← Chapters

ရေခဲနဂါးပြာနှင့် သတ္တုစားပုရွက်ပျံ

Vol. 32 Ch. 623

ရေခဲနဂါးပြာနှင့် သတ္တုစားပုရွက်ပျံ

Vol. 32 Ch. 623

ကြယ် ၁ ပွင့်နတ်သားရဲ၏ ခွန်အားသည် လျှော့တွက်၍မရပေ။ ထို့အပြင် သတ္တုစားပုရွက်ပျံသည် အလွန်ထူးခြားသည့် မှော်သားရဲမျိုးစိတ်ဖြစ်သည်။ ၎င်းတွင် အားကောင်းသော ကိုယ်ထည်ခုခံမှုရှိသည်။ ၎င်း၏ ဦးမှင်နှစ်ခုသည် တူကဲ့သို့ တိုက်ခိုက်ရာတွင် သန်မာပြီး လူသား အဆင့်မြင့်ဓားကြယ်ဝိညာဉ် သခင်နှင့်ပင်ယှဉ်နိုင်သည်။

အဆင့် ၂ အဖွဲ့များသည် ကြယ် ၁ ပွင့်နတ်သားရဲ၏ သွားကြားပင် မညပ် ပေ။ အကယ်၍ လူသား အဆင့် ၃ တွင် မှော်သားရဲပျံ သို့မဟုတ် မွန်မြတ်သော သားရဲတို့သာမရှိလျှင် သူတို့သည် ပျံနိုင်မည်ပင်မဟုတ်ပေ။ တစ်ယောက်သည် မြေပြင်ပေါ်တွင် ပစ်မှတ်ထားခံရမည်ဖြစ်ပြီး ကျန်တစ်ယောက်သည် မိုးပေါ်မှ တိုက်ခိုက်မည်ဖြစ်၏။ သူတို့ ဒီတိုက်ပွဲကို ဘယ်လိုတိုက်ခိုက်တော့မှာလဲ။ သူတို့ တွေက အသံထွက်အောင်လုပ်တာနဲ့ပဲ ပြီးသွားမှာမဟုတ်ဘူးလား။

အကယ်၍ ပေထင်းဟွမ်နှင့်တခြားသူများသာ ခြေတစ်လှမ်းနောက်ကျ သွားလျှင် ထိုလူများသည် သတ္တုစားပုရွက်ပျံ၏ ဗိုက်ထဲမှ အစာဖြစ်သွားမည်။

“ငါလာပြီ” ရေခဲနဂါးပြာ၏ နတ်သားရဲခန္ဓာကိုယ်သည် ရှန်းယန်ပို အဖြူ ရောင်ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံသွားလေသည်။ ၎င်းသည် ၎င်း၏ အားကောင်းသော နတ်သားရဲခန္ဓာကိုယ်ကို ထုတ်လွှတ်လေသည်။ ၎င်း၏ တောင်ငယ်တစ်လုံးအရွယ်အစားရှိသည့်ခန္ဓာကိုယ်သည် သတ္တုစားပုရွက်ပျံ၏ ကြောက်လန့်သည့်အကြည့်အောက်တွင် တဖြည်းဖြည်းနှင့် ကြီးလာသည်။ ၎င်း၏ ရေခဲပြာကြေးခွံများသည် အလွန်အးစက်သည့်အလင်းထုတ်လွှတ်လေ သည်။

ထိုကောင်လေးသည် မြေကြီးနှင့် အမြီးကိုအသာရိုက်ပြီး မိုးပေါ်ပျံသွား လေသည်။ နဂါးသွေးသား၏ အားကောင်းသောဖိအားသည် သတ္တုစားပုရွက်ပျံ အား ချက်ချင်းပင် ဖိနှိပ်လိုက်ကာ ၎င်းကိုဟန်ချက်ပျက်ကာ မိုးပေါ်မှကျလုနီးပါး ဖြစ်သွားစေသည်။

ကြယ် ၉ ပွင့်နဂါးသွေးသားနတ်သားရဲသည် ကြယ် ၁ ပွင့်သာမန် နတ်သားရဲနှင့်ရင်ဆိုင်နေသည်။ ဤကဲ့သို့ဖိနှိပ်မှုသည် အလွန်ပင် လွှမ်းမိုးနိုင် သည်။

“ရေခဲနဂါးပြာ မင်းက ကောင်းကင်ခေါင်းလောင်းပန်းကြောင့် လာတာ လား” သတ္တုစားပုရွက်ပျံသည် မသေချင်ပေ။ ၎င်းသည် ရေခဲနဂါးပြာနှင့် တိုက်ခိုက်လျှင် အနိုင်ရနိုင်ခြေအနည်းငယ်ပင်မရှိပေ။ သို့သော် ၎င်းသည် ဝီရိယ စိုက်ထုတ်ကာ စောင့်ဆိုင်းခဲ့သည့် ကောင်းကင်ခေါင်းလောင်းပန်းကို မပေးချင် ပေ။

