← Chapters

စတေးမှု

Vol. 74 Ch. 1036

စတေးမှု

Vol. 74 Ch. 1036

မဟာယဲ့တိုင်းပြည်

ရှောင်စုန့်ရှီက သူ့အမေနှင့် ညီမဖြစ်သူကို လာရောက်တွေ့ဆုံခဲ့၏။

“အခုကစပြီး ညီမတို့တိုင်းပြည်က ဧကရာဇ်မျိုးနွယ် ဖြစ်သွားပြီပေါ့” သူ့ညီမက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောလိုက်သည်။

“ဒါပေါ့”

“ဟီး ဟီး အခုတော့ ကမ္ဘာကြီးမှာ ခေါင်းမော့ပြီး လမ်းလျှောက်နိုင်ပြီ”

“အရင်တုန်းကရော အဲ့လိုမလုပ်ဖူးလို့လား” အမေရှောင်က ပြောလိုက်သည်။ ထို့နောက် သူ့သားဖြစ်သူကို ကြည့်ကာ ပြောလိုက်၏။

“အမေ သားအတွက် ဂုဏ်ယူတယ်”

ရှောင်စုန့်ရှီ၏ မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။

“အင်း အခု လူတွေက ညီမတို့ကို လုပ်ခဲ့တဲ့ ကိစ္စတွေကို နောင်တရနေလောက်ပြီ” ညီမရှောင်က ပြောလိုက်၏။

“ဘာလို့ အဲ့ကိစ္စကို ထုတ်ပြောနေရတာတုန်း”

“ဒီအတိုင်းပြောလိုက်ရုံပါ”

“အမေပြောတာမှန်တယ်။ ဒီနေ့ ဒီလိုမျိုးပျော်ရွှင်နေတဲ့ ကိစ္စမှာ အဲ့လိုကိစ္စတွေ ထုတ်ပြောဖို့ မလိုဘူး” ရှောင်စုန့်ရှီက သူ့မိသားစုနှင့် ပျော်ရွှင်သော နေ့ရက်ကို ကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်သည်။ သူက စိတ်ပူမှာစိုး၍ ဒိုင်မေးရှင်းအမြင့်ကို သွားမည့်ကိစ္စအကြောင်း သို့မဟုတ် တော်လှန်ရေးကိစ္စအကြောင်းလည်း ပြောမပြခဲ့ပေ။ မိသားစုညစာစားပွဲအပြီးတွင် သူက မေးလိုက်၏။

“အမေတို့မှာ ရွေးချယ်စရာ ရှိတယ်”

“ဘာရွေးချယ်စရာလဲ”

“အမေတို့တွေ အခု မသေမျိုးဖြစ်ချင်လား ဒါမှမဟုတ်ဘူးဆိုရင် ကျွန်တော် ဒိုင်မေးရှင်းအမြင့်မှာ အခြေကျပြီးတော့ အမေတို့ကို ခေါ်တဲ့အထိ စောင့်ဆိုင်းချင်လား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ ကောင်းကင်အလိုဆန္ဒ ရဖို့က လွယ်တယ်။ အမေတို့နှစ်ယောက်လုံး တာအိုသက်သေပြနိုင်လိမ့်မယ်”

“တကယ်လား။ အမေတို့တွေက ဧကရာဇ် ဖြစ်လာနိုင်တာလား”

“ဟုတ်တယ်။ ဒါပေမဲ့ အချိန်တစ်ခုတော့ ကြာလိမ့်မယ်။ အမေတို့တွေ သက်တမ်း ကုန်ဆုံးသွားတာကို ကာကွယ်ဖို့ အရင်ဆုံး စည်းပိတ်ထားသင့်တယ်”

သူက သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရှာဖွေထားပြီးသားဖြစ်သည့်အတွက် ကောင်းကင်ဘုံအဆင့် ဖြစ်လာပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်ဆီ ပုံရိပ်ယောင်ကို စေလွှတ်ကာ မိသားစုကို ခေါ်ဆောင်နိုင်လာသည်။

“ကောင်းကင်အလိုဆန္ဒကို ဒီလှမ်းပို့ပေးလို့ မရဘူးလား”

“ဘာလို့ အဲ့လိုမေးခွန်းမျိုး မေးရတာလဲ” အမေရှောင်က မေးလိုက်၏။

“ဘာရှိရမှာလဲ။ သမီးက ကောင်းကင်ဧကရာဇ် ဖြစ်လာအောင်လို့လေ”

