အရေးကြီးတဲ့အချိန်မှာ နွယ်ပင်လေးလှုပ်ရှားခြင်း
Vol. 32 Ch. 624
“အဲအကြောင်း စဉ်းတောင်မစဉ်စားနဲ့ အဲဒါကမင်းပေါ်မမူတည်ဘူး” ရေခဲ နဂါးပြာသည် ၎င်း၏အားကောင်းသော နတ်သားရဲခန္ဓာကိုယ်ကို ထုတ်ပြလေ သည်။ ၎င်း၏နတ်သားရဲသွေးသားဖိအားကို ခံစားမိကြသည်။ အထူးသဖြင့် ၎င်းသည် နိုးလာချိန်တွင် ဒေါသထွက်နေခဲ့သည်။ ထို့အပြင် ၎င်းသည် သတ္တုစား ပုရွက်ပျံ၏အသံနှင့် ရန်စခြင်းခံလိုက်ရသဖြင့် ပို၍ ဒေါသထွက်နေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် မိုးပေါ်သို့ မြင့်တက်သွားကာ အနောက်တွင်ကျန်ခဲ့သော အမြီး သည် ရုတ်တရက်လွှဲယမ်းလေသည်။
အာရုံများပေါ်လာကာ နဂါးအမြီးသည် သတ္တုစားပုရွက်ပျံအား တောင်တစ်လုံးကဲ့သို့ ဖိချလေသည်။
“အားကောင်းလိုက်တာ” သတ္တုစားပုရွက်ပျံသည် အရိုင်းဆန်စွာ ရင်တုန် လာကာ အကြောက်တရားလှိုင်းလုံးကြီးသည် သူမ၏တစ်ကိုယ်လုံးကိုဖြတ်ပြီး သွေးသားများကို ဆူပွက်စေသည်။ သူမ၏ခုခံမှုသည် အလွန်အားကောင်းသည်။ သူမသည် သူမထက်ပိုအားကောင်းသော နတ်သားရဲကို ရင်မဆိုင်ရဲဖူးခြင်း မဟုတ်ပေ။ ကြယ် ၅ ပွင့်နတ်သားရဲပင်လျှင် ပြိုင်ဘက်အဖြစ် အနိုင်ပိုင်းခဲ့ဖူး သည်။ သို့သော် ဤနတ်သားရဲသွေးသားခွန်အားနှင့် ၎င်း၏အမြီးတို့ပေါင်းစပ် လိုက်သောအခါ သူမ၏ဝိညာဉ်ကို တုန်ခါသွားစေသည်။
နတ်နဂါးသည် ၎င်း၏အမြီးကို လှုပ်ယမ်းလေသည်။ ၎င်းသည် နဂါး မျိုးနွယ်ထဲတွင် အသန်မာဆုံးတိုက်ခိုက်မှုဖြစ်သည်။ ရေခဲပြာနဂါး၏ကြီးမား သော အမြီးသည် သက်တန့်ကြာပွတ်ကဲ့သို့ သတ္တုစားပုရွက်ပျံ၏ ခန္ဓာကိုယ်ကို အညှာတာမဲ့စွာ ရိုက်လေသည်။ မချိမဆန့်သောအော်သံသည် မိုးပေါ်ကို ဖြတ် ထွက်လာသည်။ ကြီးမားသော နတ်သားရဲ၏ခန္ဓာကိုယ်သည် အဝတ်စုတ်ကဲ့သို့ ရေခဲနဂါးပြာ၏ရိုက်ချက်ကြောင့် လဲကျသွားသည်။
သတ္တုစားပုရွက်ပျံ၏ ခန္ဓာကိုယ်ထဲမှ အမြုတေသည် ထိုရိုက်ချက်ကြောင့် ကွဲကြေသွားသလိုခံစားရသည်။ သူမသည် ရေခဲနဂါးပြာနှင့် တိုက်ခိုက်ရန်မဆို ထားနှင့် သူ၏ရိုက်ချက်တစ်ချက်ကိုပင် မခံနိုင်သည်မှာ ထင်ရှားလှသည်။ တိုက်ခိုက်ခြင်းသည် အလွန်တုံးအလွန်းသည့်အကြံဖြစ်သည်။ မိုးပေါ်တွင် ပျံနေသော ရေခဲနဂါးပြာကိုကြည့်ပြီး သတ္တုစားပုရွက်ပျံ၏လှောင်ပြောင်သော အသံသည် နားအူလောက်စေသည် “ရေခဲနဂါးပြာ မင်းက တကယ်အားကောင်း ပါတယ်.. ဒါပေမဲ့ ဘာဖြစ်လဲ.. မင်းရဲ့ခွန်အားက ငါ့ကိုဒီမှာထားထားနိုင်မယ်ထင် လား.. ဟင်း.. ငါက မိုးပေါ်နဲ့ရေထဲမှာ မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ပေမဲ့ မြေအောက်မှာဆိုရင်ရော.. မင်းမှာ မြေကြီးတူးတဲ့အစွမ်းအစရှိလား”
