ရွှေမြေကြီး၊ ဘဝသလင်းကျောက်တွင်း၊ ဘာလဲဟ
Vol. 32 Ch. 627
သတ္တုစားပုရွက်ပျံသည် နှလုံးပါခုန်သွားသည်။ ၎င်းသည် စိုးရိမ်တကြီးဖြင့် ဟွမ်ယဲ့အား လှည့်ကြည့်လေသည်။ ထိုလူသည် လေးထောင့်ပုံစံနှင့် စုတ်ဖွာနေ သောအဝတ်အစားများကို ဝတ်ထားသည်။ သူသည် ကြယ် ၉ ပွင့်မွန်မြတ်သော သားရဲရှိသူဟု ပြောရခက်သည်။ သူသည် ဝိညာဉ်သခင်ကြီးဖြစ်ကာ လူသားများ အကြားတွင် ဒုတိယအဆင့်ကျွမ်းကျင်သူဟု ပြောနိုင်ရံသာရှိသည်။
ဒီကောင်ကလည်း သူမကို အထင်သေးမှာလား။
ကံကောင်းစွာပင် ရှန်းယန်ပို၏စကားများကိုကြားပြီးနောက် ဟွမ်ယဲ့၏ မျက်လုံးထဲတွင် အရူးအမူးဖြစ်သည့်အကြည့်တစ်ခုပေါ်လာသည်။ သူသည် ရှန်းယန်ပို၏ရှေ့သို့လှမ်းပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည် “ခေါင်းဆောင် ငါ စိတ်မရှိပါဘူး”
ရှန်းယန်းပိုသည် ပေထင်းဟွမ်ရှေ့တွင် 'ခေါင်းဆောင်' ဟုအခေါ်ခံရသည် ကို မသက်မသာဖြစ်သလို ခံစားရသည်။ သူသည် ခေါင်းကုတ်လိုက်သည် “မင်း စာချုပ်တည်ထောင်လိုက်ပါ”
ရှန်းယန်ပိုနှင့်တခြားသူများသည် ဟွမ်ယဲ့နှင့် သတ္တုစားပုရွက်ပျံတို့ စာချုပ်တည်ထောင်သည်ကို စောင့်ပေးကြသည်။ ပေထင်းဟွမ်သည် သတ္တုစား ပုရွက်ပျံ၏ဂူဝင်ပေါက်ဆီသို့ ပျံသွားသည်။ ရွှေရောင်ကောင်းကင်ခေါင်းလောင်း ပန်းသည် တောင်လေထဲတွင် နူးညံ့စွာလွင့်ပါနေကာ ဝိညာဉ်စွမ်းအင်ကြွယ်ဝစွာ ထုတ်လွှတ်နေသည်။ ပေထင်းဟွမ်သည် အပျော်လွန်သွားသည်။ သူမသည် ကောင်းကင်ခေါင်းလောင်းပန်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်ကာ မည်သို့ လုပ်ရမည်ကိုမသိတော့ပေ။
“ရှောင်ကျို့.. မင်းမှာ လေဟာနယ်နေရာရှိတာမှတော့ ဘာလို့ ဒီမြေနေရာ ကို ဖြတ်မယူတာလဲ.. ဒီကဆေးပင်အရှင်တွေက ဆေးပင်အခြောက်တွေထက် ဆေးအာနိသင်ပိုများတယ်လို့ ကြားဖူးတယ်” ပေထင်းဟွမ်သည် သူမ၏ ကိုယ်ရည်ကိုယ်သွေးအစစ်အမှန်ကို ထုတ်ပြသည်ကို လျိုရွှီအတွက် တွေ့ရခဲ သည်။ သူမသည် လောဘရှိပုံမပေါ်ပေ ထိုအစား သူမ၏အသက်အရွယ်နှင့် လိုက်ဖက်အောင် အလွန်ချစ်စရာကောင်းနေသည်။
ပေထင်းဟွမ်သည် မင်းသမီးချန်လဲ့အား သူမ၏ လေဟာနယ်ထဲထည့်နိုင် သည်မှာ သူမတွင် သက်ရှိအရာများကို သိုလှောင်နိုင်သည့်အရာရှိသည်ကို ညွှန် ပြနေသည်။ သို့သော် ယန်းမြို့ခွန်အား၊ ပေထင်းဟွမ်၏ လျှို့ဝှက်ဆန်းကြယ်မှု၊ ယန်းမြို့တွင်ထူးခြားသည့် ရာထူးရှိနေခြင်းတို့အရ ဤကဲ့သို့နတ်ပစ္စည်းရှိနေ သည်မှာ အလွန်ပင် သာမန်ဖြစ်သည်။
