← Chapters

ကြင်ယာတော်မင်းသမီးပြန်လာပြီပဲ

Vol. 32 Ch. 633

ကြင်ယာတော်မင်းသမီးပြန်လာပြီပဲ

Vol. 32 Ch. 633

ညအရှင်အိမ်တော်၏ နေရာတစ်ခုလုံးသည် ညအလင်းရောင်အောက်ရှိ ရာယာအင်ပါယာနန်းတော်ထက် မနိမ့်ကျပေ။ တိမ်ကဲ့သို့ ပူလောင်သည့် ကောင်းကင်ကြီး၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းသည် ယန်ယဲ့၏ရှုထောင့်မှ ကြည့်လျှင် သစ်ပင်စိမ်းရေကန်ထဲတွင် ပုန်းကွယ်နေခဲ့သည်။

ခုံတန်းလျားကို ကန်ဘေးရှိ အစိမ်းရောင်မြက်ခင်းတွင်ချထားသည်။ ၎င်းဘေးရှိ စားပွဲခုံခပ်နိမ့်နိမ့်တွင် နတ်လက်နက်လေးလက်ကို တင်ထားသည်။ နတ်လက်နက် လေးခုသည် ရှေးအခါများဆီက ဆင်းသက်လာခြင်းဖြစ်သည်။ နှစ်ပေါင်းသောင်းချီကာပြီးနောက် ထိုလက်နက်များသည် ပိုပိုပြီးရှေးကျရာ ၎င်းတို့တွင်ပါရှိသော စွမ်းအင်သည် ငြိမ်သွားသလိုထင်ရသည်။ သို့သော် ယန်ယဲ့၏ ကျောက်စိမ်းနှင့်တူသော လက်ချောင်းများသည် သူတို့ကို ပွတ်သပ် လိုက်သောအခါ ယန်ယဲ့၏လက်ချောင်းများအကြားတွင် လျှပ်စီးလက်သွား သကဲ့သို့ စွမ်းအင်အတက်အကျဖြစ်သွားသည်ကို မြင်ရသည်။

ယန်ယဲ့သည် ထိုနတ်လက်နက်လေးခုကို အရုဏ်တက်မှ ညနေစောင်းထိ တစ်နေကုန်ကြည့်နေခဲ့သည်။

နောက်ဆုံးတိမ်တိုက်ကို မိုးကုတ်စက်ဝိုင်းမှ ဝါးမျိုသွားလေပြီ။ ညသည် တဖြည်းဖြည်း မှောင်ရိပ်သမ်းလာသည်။ ချုံချီ အရှေ့ခန်းမမှလာချိန်တွင် ယန်ယဲ့၏လက်ချောင်းများသည် နတ်လက်နက်များ၏ စွမ်းအားနှင့် ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။ သူသည် တစ်နေကုန် ဤအနေအထားမှ မပြောင်းလဲပုံပင်။

“သူမ ပြန်လာပြီလား”

သေချာနားထောင်ကြည့်လျှင် ယန်ယဲ့၏အသံထဲတွင် အထီးကျန်မှုနှင့် ဝမ်းနည်းမှုအရိပ်အယောင်ကို ကြာနိုင်သည်။ ချုံချီသည် လွန်ခဲ့သည့် နှစ်တစ် သောင်းကို မတွေးဘဲမနေနိုင်ပေ။ သခင်သည် ယခုလိုပင်။ သူသည် သွေးလ နန်းတော်တွင်တစ်ရက်ပြီးတစ်ရက်စောင့်သည်။ ထုံရှန်မှလာသည့် မိန်းကလေး သူ့ကို ဂရုစိုက်မည့်ရက်ကို စောင့်နေခ့သည်။

ပေထင်းဟွမ်သည် မိန်းကလေးဖြစ်သည်ဟု သူ သိပြီးကတည်းကပင် စိတ်သက်သာရာရခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ကြင်ယာတော်မင်းသမီး သည် ယောက်ျားလေးအဖြစ် မဝင်စားသည်မှာကောင်းသည်။ သူမသည် မိန်းကလေးဖြစ်ကာ တာထွက်ကောင်းသည်။ မဟုတ်လျှင် သခင်ဖြစ်သူသာ ယောက်ျားလေးကို လက်ထပ်လျှင် သူ အနည်းငယ် မသက်မသာခံစားရမည်။

ချုံချီသည် စိတ်ထဲမှ ခံစားချက်ကို ဖိနှိပ်ကာ ယန်ယဲ့ရှေ့တွင် အရိုအသေ ပြုလိုက်သည် “သခင် ကြင်ယာတော်မင်းသမီးက ပြန်ရောက်ပါပြီ.. သူမ ညအရှင်အိမ်တော်ကို လာနေတာကိုတွေ့ခဲ့ပါတယ်.. ပြီးတော့ ချန်းလင်တောင် မှာ...”

