← Chapters

ကောင်းကင်အပြစ်ပေးမှု၊ ခေါင်းပေါ်ငှက်ချေးပါချခြင်း

Vol. 32 Ch. 632

ကောင်းကင်အပြစ်ပေးမှု၊ ခေါင်းပေါ်ငှက်ချေးပါချခြင်း

Vol. 32 Ch. 632

ပေထင်းဟွမ် အဝေးသို့လျှောက်သွားသည့်တိုင်အောင် လျိုရွှီသည် အတန် ကြာသည်အထိ သတိပြန်ဝင်မလာပေ။ သားရဲပျံသာ သူ့ခေါင်းပေါ်သို့ မစင် မစွန့်လျှင် လျိုရွှီသည် သတ္တုစားပုရွက်ပျံ၏ဂူပေါက်တွင် မည်မျှကြာအောင် ရပ် နေမိမည်ကို မသိတော့ပေ။

“ဟေး ဟေး” လျိုရွှီသည် ခေါင်းပေါ်မှ ငှက်ချေးကိုသုတ်ကာ လက်ကို ရွံရှာစွာခါထုတ်ကာ ပေထင်းဟွမ်ဆီသို့ ပြေးလေသည် “ရှောင်ကျို့ မင်း ဒီလို လုပ်လို့မရဘူး.. ငါက ယောက်ျားလေ.. ငါက ဒီအတိုင်းနောက်လိုက်တာ မင်း ငါ့ကို ဒီလိုဆက်ဆံလို့မရဘူး”

သူ၏ သံမဏိသွေးသူငယ်ချင်းများသည် ပေထင်းဟွမ်၏ ရွှတ်နောက် သော အပြုအမူနှင့် စကားလုံးများကြောင့်ထိတ်လန့်နေကြ၏။ သူတို့၏ ခေါင်း ထဲတွင် အတွေးကိုယ်စီနှင့် ပေထင်းဟွမ်နောက်လိုက်ကြသည်။ လျိုရွှီသည် နောက်တွင်ကျန်ခဲ့သည့်တိုင်အောင် မည်သူကမှ သူ့ကိုခေါ်ပြီးမဆွဲပေ။

ဤအခိုက်အတန့်တွင် လျိုရွှီသည် စကားကိုပြန်ရုတ်သိမ်းကာ ပြေးသွား လိုက်သည်ကို ကြားလိုက်ချိန်တွင် လျိုရွှီအပေါ်တွင်ထားသည့် ရန်လိုမှုသည် အနည်းငယ်ပြေပျောက်သွားသည်။

ပေထင်းဟွမ်သည် ခေါင်းလှည့်ကြည့်ကာ ရယ်မောလေသည်။ သို့သော် လျိုရွှီကို စနောက်နေတုန်းပင် “ကျွန်တော်က ဘယ်လိုဆက်ဆံလို့လဲ.. အဓမ္မ ကျင့်လို့လား ဒါမှမဟုတ်...”

“ရပ်တော့ ရပ်တော့” လျိုရွှီသည် လက်မြှောက်ကာ အရှုံးပေးဟန်ပြုလေ သည် “ငါမှားပါတယ်.. ငါ တကယ်မှားပါတယ်.. ငါ ဒီစကားတွေကို မပြောရဲပါ ဘူး.. ကျေးဇူးပြုပြီး သက်ညှာပေးပါ.. နောက်တစ်ခါမလုပ်တော့ပါဘူး”

လျိုရွှီ ပြောရင်းနှင့် သူ့ခေါင်းမှ အနံ့ထွက်လာသလို ခံစားရလေသည်။

သူသည် ထပ်ခါပြန်သုတ်လိုက်ရာ သံမဏိသွေးအဖွဲ့သားများ၏ အထင်သေးခြင်းကိုခံလိုက်ရလေသည်။ သူတို့အားလုံးသည် သူနှင့်ကင်းကွာချင် ကြသော်လည်း သူ့ကိုလည်း သနားကြသည်။ သူတို့အားလုံးသည် စိတ်ထဲမှ သက်ပြင်းချမိကြသည်။ သူတို့ရဲ့ခေါင်းဆောင်က ကောင်းကင်ကို ဆန့်ကျင် တော့မလို့လား။ ဒီအပြစ်ပေးမှုက လျိုရွှီရဲ့ အပြစ်ကြောင့်ပေးဆပ်ရတဲ့ဟာ လား။ သူက ခေါင်းဆောင်ကို ရန်သွားစတော့ ကောင်းကင်က သူ့ခေါင်းပေါ် မစင်စွန့်ဖို့ သားရဲပျံကိုလွှတ်လိုက်တာလား။

ပေထင်းဟွမ်သည် လျိုရွှီ၏ ခေါင်းပေါ်မှ ငှက်ချေးကိုမြင်သောအခါ မျက်မှောင်ကြုတ်လေသည်။ သူသည် ကောင်းကင်ကို နောက်တစ်ခေါက် ကြည့်လိုက်သည်။ သူတို့သည် ယနေ့ ညအထိခရီးဆက်ရမည့်ပုံပင်။ သူမသည် တောင်တန်း၏တခြားတစ်ဖက်ကို ညွှန်ပြလေသည် “ဟိုဘက်မှာ မြစ်တစ်စင်း ရှိတယ်.. ဒီဘက်ကနေလျှောက်သွားမယ်.. မင်းခေါင်းပေါ်က ငှက်ချေးတွေနဲ့ တော့ မသွားရဲပါဘူး”

