Chapters

ကျွန်တော်ကယန်းမြို့က အရေးကြီးတဲ့သူမဟုတ်ဘူး

Vol. 32 Ch. 629

ကျွန်တော်ကယန်းမြို့က အရေးကြီးတဲ့သူမဟုတ်ဘူး

Vol. 32 Ch. 629

လျိုရွှီသည် ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ ရှုပ်ထွေးခြင်း၊ ပြတ်သားခိုင်မာခြင်း များဖြင့်ပြည့်နေသည့် ပေထင်းဟွမ်၏မျက်လုံးများကိုကြည့်နေသည်။ သူသည် အလွန်အရေးကြီးသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သလိုပင်။ သူသည် လျှောက်သွားပြီး ပေထင်းဟွမ်၏ပခုံးကိုပုတ်လိုက်သည်။ “ရှောင်ကျို့.. မင်း နောက်ကို ဘာလို့လူတွေဒီလောက်အများကြီးလိုက်လဲဆိုတာ ငါ သိသွားပြီ.. ငါ တစ်ယောက်တည်းမဟုတ်ဘူးထင်တယ်”

“အစ်ကိုလျိုရွှီ...”

ပေထင်းဟွမ် ထိတ်လန့်သွားလေသည်။ သူမသည် လျိုရွှီအား ခေါ်လိုက် သော်လည်း သူသည် သူမကိုတားရန် လက်မြှောက်လိုက်သည်။ သူ၏အသံနေ အသံထားသည် ပြတ်သားလှသည် “ငါက ယန်းမြို့ကပါ.. ဒီတစ်ခေါက် ငါ ယန်းမြို့ကိုမပြန်ခင် ပေထင်းဟွမ်လို့ခေါ်တဲ့လူနဲ့တွေ့ရင် သူ့ကို ဦးစားပေးရမယ် လို့အဖေကပြောလိုက်တယ်.. အစတုန်းကတော့ ငါလည်းအဆင်မပြေဘူး.. ဒါပေမဲ့ မင်းကိုအန္တရာယ်နေရာမှာတွေ့ပြီးတဲ့နောက် ငါစိတ်ပြောင်းသွားခဲ့တယ် ငါ တစ်ခါလောက်တော့ စမ်းကြည့်နိုင်မယ်လို့ထင်တယ်”

“ယန်းမြို့လား” ပေထင်းဟွမ်သည် အထူးတလည်ရှုပ်ထွေးလျက်ရှိသည်။ သူမသည် မျက်လုံးများကိုကျဉ်းမြောင်းပြီး ရှုပ်ထွေးစွာပြောလေသည် “အစ်ကို လျိုရွှီ ဒီလိုလုပ်ဖို့မလိုပါဘူး.. ကျွန်တော်က ယန်းမြို့အကြောင်းတကယ်မသိပါ ဘူး.. ညအရှင်သခင်က ဒီအင်္ကျီကို ကျွန်တော့်အတွက်လုပ်ပေးထားတာပါ.. ကျွန်တော်က ယန်းမြို့နဲ့မပတ်သက်ပါဘူး”

ပေထင်းဟွမ်သည် ယန်းမြို့ကို ခရီးဆက်ရဦးမည်။ သူမ ခေါင်းညိတ်လိုက် သည် “ယန်းမြို့မှာ နောက်သုံးလနေရင် ကိစ္စကြီးတာတစ်ခုခုရှိလိမ့်မယ်.. သေချာပေါက် ခရီးတော့ဆက်သွားရမယ်”

“ကောင်းတယ်” လျိုရွှီသည် ညာဘက်လက်ကိုမြှောက်ပြီး မိုးပေါ်သို့ ညွှန် ပြလေသည် “ငါ လျိုရွှီက ကျန်တဲ့ဘဝမှာ ပေထင်းဟွမ်နောက်လိုက်မယ်.. ငါ့ အသက်နဲ့ရင်းပြီးကာကွယ်ပေးမယ်.. ဒီသစ္စာကိုဖောက်ဖျက်ရင် ဒီကမ္ဘာမှာ အသက်မရှင်ပါတော့နဲ့”

