← Chapters

ငါက မင်းတို့အကုန်လုံးအပိုင်ပဲ

Vol. 32 Ch. 631

ငါက မင်းတို့အကုန်လုံးအပိုင်ပဲ

Vol. 32 Ch. 631

အဲလိုလား။ ပေထင်းဟွမ်သည် မေးစေ့ကိုပွတ်လိုက်သည်။ သူမသည် ယနေ့ဖမ်းလိုက်သည့် နတ်သားရဲများကို ရောင်းမရမည်ကို စိုးရိမ်ခဲ့သည်။ လတစ်ဝက်အတွင်းမှာ ကျင်းပမည့် လေလံပွဲအတွက် မူလအရည် ၁၀ စက်ကို မည်သို့လေလံဆွဲရတော့မည်နည်း။

ခေါင်းလောင်းပန်းများစွာရှိသော်လည်း ထိုပန်းအားလုံးကို သူမ မရောင်းရဲ ပေ။ ယခုအချိန်တွင် အဆင့်မြင့်ဆေးဖော်စပ်ရန်အတွက် ထိုပန်းအားလုံးကို သုံနိုင်သည့်ခွန်အားမျိုး သူမတွင်မရှိသေးပေ။ အသက်သခင်းကျောက်ကို ရောင်းရန်မှာ ပို၍မဖြစ်နိုင်ပေ။ ဤကဲ့သို့အဆင့်မြင့်ရတနာမှာ အချိန်တိုင်း ကံကောင်းနိုင်မည်မဟုတ်ပေ။

စဉ်းစားကြည့်သောအခါ အထွတ်အမြတ်သားရဲ၏ အတွင်းအူတိုင်သည် ဝယ်လိုအားများသောကြောင့် နောက်လတစ်ဝက်အကြာတွင် ပြုလုပ်မည့် တော်ဝင်လေလံပွဲမှ မူလအရည်နှင့် အလဲအလှယ်လုပ်နိုင်မည်။

“ဟူး ဘယ်လိုလုပ် စိတ်ပူမှာလဲ.. ဆေးမစပ်ရတာတောင် ကြာနေပြီ.. အခု က အများဆုံး အဆင့် ၃ ဆေးကိုပဲ သန့်စင်နိုင်သေးတယ် မဟုတ်ရင်...” ပေထင်းဟွမ်သည် စကားဆုံးအောင်မပြောပေ။ မဟုတ်လျှင် သူမသည် ဆေးရောင်းပြီးသည့်တိုင်အောင် မူလအရည်မရမည်ကို စိုးရိမ်နေမည်မဟုတ် ပေ။

မူလအရည်ကို အဆင့်တက်ရန် အသုံးပြုနိုင်သည်။ သို့သော် ဤတိုက်ကြီး တွင် တိုးတက်ရန်အတွက် ဆေးသန့်စင်နိုင်သည့် အဂ္ဂိရတ်ပညာရှင်မရှိပေ။

ပေထင်းဟွမ်သည် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဖြစ်ရန် တစ်နေခဲ့ သည်။ မူလအရည်သည် သူမအား ဝိညာဉ်သခင်ကြီးအဖြစ်တိုးတက်စေမည်ဖြစ် ရာ သူမအတွက် လိုအပ်နေသည့်အရာဖြစ်သည်။

“အဆင့် ၃ အဂ္ဂိရတ်ပညာရှင်လား” လျိုရွှီသည် ဆွံ့အနေသည်။ အမြင့်ဆုံး သားရဲထိန်းနှင့် အဆင့် ၃ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ သူသည် ညအရှင်မှ သူမကို ဘာကြောင့် ကောင်းမွန်စွာဆက်ဆံပေးသည်ကို နားလည်လာပုံရသည်။ သူ၏ဖခင်ပင်လျှင် ပေထင်းဟွမ်အား ဦးစားပေးရန် ညွှန်ကြားလာသည်။ ဤကဲ့သို့ ပါရမီရှင်မျိုးကို တိုက်ကြီးရှိ အဖွဲ့အစည်းများမှ မည်သို့လက်လွှတ်ခံ ချင်မည်နည်း။

လျိုရွှီ၏အသံသည် အနည်းငယ်ထူးဆန်းနေသည်။ သူမကို အထင်သေး သွားသည်ကို ပေထင်းဟွမ်ထင်သဖြင့် သူ့ကို မျက်လုံးလှိမ့်ပြလေသည် “ဘာလို့လဲ ကျွန်တော့်ကိုအထင်သေးတာလား.. တစ်နေ့ကျရင် ကျွန်တော်လည်း နတ်ဘုံအဂ္ဂိရတ်ပညာရှင်ဖြစ်လာမှာ.. စိတ်မပူပါနဲ့ ကိုယ့်စကားကို ပြန်မရုတ်သိမ်းဘူး”