ရှောင်စုန့်ရှီက ဆွံ့အသွားမိစဉ် အမေရှောင်က သူ့သမီးကို လျှောက်ပြောနေသည့်အတွက် ဆူငေါက်လိုက်သည်။

“မရဘူး။ အဲ့လိုတော့ ခွင့်မပြုထားဘူး။ အရင်ဆုံး တက်လှမ်းရလိမ့်မယ်” သူက ရှင်းပြလိုက်သည်။

“အဲ့လိုဆို နှမြောစရာပဲ”

ရှောင်စုန့်ရှီက မျက်လုံးဝှေ့လိုက်၏။ အကယ်၍ ထင်ယောင်ထင်မှားကသာ စွမ်းအားဖြစ်ပါက ထိုမိန်းကလေးသည် တကယ်ကို ပြိုင်ဘက်ကင်း နေလိမ့်မည်။

“ရှီအာ ဘာလုပ်သင့်တယ်လို့ ထင်လဲ”

သူက ခေတ္တမျှတွေးကာ ပြောလိုက်၏။

“ခဏလောက်စောင့်ဦး”

ဧကရာဇ်လမ်းစဉ်က အထွတ်အထိပ်ဖြစ်သည့်အတွက် ရွေးချယ်ဖို့ရာ အကောင်းဆုံး ဖြစ်ပေသည်။ သူ့မိသားစုက အချိန်အတော်ကြာ စောင့်ဆိုင်းရမည် ဖြစ်သော်လည်း စည်းပိတ်ရေးဖြစ်စဉ်ကြောင့် ထိုသို့ခံစားရမည့် မဟုတ်ပေ။

ယခုတွင် သူတို့က ရွေးချယ်ထားပြီးသားဖြစ်သည့်အတွက် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားလိုသည်။ သူ့အနေဖြင့် တိုင်းပြည်၏ အုပ်ချုပ်သူဖြစ်လာပြီး ရှောင်မျိုးနွယ်ထံ လက်ဆင့်ကမ်းဖို့ သေမျိုးကိုယ်ပွား တစ်ယောက်ကို ချန်ထားဖို့ လိုအပ်လာသည်။ သူ့အနေဖြင့် သူ့တိုင်းပြည်ကို သာမက သူ့မိသားစုကိုပါ ကာကွယ်ပေးနိုင်သည့်သော အားကောင်းသော ဆန့်ကျင့်ကျင့်ကြံသူများကိုပါ ပျိုးထောင်ဖို့ လိုအပ်၏။

ညစာစားပြီးသည့်နောက်တွင် အားလုံးက ပင်ပန်းသွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ကြသည်။ ရှောင်စုန့်ရှီကမူ ခြွင်းချက် ဖြစ်၏။ သူက သူ့ညီမ အိပ်မက်မက်နေသည်ကို ကြည့်နေမိသည်။ ထို့နောက် သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ကာ အမုန်းတရားများဖြင့် တောက်ပလာသည်။

သူက သူ့စွမ်းအား ၉၉ ရာခိုင်နှုန်းကို စတေးပြီး ကိုယ်ပျောက်စွမ်းရည်ကို အားဖြည့်ခဲ့သည်။

သူက ပင်လယ်ထဲရှိ ပိုင်ရှယ်မျိုးနွယ်ဆီ တိုက်ရိုက်သွားခဲ့၏။ သူက ခေါင်းဆောင်အသစ်ကို ရှာတွေ့ပြီး ဂိုဏ်း၏ အစီအရင်များကို ထိန်းချုပ်ပြီးသည့်နောက်တွင် မည်သူကမှ သတိမထားမိခဲ့ကြပေ။

ထို့ကြောင့် ရှောင်စုန့်ရှီက အားလုံး စတင်သတ်ဖြတ်ခဲ့သည်။ သူက ချွင်းချက်အနည်းငယ်မှလွဲ၍ လမ်းတွင် ရှိသမျှအရာအားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ သူက အင်မော်တယ်နှင့် ဆန့်ကျင်ကျင့်ကြံသူ တချို့ကို ချန်ထားခဲ့ပြီး သူတို့၏ မှတ်ဉာဏ်များကို ပြန်လည်ပြုပြင်ကာ ဝိညာဉ်ကို ကျွန်ပြုပြီး သူ့မဟာယဲ့တိုင်းပြည်ကို ခစားခိုင်းမည်။ သူ့တိုင်းပြည်က အသစ်စက်စက်ဖြစ်ကာ အားနည်းနေသည့်အတွက် အခြေခံအုတ်မြစ်ကို မြှင့်တင်ဖို့ လိုအပ်နေသည်။