သဘာဝရတနာများသည် လူသားများအတွက် အလွန်ဆွဲဆောင်မှုရှိကာ မှော်သားရဲများအတွက်လည်း ထိုနည်းလည်းကောင်းပင်။

ကောင်းကင်ခေါင်းလောင်းမျာ အနည်းဆုံးရိုးတံ ၄၀၊ ၅၀ အထက်ရှိသည်။ သူသာ အားလုံးစားလိုက်လျှင် အနည်းဆုံး ကြယ် ၃ ပွင့် ခွန်အားတက်သွားနိုင် သည်။ နတ်သားရဲတစ်ကောင်အတွက် ကြယ် ၃ ပွင့်မဆိုထားနှင့် ကြယ် ၁ ပွင့်တက်ခြင်းသည် အလွန်ခံနိုင်ရည်မရှိသော သွေးဆောင်မှုသာဖြစ်သည်။

ရေခဲနဂါးပြာသည် အိပ်ရာမှနိုးထလာသည်။ ထိုအခါမှပင် တိုက်ခိုက်ရ မည်ဖြစ်ကြောင်းကိုသိခဲ့ရသည်။ ၎င်းသည် မည်သူနှင့်တိုက်ခိုက်ရမည်၊ မည်သည့်အရာကြောင့် တိုက်ခိုက်ရမည်ကို မသိပေ။

၎င်းသည် မျက်နှာချင်းဆိုင်တွင် သတ္တုစားပုရွက်ပျံကိုမြင်သောအခါ ရေခဲ နဂါးပြာသည် အထင်သေးစွာမျက်မှောင်ကြုတ်ကာ စောဒကတက်လေသည် “သခင် လာနောက်နေတာလား.. ဒီလိုရုပ်ဆိုးတဲ့ကောင်ကိုရှင်ဖို့ လာနှိုးတာလား မိုးနတ်မင်းရေ မင်းထက် ရုပ်ဆိုးတဲ့နတ်သားရဲရှိသေးရဲ့လား”

မှော်သားရဲများ၏ကမ္ဘာတွင် သွေးသားနှင့် မွေးဖွားခြင်းသည် အလွန် အရေးကြီးသည်။

စဉ်းစားကြည့်လျှင် ပုရွက်ဆိတ်သည် ဆင်တစ်ကောင်ကို တိုက်ခိုက်နိုင် မည်လား။ ပုရွက်ဆိတ်သည် နဂါးခွန်အားကို ယှဉ်နိုင်မည်လား။

သေချာပေါက် မဟုတ်ပေ။

သတ္တုစားပုရွက်ပျံသည် သူသည် အလေးအနက်ဆွေးနွေးခဲ့သည်။ တိုက်ပွဲ မစခင်မှာပင် သတ္တုစားပုရွက်ပျံသည် ရေခဲနဂါးပြာ၏စကားကြောင့် မေ့လဲလု မတတ်ပင်။ ထို့အပြင် သတ္တုစားပုရွက်ပျံသည် အမဖြစ်သည်။ အမများသည် အလှတရားကို အလွန်ကြိုက်ကြသည်။

“ရေခဲနဂါးပြာ မင်းက ငါ့ကိုတော်တော်အထင်သေးတာပဲ” သတ္တုစား ပုရွက်ပျံသည် ဦးခေါင်းမှ တူနှင့်တူသည့်ဦးမှင်နှစ်ခုကို လှုပ်ယမ်းလေသည်။ စစ်ပွဲစတော့မည်။ “ဟင်း ကောင်းကင်ခေါင်းလောင်းပန်းလိုချင်ရင် ငါ့ အလောင်းပေါ်ကိုနင်းသွားလိုက်”

“မိုးနတ်မင်းရေ” ရေခဲနဂါးပြာသည် လက်နှစ်ဖက်ကိုပွေ့ဖက်ကာ တုန်ယင်နေသော မယားငယ်ကဲ့သို့ ကြောက်၍တုန်လှုပ်ဟန်ပြုလေသည် “ကြောက်လို့သေတော့မယ်.. မင်းခန္ဓာကိုယ်ကို နင်းသွားဖို့ ခက်တယ်ထင်နေ လား.. ငါ့သခင်က မင်းကိုစိတ်ဝင်စားလို့သာမဟုတ်ရင် တစ်ချက်တည်းနဲ့ မင်းကို သတ်လိုက်ပြီ”

ဆိုလိုသည်မှာ သူသည် ကောင်းကင်ခေါင်းလောင်းပန်းနှင့် သတ္တုစား ပုရွက်ပျံ၏ အသက်ကိုလိုချင်သည်။

သတ္တုစားပုရွက်ပျံသည် ဒေါသထွက်လွန်း၍ တုန်ယင်နေသည်။ သူမသည် ဤကဲ့သို့ လောဘတက်သည့်လူသားမျိုးကိုမမြင်ဖူးပေ။ “ဟင်း စဉ်းတောင်မစဉ်းစားနဲ့”

All Chapters