← Chapters

သွေးအရင်းအမြစ်အားဖြည့်မှု

Vol. 74 Ch. 1035

သွေးအရင်းအမြစ်အားဖြည့်မှု

Vol. 74 Ch. 1035

ရွှေကျီးမျိုးနွယ်

“အားလုံးပြင်ဆင်ပြီးသွားပြီလား” ကျင်းဝူဟွားက မေးလိုက်သည်။

“ကျုပ်တို့တွေ နည်းနည်းတော့ အချိန်ထပ်လိုလိမ့်မယ် ထင်တယ်”

ကျင်းဝူဟွားက မျက်မှောင်ကြုတ်လိုက်ပြီး အစိမ်းဝတ်ရုံနှင့် လူလတ်အမျိုးသားအား ကြည့်လိုက်သည်။ အကယ်၍ သူမ မှတ်မိထားသည်သာ မှန်ကန်ပါက သူသည် ကျီး(၂)ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားပြီး သူ၏ စီမံခန့်ခွဲရေးစွမ်းရည်များအတွက် နာမည်ကျော်သူတစ်ဦး ဖြစ်သည်။

“ရှင်တို့ကို ကြိုတင်ပြင်ဆင်ထားဖို့ ပြောပြီးသားလို့ ထင်နေတာ”

ကျီး(၂)က ချက်ချင်းဆိုသလို မျက်နှာပူသွားလေသည်။ ကျင်းဝူဟွားက သူမအနေဖြင့် သူမ တာအိုသက်သေပြပစ္စည်းကို ဆင့်ကဲပြောင်းလဲပြီးသည့်နောက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် အသုံးအဆောင်ပစ္စည်းကို အဘယ်ကြောင့် လိုချင်မှန်း သူတို့ကို ပြောမပြခဲ့ပေ။ သူတို့က သူမ၏ လိုချင်သည့် အကြောင်းအရင်းကို ခန့်မှန်းထားသင့်သော်လည်း သူမက တာအိုကိုသက်သေပြဖို့ နောက်ထပ် အခွင့်အရေးရလာလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့မိကြပေ။

“ဘယ်လောက်ကြာမှာလဲ” သူမက မေးလိုက်သည်။

“ကျုပ်တို့ကို နှစ်၂၀ပဲ ပေးပါ။ အဲ့လောက်ဆိုရင် ပြီးပါပြီ”’

“နှစ်၂၀လား။ အဲဒါက ကြာလွန်းတယ်။ ရှင်တို့ကို ဆယ်နှစ်ပဲ ပေးနိုင်တယ်။ တကယ်လို့ အဲဒီအချိန်မှာ မပြီးဘူးဆိုရင်တော့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းနဲ့ ကံမပါဘူးလို့ပဲ မှတ်လိုက်ကြပေါ့”

ကျီး(၂)က ရှုံ့မဲ့သွားသော်လည်း ဘာမှမပြောရဲပေ။

“ကျုပ်တို့တွေ ပြီးအောင် လုပ်ထားလိုက်ပါမယ်”

ကျင်းဝူဟွားက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက သူ့ကို မေးလိုက်သည်။

“ဘာလို့ ထွက်မသွားသေးတာလဲ”

“ဆွေးနွေးစရာကိစ္စလေး တစ်ခုရှိနေလို့ပါ”

ကျင်းဝူဟွားက သူ၏ သတိထားသည့် လေသံကို အာရုံခံမိခဲ့သည်။

“ကွေ့ပတ်မပြောနေနဲ့”

“အဲဒါက ယန်မျိုးနွယ်နဲ့ပါ”

“သူတို့ကို သုတ်သင်ပစ်ချင်ဖို့ ကျွန်မ အကူအညီ လိုချင်တာလား”

“သုတ်သင်ပစ်ဖို့ မဟုတ်ပါဘူး။ အဲ့လိုဆိုရင် ယန်ကောဝေနဲ့ ပြဿနာ တက်သွားနိုင်တယ်လေ။ ဒါပေမဲ့ သူတို့ကို နေမင်းအပေါ်က မောင်းထုတ်ဖို့ ဖြစ်နိုင်မလား”