ယန်ယဲ့သည် ထိုင်ခုံမှထလိုက်သည်။ သူသည် လက်ချောင်းများကို နတ်လက်နက်များဆီမှ ပြန်ရုတ်ပြီး အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။ နတ်လက်နက်လေးခုသည် သူ၏အိတ်ထဲသို့ထည့်ပြီးသားဖြစ်သွားလေသည်။ သူ၏ အနည်းငယ်ဝမ်းနည်းနေသော ခရမ်းရောင်မျက်လုံးများသည် တစ်စုံတစ် ခုကြောင့် လင်းလက်သွားသလိုပင်။ သူသည် အင်ပါယာကျောင်းတော်ရှိရာသို့ ကြည့်ပြီး နှုတ်ခမ်းနည်း အနည်းငယ်ကွေးတွန့်သွားလေသည်။

သူမ သူ့ကိုအရင်လာရှာသည်မှာ ယခုတစ်ခါသည် ပထမဆုံးအကြိမ်ဖြစ် သည်။

“သခင် ဝိုင်နဲ့ဟင်းတွေ ပြင်ဆင်ထားလိုက်ရမလား” ပေထင်းဟွမ်သည် ညအရှင်အိမ်တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်ကို ချုံချီ မှတ်မိသည်။

“အင်း” ယန်ယဲ့ ပြန်ဖြေလေသည်။ ခရမ်းရောင်အလင်းသည် သူ့မျက်လုံး ထဲတွင် တောက်ပစွာ လင်းလက်နေသည်။ သူ မတ်တတ်ထပြီး ခန်းမဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလေသည်။ “သေချာဂရုစိုက်ပြင်ဆင်ဖို့ အောက်က လူတွေကိုပြောလိုက်.. သူမကို မပျော်အောင်လုပ်တဲ့သူရှိရင် ဒီကမ္ဘာပေါ်မှ မနေခိုင်းတော့ဘူး”

အင်္ကျီလက်ကိုယမ်းလိုက်ရာ ဘုရင်တစ်ပါး၏ရောင်ဝါထွက်ပေါ်လာ၏။ ချုံချီသည် မြင်ကွင်းများဝေဝါးသွားသလိုခံစားလိုက်ရသည်။ ညအရှင်သည် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ဤလူ၏ခွန်အားသည် လွန်ခဲ့သည့် နှစ်တစ်သောင်း သို့မဟုတ် နောက်နှစ်တစ်သောင်းအထိ လူအများကို ကြောက်လန့်စေသည်။ သူ မည်မျှသန်မာသည်ကို မည်သူမှမသိကြပေ။

ပေထင်းဟွမ်သည် ဝိညာဉ်ထောင်ချီတောင်မှ အဖွဲ့ကိုဦးဆောင်ပြီးထွက် လာခဲ့သည်။ သူတို့ကျောင်းသို့ရောက်သောအခါ ကျောင်းတွင်ညစာသာကျန် တော့သည်။ တစ်နေကုန် အစာခြောက်များကိုစားပြီးနောက် ညအရှင်အိမ်တော် ကဲ့သို့ သက်တောင့်သက်သာရှိသောနေရာသို့မသွားလျှင် နစ်နာသွားသလိုခံစား လိုက်ရသည်။ သူမ စဉ်းစားပြီးသည်နှင့် ခြေထောက်များသည် အထိန်းအကွပ်မဲ့ စွာဖြင့် ပျံသွားလိုက်သည်။

ခြံဝင်းထဲတွင် ယန်ယဲ့သည် တစ်စုံတစ်ခုကို စိုးရိမ်စွာစောင့်နေသည့် အလား စက္ကူပန်းပင်အောက်တွင် တစ်ယောက်တည်းရပ်နေသည်။ ညလေ တိုက်ခတ်လာရာ သူ၏ခရမ်းရောင်ဝတ်ရုံသည် လေနှင့်အတူလွင့်သွးသည်။ သူ၏ ငွေရောင်ဆံပင်ရှည်သည် လေကြောင့်ရှုပ်ထွေးသွားကာ သူ၏ လှပသော မျက်နှာတစ်ခြမ်းကိုအပ်လေသည်။ သူမျက်မှောင်ကြုတ်သွားသည်ကိုမြင်နိုင် သည်...

All Chapters