မင်းက နတ်ဘုရားရဲ့သားအရင်းပဲ
Vol. 32 Ch. 628
“ဒါက အသက်သလင်းကျောက်တါင်းပဲ.. လက်ချောင်းတစ်ချောင်း အရွယ်အစားကတော့ တိုက်ကြီးကို ဝရုန်းသုန်းကားဖြစ်အောင်လုပ်နိုင်တယ်၊ သခင့်လက်ထဲက လေဟာနယ်လက်ကောက်ကို အသက်သလင်းကျောက်နဲ့ သန့်စင်ထားတာပဲ.. အသက်သလင်းကျောက်ကို သန့်စင်တဲ့ လုပ်ငန်းစဉ် အတွင်းမှာ အဆင့်ထိပ်ဆုံးနတ်လက်နက်သန့်စင်ရင် အောင်မြင်နိုင်နှုန်းက ရာနှုန်းပြည့်ပဲ.. အကျဉ်းချုပ်ပြောရရင် သခင်.. မင်းရနိုင်တယ်” အဂူးသည် လက်ဖဝါးများကိုပွတ်ပြီး ပေထင်းဟွမ် သလင်းကျောက်တွင်းရရန် ကိုယ်တိုင် ထွက်လာပြီး ကူညီပေးချင်မိသည်။
ပေထင်းဟွမ်သည် ရဲရဲတင်းတင်းပင် ဖြတ်တောက်တူးဆွခဲ့သည်။ လေဟာနယ်ထဲမှ အဂူး၏အမျိုးမျိုးသတိပေးသည့်စကားကိုကြားပြီးနေက် ပေထင်းဟွမ်သည် သက်ပြင်းချကာ လက်ထဲမှဓားပျော့ကို ချလိုက်သည်။ သူမ သည် နဖူးပွတ်ပြီး ချွေးများထွက်နေသည့် လျိုရွှီကို ပြောလိုက်သည် “အစ်ကို လျိုရွှီ ခဏလောက်စောင့်ဦး... ဒီကျောက်တုံးတွေက ထူးဆန်းတယ်.. နွယ်ပင် လေးကို မြေအောက်ထဲထိ တူးခိုင်းလိုက်မယ်”
“ဘယ်လောက်ထူးဆန်းတာလဲ.. လူတွေကိုစားနိုင်တာလား” လျိုရွှီသည် ပေထင်းဟွမ်အား မျက်လုံးလှိမ့်ပြပြီး မြေကြီးကို ဆက်တူးလေသည်။ မြေကြီး သည် အမှန်တကယ်ပင် ကံကောင်းသည်။ ၎င်းတို့သည် မရေမတွက်နိုင် လောက်အောင် တည်ရှိခဲ့ပြီး တစ်ခါမှမတွေ့ခဲ့ရပေ။ ယခုအခါ နတ်လက်နက် နှစ်ခု၏တူးဆွခြင်းကိုခံနေရသည်။
“အာ..” ပေထင်းဟွမ်သည် နှာခေါင်းကိုထိကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည် “အစ်ကိုလျိုရွှီ အမှန်အတိုင်းပြောရရင် ဒါတွေက ရွှေရောင် ကျောက်တုံးတွေပဲ.. တစ်ဖက်မှာ အသက်သလင်းကျောက်တွင်းနဲ့ ဆက်စပ်နေ နိုင်တယ်”
ချွင်း
လျိုရွှီ၏လက်ထဲမှ ကောင်းကင်ပြာလှံတံသည် ရွှေရောင်ကျောက်တုံးများ နှင့် ထိကာ အသံထွက်ပေါ်လာသည်။ သူသည် ခေါင်းမော့ကာ ပေထင်းဟွမ် အား မှင်တက်စွာကြည့်လေသည်။ လျိုရွှီသည် ပေထင်းဟွမ်ကဲ့သို့ လူသစ်လေး မဟုတ်ရာ အသက်သလင်းကျောက်အကြောင်းကို မသိဘဲမနေပေ။ ၎င်းသည် 'အသက်' နှင့်ဆက်စပ်ရာ ထိုသလင်းကျောက်သည် အသိစိတ်ရှိသည်ဟု ဆိုလို သည်။ အသက်သလင်းကျောက်နှင့် ရွှေကျောက်တုံးများအကြားမှ အကြောကို တူးမိလျှင် အသက်သလင်းကျောက်ကို မြေထဲမှယူနိုင်လိမ့်မည်။