“အိပ်မက်မက်နေလိုက်” ကျင်းဝူဟွားက တဲ့တိုးသာ ပြောလိုက်၏။

“ကောင်းပြီ။ ထွက်သွားတော့”

ကျီး(၂)က ဤရလဒ်ကို မှန်းဆထားပြီးသားဖြစ်သည့်အတွက် တိတ်တဆိတ်သာ သက်ပြင်းချလိုက်သည်။ သူက မျိုးနွယ်၏ ယခင်ခေါင်းဆောင်ဟောင်းကို တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။ ထိုကောင်စုတ်က လောဘကြီးကာ ဧကရာဇ်အရိုးအား သူ့သားကို ကောင်းကင်ရွေးချယ်ခံ ဖြစ်စေဖို့ အသုံးပြုလိုခဲ့သည်။ အဆိုးဆုံးအခြေအနေမှာ ထိုသူသည် သူ့မျိုးဆက်မှ တခြားသူများကို ဖျောင်းဖျနိုင်ခဲ့ပြီး သူ့တုံးအအ အစီအစဉ်ကို စီမံလုပ်ဆောင်ခဲ့ကြသည်။ သူ့အမှန်တရားကို သိသွားသည့်အချိန် မျိုးနွယ်နှင့် ကျင်းဝူဟွားကြားတွင် အစိုင်အခဲရှိနေပြီးသား ဖြစ်၏။

ကျီး(၂)က အခန်းမှ ထွက်လာပြီး ခေါင်းငိုက်စိုက်ဖြင့် လျှောက်လှမ်းလာလေသည်။ သူက သူဆွေးနွေးလိုသည့် တတိယကိစ္စကိုပင် မပြောခဲ့ရပေ။

မဟာတာအိုအရင်းအမြစ် ဆေးကြောမှုအကြောင်း ဖြစ်၏။ တစ်စုံတစ်ခုက သူတို့မျိုးနွယ်သည် ထိုအရေးပေးမှုကို မျှော်လင့်မထားသင့်ကြောင်း ပြောပြနေသည်။

ကျင်းဝူဟွားက တိတ်တဆိတ်သာ ကြည့်နေရင်း နှာခေါင်းရှုံ့လိုက်မိသည်။ သူမအနေဖြင့် ဤမျိုးနွယ်စုအပေါ် တင်ရှိနေသည့် ကံကြွေးကို ပြန်လည်ပေးဆပ်ပြီးသည့်နောက်တွင် ဤနေရာမှ မြန်မြန် ထွက်သွားလိုမိသည်။

ထို့နောက် သူမက အသင်္ချေအင်ပါယာကမ္ဘာကို ဟောပြောပို့ချပြီး သူမ၏ လျို့ဝှက်လုံခြုံရေး သေတ္တာအတွက် ပြင်ဆင်ရမည်။ သူမ၏ အာရုံစိုက်မှုက ဒိုင်မေးရှင်းအမြင့်ရှိ အဖွဲ့ခွဲနှင့် ရောက်ရှိလာမည့် စစ်ပွဲကို အလေးထားထားသည်။

……………………………

ဓားရေးစံအိမ်

“အခြေအနေက ဒီလောက်ဆိုးလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး” ကျန့်ရှားက ပြောလိုက်သည်။

“အနည်းဆုံးတော့ ငါတို့ဘိုးဘေးတွေဆီက သတင်းတချို့ရှိရသေးတယ်ဆိုတော့ သတင်းကောင်းလို့ပဲ ပြောရမှာပေါ့”

“ကျွန်တော်တို့တွေ အကောင်းမြင်တာက အကောင်းဆုံးပဲ”

“မှန်တယ်” ကျန့်ရှားက ပြောလိုက်သည်။

“မင်းရော သတိထားဦး”

“ဟုတ်ကဲ့ပါ”

“မင်းရဲ့ ရည်မှန်းချက်ကရော ဘယ်လိုလဲ”

“ သတင်းအချက်အလက်တချို့တော့ ရထားပြီးပြီ” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။