သူ အသက်ရှင်လျက် ချန်ထားခဲ့သည့် ဒုတိယအုပ်စုကမူ ကြယ်တာရာဝိဇ္ဇာ ဖြစ်၏။ သူ့အပြုအမူအတွက် ဝမ်ဝေ့ဆီ သွားရောက်ခွင့်တောင်းခဲ့စဉ်အခါက ထိုသူသည် ထိုမျိုးဆက်မျိုးက ပျက်သုဉ်းမသွားသင့်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ရှောင်စုန့်ရှီက သူတို့က ချန်ထားခဲ့ခြင်း ဖြစ်၏။

ပိုင်ရှယ်မျိုးနွယ် ပျက်သုဉ်းသွားမှုက မြန်ဆန်လှပေသည်။

ရှောင်စုန့်ရှီ၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုက သတိလက်လွတ်ဖြစ်သွားစေပြီး ဆန့်ကျင်ကျင့်ကြံသူများက ကောင်းမွန်စွာ မတိုက်ခိုက်လိုက်ရပေ။ ထို့အပြင် သူက မျိုးနွယ်ကို သူတို့၏ ကိုယ်ပိုင်အစီအရင်ဖြင့် လွှမ်းခြုံကာ ပင်လယ်မျိုးနွယ်၏ တခြားသော ထာဝရဦးသျှောင်များမှ အာရုံခံမိခြင်းကို တားဆီးခဲ့သည်။ သူ ပြီးဆုံးသွားသည့်အခါ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားသည့် ကျန်ရှိနေသော အဖွဲ့ဝင်များကို သုတ်သင်ပစ်မည့် သွေးမျိုးဆက် ကျိန်စာကိုပင် ချထားခဲ့သည်။

ရှောင်စုန့်ရှီက ဂိုဏ်း၏ အရင်းအမြစ်နှင့် အုတ်မြစ်ကို စတင်သိမ်းဆည်းလိုက်သည်။ သူ့ဦးတည်ချက်က အိမ် မဟုတ်ဘဲ ခုံရုံးဆီ ဖြစ်၏။

“အိုး ဘာလို့ ရောက်လာတာလဲ” ဝမ်ဝေ့က ထိုသူသည် ဆုလာဘ်များ ရေတွက်နေလိမ့်မည်ဟု တွေးနေစဉ် သူ့ကို တိုက်ရိုက်လာရောက်တွေ့ဆုံခဲ့သည်။

“ကျွန်တော် ခင်ဗျားရဲ့ အမြင်တချို့ကို သိချင်လို့ပါ။ အဲဒါကြောင့် အကူညီလာတောင်းတာပါ”

သူက ဝန်ဆောင်မှုဟု ပြောချင်သော်လည်း မသင့်တော်သလို ခံစားမိလိုက်သည်။ ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို ကြည့်ကာ အနည်းငယ်အံ့အားသင့်သွားမိ၏။

ကြယ်၅လုံး ကြယ်တာရာဝိဇ္ဇာ

ပိုင်ရှယ်မျိုးနွယ်က ဤမျိုးဆက်အတွင်း တစ်ယောက်မှ မရှိကြောင်း ညွှန်းဆိုခဲ့သော်လည်း ဤလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့မှန်း ယခုမှသိလိုက်ရသည်။

“ကြယ်တာရာ ဝိဇ္ဇာဆီ ဘာလို့မမေးလဲ”

“သူတို့ရဲ့ စွမ်းရည်က ကျွန်တော်ကို ကူညီပေးနိုင်မယ် မထင်ဘူး။ အနည်းဆုံးတော့ သူတို့ရဲ့ လက်ရှိစွမ်းအားနဲ့ပေါ့”

“ကောင်းပြီလေ။ မင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ ကြယ်၅လုံး ကြယ်တာရာဝိဇ္ဇာ၏ ဂမ္ဘီရက ထူးကဲပြီး ဂိုဏ်းအတွက် အကူအညီကောင်း ဖြစ်နိုင်သည်။ ထို့အပြင် သူ့အနေဖြင့် ထိုသူ သိလိုသည့် အကြောင်းအရာကို အနည်းငယ် မှန်းဆထားပြီးသား ဖြစ်၏။

“အဲဒါဆိုတော့ ဘာသိချင်တာလဲ”