နတ်အဆင့်ခွဲဆေးသည် ဝိညာဉ်သခင်ကြီးထိပ်ဆုံးအဆင့်မှ နတ်ဘုံအဆင့်သို့ နှောင့်နှေးခြင်းမရှိ အဆင့်တက်စေနိုင်သည်။ ၎င်းဆေးသည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းကို ချိုးဖောက်နိုင်သည်။ တိုက်ကြီးပေါ်မှလူ များသာ ထိုစကားကိုကြားဖူးသော်လည်း မည်သူကမှ မသန့်စင်နိုင်ပေ။ သို့သော် တချို့သောအကြောင်းများကြောင့် ပေထင်းဟွမ်သည် ဤဒဏ္ဍာရီကို ရေးနိုင် လိမ့်မည်ဟု လျိုရွှီခံစားရသည်။

“ငါမင်းကို အထင်သေးမိလို့လား” လျိုရွှီသည် အနည်းငယ်ထိတ်လန့်စွာ ဖြင့် ကြည့်လေသည် “ငါမင်းကို အထင်သေးလို့ရမယ်လို့ထင်နေတာလား ငါက အရူးမှမဟုတ်တာ”

“ကျွန်တော်ပြောသလိုမဟုတ်လို့တော်သေးတယ် မင်းမပြောရဲဘူးပဲ” ပေထင်းဟွမ်သည် ပြုံးပြီး သူ့ပခုံးကိုတွန်းလိုက်သည် “ပြန်ပြီး စစ်နိုင်ပစ္စည်းတွေ ခွဲရအောင်.. အသက်သလင်းကျောက်ကို နှစ်ခြမ်းခွဲလို့မရဘူး.. ရွှေတုံးတွေ အကုန်လုံးက မင်းအပိုင်ပဲ ဘယ်လိုလဲ”

ပေထင်းဟွမ်သည် အမြတ်ကြီးစားကဲ့သို့ မျက်လုံးများကို ကျဉ်းမြောင်း လိုက်သည်။ ရွှေကျောက်များသည် အဖိုးတန်ပြီး တိုက်ကြီးပေါ်တွင် သန့်စင်သူ များအတွက် ရတနာတစ်ပါးဖြစ်သော်လည်း အသက်သလင်းကျောက်နှင့် မယှဉ်နိုင်ပေ။ ပေထင်းဟွမ်သည် မည်သို့ပင်ဖြစ်စေကာမူ အသက်သလင်း ကျောက်ကိုယူမည်ဟု ဆိုလိုခြင်းဖြစ်သည်။

လျိုရွှီသည် သူမ၏ အပြုအမူကြောင့် အံ့အားသင့်နေ၏။ သူသည် ခေါင်းခါပြီး မပျော်မရွှင်နှင့် စနောက်လေသည် “ငါက ဘာလို့ရွှေတုံးတွေလိုမှာ လဲ.. ငါက မင်းအပိုင်ဖြစ်နေပြီပဲ.. ရွှေတုံးတွေယူဖို့မလိုတော့ဘူးမလား”

ပေထင်းဟွမ်၏ ခြေထောက်များအားနည်းပြီး မြေကြီးပေါ်လဲကျရမည့် အလှည့်ဖြစ်သွားသည်။ လျိုရွှီသာ အမြန်မတုံ့ပြန်လျှင် ပေထင်းဟွမ်သည် မြေကြီးပေါ် လဲကျသွားမည်ဖြစ်သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ် အောင်ပြန်ထိန်းကာ လျိုရွှီ၏ အပြုံးသက်သောအသံကိုကြာလားလိုက်ရသည် “ငါ မင်းကိုခြောက်မိသွားပြီလား.. မင်းလည်း ခံရသင့်တယ်.. ဒီနေ့တင်ကို ငါ့ကို ထပ်ခါထပ်ခါ ခြောက်ပါလို့ ဘယ်သူပြောလို့လဲ”

သေစမ်း.. ဒီကလေးက ညစ်လွန်းတာမဟုတ်ဘူးလား။ သူမ ဘာလုပ်ခဲ့လို့ လဲ။ သူမက သူ့ကိုခြောက်ခဲ့လို့လား။ ပေထင်းဟွမ်သည် ခေါင်းကိုစိတ်ဆိုးမာန် ဆိုးနှင့်လှည့်ပြီး လျိုရွှီ၏မေးစေ့ကို မ,ကာ ပြည့်တန်ဆာတစ်ယောက်ကဲ့သို့ ကြည့်လေသည်။ သူမသည် အပြုံးသဲ့သဲ့ဖြင့် ပြောလေသည် “အစ်ကိုလျိုရွှီ ယောက်ျားကောင်းဆိုတာ ကိုယ့်စကားကိုယ်တည်ရတယ်.. အခုကစပြီး မင်းက ငါ့အပိုင်ပဲ.. မမေ့လိုက်နဲ့”

All Chapters