“သူတို့တွေက အကြွင်းမဲ့ဓားရေးလမ်းစဉ်အကြောင်းကို သိထားကြပေမဲ့ အစွန်းရောက်ဓားသမားတွေက ဖိနှိပ်ထားကြတယ်လေ”

“အဲဒါဆိုရင် ပြဿနာ တက်မသွားနိုင်ဘူးလား”

“ပြဿနာက ရှိလည်းရှိတယ်။ မရှိလည်း မရှိဘူး” ကျန့်ဝူရွှမ်းက ပြန်ဖြေလိုက်သည်။

“ပြောရမယ်ဆိုရင် လက်ရှိမှာ စံပြအဆင့်အစွန်းရောက် ဓားသမား မရှိသေးတော့ အခြေအနေက ကိုင်တွယ်လို့ ရသေးတယ်။ ပြီးတော့ တစ်စုံတစ်ယောက်က ဝင်စွက်ဖက်နေတော့ အခြေအနေတွေက အရမ်းကြီးမဆိုးရွားဘူးဆိုတာ သိလိုက်ရတယ်”

“တစ်ယောက်ယောက်က ဝင်စွက်ဖက်နေတာတဲ့လား။ လမင်းတွေကို ပြောချင်တာလား”

“အဲ့လိုဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ သိထားတဲ့အတိုင်း ကျွန်တော်တို့ဓားသမားတွေက မာနကြီးဝင်တော့ သူတို့စကားကို ဘယ်လိုလုပ် နားထောင်မှာလဲ”

“အဲဒါဆိုတော့ ဒီအခြေအနေကို ငြိမ်ကျသွားစေနိုင်တဲ့ အရမ်းအားကောင်းပြီးတော့ လေးစားခံ ဓားသမားတစ်ယောက်ပေါ့။ ဘယ်သူများပါလိမ့်”

“ကျွန်တော်လည်း အဲ့ဒါကို မသိသေးဘူး။ စုံစမ်းခဲ့သမျှအားလုံးကတော့ ဝေဝေဝါးဝါးပဲ ပြောကြတယ်။ ကျွန်တော်လည်း သံသယ မဖြစ်စေချင်တာနဲ့ နက်နက်နဲနဲတော့ မစုံစမ်းခဲ့ဘူး” ကျန့်ဝူရွှမ်းက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ခင်ဗျား ပြောတဲ့အတိုင်း အရမ်းအားကောင်းပြီးတော့ နာမည်ကျော်ဓားသမားကပဲ ဒီလိုလွှမ်မိုးမှုမျိုးကို ရှိနေနိုင်တာ။ အခု နောက်တာဝန်က အဲဒီလူအကြောင်းနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ရှာဖို့ပဲ”

“သူတို့က မင်းနဲ့ ရည်မှန်းချက်တူနေမယ်လို့ ထင်နေတာလား”

“ဖြစ်နိုင်တယ်” ကျန့်ဝူရွှမ်းက ခေါင်းညိတ်လိုက်သည်။

“အဲဒီသတင်းတွေအပြီးမှာ အစွန်းရောက်ဓားသမားတွေက ဒီဓားလမ်းစဉ်အသစ်က မိုးမြေရဲ့ ရေစီးကြောင်းဖြစ်လာပြီးတာ သိလာပြီးတဲ့နောက်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်လာကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ လွှမ်းမိုးမှုရှိနေပေမဲ့ အဲဒီသူက မီးတောက်ကို ထပ်ပြီးတော့ အားဖြည့်မဲ့အစား ငြိမ်ကျသွားစေဖို့ ရွေးချယ်ခဲ့တယ်။ အဲဒါဆိုတော့ သူတို့က ဒီဖွံ့ဖြိုးတိုးတက်မှုက လက်ရှိအာဏာပိုင်းဆိုင်ရာ အခြေအနေကို သက်ရောက်မှု မဖြစ်စေချင်တဲ့ သဘောရှိတယ်။ ဒါပေမဲ့ သတိထားဖို့တော့ လိုအပ်သေးတယ်”

“အဲ့လိုဆိုရင်တော့ စုံစမ်းရမယ်။ ဒါပေမဲ့ လမ်းစဉ်အသစ်ရဲ့ ကြမ္မာကို ယူဖို့က ရိုးရှင်းတဲ့ အရာ မဟုတ်ဘူးဆိုတာကိုတော့ မင်း သဘောပေါက်သင့်တယ်”