ပေထင်းဟွမ်သည် လက်ပြန်ရုတ်ကာ မေးစေ့ကို ထိလိုက်သည်။ သူမ သည် ကောင်းကင်ခေါင်းလောင်းပန်းဆီသို့လျှောက်သွားပြီးကြည့်ရာ ကောင်းကင်ခေါင်းလောင်းပန်းသည် ထူးခြားသည့်မြေတွင် ကြီးထွားခဲ့သည်ကို ပြောနိုင်သည်။ ထို့အပြင် ၎င်းသည် မြေကွက်တစ်ခုလုံးဖြစ်သည်။ လျိုရွှီ၏ စကားများသည် သင့်တော်သည်ဟုခံစားမိသဖြင့် ပြောလိုက်သည် “မင်းက အဲဒီကနေလုပ်လိုက် ငါ ဒီကနေလုပ်မယ် လာခဲ့ ကူညီပေးပါဦး”
သေချာပေါက်ပင် လျိုရွှီသည် ထိုအကူအညီတောင်းမှုလေးကို မငြင်းပေ
ထိုအခိုက်အတန့်တွင် တစ်ယောက်သည် ဓားပျော့ကိုသုံးပြီး နောက်တစ် ယောက်သည် လှံကိုသုံးကာ မြေကြီးပေါ်မှကျောက်တုံးများကို တူးလေသည်။ တဖြည်းဖြည်းနှင့် မြေဆီလွှာရှင်းသွားပြီး မြေကြီးအောက်မှ ရွှေရောင် ကျောက်တုံးကြီးများပေါ်လာသည်။ လျိုရွှီနှင့်ပေထင်းဟွမ်တို့သည် လက်နက် ကိုကောင်းကောင်းမကိုင်နိုင်လောက်အောင်ပင် ထိတ်လန့်သွားကြသည်။
“ဒါ ဒါက...” ပေထင်းဟွမ်သည် ဤတိုက်ကြီးအကြောင်း လေးလေးနက် နက်မသိသေးသဖြင့် လျိုရွှီအား စူးစမ်းသလိုကြည့်လေသည်။
လျိုရွှီသည် ပေထင်းဟွမ်ထက် ပိုမသိပေ။ သူသည် ရွှေရောင်ကျောက်တုံး ဆီသို့ လျှောက်သွားလိုက်သော်လည်း ရှုပ်ထွေးနေတုန်းပင် “ဒါဘာပဲဖြစ်ဖြစ် အရင်ဆုံးတူးကြည့်ကြတာပေါ့”
ရုတ်တရက် လုပ်အားများတိုးလာသည်။ သို့သော် ပေထင်းဟွမ်သည် စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မဖိနှိပ်နိုင်ပေ။ အဆင့် ၇ ကောင်းကင်ခေါင်းလောင်း ပန်းကို စိုက်ရန် တူးရာမှ ရွှေရောင်ကျောက်တုံးကြီးများတွေ့ခြင်းသည် သာမန် မဟုတ်ပေ။ ပေထင်းဟွမ်သည် လေဟာနယ်ထဲမှ အဂူးကို မေးလိုက်သည် “အဂူး ဒါဘာလဲဆိုတာသိလား”
အဂူးသည် ကြယ် ၂ ပွင့်နတ်သားရဲ တောင်ပံခြောက်ခုနှံကောင်ကို တားရန် ထွက်လာပြီးနောက် ပေထင်းဟွမ်၏လက်ပတ်လေဟာနယ်ထဲသို့ ပြန် သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် လေဟာနယ်ဝင်ပေါက်မှကြည့်ပြီး ထိတ်လန့်မှုကြောင့် မေ့လဲမတတ်ဖြစ်နေသည် “သခင် ကံကောင်းလွန်းတာ မဟုတ်ဘူးလား အဲဒါရွှေမြေကြီးမဟုတ်ဘူးလား.. သခင် တူးတဲ့အချိန် သတိ ထားနော်.. ရွှေမြေကြီးကို မခွဲမိစေနဲ့.. ရွှေမြေကြီးရှိတဲ့နားမှာ အကြောတွေရှိ နိုင်တယ်.. အဲဒါကိုလိုက်တူးရင် အသက်သလင်းသတ္တုတွင်းရှိလိမ့်မယ်”
“အသက်သတ္တုတွင်းဟုတ်လား.. တော်တော်အဆင့်မြင့်တဲ့ပုံပဲ အဲဒါဘာလဲ” ပေထင်းဟွမ်သည် သတ္တုတွင်းများအကြောင်းကို လုံးဝမသိပေ။ သူမသည် ယန်ယဲ့ဆီမှ လက်နက်သန့်စင်ခြင်းအကြောင်းများ သင်ယူရဦးမည့်ပုံ ပင်။ မဟုတ်လျှင် သူမသည် ရတနာများကို မသိနိုင်ပေ။ ထိုအရာများသည် သူမ၏လက်ချောင်းထဲမှ ချော်ထွက်သွားလျှင် နစ်နာသွားမည်။