိစ္စအပြီးတွင် သူမက ထိုပြဿနာကို တတ်နိုင်သမျှမြန်မြန် ပယ်ချပစ်ဖို့ ဆုံးဖြတ်ခဲ့သည်။
“ကောင်းပြီလေ” ဝမ်ဝေ့က လက်ကိုအသာမြှောက်ကာ အဆောင်နှစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအဆောင်တွင် ရည်ရွယ်ချက် နှစ်ခုပါဝင်ပြီး ကံတွက်ချက်မှုနှင့် ယင်ယန်တွက်ချက်မှုတို့ဖြင့် ပစ်မှတ်ကို ရှာပြီး သူ့ဆီမှ အားကောင်းသည့် တိုက်ခိုက်မှုကို စည်းပိတ်ထားခြင်း ဖြစ်သည်။
“ကျေးဇူးပါ။ ကျွန်မ ကျေးဇူးကြွေး ပြန်ဆပ်ပါ့မယ်လို့ ကတိပေးပါတယ်”
ဝမ်ဝေ့က ပြုံးလိုက်သော်လည်း ဘာမှဆက်မပြောပေ။ သူက နှလုံးသား၅ခု၏ ဧကရာဇ်အသုံးအဆောင်ကို စိတ်ဝင်စားနေမိသည်။ တချို့သော ကိစ္စများက သူ့အတွက် ကံမဆက်စပ်ပေ။ ထိုပစ္စည်းက ကံကြမ္မာကို လျစ်လျူရှုထားလောက်အောင် မထိုက်တန်ပေ။
ကျန်းပိယုက ဓာတ်ငါးပါးမျှခြေညီ နန်းဆောင်ဆီ ပြန်သွားလိုက်ပြီး သူမ ပုခုံးထက်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်မိသည်။ ယခု သူမက နန်းဆောင်နှင့် ဆက်ဆံရေး ပြန်လည်ပြုပြင်ဖို့ကိုသာ အာရုံစိုက်ထားနိုင်မည် ဖြစ်၏။
ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၌ ဖြစ်ပျက်ခဲ့သမျှအရာအပြီးတွင် မည်သူ့ကိုမှ အပြည့်အဝ ယုံကြည်၍ မရပေ။ သူမက သူတို့၏ အကြောင်းအရင်းကို နားလည်ထားသော်လည်း အနည်းငယ် အာရုံထွေပြားကာ ဂိုဏ်းနှင့် သူမကြားမှ ဆက်ဆံရေးကို တစ်ဖက်ဆီက လိုချင်သည့်အရာကို ရယူမည့် အပေးအယူ ကိစ္စသဘောမျိုးသာ မြင်တွေ့ဖို့ ရွေးချယ်ခဲ့သည်။
သို့သော်လည်း အထက်ပိုင်းရှိ အခြေအနေများကို မြင်တွေ့ကာ အားကောင်းသည့် နောက်ခံ၏ အရေးပါမှုကို သဘောပေါက်ပြီးသည့်နောက်တွင် သူမက ဒိုင်မေးရှင်းအမြင့်နှင့် ပြဿနာမတက်စေရန် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ချင်မိသည်။