“ဒါပေါ့” ကျန့်ဝူရွှမ်းက မတုံးအသည့်အတွက် ရှေ့တွင်ရှိနေသည့် အခက်အခဲများကို သိနေသည်။ ထာဝရဧကရာဇ်ငယ် တစ်ယောက်က ဤကံကြမ္မာအလေးချိန်ကို ထမ်းဆောင်ဖို့ အိပ်မက်သာ မက်နိုင်လေ၏။ ထို့အပြင် သူ့ရည်မှန်းချက်ကို ရောက်ရှိဖို့ လိုအပ်သည့် အဓိကအရာကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ အားကောင်းသည့် အင်အားစုဆီမှ ထောက်ခံမှု ဖြစ်၏။

ဓားရေးစံအိမ်က ထိုလိုအပ်ချက်များနှင့် ကိုက်ညီဟန်ပေါ်သော်လည်း ကိစ္စများက ပြောသည့်အတိုင်း မရိုးရှင်းလှပေ။ သူ့အနေဖြင့် စီနီယာများနှင့် ဘိုးဘေးများက ဤလမ်းစဉ်အသစ်ကို ထောက်ပံ့ပေးမည်လား သို့မဟုတ် သူတို့ခေါင်းမာသည့်အတိုင်း ကျန်ရှိမည်လား မသိရသေးပေ။

အကယ်၍ ထိုကိစ္စက သူရင်ဆိုင်ရမည့်အခြေအနေ ဖြစ်လာပါက သူ့အနေဖြင့် တစ်ယောက်တည်း လုပ်ဆောင်ရလိမ့်မည်။

“အချိန်က မင်းဘက်မှာ မရှိဘူး” ကျန့်ရှားက ပြောလိုက်သည်။

“ဝမ်ထျန်းက နောက်မျိုးဆက်မှာ တက်လှမ်းလာလိမ့်မယ်ဆိုတော့ မင်းဆီမှာ သိပ်များများစားစား အချိန်ရမှာမဟုတ်ဘူး။ ကောင်းကင်ဧကရာဇ်က သူ့အဖေအတွက် လမ်းထွင်းဖို့ မင်းကို ဖိနှိပ်ဖို့ ဆုံးဖြတ်လိုက်ရင် မင်းရဲ့ အခြေအနေက ပိုပြီးတော့ ဆိုးရွာသွားနိုင်တယ်”

ကျန့်ဝူရွှမ်းက တိတ်ဆိတ်ကာ အဝေးတစ်နေရာကို ကြည့်လိုက်၏။

“ဝမ်ဝေ့က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး”

“ဘာလို့ အဲ့လောက် သေချာနေရတာလဲ”

“အကြောင်းအရင်းနှစ်ခုကြောင့်ပါ။ ဝမ်ထျန်းက ဓားသမားဖြစ်ပြီးတော့ ကျွန်တော်တို့လိုမျိုး မာနကြီးတယ်။ သူ့သားကို ဒီလိုကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်ပြုမှာ မဟုတ်ဘူး။ ဒုတိယအနေနဲ့ ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ပါရမီရှင်လေ့ကျင့်ပေးတဲ့ သဘောထားကို အမွေဆက်ခံထားတယ်လေ။ သူက ကျွန်တော်ကို သူ့အဖေအတွက် ဓားသွေးကျောက်လိုမျိုး သတ်မှတ်လိမ့်မယ်”

“မင်း မှန်နေနိုင်ပါတယ်။ ဒါပေမဲ့ မင်းက ကံကောင်းမှုအပေါ် မှီခိုလွန်းသလိုပဲ” ကျန့်ရှားက သူလောက် ယုံကြည်ချက် မရှိပေ။

“ကျွန်တော်အပေါ် လက်ရှိခြိမ်းခြောက်မှုက ဝမ်မျိုးနွယ် မဟုတ်ဘူး”

“ခြိမ်းခြောက်မှုဖြစ်နိုင်တာ ဘယ်လိုရှိသေးလို့လဲ”

