နှင်းနဂါးပြာက ဒီပတ်ဝန်းကျင်နဲ့အသားကျနေပြီ
Vol. 32 Ch. 622
ပေထင်းဟွမ်သည် ဤကဲ့သို့ကတိမျိုးပေးကာ သူ့အား သူငယ်ချင်းကဲ့သို့ စိတ်ရင်းနှင့်ဆက်ဆံပေးသည်ကို လျိုရွှီ မသိဘဲမည်သို့နေမည်နည်း။ ပေထင်းဟွမ်သည် မည်ကဲ့သို့လူမျိုးဖြစ်သနည်း။ ယနေ့သူမနောက်သို့လိုက်သူ ရှိလျှင်ပေထင်းဟွမ်သည် နေရာလုချင်ပါက သူတို့ကို သတ်ပြီးလုယက်မည်ဖြစ် သည်။
သို့သော် ပေထင်းဟွမ်သည် ခေါင်းလောင်းပန်းနှင့် အလဲအလှယ်လုပ်ရန် နတ်ဆေးကိုသုံးချင်ခဲ့သည်။ ပေထင်းဟွမ်သည် လက်ရှိတွင် မည်သည့်အဆင့်ရှိ သည်ကို လျိုရွှီမသိပေ။ သို့သော် ပေထင်းဟွမ် အလိုရှိပါက သူမသည် အနာဂတ်တွင် သေချာပေါက်နတ်ဘုံအဆင့်ဖြစ်နိုင်သည်။
“ရှောင်ကျို့.. မင်းပြောတာမှန်တယ် ငါက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူး.. ခေါင်းလောင်းပန်းက ငါ့အတွက်အသုံးမဝင်ဘူး.. မင်းသာ အနာဂတ်မှာ နတ်ဘုံ အဂ္ဂိရတ်ပညာရှင်ဖြစ်လာရင် ငါက မင်းကိုဆေးတစ်ပုလင်းတောင်းရင် မင်း ငါ့ကို မပေးရဲစရာမရှိဘူးမလား” လျိုရွှီသည် စိတ်ရင်းနှင့်ပြောလေသည်။
“အစ်ကိုလျိုရွှီ ဒီစကားတွေနဲ့ဆို ကျန်တဲ့ဘတမှာ သူငယ်ချင်းဖြစ်သွားပြီ နော်” ပေထင်းဟွမ်သည် လျိုရွှီ၏ ပခုံးကိုအသာတွန်းလိုက်သည်။ သူမ လက်ကောက်ဝတ်လျန်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်ထူထဲစွာထွက်နေသည့် နီရဲရဲအသီးတစ်လုံးသည် သူမ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ လျိုရွှီ ဘာမှ မပြောနိုင်သေးခင်မှာပင် သူမသည် သူ့လက်ထဲသို့ထိုးထည့်ပြီး ရှန်းယန်ပိုအား အမိန့်ပေးလိုက်သည် “ရှေင်ပင်းကိုထုတ်ပြီး ဒီကောင်ကြီးကိုရှင်းလိုက်”
ရေခဲနဂါးပြာသည် ရှန်းယန်ပိုဆင့်ခေါ်ချိန်တွင် အိပ်မောကျနေခဲ့သည်။ ၎င်းသည် စိတ်မရှည်စွာဖြင့် ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်သည်။ ၎င်းသည် မျက်လုံးများကို ကျဉ်းမြောင်းကာ စောဒကတက်လေသည် “အခုက ဘာဖြစ် ပြန်တာလဲ.. မင်းက အဲဒီနှာဘူးနောက်လိုက်ပြီး မစ်ရှင်လုပ်နေတာမဟုတ်ဘူး လား.. သူသာရှိနေရင် ငါကဘာလုပ်ဖို့လိုဦးမှာလဲ”
ဘုရားရေ.. ဒါတွေက နတ်သားရဲတွေလား။ သူတို့အကျင့်တွေက တကယ် ဆိုးတာပဲ။