ရှောင်စုန့်ရှီက ခေတ္တမျှ အချိန်ယူကာ မေးခွန်းကို မှန်မှန်ကန်ကန် မေးလိုက်သည်။

“ကျွန်တော့်အတွက် ပြောရရင် … တကယ်လို့ ကျွန်တော် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကို စတေးလိုက်ရင် ထာဝရဧကရာဇ် ဖြစ်လာဖို့ ဒုတိယအခွင့်အရေး ရလာနိုင်မလား”

ဝမ်ဝေ့က ရှောင်စုန့်ရှီ၏ ပါးစပ်မှ ထိုစကားများ ထွက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“ရဲတင်းပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ်ပဲ”

“အဲဒါ ဖြစ်နိုင်ပါရဲ့လား”

“သဘောတရားအရဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စစ်ဆေးကြည့်ရအောင်”

သူ့အကြည့်များက တောက်ပသွားကာ သူ့ဝန်းကျင်တွင် ကြိုးမျှင်များစွာ ပေါ်ထွက်လာ၏။ သူက ကုချင်းသဖွယ် ကြိုးတချို့ကို တီးခတ်လိုက်၏။

“မင်းက ပထမဦးဆုံး လုပ်တယ်ဆိုရင်တော့ အောင်မြင်နိုင်တယ်”

ရှောင်စုန့်ရှီက သူ စိုးရိမ်နေခဲ့ရသည့် အဆိုးရွားဆုံးအခြေအနေ ဖြစ်လာ၍ သက်ပြင်းချလိုက်သည်။ သူက စတေးခံတာအိုကို ကျင့်ကြံသည့် တစ်ဦးတည်းသောသူ သို့မဟုတ် ပထမဦးဆုံး ကျင့်ကြံသူ မဖြစ်နိုင်သည့်အတွက် ထင်မှတ်ထားပြီးသား ဖြစ်၏။ ထို့အပြင် ထိုကိစ္စများကို ကန့်သတ်ချက် မရှိလျှင် လူများစွာက စတေးခံတာအိုကို အရန်တာအိုအဖြစ် ကျင့်ကြံကာ ကြိုးစားကြည့်ကြလိမ့်မည်။

“အဲဒါဆိုရင် စံပြအဆင့်ဆိုရင်ရော”

ဝမ်ဝေ့က သူ့ကို ကြည့်လိုက်၏။

“အာဏာအတွက် ရူးသွားပြီလား”

ရှောင်စုန့်ရှီက တိတ်ဆိတ်သွားသည်။

“ကျွန်တော် ဒီလိုမဖြစ်စေချင်ရုံပါ ”

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“ငါက တခြားတစ်ယောက်နဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေကို လိုက်ပြီးတော့ အကဲဖြတ်ရမဲ့သူတော့ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် လက်ရှိအခြေအနေက ဖရိုဖရဲဖြစ်နေတာဆိုတော့ ဧကရာဇ်ငယ်လေးက စံပြကို ဖမ်းဆီးပြီးတော့ စတေးခံအဖြစ် အသုံးမပြုနိုင်ဘူးလို့ ဘယ်သူကများ ပြောမှာလဲ”

“ဒီစကားတွေကို ပြောပြတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အလေးထားပါတယ်” ရှောင်စုန့်ရှီက ဦးညွှတ်ကာ ထွက်သွားလေသည်။ သိပ်မကြာခင် ပိုင်ရှယ်မျိုးနွယ် ဖြစ်ပျက်သမျှ သတင်းက ပျံ့နှံ့သွားလေ၏။ ပင်လယ်မျိုးနွယ်ကို အာရုံစိုက်ထားသည့်သူများက ကိစ္စများ မည်သို့ဖြစ်လာကြောင်း သိချင်နေကြသည်။

သိပ်မကြာခင် ပင်လယ်မျိုးနွယ်က ရှောင်စုန့်ရှီ၏ အပြုအမူနှင့်ပတ်သက်ပြီး ခုံရုံးထံ တင်ပြသည့် ကောလဟာလများပင် ထွက်လာခဲ့သည်။ ထိုကိစ္စရပ်သည် ခုံရုံးနှင့် အသစ်ထွက်ပေါ်လာသည့် ထာဝရဧကရာဇ်များကြား ဆုံးဖြတ်ပေးနိုင်၍ လူများစွာက ထိုဖြစ်ရပ်သည် အရေးကြီးလာလိမ့်မည်ဟု ထင်နေကြသည်။