“ကျိလန်ဖန်းလို့ ခေါ်တဲ့ ဓားသမားပဲ” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။

“ကျွန်တော် တက်လှမ်းပြီးတဲ့နောက်မှာ အထွတ်အထိပ် ဓားသမားတချို့ကို ခံစားမိခဲ့တယ်။ သူက အန္တရာယ်အကြီးဆုံးပဲ”

“သူက တကယ်ကို ခြိမ်းခြောက်မှုတစ်ခုပဲ” ကျန့်ရှားက ပြောလိုက်သည်။ ကျိလန်ဖန်းက ဤမျိုးဆက်မှ ဖြစ်သည့်အတွက် ကျန့်ဝူရွှမ်းနှင့် ယှဉ်ပြိုင်ရလိမ့်မည်။ စံအိမ်မှ ကောက်ချက်ချမှုအရ ကောင်းကင်ဧကရာဇ်ခေတ်ကာလသည် အဆုံးမဲ့လေဟာနယ် တစ်လျှောက် ပျံ့နှံ့သွားမည်ဖြစ်ကာ ကျိလန်ဖန်း၏ တက်လှမ်းမှုကို နှောင့်နှေးထားသော်လည်း ကောင်းကင်ဧကရာဇ်နှင့် တူညီသည့် အချိန်ဝန်းကျင်တွင် ထွက်ခွာသွားရလိမ့်မည်။

“အဲဒါဆို ဘာဆက်လုပ်မှာလဲ”

“အလျင်မလိုဘူး။ ကျွန်တော် အရင်ဆုံး ဒိုင်မေးရှင်းအနိမ့်က ကံကြွေးကို ပြန်လည်ပေးဆပ်ပြီးတော့ တချို့အရာတွေကို ပြင်ဆင်ရဦးမယ်”

……………………………………………………….

ခန္ဓာတာအိုချိုင့်ဝှမ်း

“ချိုင့်ဝှမ်းသခင်ကို ကြိုဆိုပါတယ်” ထိုအသံက လူထောင်ချီက တစ်ပြိုင်နက်ပြောလိုက်သည့်အတွက် မိုးမြေကြား ပဲ့တင်ထွက်သွားသည်။ ယင်ကန်းက အားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။

သူက သူတို့သည် အဘယ်ကြောင့် စိတ်လှုပ်ရှားနေမှန်း နားလည်လေသည်။ ချိုင့်ဝှမ်း၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဘိုးဘေးကသာ စစ်မှန်သည့် ခန္ဓာကိုယ်လေ့ကျင့်သူတစ်ဦး ဖြစ်ခဲ့၏။ ကျန်သူများကမူ လမ်းစဉ်နှစ်ခု ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုဧကရာဇ်များက သေဆုံးမည့် စတေးမှုမျိုးကို မလုပ်လိုဘဲ ချီကျင့်ကြံသူအနေဖြင့် တာအိုကို သက်သေပြဖို့ ရွေးချယ်ခဲ့ကြသည်။

သို့သော် ယနေ့တွင် ခန္ဓာတာအိုချိုင့်ဝှမ်းက ဒုတိယမြောက် သန့်စင်သည့် ခန္ဓာကိုယ်လေ့ကျင့်သူက ကောင်းကင်အလိုဆန္ဒကို ရယူကာ တာအိုသက်သေပြနိုင်ခဲ့ပြီ ဖြစ်၏။ မှတ်တမ်းများအရ ယင်ကန်း၏ အောင်မြင်မှုသည် ဘိုးဘေးထက်ပင် ကျော်လွန်နေသည်။

“စိတ်အေးအေးထားကြပါ” သူက ပြောလိုက်သည်။

ချိုင့်ဝှမ်းက သူ့အိမ် ဖြစ်လေ၏။ ထို့ကြောင့် ယင်ကန်းက သူတို့၏ အုတ်မြစ်ကို သူ့အကောင်းဆုံးစွမ်းရည်ဖြင့် တိုးမြှင့်ပေးလိုသည်။ သူက ဂိုဏ်းအတွက် နေရာမှာပင် သွေးအဆီအနှစ် အားဖြည့်မှုကို စတင်ခဲ့သည်။

