ညအရှင်သခင်စောင့်နေတာဘယ်သူလဲ
Vol. 32 Ch. 634
အကြောင်းအရင်းတချို့ကြောင့် မှတ်ဉာဏ်ဟောင်းများ သူ့ဆီသို့ ပြန်လာ သလို ပေထင်းဟွမ်ခံစားရသည်။ သို့မဟုတ် ဖြစ်နိုင်သည်မှာ ထိုလူ့ကိုမြင်သည် နှင့် ထိုလူ၏အထီးကျန်မှုသည် မသိမသာလွှမ်းမိုးသွားခြင်းကြောင့်ဖြစ်နိုင်၏။ သို့မဟုတ် သူ့ဆီမှ နာကျင်မှုသည် ပေထင်းဟွမ်အား ခြောက်လှန့်နေခြင်းဖြစ် မည်။
ဤအခိုက်အတန့်တင် ယန်ယဲ့ ခြံဝင်းထဲတွင်ရပ်နေသည်ကိုမြင်သောအခါ ပေထင်းဟွမ်သည် အသက်ရှူရပ်သွားသကဲ့သို့ ရင်များနာကျင်မိသည်။
ခန်းမထိပ်ရှိ အုတ်ကြွပ်များပေါ်တွင် ပျံဝဲပြီး ပေထင်းဟွမ်သည် လက်ပိုက် ကာ အောက်သို့ငုံ့ကြည့်နေသည်။ သူမ၏နှုတ်ခမ်းထောင့်မျာသည် အနည်းငယ် ကွေးတက်ကာ ပြုံးပြီးပြောလိုက်သည် “မနေ့ညက မင်းရှေ့က ကြယ်တွေက ကြယ်တွေမဟုတ်တော့ဘူး.. အရှင် ဘယ်သူ့ကိုများစောင့်နေတာလဲ”
ယန်ယဲ့၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခုလက်သွားသည်။ သူသည် သစ်ကိုင်းကို ဆွဲလုအံ့အံ့ဖြစ်သွားသော လက်ကိုပြန်ချကာ တဖြည်းဖြည်း ပေထင်းဟွမ်ရှိရာသို့ ခေါင်းလှည့်ကြည့်လေသည်။ သူသည် အိမ်မှမခွာချင်ပေ။ သို့သော် သူမသည် လူကြီးလူကောင်းဟန်ပြုရသည်ကို နှစ်သက်သည်။ သူသည် လက်ယက်ခေါ်ရာ သူ၏ ဖြူစွတ်သောလက်သည် အေးစိမ့်သောညတွင် လင်းလက်နေသည် “ဆင်းလာပြီး ငါ့ဆီလာခဲ့”
သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေသော ဝမ်းနည်းမှုသည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည့်ပုံပင်။ ပေထင်းဟွမ်သည် ရှေ့သို့တစ်လှမ်းလှမ်းလိုက် သည်။ ယန်ယဲ့ သူမကိုဆင်းလာခိုင်းချိန်တွင် သူမ မဆင်းနိုင်ပေ။ သည်တစ်ကြိမ် တွင် သူမသည် ခေါင်မိုးအစွန်းတွင်ရပ်ပြီး ယန်ယဲ့အား ငုံ့ကြည့်နေသည်။
သူမသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး လေပေါ်ပျံရသည်မှာ မြေကြီးပေါ်တွင်လမ်းလျှောက်ရသည်နှင့်တူသည်ကိုသိသော်လည်း ယန်ယဲ့သည် ပေထင်းဟွမ်အား ကြည့်နေသည်။ သူမသည် ဤကမ္ဘာပေါ်တွင် သူ ဂရုစိုက်ရမည့်တစ်ဦးတည်းသောသူဖြစ်နိုင်သည်။ ယန်ယဲ့သည် စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူမကို စိတ်မပူရန်အတွက် သူသည် ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ လက်ဆန့်ပြီး ပေထင်းဟွမ် အချိန်မရွေးပြုတ်ကျမလိုဖြစ်နေသည် ကို ဖမ်းရန်ပြင်ဆင်နေသည် “ဟွမ်အာ ဆင်းလာခဲ့”
“ဟင်း” သူမ ဆင်းမသွားနိုင်ပေ။ တခြားသူများ၏အမြင်တွင် အမြဲတမ်း အေးစက်ပြီးတည်ငြိမ်သည့် သခင်ပေထင်းဟွမ်သည် ယန်ယဲ့ရှေ့တွင် ဒေါသ ထွက်ရုံအပြင်မရှိတော့ပေ။ သူမ ခေါင်းဆတ်လိုက်ရာ ငွေရောင်မျက်နှာဖုံးသည် လရောင်အောက်တွင် တောက်ပစွာလင်းလက်သွားသည်။ ၎င်းသည် ယန်ယဲ့၏ ခရမ်းရောင်မျက်လုံးများကို အရောင်ဟပ်သွားစေသည် “ဆင်းစေချင်ရင် ဆင်းလာလို့ရတယ်.. ဒါပေမဲ့ ကျွန်မသိချင်တာကို ပြောပြရမယ်”
