ကြယ် ၁ ပွင့်နတ်သားရဲ၊ အထင်သေးမှုအမျိုးမျိုး
Vol. 32 Ch. 626
မထင်မှတ်စွာပင် ထိုသတ္တုစားပုရွက်ပျံသည် အသက်ဝင်ဆဲဖြစ်ကာ သံမဏိသွေးအဖွဲ့ဝင်များကို ရယ်မောစေသည်။ ချင်ရှဲလင်သည် သတ္တုစား ပုရွက်ပျံကို လက်ညှိုးထိုးကာ ပြောလေသည် “ခေါင်းဆောင် ဒီတစ်ကောင်က အနာဂတ်မှာ အထွတ်အမြတ်သားရဲဖြစ်ပြီး အသွင်ပြောင်းနိုင်မယ်လို့ထင်နေ တာလား”
လူသားအသွင်ပြောင်းသည့် အထွတ်အမြတ်သားရဲအများစုသည် ချောမောပြီး နတ်မိစ္ဆာနှင့်တူကြသည်။ သူတို့သာ် သာမန်လူသားများထက် ပို၍ လှပကြသည်။ သို့သော် သတ္တုစားပုရွက်ပျံကိုကြည့်လျှင် ၎င်း၏ခန္ဓာကိုယ်သည် မည်းနက်သောရွှေအလွှာဖြင့် ကွပ်ထားသကဲ့သို့ဖြစ်နေကာ အသံမှာလည်း ထူးဆန်းလှသည်။ ပေထင်းဟွမ်သည် ဘာမှစဉ်းစားမရတော့ပေ။
“ဟင်း အရမ်းကိုရုပ်ဆိုးတာပဲ” ရေခဲနဂါးပြာသည် မိုးပေါ်မှပြန်လာကာ ပုံစံအငယ်အဖြစ်ပြောင်းလေသည်။ မသည် ရှန်းယန်ပို၏လည်ပင်းကို ကော်လာ သဖွယ်ရစ်ပတ်လိုက်ပြီး မညှာမတာပြောလေသည်။
“ကောင်စုတ် မင်းကသာ ရုပ်ဆိုးတာ” သတ္တုစားပုရွက်ပျံ၏ပါးစပ်သည် ခွင့်မလွှတ်နိုင်ပုံပေါက်သည်။ ၎င်းသည် ပေထင်းဟွမ်အား တိုက်တွန်းလေသည် “လူသား ငါနဲ့စာချုပ်မတည်ထောင်ချင်ဘူးလား”
ပေထင်းဟွမ်သည် ခေါင်းခါပြီး သူမအနောက်မှ အဖွဲ့ဝင်များကို ညွှန်ပြ လေသည် “ငါ့အဖွဲ့ဝင်တွေထဲက မင်း စာချုပ်တည်ထောင်ချင်တဲ့သူကို ရွေးလို့ရ တယ်.. ငါကတော့ အဲလိုလုပ်ဖို့အတွေးမရှိဘူး”
“ဘာ” သတ္တုစားပုရွက်ပျံသည် မြေကြီးပေါ်မှ နှစ်ခါမျှခုန်လိုက်သည်။ သူမသည် ကြယ် ၁ ပွင့်နတ်သားရဲအနေနှင့် ဆိုးဆိုးရွားရွားအငြင်းခံလိုက်ရမည် ဟု ထင်မထားပေ။ ထိုအနက်ရောင်ဝတ်ထားသော လူငယ်သည် သူမကို အမှန် တကယ်မလိုခြင်းပင် “ဘာလို့လဲ.. မင်းလည်း ငါ့ကိုအထင်သေးတာလား”
ပေထင်းဟွမ်သည် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူမ၏ ကြည်လင်သော အသံသည် အထူးသဖြင့် မောက်မာနေသည် “မင်းက ငါ့စာချုပ်သားရဲဖြစ်ချင် တာလား.. ငါ့ရဲ့လက်ရှိခွန်အားနဲ့ မင်းက အရည်အချင်းမမှီဘူး”
“ဟူး အဟွတ် အဟွတ်” လျိုရွှီသည် တံတွေးပင်သီးသွားသည်။ သူသည် မရယ်နိုင်ဘဲ ထိတ်လန့်သွားသည်။ ကြယ် ၁ ပွင့်နတ်သားရဲသည် သူမ၏ စာချုပ် သားရဲဖြစ်ရန် မလုံလောက်ပေ။ ဤကမ္ဘာတွင် နတ်သားရဲကို အထင်သေးသည့် သူရှိသေးသည်လား။ လျိုရွှီသည် ကြယ် ၁ ပွင့်နတ်သားရဲကို ပေးထင်ဟွမ်ပေး ခြင်းကို ငြင်းဆန်ရခြင်းမှာ ပေထင်းဟွမ်ဆီမှ နောက်ထပ်နတ်သားရဲကို ထပ်ယူ ရန် ရှက်ခြင်းကြောင့်ဖြစ်သည်။ သူသည် ဖြားယောင်းမခံရခြင်းမျိုးမဟုတ်ပေ။
