ငါ အလိုအပ်ဆုံးက အထွတ်အမြတ်သားရဲရဲ့ အတွင်းအူတိုင်ပဲ
Vol. 32 Ch. 630
အစက ကောင်းကင်ခေါင်းလောင်းပန်းသည် အမြင့်ဆုံးရတာဟု သူမ ထင်ခဲ့သည်။ ကောင်းကင်ခေါင်းလောင်းပန်းသည် အသက်သလင်းကျောက် တွင်းကြောင့် ကြီးထွားလာခဲ့သည့် မျက်ကွယ်နည်းပညာတစ်ခုဖြစ်နေလိမ့်မည် ဟု မည်သူထင်မည်နည်း။ ကုဗမီတာရွှေတုံးသည် အသက်သလင်းကျောက်ထဲမှ စွမ်းအင်ကို စုပ်ယူပြီး အသက်သလင်းကျောက်အတွက် ကောင်းကင်နှင့်မြေကြီး ၏ဝိညာဉ်ချီကို ဆုပ်ယူရန် အထူးအသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။
သတ္တုစားပုရွက်ပျံ၏ အနှစ်သက်ဆုံးအစားအစာမှာ သတ္တုကြောများဖြစ် သည်။ ဤမျှကြီးမားသောရတနာကြီးကို သူမ၏တံခါးဝတွင်မြှုပ်ထား သော်လည်း သူမ လွတ်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သတ္တုစားပုရွက်ပျံ သည် သေပင်သေချင်မိသည်။
အန္တရာယ်အများဆုံးနေရာသည် အလုံခြုံဆုံးဖြစ်သည်။ ဤအသက် သလင်းကျောက်၏ အသိဉာဏ်သည် ဤအခြေအနေထိ ကြီးထွားလာခဲ့သည်။
ယခုအချိန်တွင် အသက်သလင်းကျောက်သည် ပေထင်းဟွမ်၏လက်ထဲ၌ ရှိခဲ့သည်။ ၎င်းသည် မနားမနေပင် ဘယ်ညာရုန်းကာ လွတ်မြောက်ရန် အကောင်းဆုံးကြိုစားနေသည်။ ပေထင်းဟွမ်သည် နှာမှုတ်ကာ ဒြပ်စင်စွမ်းအင် ကိုထုတ်ပြီး လွှမ်းမိုးလိုက်သည်။ သူမသည် ငိုနေဆဲဖြစ်သည့် သတ္တုစားပုရွက်ပျံ ကိုကြည့်ပြီး ဒေါသတကြီးပြောလိုက်သည် “ငိုမနေနဲ့တော့.. မင်းက အထွတ်အမြတ်သားရဲဖြစ်သွားတာနဲ့ ငါ့ဆီကနေ လွတ်နိုငမယ်ထင်လို့လား.. အခု ငါအလိုအပ်ဆုံးက အထွတ်အမြတ်သားရဲအတွင်းအူတိုင်ပဲ.. မင်းသာ အထွတ်အမြတ်သားရဲဆိုရင် ငါ့ပြဿနာတွေကိုရှင်းပေးနိုင်တယ်”
သတ္တုစားပုရွက်ပျံသည် ကြောက်လွန်းသဖြင့် အသက်ရှူရန်ပင် မေ့လျော့ သွားခဲ့သည်။ ၎င်းသည် ပေထင်းဟွမ်အား သေးငယ်သောမျက်လုံးများဖြင့် ကြည့်နေသည်။ အတန်ကြာပြီးနောက် ၎င်းသည် အသိစိတ်ပြန်ဝင်လာကာ ဟွမ်ယဲ့၏ မှော်သားရဲနေရာထဲသို့ အလျင်အမြန်ပြေးပုန်းလေသည်။
ဘုရားရေ ဒီလူသားက အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူက တကယ် ကြီး အထွတ်အမြတ်သားရဲရဲ့ အတွင်းအူတိုင်ကိုလိုချင်နေတာပဲ။ မိုးနတ်မင်းရေ သူ မတောင်းရဲတဲ့ဟာရှိသေးရဲ့လား။
“အထွတ်အမြတ်သားရဲရဲ့ အတွင်းအူတိုင်လား.. တကယ်ကြီးပြောနေတာ လား.. မင်း မင်း.. မင်းက အထွတ်အမြတ်သားရဲရဲ့ အတွင်းအူတိုင်ကို ဘာလို့ လိုချင်တာလဲ.. အခု အထွတ်အမြတ်သားရဲအတွင်းအူတိုင် သွားရှာမယ်လို့တော့ မပြောနဲ့နော်.. အထွတ်အမြတ်သားရဲတစ်ကောင်ကို သတ်ဖို့ကမလွယ်ဘူး” လျိုရွှီ စကားပြောပြီးနောက်တွင် သူပြောလိုက်သည့်စကားကို အထွတ်အမြတ် သားရဲတစ်ကောင်မှ ကြားသွားမည်ကိုကြောက်သဖြင့် ပတ်ပတ်လည်ကို ပြာပြာသလဲကြည့်လေသည်။
ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းခါလိုက်သည် “ကျွန်တော်က အဲကောင် ကို ခြောက်ရုံခြောက်တာပါ.. ပြီးတော့ အထွတ်အမြတ်သားရဲအူတိုင်ရှိထားပြီးပြီ အချိန်တစ်ခုလောက်တော့ မလိုသေးဘူး” လျိုရွှီ၏ခြေထောက်များ အားနည်း သွားသည်။ သူသည် ဓား ၅ လက်ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ သို့သော် သူ့ ခြေထောက်များသည် အကြိမ်ပေါင်းများစွာအားနည်းပြီး လဲကျရသည်။ ပေထင်းဟွမ်သည် အဆိပ်နှင့်တူသည်။ သူမနှင့်ရှိနေချိန်တွင် သူ့နှလုံးသည် ခံနိုင်ရည်ရှိရန်လိုအပ်သည်။ သတိမထားမိလျှင် ထိတ်လန့်၍သေနိုင်သည်။
“အထွတ်အမြတ်သားရဲရဲ့ အတွင်းအူတိုင်လား” လျိုရွှီသည် ကမန်းကတန်းဖြင့် ပေထင်းဟွမ်၏ပါးစပ်ကိုပိတ်လိုက်သည်။ သူသည် လှည့်ပတ်ကြည့်ပြန်သည် “ဒီအကြောင်းကို ဘာလို့သူများကို လက်လွတ်စပယ် ပြောရတာလဲ”
ပေထင်းဟွမ်၏ပါးစပ်နှင့် နှာခေါင်းကို အပိတ်ခံလိုက်ရသဖြင့် သူမသည် အသက်ရှူမရတော့ပေ။ အတန်ကြာပြီးနောက် သူမ ရုန်းကန်ပြီး ဒေါသတကြီး ပြောလေသည် “မင်း.. အစ်ကိုလျိုရွှီ ဘာလို့ ဒီလောက်တောင် နားလည်ရခက် နေတာလဲ.. ဘယ်တုန်းက လူတွေကို လက်လွတ်စပယ်ပြောလို့လဲ.. ဒီမှာ အပြင်လူမှမရှိတာ”
ရှန်းယန်ပိုနှင့်တခြားသူများ မှင်တက်သွားသည်။ သူတို့သည် အသက် ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင်လုပ်ရသည်။ သူတို့၏ခေါင်းဆောင်သည် ရဲစွမ်းသတ္တိရှိသည်ကိုသိထားသည်။ သို့သော် အထွတ်အမြတ်သားရဲကို သတ်ရ လောက်အောင်ထိဖြစ်လိမ့်မည်ဟုထင်မထားပေ။
အထူးသဖြင့် မှော်သားရဲနေရာထဲမှ သတ္တုစားပုရွက်ပျံပင်ဖြစ်သည်။ သူမ သည် ပေထင်းဟွမ်၏စကားများကိုကြားသောအခါ သေးထွက်ကျမတတ်ပင်။
“ခေါင်းဆောင် အစ်ကိုလျိုရွှီပြောတာမှန်တယ်.. အထွတ်အမြတ်သားရဲရဲ့ အတွင်းအူတိုင်က တိုက်ကြီးမှာ အဖိုးမဖြတ်နိုင်ဘူး.. အဲဒါကိုသာ လေလံတင် လိုက်ရင် လုံးဝတန်ဖိုးမဖြတ်နိုင်ဘူး.. မင်းမှာ အဲလိုရတနာရှိတာကို သူများတွေ ကို ပေးမသိတာ အကောင်းဆုံးပဲ” ရှန်းယန်ပို၏ စကားများသည် လေးနက်နေ သည်။
အထွတ်အမြတ်သားရဲ၏ အတွင်းအူတိုင်ရှိခြင်းသည် အခြေခံအားဖြင့် နတ်လက်လက်ရှိခြင်းနှင့် ညီမျှသည်။ ပေထင်းဟွမ်တွင် နတ်လက်နက်များစွာ ရှိသည်။ သို့သော် နတ်လက်နက်များသည် တိုက်ကြီးပေါ်တွင် ဂေါ်ဖီထုပ်များ မဟုတ်သဖြင့် လူတိုင်းကိုင်နိုင်ခြင်းမဟုတ်ပေ။ အမျးစုသည် သူတို့၏ဘဝတွင် အဆင့်နိမ့် ဝိညာဉ်လက်နက်ပင် မမြင်ဖူးကြပေ။
ယင်လင်ကဲ့သို့ အဘိုးကြီးသည် ငွေလရောင်အင်ပါယာရှိသူ့ဘဝတွင် မရေမတွက်နိုင်သော ရတနာများမြင်ဖူးသည်။ ပေထင်းဟွမ်၏လက်ထဲရှိ နတ်လက်နက်အတွက် သူမ၏ရတနာကိုလုရန် သူ သတ်ရန်ရည်ရွယ်ချက်ရှိခဲ့ သည်။ နတ်လက်နက်တစ်ခု၏ တန်ဖိုးကို တွေးကြည့်၍ရနိုင်သည်...