ခြံဝင်းထောင့်လေးထောင့်ရှိ ယန်ယဲ့၏အစောင့်လေးယောက်သည် အမှောင်ထဲ၌ပင် မျက်လုံးများပြူးကျယ်သွားတော့သည်။ ခေါင်မိုးပေါ်မှ ထောင်လွှားသည့်အမျိုးသမီးကိုကြည့်ရင်း သူတို့သည် စိတ်ထဲမှ ခေါင်းခါမိကြ တော့သည်။ သူမသည် ထောင်လွှားလွန်းသည်။ သူမ ပျော်သည်ဖြစ်စေ၊ ဒေါသ ထွက်သည်ဖြစ်စေ သူတို့၏သခင်ကို မျက်ခုံးတစ်ချက်၊ အကြည့်တစ်ချက်နှင့် တင် ညှဉ်းပန်းနိုင်သည်။
ယန်ယဲ့သည် စိတ်ဓာတ်မာသော်လည်း ပေထင်းဟွမ်၏ရှေ့တွင် သူသည် ယောက်ျားသားတစ်ယောက်သာဖြစ်သည်။ သာမန်လူသားတစ်ယောက်ပင်။ သူသည် သူမကိုစိတ်ပူသည်။ အထူးသဖြင့် သူမ၏ခြေဖျားများ ခေါင်မိုးအစွန် ရောက်နေသည်ကိုမြင်သည့်အချိန်တွင် ပိုစိုးရိမ်သည်။ သူမသည် အပေါ်မှ ခြေချော်ကျတော့မည့်အလား ဟိုဟိုဒီဒီကန်လေသည်။
ယန်ယဲ့သည် မျက်လုံးများကို မှိတ်ထားသည်။ သူမသည် အနီရဲရဲ မင်္ဂလာ ဝတ်စုံကိုဝတ်ဆင်ထားကာ သူ့ရင်ခွင်ထဲတွင် သွေးများဖြင့် လှဲလျောင်းနေခဲ့၏။ သူမသည် ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကာ သူ့အား အလှပဆုံးအပြုံးကို ပြသခဲ့သည်။ သူ၏နှလုံးကို မရေမတွက်နိုင်သော ဓားများလှံများနှင့် ထိုးစိုက် လိုက်သကဲ့သို့ ရင်များနာကျင်လှသည်။ သူ၏ကျောက်စိမ်းနှင့်တူသော မျက်နှာ သည် ချက်ချင်းပင် နှင်းဖြူရောင်ပြောင်းသွားသည်။
“ယဲ့” သူ၏ရောင်ဝါပြောင်းသွားသည်ကို ခံစားမိသဖြင့် ပေထင်းဟွမ်သည် ထိတ်လန့်မိသည်။ သူ့ရင်ထဲမှာ ဘာတွေများနာကျင်နေတာလဲ။ ပေထင်းဟွမ် သည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ သို့သော် ယန်ယဲ့သည် ထိတ်လန့် သွားသဖြင့် အော်မိလေသည်။ သူ၏ရင်ထဲမှနာကျင်မှုကို လျစ်လျူရှုကာ သူ၏ အင်္ကျီလက်ရှည်ကိုဖြန့်ပြီး ပေထင်းဟွမ်အား သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်လေ တော့သည်။
“ဟွမ်အာ အဆင်ပြေရဲ့လား” သူသည် စိုးရိမ်တကြီးကြည့်လေသည်။ သူမသည် မြေကြီးနှင့်ပင်မထိသေးပေ။ ဘယ်နေရာက ဒဏ်ရာရမှာလဲ။
ယန်ယဲ့၏ရင်ခွင်ထဲတွင် တင်းကြပ်စွာ အဖက်ခံထားရကာ ပေထင်းဟွမ် ၏ မည်းနက်သောမျက်လုံးများသည် ယန်ယဲ့၏မျက်နှာကို စိုက်ကြည့်နေကာ သူ၏ မျက်နှာထားရှိ ပြောင်းလဲမှုများကို အလွတ်မခံပေ။ သူသည် သူမကို စိတ်ပူသည်။ သူ ဘာမှမပြောသော်လည်း သူမသာ ဒဏ်ရာရလျှင် ယန်ယဲ့သည် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သည်ကို ပေထင်းဟွမ် ပြောနိုင်သည်...