ပေထင်းဟွမ်သည် ထိုသားရဲကို အမှန်တကယ်ပင် အထင်သေးခြင်းပင်။
အထင်သေးခံရပြန်ပြီ။ သတ္တုစားပုရွက်ပျံသည် အတန်ကြာပြီးနောက် အသိစိတ်ပြန်ဝင်လာသည်။ ကောင်းကင်ပေါ်တွင်ပျံနိုင်ပြီး မြေလျှိုးနိုင်သည့် နတ်သားရဲ တစ်ကောင်အနေနှင့် ၎င်း၏ တိုက်ခိုက်မှုများကို ခုခံနိုင်မှုသည် အလွန်အားကောင်းသည်။ တိုက်ခိုက်မှုအမျိုးအစား နတ်သားရဲများသည် အဆိပ်များကိုလည်း ထုတ်လွှတ်နိုင်သည်။ သတ္တုစားပုရွက်ပျံသည် အတန်ကြာ မှပင် သတိပြန်ဝင်လာသည်။ ၎င်းသည် အမှန်တကယ်ပင် အထင်သေးခံလိုက်ရ သည်။
ပေထင်းဟွမ်သည် ထိုကိစ္စကို ဂရုမစိုက်ပေ။ သူမအတွက် ကြယ် ၇ ပွင့် အထက် နတ်သားရဲဖြစ်ရမည်ဖြစ်ပြီး သန့်စင်သောသွေးသားဖြစ်ရမည်။ ပေထင်းဟွမ်သည် သတ္တုစားပုရွက်ပျံကဲ့သို့ သာမန်နတ်သားရဲအတွက် သူမ၏ စာချုပ် နေရာကို မဖြုန်းတီးနိုင်ပေ။
ဤသည်မှာ သူမ ရနိုင်သည့် စာချုပ်သားရဲအရေအတွက်၏ ကန့်သတ် ချက်ပေါ်တွင်လည်း မူတည်နေသည်။
သူမသည် သတ္တုစားပုရွက်ပျံ၏ဦးခေါင်းပေါ် လက်တင်လိုက်သည်။ တူညီစွာပင် ပေထင်းဟွမ်သည် မှော်သားရဲ၏အဆင့်ကို မြှင့်တင်ရန် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို မသုံးပေ။ သူမသည် သူတို့ကို သာမန်သာ ထိန်းကျောင်းသည်။ နတ်သားရဲနှစ်ကောင်ကို တစ်ခါတည်းထိန်းကျောင်းပြီး နောက် သူမ၏အကြောထဲသို့ စုပ်ယူလိုက်သည့် စွမ်းအားသည် လှိုင်းပင်မထစေ ပေ။ ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမသည် ဝိညာဉ်သခင်ကြီးဘုံသို့ အဆင့်တက်ရန် အချိန်ကျသည့်ပုံပင်။
သတ္တုစားပုရွက်ပျံသည် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ ပေထင်းဟွမ် သည် သူမကိုထိန်းကျောင်းခဲ့သည်။ ပေထင်းဟွမ်၏ ကျယ်ပြန့်သော စိတ်ခွန်အားကို သူမ စိတ်ထဲမှ အော်နေသော်လည်း နည်းနည်းမှမခုခံနိုင်ပေ။ ပေထင်းဟွမ်သည် သူမကိုအထင်သေးပြီး သူမအဖွဲ့နောက်လိုက်ရန် နေရာချ ပေးသဖြင့် သူမ မည်သူ့နောက်လိုက်ရမည်နည်း။
“အစ်ကိုရှန်းယန် မင်းဆုံးဖြတ်လိုက်” ထေင်းဟွမ်သည် လက်ပြန်ရုတ် ကာ ရှန်းယန်ပိုရှေ့တွင်ရှိသော သတ္တုစားပုရွက်ပျံကို ခြေထောက်ဖြင့်တော့ လိုက်သည်။
သတ္တုစားပုရွက်ပျံသည် ငါးဆားနယ်ကဲ့သို့ ဆက်ဆံခံနေရသည်။ အဖွဲ့ဝင် များသည် လှည့်မကြည့်ကြပေ။ ရှန်းယန်ပိုသည် သူ့အဖွဲ့ကိုကြည့်ကာ ဟွမ်ယဲ့ အားကြည့်လေသည် “ဟွမ်ယဲ့ အခုက မင်းမှာ ကြယ် ၉ ပွင့်မွန်မြတ်တဲ့သားရဲ တစ်ကောင်ပဲရှိသေးတယ်.. စိတ်မရှိရင် ဒီနတ်သားရဲကို...”