အနမ်း
Vol. 32 Ch. 635
အတိတ်မှာ သူဘာတွေကြုံတွေ့ခဲ့ရတာလဲ။ သူ့ရင်ထဲမှာ ဘာလို့ ဒီလောက်ကြီးတဲ့ ကြိုးထုံးကြီးရှိနေတာလဲ။
ပေထင်းဟွမ်၏လက်များသည် ယန်ယဲ့၏လည်ပင်းကို အလိုလိုသိုင်းဖက် မိသွားသည်။ ပေထင်းဟွမ်၏အထိအတွေ့ကိုခံစားမိပြီး ယန်ယဲ့၏ ရင်သည် အနည်းငယ် ငြိမ်ကျသွားသည်။ သူသည် ကြောက်ရွံ့မှုများရှိနေတုန်းပင် “နောက်တစ်ခါ စိတ်ထင်တိုင်းမလုပ်နဲ့”
သူမက ဘယ်လိုလုပ် စိတ်ထင်တိုင်းလုပ်တာဖြစ်ရမှာလဲ။ သူမသည် သူ့ကိုအနည်းငယ် စိတ်ဆိုးသည်။ ပေထင်းဟွမ်သည် လွယ်လွယ်နှင့်ဝန်ခံမည့် သူမဟုတ်ပေ။ သူမ ရေရွတ်လိုက်သည် “ရှင်က ကျွန်မကို အကုန်ဖုံးကွယ်မထား ရင် ဒီလိုဖြစ်လာမှာလား.. ပြီးတော့ ကျွန်မမှ ဘာမှမလုပ်တာ.. တကယ်လို့ အပေါ်ကပြုတ်ကျရင်...”
ပေထင်းဟွမ် စကားမဆုံးခင်မှာပင် သူမ၏ နှုတ်ခမ်းများ အပိတ်ခံလိုက်ရ သည်။ သူမ၏မျက်လုံးများပြူးကျယ်သွားကာ သူမရှေ့တွင် နီးကပ်စွာရှိနေ သော ခရမ်းရောင်မျက်လုံးအစုံကိုကြည့်နေမိသည်။ ပေထင်းဟွမ်သည် ချက်ချင်းပင် မှင်တက်သွားသည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူမ အနမ်းခံလိုက် ရတာလား။
သူမနှုတ်ခမ်းဆီမှလာသော နွေးထွေးမှုသည် ပျားရည်၏ချိုမြမှု အရိပ်အငွေ့ပါဝင်သည်။ ပေထင်းဟွမ်၏ စိတ်များ ဗလာကျင်းသွားသည်။ သူမ၏ အရင်ဘဝတွင် သူမသည် ဤကဲ့သို့အရသာရှိသော နှုတ်ခမ်းများကို အရသာမခံခဲ့ရပေ။ ကမ္ဘာပေါ်တွင် အကောင်းဆုံးပင်။ ဤအရသာ၊ ဤခံစားချက်... ပေထင်းဟွမ်သည် သူမကိုယ်သူမ အကျင့်ပျက်သူဟုမထင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် ယောက်ျားနှင့်မိန်းမအကြားရှိ ကွာခြားချက် ကို များများစားစားမတွေးပေ။ သို့သော် ဤအခိုက်အတန့်တွင် နွေးထွေးမှု၊ နူးညံ့မှုနှင့် ချိုမြမှုတို့သည် သူမကို အနည်းငယ်လောဘတက်စေသည်။
ပေထင်းဟွမ်သည် ပါးစပ်ကိုပွင့်ဟကာ ယန်ယဲ့၏နှုတ်ခမ်းများကို စုပ်ယူ သည်။ သူမ၏ လျှာသေးသေးလေးသည် ယန်ယဲ့၏နှုတ်ခမ်းများကို နူးညံ့စွာ ပွတ်သပ်လေသည်။ အဆုံးမရှိသောအလှကို အရသာခံသည်။ မလိုင်ကိတ်လား၊ ချောကလက်နို့လက်ဖက်ရည်လား၊ ကော့တေးလား။ မဟုတ်ပေ သူမ မှတ်ဉာဏ်ထဲမှ သွားရည်ကျစေလောက်သည့် အစားအသောက်များသည် ယန်ယဲ့၏ နှုတ်ခမ်းကိုလိုက်မမှီပေ။
သူ့နှုတ်ခမ်းများကို အရသာခံပြီးနောက်တွင်လည်း ပေထင်းဟွမ် အနည်းငယ်မကျေနပ်နိုင်သေးပေ။ နှုတ်ခမ်းများဟပြီး လျှာသည် သူ၏ နှုတ်ခမ်း နားတွင် နူးညံ့စွာလှည့်ပတ်နေသည်။ သူမသည် သူ၏နှုတ်ခမ်းအား အရသာခံ နေသည်။
