Chapters

ပေထင်းဟွမ်ထက်ချောတဲ့သူကို ဘယ်သူမြင်ဖူးလဲ

Vol. 32 Ch. 625

ပေထင်းဟွမ်ထက်ချောတဲ့သူကို ဘယ်သူမြင်ဖူးလဲ

Vol. 32 Ch. 625

လျိုရွှီသည် သတ္တုစားပုရွက်ပျံနှင့် တိုက်ပွဲကြီးမဖြစ်ချင်ပေ။ သူသည် အလွန်ထိတ်လန့်မိသော်လည်း ထိုအရာနှင့်ပြီးသွားသည်။ ထို့အပြင် ၎င်းသည် နတ်သားရဲဖြစ်သည်။ တိုက်ကွက်အနည်းငယ်နှင့်တင် ၎င်းကိုရလိုက်လိမ့်မည် ဟု လျိုရွှီမယုံနိုင်ဖြစ်နေသည်။ သူ၏ကိုယ်ပိုင်ခွန်အားသည် သန်မာသည်ဟု ပြော၍ရသည်။ ပုံမှန်အားဖြင့် သူ သူအဖွဲ့အားဦးဆောင်ပြီး ရှာဖွေရေးလျှင် မွန်မြတ်သောသားရဲတစ်ကောင်ဖမ်းမိလျှင်တောင် ထခုန်မတတ်ပျော်တတ်၏။ သူ၏ကံကောင်းလှသည်ဟုခံစားရသဖြင့် သွေးထွက်ရမည်၊ ဒဏ်ရာရမည်ကိုပင် တွေဝေတတ်သူမဟုတ်ပေ။

ပေထင်းဟွမ်အားကြည့်ပြီး လျိုရွှီသည် ယုံကြည်ချက်များပြိုကွဲသွားသလို ခံစားလိုက်ရသည်။

ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းကာ လျိုရွှီသည် ပေထင်းဟွမ် နောက်လိုက်လာခဲ့သည်ကို နောင်တရမိသည်။ သူသည် ငယ်ရွယ်ပြီး စိတ်မြန် လက်မြန်ရှိသည်။ သူ နေလာခဲ့သမျှ နှစ်များသည် အလဟဿဖြစ်သွားသလို ယခုအခါ သူခံစားရသည် “ဒီနတ်သားရဲကို အခုတော့မလိုချင်သေးဘူး.. သူ့ အဆင့်က အရမ်းနိမ့်တယ်”

သတ္တုစားပုရွက်ပျံသည် ပေထင်းဟွမ်နှင့် လျိုရွှီတို့အကြားမှာ သဘောတူ ညီချက်ကိုကြားသောအခါ စာချုပ်သားရဲဖြစ်ရမည်ကို မလိုလားလျက်ရှိသည်။ သို့သော် ယခုအခါ သူမသည် အဆင့်နိမ့်၍ မလိုချင်ဟု လျိုရွှီပြောလိုက်သည့် စကားကိုကြားသောအခါ သတ္တုစားပုရွက်ပျံသည် သွေးအန်မတတ်ဖြစ်သွား၏။ “ဟင်း လူသားအစုတ်အပြတ် မင်းက ငါ့ခွန်အားကို အထင်သေးရဲသေးတယ်.. ငါက မင်းကို ဂရုမစိုက်ဘူး”

လျိုရွှီသည် ခေတ္တမျှမှင်တက်သွားသည်။ ဒါဘာအဓိပ္ပာယ်လဲ။ သူက ဒီ ကြယ် ၁ ပွင့်နတ်သားရဲနဲ့ စာချုပ်တည်ထောင်ရမှာလား။ “ရုပ်ဆိုးမှ မင်းအသံက လည်း နားဝင်ဆိုးလိုက်တာ.. ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကိုမလိုချင်ဘူး”

သူသည် ပေထင်းဟွမ်ကြောင့် သေတော့မလိုဖြစ်ကာ ယခုအခါ ကြယ် ၁ ပွင့်နတ်သားရဲ၏ အနိုင်ကျင့်ခြင်းကိုခံလိုက်ရပြန်သည်။ သူသည် အရေးမပါသည့်လူမဟုတ်ပေ။