လျိုရွှီ စကားပြောပြီးသည်နှင့် ကောင်းကင်နှင့်မြေကြီးဥပဒေကျလာပြီး ငွေရောင်အလင်းသည် သူတို့နှစ်ယောက်ကို လွှမ်းမိုးလိုက်သည်။ ဤနေရာမှ ရုန့်ရင်းဆန်ခတ်မှုများသည် ရှန်းယန်ပိုနှင့်တခြားသူများကို သတိဖြစ်စေသည်။ ရှန်းယန်ပိုကြည့်လိုက်သောအခါ သူ့မျက်လုံးများသည် အားကျမှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် လျိုရွှီကို အားကျသည်။ သူသည်လည်း ပေထင်းဟွမ်နောက်လိုက်ရန် သစ္စာဆိုချင်သည်။ သို့သော် သူ၏လက်ရှိခွန်အား သည် နိမ့်သေးသည်။ သူသာ ကောင်းကင်အဆင့်သို့တက်နိုင်လျင် သူမနောက် လိုက်ရန် ကျိန်းသေပေါက်သစ္စာဆိုမည်ဖြစ်သည်။

ပေထင်းဟွမ်သည် သက်ပြင်းအသာချလိုက်သည်။ ကံကောင်းစွာပင် သူမ သည် အစောင့်အရှောက် စစ်သည်မဟုတ်ပေ။ မဟုတ်လျှင် သူမ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ ထိုသို့ဆိုလျှင်တောင် ပေထင်းဟွမ်၏စိတ်ထဲတွင် ဝရုန်းသုန်းကားဖြစ်ပြီး အတန်ကြာသည်အထိ စိတ်မငြိမ်သေးပေ။ သူမ၏ အရင်းနှီးဆုံးအပေါင်းအပါများကို မည်ကဲ့သို့ ပေးဆပ်ခိုင်းမည်နည်း။ သူမသည် သူတို့ကို ဤကမ္ဘာ၏ထိပ်ဆုံးသို့ ဦးဆောင်သွားနိုင်ရန် ကာကွယ်ရန် သန်မာသည့်ခွန်အားရှိရန်လိုသည်။

မဟုတ်လျှင် သူမသည် ယုံကြည်မှုနှင့် အားကိုးမှုရယူရန် မည်သို့ ထိုက်တန်မည်နည်း။

နွယ်ပင်လေးမှ ရွှေရောင်အကြောကို တူးပြီးနောက် ပေထင်းဟွမ်နှင့် လျိုရွှီတို့အတွက် တူးရသည်မှာ ပိုလွယ်ကူလာည်။ နာရီဝက်ကြာပြီးနောက် သူတို့နှစ်ယောက်သည် သတ္တုစားပုရွက်ပျံ၏မြေကြီးကိုတူးရာ လက်ဖဝါး အရွယ်အစားရှိ တောက်ပသော နို့နှစ်ရောင်အဖြူရောင်ကျောက်တုံးများကို တူးမိလေသည်။

ထင်ထားသည့်အတိုင်းပင် အဆင့်မြင့်အသက်သလင်းကျောက်များဖြစ် သည်။ ထိုအထဲမှစွမ်းအင်သည် နှလုံးခုန်မရပ်နိုင်လောက်အောင် အားကောင်း သည်။ သလင်းကျောက်၏မျက်နှာပြင်တွင် သွေးကြောအသေးစိတ်ကိုပင် မြင်နိုင်သည်။ ဆက်၍မတူးဖော်လျှင် နောက်ထပ်နှစ်သောင်းကြာသည်အထိ သဘာဝအတိုင်း ဆက်ရှိနေမည်လား မပြောနိုင်ပေ။

“အာ... ရတနာ”

ဟွမ်ယဲ့နှင့် စာချုပ်တည်ထောင်ပြီးသော်လည်း စာချုပ်နေရာသို့မသွားရ သေးသော သတ္တုစားပုရွက်ပျံသည် အော်လေသည် “မိုးနတ်မင်းရေ ငါ့ဂူထဲမှာ အဲလိုမျိုးရတနာရှိတာလား.. အမလေး.. ငါသာ စောစောသိရင် ဒီသလင်းကျောက်နဲ့ဆို ငါ အထွတ်အမြတ်သားရဲအဖြစ် အဆင့်တက်သွားပြီ.. မင်း ငါ့ကိုဖမ်းနိုင်တော့မှာမဟုတ်ဘူး”