← Chapters

ငါ့ပိုင်နက်အတွင်းကို ဘယ်သူဝင်ခွင့်ပြုလို့လဲ

Vol. 32 Ch. 621

ငါ့ပိုင်နက်အတွင်းကို ဘယ်သူဝင်ခွင့်ပြုလို့လဲ

Vol. 32 Ch. 621

ရှေ့သို့ဆက်သွားသည့်ခရီးမှာ အလွန်ငြိမ်းချမ်းသည်။ ထိုနေရာသည် ဝိညာဉ်ထောင်ချီတောင်၏ အတွင်းပိုင်းဧရိယာမဟုတ်ပေ။ အမြင့်ဆုံးအဆင့် မှော်သားရဲသည် လျိုရွှီအတွက် ပေထင်းဟွမ်ထိန်းကျောင်းပေးသည့် ကြယ် ၂ ပွင့် နတ်သားရဲဖြစ်သည်။ ခေါင်းလောင်းပန်းကိုစောင့်ကြပ်သည့်မှော်သားရဲ သည် ကြယ် ၁ ပွင့်နတ်သားရဲ သတ္တုစားပုရွက်ပျံဖြစ်သည်။

ပေထင်းဟွမ်နှင့်တခြားသူများရောက်လာသောအခါ အဆင့် ၃ ရှိသည့် အဖွဲ့တစ်ခုသည် သတ္တုစားပုရွက်ပျံနှင့်တိုက်ခိုက်နေသည်။ ထိုအဖွဲ့တွင် စုစုပေါင်း ၁၃ ဘောက်ပါဝင်သည်။ တိုက်ပွဲသည် မည်မျှကြာနေသည်မသိ သော်လည်း လူ ၆ ယောက်သည် ဒဏ်ရာရနေပြီဖြစ်သည်။ ကျန်သည့် ၇ ယောက်သည် သတ္တုစားပုရွက်ပျံ၏ဝမ်းတွင်းပါအရည်အချင်းကြောင့် လွင့်သွား လေသည်၏။ သတ္တုစားပုရွက်ပျံ၏ ရယ်မောသံသည် ဂူထဲတွင်ထွက်လာသည် “ဟားဟား တုံးလိုက်တဲ့လူသားတွေ ငါ့ရတနာကိုတောင် တက်မက်ရဲသေးတယ် ဒီနေ့ လွတ်မယ်မထင်နဲ့”

ဘာများထူးခြားနေတဲ့ရတနာလဲ။ သာမန် အဆင့် ၃ ခေါင်းလောင်းပန်းပဲ ဟာကို။ ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ သူမ၏အဖွဲ့ကို ဂူဆီသို့ ဦးဆောင် သွားလေသည်။

“ဟား ကြီးလိုက်တဲ့ခန္ဓာကိုယ်ကြီးပဲ” လျိုရွှီသည် မိုးပေါ်သို့ကြည့်လိုက် သည်။ ၎င်းသည် ကြယ် ၁ ပွင့်နတ်သားရဲဖြစ်သော်လည်း ထိုသတ္တုစားပုရွက်ပျံ ၏ တိုက်ခိုက်ရေးခွန်အားသည် ကြယ် ၁ ပွင့်နတ်သားရဲခွန်အားမဖြစ်နိုင်ပေ။

မိုးပေါ်၌ သတ္တုစားပုရွက်ပျံ၏ ပင်မခန္ဓာကိုယ်သည် ကောင်းကင်ကို ပိတ်ကွယ်ကာ ကမ္ဘာမြေကြီးကိုလွှမ်းမိုးထားသည်။ ၎င်း၏အခွံသည် ထူထဲသော ချပ်ဝတ်တန်ဆာဖြင့် လွှမ်းထားသကဲ့သို့ နက်မှောင်သော ရွှေရောင်သတ္တုဖြင့် တလက်လက်တောက်ပနေသည်။ ၎င်း၏ဦးခေါင်းထက်မှ အနက်ရောင်ဦးမှင် နှစ်ခုသည် တူသဖွယ်ပင်။ ၎င်းတို့သည် သတ္တုစားပုရွက်ပျံ၏အားကောင်းသော လက်မောင်းများဖြစ်ကာ ၎င်းတို့နှင့်ထုချလိုက်လျှင် တောင်ငယ်တစ်လုံးကို ကွဲကြေသွားစေနိုင်သည်။ ၎င်း၏ပါးစပ်ထောင့်တွင်ရှိနေသော ညှပ်နှစ်ခုသည် အေးစက်သောအလင်းနှင့်အတူ တောက်ပသွားသည်။ ထိုအခိုက်အတန့်တွင် ၎င်းသည် ပေထင်းဟွမ်နှင့်တခြားသူများကို သေးငယ်သောမျက်လုံးများဖြင့် ကြည့်နေသည်။ ၎င်း၏ကြည်လင်သောအသံသည် တူနှင့် ထုချလိုက်သလိုပင် “လူသားအစုတ်ပလုတ်တွေ ငါ့ပိုင်နက်ထဲကို ဘယ်သူကဝင်ခွင့်ပြုလို့လဲ”