ပုရွက်ဆိတ်များသည် မြေကြီးတူးရာတွင် တော်ကြသည်။ ရေခဲနဂါးပြာ သည် သတ္တုစားပုရွက်ပျံ၏စကားများကိုကြားပြီးနောက် ချွေးအေးများပြန်လာ သည်။ အကယ်၍ ပြိုင်ဘက်သည် မြေလျှိုးပါက သူ မည်သူ့ကိုသွားငိုပြရမည် နည်း။ ပေထင်းဟွမ် ထိုလူသားသည် သူ့ကိုအရေစုတ်ပြီး အရိုးများမထုတ်ပစ် လျှင် ထူးဆန်းလိမ့်မည်။
နဂါးလေသည် သတ္တုစားပုရွက်ပျံဆီသို့ ပစ်လွှတ်ရာ သတ္တုစားပုရွက်ပျံ သည် အေးစက်စွာပြုံးပြီး မြေကြီးတူးမည်အပြုတွင် တစ်စုံတစ်ရာသည် သူမကို ပိတ်ပင်လေသည်။ သူမ မည်မျှပင် ကြိုးစားစေကာမူ မြေကြီးကိုတူးမရတော့ ပေ။
ပိုက်ကွန်အလွှာသည် သူမ၏လမ်းကြောင်းကိုပိတ်ထားသည်။
“ဒါကြီးကဘာကြီးလဲ” သတ္တုစားပုရွက်ပျံသည် ပျာယာခတ်စွာဖြင့် အော် လေသည်။
သူမ စကားမဆုံးခင်မှာပင် နဂါးလေသည် သူမဦးခေါင်းအထက်မှလေးကို ခဲသွားပြီး လွှမ်းမိုးလေသည်။ ချက်ချင်းဆိုသလိုပင် သူမ၏ ဝိညာဉ်အေးခဲသွား သည်။ နဂါးလေမှ သူမကိုဖုံးလွှမ်းမသွားခင် သူမခြေထောက်အောက်မှ ပိုက်ကွန်သည် လျင်မြန်စွာပင်လွတ်မြောက်သွားလေသည်။ သို့သော် သူမ အတွက်လှုပ်ရှားရန် နောက်ကျသွားလေပြီ။
ရေခဲနဂါးပြာသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ မြေကြီးဆီ သို့ပျံသွားလေသည်။ နွယ်ပင်မှော်သားရဲသည် မလှမ်းမဝေးမှ ထွက်လာချိန်တွင် ၎င်း၏ မျက်လုံးများသည် ထိတ်လန့်သဖြင့် ပြူးကျယ်လေသည် “သေစမ်း မင်းပဲ”
ရေခဲနဂါးပြာသည် ၎င်းကိုမှတ်မိသည်။ ၎င်းသည် ပေထင်းဟွမ်၏ အပင် မှော်သားရဲဖြစ်သည်။ ဤမထင်မရှားအပင်မှော်သားရဲသည် အရေးကြီးသည့် အခိုက်အတန့်တွင် အကူအညီဖြစ်လိမ့်မည်ဟုထင်မထားပေ။ ထင်ရှားစွာပင် ထိုလူသည် ပေထင်းဟွမ်မှလွှတ်လိုက်ခြင်းဖြစ်သည်။ ရေခဲနဂါးပြာသည် အမှန် တကယ်ပင် ဘာပြောရမည်မသိတော့ပေ။ ထိုလူသားသည် ငယ်ရွယ်လွန်း သည်။ သူဘာကြောင့် ဤမျှကောက်ကျစ်ရသနည်း။ သတ္တုစားပုရွက်ပျံသည် မြေကြီးတူးပြီးထွက်ပြေးမည်ကို သူမ ကြိုသိထားသောကြောင့် အပင်မှော်သားရဲကို ပို့လိုက်ခြင်းဖြစ်သည်။ သူမ၏လက်ထဲမှ မည်သည့်အရာက မှ မလွတ်မြောက်နိုင်ပေ။ ထိုစဉ်က ၎င်းသည် သူမလက်ထဲကျရောက်ခဲ့သည်မှာ အပြစ်ဆိုစရာမဟုတ်ပေ။
“ဒါက..” လျိုရွှီသည် ကြက်သေသေနေသည်။ သူသည် လက်ဖက်ရည် တစ်ခွက်သောက်ရန်ကြာချိန်၌ပင် ကြယ် ၁ ပွင့်နတ်သားရဲကို ဖမ်းလိုက်သည် လား။
“ဘာလိုချင်သေးလို့လဲ” ပေထင်းဟွမ်သည် ရှုပ်ထွေးစွာမေးလေသည်။ သူမသည် ခံစားချက်ကောင်းနေပုံရကာ စနောက်လေသည် “ဒါမဟုတ် တက်လာပြီး သတ္တုစားပုရွက်ပျံနဲ့တိုက်ခိုက်ချင်လို့လား”