ရေခဲနဂါးပြာ၏စောဒကတက်မှုကိုကြားပြီးနောက် လျိုရျွီသည် လက်ထဲမှ ဝိညာဉ်သစ်သီးကို သိမ်းရန်ပင်မေ့လျော့နေခဲ့သည်။ ပေထင်းဟွမ် သူ့ကိုပေးတာ ဘယ်လိုဝိညာဉ်သစ်သီးမျိုးလဲ။ သူသည် လက်ကိုလှည့်ကာ သိုလှောင်လက်စွပ် ထဲသို့ ထည့်လိုက်သည်။ ရေခဲနဂါးပြာသည် ရှန်းယန်ပိုဘေးတွင် ၎င်း၏ ပုံစံ အစစ်အမှန်ထုတ်ပြသည်ကိုကြည့်ပြီး သူ ပင့်သက်ရှိုက်မိသည်။ ၎င်းသည် ကြယ် ၉ ပွင့်နတ်သားရဲ ရေခဲနဂါးပြာဖြစ်သည်။ ဘုရားရေ ပေထင်းဟွမ်က ဒီလောက် အားကောင်းတဲ့ မှော်သားရဲကို ဘယ်လိုရလိုက်တာလဲ။
ပေထင်းဟွမ်၏ ခွန်အားသည် သူမထုတ်ပြထားသည့် နတ်သားရဲ သုံးကောင်နှင့် မွန်မြတ်သောအပင်သားရဲတို့အပြင် အကန့်အသတ်မရှိဟု လျိုရွှီ နက်ရှိုင်းစွာခံစားရသည်။ သူမ၏ဝှက်ဖဲများသည် စိတ်ဝင်စားဖွယ်ကောင်းပြီး ကြောက်စရာကောင်း၏။
ရေခဲနဂါးပြာသည် မောက်မာသည့်သားရဲဖြစ်သည်။ ရေရွတ်ပြီးနောက် ၎င်း၏ ဦးခေါင်းသည် အေးစိမ့်လာသည်။ ၎င်းသည် အသိစိတ်ပြန်ဝင်လာကာ ပေထင်းဟွမ်အား သေးငယ်သောမျက်လုံးများဖြင့် ကြည့်လေသည်။ ၎င်းသည် ထိတ်လန့်လွန်းကာ ခြေလက်များခွေကျပြီး မြေပေါ်သို့ လဲကျမတတ်ပင်။ ဘုရားရေ ငါ ဒီနတ်မိစ္ဆာကို ဘာလို့ထပ်မြင်နေရတာလဲ။ သူ အခုက ဘာမြင် လိုက်ရတာလဲ။ ဒီနတ်မိစ္ဆာရဲ့မျက်လုံးတွေက ကြောက်ဖို့ကောင်းလိုက်တာ။
ထိုအချိန်တွင် ရေခဲနဂါးပြာ၏အသံသည် ပြောင်းလဲသွားသည်။ ၎င်းသည် အထူးသဖြင့် စိတ်အားထက်သန်စွာပြောလေသည် “ဟေး ငါ့ကို ဘာလို့ အခုမှ လာနှိုးတာလဲ.. ဒီလိုအားကောင်းတဲ့ပြိုင်ဘက်က ငါ့အကြိုက်ပဲ.. သားရဲလေး မင်းကို ငါရှင်းတာစောင့်နေလိုက်”
ဟာသပဲ.. ပေထင်းဟွမ်သည် သူ့အား ဝိညာဉ်ခွဲချောက်တွင် ညှဉ်းပန်းခဲ့ပုံ များကို သူ ဘယ်သောအခါမှမမေ့ပေ။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ဓား ၇ လက်ကြယ်ဓားဝိညာဉ်သခင်အဆင့်သာရှိသေးသည်။ ရက်အနည်းငယ်အတွင်း တွင် ထိုလူသားသည် အဆင့် ၂ ဆင့်တက်ခဲ့သည်။
“ဖူး”
“ဟားဟားဟား”
သံမဏိသွေးအဖွဲ့ဝင်များသည် မြေပေါ်တွင် လူးလှိမ့်မတတ် ရယ်မောကြ လေသည်။ ဤကမ္ဘာတွင် ယခုကဲ့သို့ကိစ္စမျိုးရှိလိမ့်မည်ဟု မည်သူမှမထင်ကြ ပေ။ ထိုစဉ်က နတ်သားရဲလေးကောင်ရှိကာ အားလုံးသည် အဆင့်မြင့်ကြယ် များဖြစ်ကြသည်။ သူတို့နတ်သားရဲခွဲဝေစဉ်က ရှန်းယန်ပိုသည် သူတို့၏ အဖွဲ့ ခေါင်းဆောင်ဖြစ်သဖြင့် ကြည့်အကောင်းဆုံးနတ်သားရြကို ပေးသင့်သည်ဟု ထင်ကြသည်။ ဤကဲ့သို့ ဆန်းကြယ်မှုမျိုးရှိလိမ့်မည်ဟု မည်သူသိမည်နည်း။
ရှန်းယန်ပိုသည် မရယ်ဘဲမနေနိုင်ပေ။ ဤလူ့နောက်လိုက်ရသည်မှာ သူ့ အတွက်ကံကောင်းမှုပင်။ သူသာ ခေါင်းဆောင်နောက်လိုက်လျှင် သွေးအန်မိ မည်ဖြစ်သည်။ သူသည် ရေခဲနဂါးပြာ၏ခန္ဓာကိုယ်ကို ညင်သာစွာကန်လိုက် သည် “မြန်မြန်လုပ်”