တောင်တစ်ဖက်မှာ မြစ်ရှိတယ်တဲ့လား။ လျိုရွှီသည် မှင်တက်သွားသည်။ ပေထင်းဟွမ်က ဘယ်လိုသိတာလဲ။ သံမဏိသွေးအဖွဲ့ဝင်မျာလည်း အယုံအကြည်မရှိပေ။ သူတို့တောင်ကိုကျော်လိုက်သောအခါ မြစ်တစ်စင်းသည် ဝိညာဉ်ထောင်ချီတောင်အား ကျောက်စိမ်းခါးပတ်ကဲ့သို့ ဝန်းပတ်ကာ အဝေးသို့ စီးဆင်းသွားသည်ကိုမြင်သောအခါ အားလုံးထိတ်လန့်သွားကြလေ၏။ သူတို့ သည် ပေထင်းဟွမ်အား နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ကြလေသည်။

ဝိညာဉ်ထောင်ချီတောင်သို့ဝင်သည်မှာ ခေါင်းဆောင်အတွက် ပထမဆုံး အကြိမ်ဖြစ်သည်။ ဤတောင်သည် ပေပေါင်းသောင်းချီမြင့်ကာ သတ္တုစားပုရွက် ပျံ၏ဂူနှင့် မိုင် ၁၀၀ ကွာဝေးသည်။ ဤနေရာတွင် မြစ်ရှိသည်ကို ခေါင်းဆောင် မည်သို့သိသနည်း။

“ခေါင်းဆောင် မလာခင် မြေပုံကြည့်ခဲ့တာလား” ရန်ရှောင်ကျဲသည် မယုံနိုင်ဖြစ်နေသည်။ ဤအရာသည် ရှင်းပြချက်ဖြစ်သည်။ သို့သော် မနေ့ညက ခေါင်းဆောင်သည် သူတို့နှင့်အတူ တောင်သို့ဝင်ခဲ့သည်မှာ ရှင်းသည်။ “မြေပုံ ဟုတ်လား” ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည် “မင်းတို့မှာ မြေပုံရှိလို့လား ငါလည်း တစ်ခုလောက်ရနိုင်မလား”

အထွတ်အမြတ်သားရဲ၏ အတွင်းအူတိုင်သည် အဖိုးတန်သဖြင့် ပေထင်းဟွမ်သည် တောင်များဆီသို့ဝင်ပြီး အမဲလိုက်ချင်သည်။ သူမ သူတို့ကို မသတ်နိုင်လျှင်တောင် အဆင့်မြင့်နတ်သားရဲတချို့ရလျှင် ပိုက်ဆံရရန်ရောင်း နိုင်သည်။ ဤပင်မတိုက်ကြီးတွင် ပိုက်ဆံမရှိခြင်းသည် အလွန်တရာဝမ်းနည်း ဖွယ်ကောင်းသည်ဟု သူမ ခံစားရသည်။

မည်သည့်နေရာတွင် နေထိုင်စေကာမူ ပိုက်ဆံရှိလျှင် နေရသက်သာ၏။

လျိုရွှီသည်လည်း ရန်ရှောင်ကျဲတို့တွေးသည့် ပြဿနာကိုသာတွေးနေ သည်။ သူသည် ပေထင်းဟွမ်တွင် မြေပုံရှိသည်ဟု ထင်နေသည်။ ဝိညာဉ်ထောင် ချီတောင်၏မြေပုံကို အပြင်မှမမြင်ရသော်လည်း ပေထင်းဟွမ်သည် မည်သူ နည်း။ သူမသည် ကျောင်းအုပ်နန်လင်း၏ အချစ်ခံရသောတပည့်ဖြစ်သည်။ ကျောင်းအုပ်နန်လင်းသည် အင်ပါယာကျောင်း၏လျှို့ဝှက်ချက်အားလုံးကို သူမ ကို ပြောပြထားခြင်းလည်းဖြစ်နိုင်သည်။

“မင်းမှာ မြေပုံမရှိဘူးလား.. ဒါဆို ဒီမှာမြစ်ရှိတာကို ဘယ်လိုသိတာလဲ.. ငါ ဒီကိုရောက်တာ အခေါက်ပေါင်းမရေနိုင်တော့ဘူး.. ငါကျဘာလို့မသိတာလဲ” လျိုရွှီသည် ငေးငိုင်စွာဖြင့်မေးလေသည်။ သူသည် ချက်ချင်းပင် နောင်တရသွား သည်။

“အဲဒါဘဖြစ်လို့လဲ.. ကျွန်တော့် စိတ်စွမ်းအားသန်မာလို့လေ” ပေထင်းဟွမ်သည် ဘာမှမဟုတ်သလို ပြောလိုက်သည်။

ထင်ထားသလိုပင် သူ နောက်တစ်ခေါက် ရိုက်ခတ်ခံလိုက်ရသည်။ လျိုရွှီ သည် ပေထင်းဟွမ်အားစိုက်ကြည့်ပြီး နောင်တများစွာဖြင့် မြစ်ထဲသို့ ခုန်ဆင်း လိုက်လေတော့သည်။

ငါ အသက်မရှင်ချင်တော့ဘူး။

All Chapters