“ရွှေကျောက်တုံးတွေလား အသက်သလင်းကျောက်လား” လျိုရွှီ မှင်တက်နေသည်။ သူ၏လက်များပင် တုန်ယင်လျက်ရှိသည်။ သူသည် ခြေထောက်အောက်မှ လေးဖက်လေးတန်ရွှေရောင်ကျောက်တုံးကြီးကို ညွှန်ပြ ပြီးအော်လေသည် “မိုးနတ်မင်းရေ ဒါတကယ်ပဲ ရွှေတုံးကြီးပဲ.. သေစမ်း မင်း ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ”
အရင် ဝိညာဉ်ထောင်ချီတောင်ကြားသို့ မရေမတွက်နိုင်သောလူများ လာခ့ကြသည်။ ဤနေရာတွင်ကောင်းကင်ခေါင်းလောင်းပန်းရှိသည်ကို သတိ မထားမိသူ မရှိသလောက်ပင်။ သို့သော် သူတို့သည် အဖိုးတန်သတ္တုတွင်းနှင့် ရွှေတုံးများကို လျစ်လျူရှုခဲ့ကြသည်။ ပေထင်းဟွမ် ဤနေရာသို့လာသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပါလား။ သူမ လာသည်နှင့် သူမသည် လျိုရွှီ ကျိန်ဆဲ ချင်လောက်အောင် ကံကောင်းခဲ့သည်။
ပေထင်းဟွမ်သည် လျိုရွှီ၏ ပြင်းပြသောခံစားချက်များကို နားလည်၏။ အမှန်အတိုင်းဆိုရလျှင် သူမသာဖြစ်လျှင် သွေးအန်မိလောက်အောင် စိတ်ဓာတ် ကျမည်ဖြစ်သည်။ သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ ပေထင်းဟွမ်သည် အတန်ကြာစဉ်းစားပြီးနောက် စကားတစ်ခွန်းနှင့်နှစ်သိမ့်လိုက်သည် “အစ်ကိုလျိုရွှီ အရမ်းကြီးမတွေးလိုက်ပါနဲ့ ကျွန်တော်တို့ကံကောင်းလား ကောင်းလားဆိုတာ ဆုံးဖြတ်လို့မရသေးဘူး”
“သေစမ်း မင်းက လူကိုနှစ်သိမ့်တတ်တာပဲ.. မင်း စကားကောင်းကောင်း မပြောတတ်ရင်လည်း ဟုတ်သေးတယ် ဒါပေမဲ့ ကောင်းကင်က မင်းအပေါ် ကောင်းလွန်းတာ သိလား” လျိုရွှီသည် မမျှတသည့်အတွက် ကောင်းကင်ကို အပြစ်တင်နေပြီဖြစ်သည် “ဒါနဲ့ မင်းက ကောင်းကင်ရဲ့သားအရင်းပဲ.. ငါတို့တွေ လမ်းမှာရှိသမျှအကုန်ကောက်မယ်”
“အာ.. အဲလိုအဓိပ္ပာယ်မဟုတ်ဘူး” ပေထင်းဟွမ် အပြစ်မကင်းသလို ခံစားရသည့်အချိန်မှာရှားသည်။ သူမသည် မြေပြင်ပေါ်မှ ရွှေတုံးကို ကြည့်လိုက် သည် “ဒီလိုဆိုရင်ရော အစ်ကိုလျိုရွှီ.. မင်းကို ရွှေတုံးနဲ့ အသက်သလင်းကျောက် တစ်ဝက်ပေးမယ်”
လျိုရွှီသည် အရူးတစ်ယောက်ကိုကြည့်သည့်အလား ပေထင်းဟွမ်အား ကြည့်လေသည်။ သို့သော် ပေထင်းဟွမ်၏စကားများသည် သူ့ကို ရင်ထဲထိသွား စေသည်ကိုတော့ ဝန်ခံသည်။ ခွန်အားအရာတွင် ပေထင်းဟွမ်သည် သူ့ထက် သန်မာသည်။ ထိုကျောက်တုံးများကို အရင်က သူသတိမထားခဲ့မိပေ။ သူသာဆို လျှင် ရွှေရောင်မြေကြီးကိုတူးပြီးနောက် မြေကြီးပေါ်မှ ရွှေတုံးများကို လုံးဝထိ မည်မဟုတ်ပေ။ ပေထင်းဟွမ်သည် သူ့ကိုဘာကြောင့် တစ်ဝက်ပေးရမည်နည်း။