ယန်ယဲ့၏ တစ်ကိုယ်လုံးသည် တောင့်တင်းနေပြီဖြစ်သည်။ ပေထင်းဟွမ် ပြောလိုက်သောစကားများသည် သူ့ရင်ကို ပိုနာကျင်စေမည်ကိုကြောက်သဖြင့် သူမ၏နှုတ်ခမ်းများကို ဖိကပ်လိုက်ခြင်းသာဖြစ်သည်။ သူသည် သူမအား လက်နှစ်ဖက်ဖြင့်ပွေ့ဖက်ပြီး တစ်ဖက်မှမလွှတ်ရြပေ။ သူမကို တစ်ဖက်တည်း နှင့် မနိုင်မည်ကို စိုးရိမ်နေသည်။ ထို့အခါမှ သူ့ပါးစပ်ကိုအသုံးပြုခြင်းဖြစ်သည်။
သူတို့နှုတ်ခမ်းများ ထိတွေ့လိုက်ကြသည်။ သူ သူမ၏အလှတရားကို မခံစားနိုင်ခင်မှာပင် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။ သူ၏နူးညံ့ချောမွေ့ သည့်လျှာသည် ကောင်းကင်နှင့်မြေကြီးရနံ့ကိုသယ်ဆောင်လာသည်။ သူမ၏ နှုတ်ခမ်းများသည် သူ့နှုတ်ခမ်းကိုစုပ်ယူနေစဉ်တွင် ယန်ယဲ့၏ခန္ဓာကိုယ်ထဲမှ သွေးများပြောင်းပြန်စီးသွားသလိုပင်။ ဤအခိုက်အတန့်တွင် သူတို့သည် နေရာတစ်ခုသို့ ဦးတည်နေသလိုပင်။ နာကျင်မှုသည် လ၏နာကျင်မှုထက်ပင် ပိုကြီးမားသည်။
“သေစမ်း ဘာတွေဖြစ်နေတာလဲ သခင်တော့ ဗလက္ကာရလုပ်ခံလိုက်ရပြီ ထင်တယ်” ချုံချီသည် ထိတ်လန့်ကာ ပါးစပ်ကိုအုပ်ပြီး ခြံထဲမှလူနှစ်ယောက်ကို မယုံကြည်နိုင်စွာကြည့်လေသည်။ တစ်ယောက်သည် အရသာခံနေပုံပေါက်ပြီး နောက်တစ်ယောက်သည် အတောင့်လိုက်ကြီးဖြစ်နေသည်။ တောင့်နေသူမှာ သူတို့၏သခင်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်တစ်သောင်းတွင် ဤလူသည် ကမ္ဘာကြီးကိုလွှမ်းမိုးပြီး နတ်ဘုရားများကိုပင် အထင်သေးခဲ့သည်။ ဒီလိုမျိုးရှက်စရာကောင်းတဲ့ အခြေအနေမျိုး ဘယ်တုန်းကဖြစ်သွားတာလဲ။
ချုံချီတင်သာမကဘဲ ပိုင်ဇီနှင့်တခြားသူများသည် ထိတ်လန့်ကာ စကား ပင်မပြောနိုင်ပေ။ သူတို့တွေ ဘာမှမမြင်သလိုဟန်ဆောင်ရမှာလား။ သေစမ်း သခင်က တကယ်တုံ့ပြန်နေတာပဲ။ နှစ်ပေါင်းတစ်သောင်းကြာအောင် သွေးအေးခဲ့သောခင်သည် ခြင်မကိုပင် အနားကပ်ခွင့်မပြုခဲ့ပေ။ သူသည် ဖြူစင် လွန်းရာ သူ၏လိင်စိတ်ခံယူချက်ကိုပင် သံသယဝင်လာခဲ့သည်။ သူသည် အမှန်တကယ်ပင်... ယောက်ျားလေးဟန်ဆောင်ထားသော ဤမိန်းကလေး၏ ရန်စခြင်းကိုခံရပြီးနောက် တုံ့ပြန်ခဲ့သည်။
ယန်ယဲ့၏မျက်လုံးများသည် မုန်တိုင်းတစ်ခုဖြတ်သွားသကဲ့သို့ မှောင်မိုက် သွားသည်။ သူ၏မူလကကြည်လင်သောမျက်လုံးများသည် ကစဥ့်ကလျား ဖြစ်သွားကာ မျက်လုံးဖွင့်ကြည့်ပြီး လူသားစားသားရဲကဲ့သို့ဖြစ်နေသော ပေထင်းဟွမ်အား စိုက်ကြည့်လေသည်။ နောက်တစ်ကိုက်တွင်တော့ သူ ပေထင်းဟွမ်အား ဝါးမျိုနိုင်ဖို့ မျှော်လင့်မိသည်...