“အာ.. ငါ မင်းကိုသေအောင်ရိုက်မယ်” သတ္တုစားပုရွက်ပျံသည် အော်ရုံသာအော်နိုင်သည်။ သူမသည် ရေခဲနဂါးပြာ၏အမြီးနှင့်အရိုက်ခံထားရ သဖြင့် ဒဏ်ရာတစ်ဝက်ခန့်ရနေပြီဖြစ်သည်။ သူမသည် တိုက်ခိုက်ရေး အစွမ်းအစများလုံးဝ ဆုံးရှုံးလိုက်ရပြီဖြစ်၏။ သို့သော် ဤလူ၏ပါးစပ်သည် လက်နက်တစ်ခုကဲ့သို့ ချွန်သည်။ သူ၏အသံသည် သူမ၏အခွံလောက် အားကောင်းသည်။ သူ ကြိမ်းမောင်းလိုက်ချိန်တွင် သူ့အသံသည် နားစည်ထဲသို့ စူးဝင်သွားနိုင်သည်။

လျိုရွှီသည် သံသယဝင်မိသည်။ သတ္တုစားပုရွက်ပျံမှာ အသံတိုက်ခိုက်တဲ့ အရည်အချင်းရှိနေတာလား။

လျိုရွှီမလိုချင်သဖြင့် ပေထင်းဟွမ်သည် ကြယ် ၁ ပွင့်နတ်သားရဲကိုထည့် ရန် အသက်လှောင်အိမ်ထုတ်လိုက်ချိန်တွင် သတ္တုစားပုရွက်ပျံသည် အသည်းအသန်အော်လေသည် “လူသား ဂုဏ်သရေရှိနတ်သားရဲကို ထောင်သားလိုမျိုး ဆက်ဆံလို့မရဘူး.. ငါ မင်းကိုပြောမယ်.. ငါက သက်ရှိ သတ္တဝါပဲ... မင်း ငါ့ကိုအပြင်မှာရောင်းရင် ငါအခုပဲသေလိုက်လို့ရတယ်”

ပေထင်းဟွမ်သည် လက်ကိုပြန်ရုတ်လိုက်သည်။ သူမသည် သက်ရှိဟူ၍ ပြောနေသေးသည်။ ၎င်းသည် ပေထင်းဟွမ်၏အရင်ဘဝတွင်ရှိခဲ့သည့် အမြစ်စွဲ နေသည့်အရာကို ဆွဲနှုတ်လိုက်သလိုပင်။ သူမသည် မမေးဘဲမနေနိုင်ပေ “ဒါဆို မင်းကဘာလိုချင်တာလဲ”

နတ်သားရဲတစ်ကောင်သည် အဖိုးတန်သည်။ သူမသာ တောင်းဆိုလျှင် ဂုဏ်ရှိရှိသေခွင့်ပေးသည့်ဆန္ဒကဲ့သို့ ပေထင်းဟွမ်သည် သူမကျေနပ်အောင်လုပ် ပေးနိုင်သည်။

“ငါ မင်းနဲ့ စာချုပ်တည်ထောင်ချင်တယ်” သတ္တုစားပုရွက်ပျံသည် ရှေ့ခြေထောက်မြှောက်ကာ ပေထင်းဟွမ်အား ညွှန်ပြလေသည် “ဟင်း အဲအရူး က ငါ့ကိုအထင်သေးရဲတယ်..ငါမင်းရဲ့ စာချုပ်သားရဲဖြစ်မယ်.. မင်းက သူ့ထက် ပိုချောတော့ မင်းရဲ့လက်တွဲဖော်ဖြစ်ဖို့ပဲ အလိုရှိတယ်”

လျိုရွှီသည် ဒေါသထွက်သွား၏။ ဒီကောင်တော့... ပေထင်းဟွမ်သည် သူ့ထက်ပိုချောမောသည်မှာ မှန်သည်။ ယခုအခါ သူမ၏မျက်နှာကို ဖုံးအုပ်ထား သည်မဟုတ်ပါလား။ ပေထင်းဟွမ်သည် သူ့ထက်ချောမောသည်ဟု သူမ တွေးသွားလိမ့်မည်ဟု မည်သူထင်မည်နည်း။

သို့သော် နတ်သားရဲတစ်ကောင်နှင့် စကားများပြီး သူ့ကိုယ်သူ ဒေါသထွက်နေရန်မတန်ပေ။ လျိုရွှီသည် လှည့်ပတ်ကြည့်ပြီးနောက် စိတ်တည်ငြိမ်ရန် အတတ်နိုင်ဆုံးကြိုစားလိုက်သည်။ သူ ဘာပြောနိုင်ဦးမှာလဲ။ သူက ပေထင်းဟွမ်ထက်ချောပါတယ်လို့ သူ့အသိစိတ်ကိုသူ ဆန့်ကျင်ရမှာလား။

ဤကမ္ဘာတွင် ပေထင်းဟွမ်နှင့်ယှဉ်နိုင်သည်မှာ လူတစ်ယောက်သာရှိ လိမ့်မည်။ ထိုလူသည် သခင်ယန်ယဲ့သာဖြစ်သည်။