သူ့လိုမျိုး ခန္ဓာကိုယ်လေ့ကျင့်သည့် ဧကရာဇ်များက မဟာတာအိုဆေးကြောမှုကို အသုံးမပြုနိုင်သော်လည်း သူ့အဆီအနှစ်မှ သွေးစက်ဖြင့် ထိုသူများကို အာဟာရ ဖြည့်ပေးနိုင်သည်။ ထိုဖြစ်စဉ်က ဆေးကြောမှုနှင့် တူညီသည့် သက်ရောက်မှုမျိုး ရှိသော်လည်း သွေးချီနှင့် ခန္ဓာကိုယ်လေ့ကျင့်ရေး ပါရမီအပေါ် အလေးထားထားသည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ယင်ကန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ကောင်းကင်ဧကရာဇ်က လုပ်ဆောင်လျှင်ပင် သူ့လောက် ကောင်းကောင်းလုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သိထားသည်။ အကြောင်းအရင်းက သူ့လက်ရှိခန္ဓာကိုယ် လေ့ကျင့်ရေးအဆင့်သည် ပိုမိုမြင့်မားနေသည့်အတွက် မဟုတ်ပေ။ ပြောရလျှင် သူသည် ခန္ဓာကိုယ်ချည်းသာ ကျင့်ကြံထားသည့်အတွက် သူ့အဆီအနှစ်က အသန့်စင်ဆုံးဖြစ်နေ၍ ဖြစ်သည်။

နောက်တစ်ဆင့်ကမူ သူ့ကျမ်းကို ချိုင့်ဝှမ်းဆီ ချန်ထားခဲ့ခြင်း ဖြစ်၏။ ကောင်းကင်အလိုဆန္ဒကို စုပ်ယူနေစဉ် ယင်ကန်းက သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ခဲ့ရုံသာမကပေ။ ကောင်းကင်အလိုဆန္ဒက သူ့အား စကြဝဠာ၏ အမှန်တရားတချို့ကို ပြသလာခဲ့သည်။

ကောင်းကင်အလိုဆန္ဒကို စုပ်ယူနေသည့် ဖြစ်စဉ်အတွင်း သူ့အနေဖြင့် စကြဝဠာ၏ အနှစ်သာရများနှင့် ပတ်သက်ပြီး သင်ယူခဲ့ရကာ သူ့မူလကျမ်းကို ပြောင်းလဲပြီး အနာဂတ်ကျင့်ကြံရေးအတွက် ပြင်ဆင်ပေးခဲ့သည်။

ခန္ဓာကိုယ်လေ့ကျင့်ရေးနှင့် စိတ်ဆန္ဒသဏ္ဌာန်ခြင်းနှင့် ပတ်သက်လာသည့်အခါ ယင်ကန်းက ဒိုင်မေးရှင်းအနိမ့်တွင် သူက အကောင်းဆုံးလား မသိသော်လည်း ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်မည်တော့ သိနေသည်။

သူ့နားလည်မှု ရလဒ်ကမူ သူ့ဖုတ်ကောင်ပညာရပ်ကို မြှင့်တင်ခဲ့ခြင်း ဖြစ်၏။ သူက ထိုအရာကို ကျင့်ကြံဖို့ရာအတွက် ပထမဦးဆုံး ဖုတ်ကောင် ဖြစ်လာရမည့် ဆိုးကျိုးကို လျှော့ချနိုင်ခဲ့ပြီး အဆင့်မြှင့်တင်ထားခဲ့သည်။

ထိုနည်းစနစ်ကို ယင်သန့်စင်ရေးပညာရပ်ဟု ခေါ်ဆိုသင့်သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူက နဂိုနာမည်အတိုင်းသာ ထားရှိခဲ့သည်။

ထိုကျမ်းအပြင် ယင်ကန်းက သွေးအသုံးအဆောင်ပစ္စည်းတစ်ခုနှင့်အတူ သူ့အရိုးများကို ကြားခံနယ်အဖြစ် အသုံးပြုထားသည့် အစီအရင်ကိုပါ ခင်းကျင်းပေးခဲ့သည်။

All Chapters