လူတချို့က ရှောင်စုန့်ရှီ၏ အပြုအမူများသည် ပုန်ကန်နေသည်ဟု ယုံကြည်ထားကြသည်။ သူက မည်သူကမှ သူ့ကို မချုပ်နှောင်နိုင်ကြောင်း ခုံရုံးထံ သတင်းစကား ပို့ဆောင်ခြင်း ဖြစ်နေနိုင်သည်။

ဆွေးနွေးမှုက ထိန်းချုပ်မှု လွတ်ကင်းသွားပြီး အသင်္ချေအင်ပါယာကမ္ဘာတွင် အတွင်းရေးပဋိပက္ခများပင် ဖြစ်လာနိုင်သည်ဟု ယုံကြည်ထားကြသည်။ ထိုအပြုအမူက သူတို့သည် ခေတ်ကာလစတင်ကာစဖြစ်သည့်အတွက် တိုးတက်မှုအပေါ် သက်ရောက်မှု ပြင်းထန်လာနိုင်သည်။

သို့သော်လည်း နောက်ဆုံးသော ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ လူများစွာက ကောင်းကင်ဧကရာဇ်၏ နောက်ဆုံးအနိုင်ရရှိမှုအပေါ် ယုံကြည်ထားကြသည်။ သူတို့က ဤအခြေအနေအဆုံးသတ်ဖို့ရာ ပေးဆပ်ရမည့် တန်ကြေးကိုသာ စိုးရိမ်နေကြလေသည်။

ထိုအချိန်အတွင်း အိပ်မက်လောက၌ အမြင့်မားဆုံး အသုံးပြုမှု ရရှိခဲ့ကာ ဝမ်ဝေ့က ဝိညာဉ်စွမ်းအားအမြောက်အများကို စုစည်းနိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် ထိုသူများက မှားယွင်းသွားခဲ့၏။ ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဘာမှဖြစ်ပျက်မလာခဲ့သလို ပင်လယ်မျိုးနွယ်ဘက်ကလည်း တရားဝင်စာ ထုတ်မလာခဲ့ပေ။

ဉာဏ်ရှိသည့်သူများက ထိုရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩကြပေ။ ကောင်းကင်ဧကရာဇ်မျက်စိအောက်မှ လွတ်မြောက်သည့် အရာဟူ၍ မရှိပေ။ ထို့ကြောင့် ရှောင်စုန့်ရှီ၏ အပြုအမူက ထိုလူ ခွင့်ပြုထား၍သာ ဖြစ်နေနိုင်၏။ ကောင်းကင်ဧကရာဇ်က ဂရုမစိုက်သည်လား သို့မဟုတ် အပေးအယူ လုပ်ထားသည်လား မသိရပေ။ အကြောင်းအရင်းက မည်သို့ပင်ဖြစ်စေကာမူ သူက ခွင့်ပြုထား၍သာ ဖြစ်ပျက်လာခြင်း ဖြစ်၏။

ပင်လယ်မျိုးနွယ်က ထိုအရာကို သိထားကာ ညည်းတွားနေခြင်းက အကျိုးမရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က ညည်းတွားလျှင်ပင် ကောင်းကင်ဧကရာဇ်က သူ့ဆုံးဖြတ်ချက်အတွက် အသင်္ချေအကြောင်းပြချက်များစွာကို သုံးပြီး တရားမျှတမှုကို ပြသလာလိမ့်မည်။ ထို့ကြောင့် အကောင်းဆုံးလှုပ်ရှားမှုက တိတ်ဆိတ်နေခြင်းသာ ဖြစ်၏။

ထိုအပြုအမူက ကောင်းကင်ဧကရာဇ်၏ အမြင်တွင် သူတို့၏ အနေအထားကို အနည်းငယ် တိုးမြင့်သွားနိုင်သလို ယခင်ပျက်စီးနေသည့် ဆက်ဆံရေးကိုပင် ပြုပြင်နိုင်လိမ့်မည်။

ကမ္ဘာကြီးက ထိုကပ်ဘေးကို များများစားစား အာရုံမစိုက်ကြတော့ပေ။ ထိုမဟာဧကရာဇ်များ သက်ဆင်းလာပြီးနောက် တစ်လခန့်အတွင်း ကမ္ဘာကြီးဆီ ဟောပြောပို့ချမည့်အချိန် ကျရောက်လာလေသည်။ ဤသို့သော ဖြစ်ရပ်ကြီးက မျိုးနွယ်တစ်ခု ပျက်သုဉ်းမှုကိစ္စရပ်ကို လွှမ်းမိုးသွားလေသည်။ ပြောရလျှင် လူများစွာက ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ဂရုစိုက်ကြလေ၏။

All Chapters