“ဒါက မင်းပြောတဲ့ ကြယ် ၁ ပွင့်နတ်သားရဲလား” ပေထင်းဟွမ်သည် လက်ပိုက်ရပ်ကာ ခေါင်းကိုမော့ထားသည်။ သူမ၏ဆံနွယ်ရှည်သည် လေနှင့် အတူလွင့်ပါနေသည်။ သူမ၏အေးစက်ပြီး မောက်မာသောခန္ဓာကိုယ်သည် ဓားရှည်ကဲ့သို့ဖြောင့်တန်းကာ တစ်ကိုယ်လုံးမှ အေးစက်သောရောင်ဝါထွက် နေသည်။ သူမ၏နှုတ်ခမ်းများသည် အနည်းငယ်ကေါးတက်ကာ မိုးပေါ်မှ သတ္တုစားပုရွက်ပျံကို အထင်သေးစွာကြည့်လေသည်။ သူမသည် ကြယ် ၁ ပွင့် နတ်သားရဲနှင့်တိုက်ခိုက်လိုခြင်းမရှိပေ။ အဆင့်မြင့်နတ်သားရဲသာ သူမကို စိတ်ဝင်စားအောင်လုပ်နိုင်သည်။ ထားလိုက်ပါတော့.. ဒီနတ်သားရဲက ဈေးမှာ ရောင်းရင် ပတ္တမြားဘယ်လောက်ရမလဲဆိုတာ ကြည့်ကြတာပေါ့။

“ဟုတ်တယ် ခေါင်းဆောင်” ရှန်းယန်ပိုသည် မျက်လုံးများအရောင်လက် လာသည်။ သူသည် တောင်ကြားထဲမှ သတ္တုစားပုရွက်ပျံ၏ ဂူထဲရှိ လေနှင့်အတူ လှုပ်‌ယမ်းနေသော ခေါင်းလေင်းပန်းကိုကြည့်ပြီး ပျော်လွန်းသဖြင့် ထခုန်မတတ် ပင်။ “ခေါင်းဆောင် ကြည့်လိုက် အဲဒါက မြေကြီးခေါင်းလောင်းပန်းမဟုတ်ဘူး ကောင်းကင်ခေါင်းလောင်းပန်းပဲ.. နတ်ဘုံဆေးတွေကို သန့်စင်လို့ရတဲ့ အဆင့် ၇ ကောင်းကင်ခေါင်းလောင်းပန်းပဲ”

ပေထင်းဟွမ် ကြည့်လိုက်သည်။ ခေါင်းလောင်းပန်းကိုမြင်လိုက်ချိန်တွင် သူမပင် အံ့ဩမိသည်။ သူမသည် မတုန်လှုပ်ဘဲမနေနိုင်ပေ။ သူမ သိသည်။ နတ်သားရဲတစ်ကောင်က ဘယ်လိုလုပ် အဆင့် ၃ ဆေးပင်ကို စောင့်ကြပ်မှာလဲ။ တကယ်ပဲ အဆင့် ၇ ဆေးပင်ဖြစ်နေတာပဲ။ အဆင့် ၆ အထက်ရှိသော ဆေးပင် များကို နတ်ဘုံဟု ပြောနိုင်သည်။ ဤကဲ့သို့ အမတဆေးပင်ကိုရရန် ခွန်အားတစ်ခုတည်းနှင့်မရပေ။ တစ်ခါတရံတွင် ကံသည်လည်း အလွန်အရေး ကြီးသည်။

သူမသည် ယနေ့ထွက်လာခဲ့သည့် ဆုံးဖြတ်ချက်သည် မှန်ကန်ပုံပင်။

“အစ်ကိုလျိုရွှီ ဒီစစ်နိုင်ပစ္စည်းကို ဘယ်လိုခွဲကြမလဲ” ပေထင်းဟွမ်သည် ခေါင်းလောင်းပန်းကို ညွှန်ပြပြီး စိတ်လှုပ်ရှားသဖြင့် သူမ၏အသံသည် မြူးတူး နေသည် “ကျွန်တော် ဒီအဆင့် ၇ ဆေးပင်ကိုလိုချင်တယ်.. ကြယ် ၁ ပွင့် နတ်သားရဲက မင်းအတွက်ပဲ ဘယ်လိုလဲ”

သူတို့အဖွဲ့ဖွဲ့စည်းချိန်တွင် ရတနာများကို အဖွဲ့ဝင်များအားလုံးကို ပေးမည် ဖြစ်သည်။ လျိုရွှီ သဘောမတူမည်ကိုစိုးရိမ်သဖြင့် ပေထင်းဟွမ် ထပ်ပေါင်းပြောလိုက်သည် “မင်းက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးထင်တယ်.. နောက်ဆို နတ်ဘုံအဆင့်ဆေးကို သန့်စင်ပြီးရင် မင်းကိုတစ်လုံးပေးမယ်လေ”

ထိုကတိ၏ရည်ရွယ်ချက်သည် ထင်ရှားလွန်းသည်။ ပေထင်းဟွမ်သည် ဤမျှ လေးလံသောကတိပေးလိမ့်မည်ဟု လျိုရွှီ ထင်မထားပေ...

All Chapters