← Chapters

ရှင့်ပါးစပ်ကို ရှင်အရင်လှုပ်ရှားတာလေ

Vol. 32 Ch. 636

ရှင့်ပါးစပ်ကို ရှင်အရင်လှုပ်ရှားတာလေ

Vol. 32 Ch. 636

အိုး မဖြစ်သေးဘူး။ ပေထင်းဟွမ်သည် ရင်ခုန်မြန်လာသည်။ သူမ လွန်သွားသည့်ပုံပင်။

သူမသည် မသိစိတ်မှ ယန်ယဲ့၏ရင်ဘတ်ကို လက်ဖြင့်တွန်းထုတ်လိုက် သည်။ သူမသည် လည်ချောင်းရှင်းပြီး ဖြောင့်မတ်သောမျက်နှာထားဖြင့် ပြော လိုက်သည် “ယန်ယဲ့ ဒီကိစ္စအတွက် ကျွန်မကိုအပြစ်မတင်နဲ့.. ဒီ အဲဒါက. နှုတ်ခမ်းကိုရှင်အရင်လှုပ်ရှားတာ... အာ ရှင့်ပါးစပ်ကိုလှုပ်ရှားတာ”

သူမသည် ဘာမှန်းမသိတော့ဘဲ အလိုလိုတုံ့ပြန်မိလေသည်။ အင်း.. ဒါက အခြေအနေတွေအောက်မှာ ရှုပ်ထွေးသွားတာပဲ။

အစောင့်လေးယောက်သည် ခြံထဲမှ ချက်ချင်းပျောက်ကွယ်သွားရန် မျှော်လင့်မိသည်။ တစ်ချိန်တည်းလိုလိုမှာပင် သူတို့လေးယောက်သည် လက်မြှောက်ကာ မျက်လုံးကိုကာမိသည်။ သူတို့သည် မခံနိုင်တော့ပေ။ ဒါက မိန်းကလေးရောဟုတ်ရဲ့လား။ အိုး ဘုရားရေ ဒီကမ္ဘာမှာ ဒီလိုမိန်းကလေးလည်း ရှိသေးတာပဲ။

ဤမိန်းကလေးသည် လွန်ခဲ့သည့် နှစ်တစ်သောင်းမှ နတ်ဘုရားမ ဝင်စား သည့်အချက်များသာ မထင်ရှားလျှင် ဝိညာဉ်တစ်ခုတည်းဖြစ်သည်ကို သူတို့ သံသယဝင်မိမည်ဖြစ်သည်။ သခင်များမှန်ရဲ့လား။ သူမက တကယ်ပဲ နတ်ဘုရားမဝင်စားတာလား။ ဒါမှမဟုတ် နားလည်မှုလွဲနေတာလား။

သူတို့ ကိုယ်ရည်ကိုယ်သွေးက ဘာလို့ ဒီလောက်ကွာခြားချက်ကြီးမားရ တာလဲ။ အတိတ်က နတ်ဘုရားမသည် တသီးတသန့်နေသူဖြစ်သည်။ သူမသည် ထုံရှန်းမှ နှစ်ပေါင်းနှစ်ထောင်ကြာမထွက်ခဲ့ပေ။ သူမက ဘယ်လိုလုပ် အရင်လက်ဦးမှုယူရတာလဲ။ သူတို့သခင် ဘယ်လောက်တောင် ထိတ်လန့်သွား လဲကြည့်ပါဦး။

အသက်ပြင်းပြင်းရှူကာ ဘန်ယဲ့သည် ပေထင်းဟွမ်၏မျက်လုံးထဲမှ အသွေးများကို လက်လွှတ်မခံပေ။ သူတို့သာ အနားထပ်ကပ်သွားလျှင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ထပ်မံကျရောက်လာမည်ဖြစ်သည်။ အကျိုးဆက်ကိုစဉ်းစားပြီးနောက် လွန်ခဲ့သည့် နှစ်တစ်သောင်းက သူမသည် သူ့ရင်ခွင်ထဲ၌ပင် ဒွါရခုနစ်ပေါက်မှ သွေးထွက်ပြီး ဝိညာဉ်ကွဲသွားခဲ့သည်။ ယန်ယဲ့သည် သူ့ရင်ခွင်ကိုတင်းကြပ်စွာဖက်ကာ စိတ်ထဲမှအကြောက်တရားကို ခံစားနေမိသည်။ သူ၏လည်ချောင်းသည် အနည်းငယ်ခြောက်သွေ့လာပြီး သူ့ အသံသည် ခါတိုင်းကဲ့သို့ မပေါ့ပါးနိုင်တော့ပေ။ ထိုအစား အနည်းငယ် ကွဲအက် နေသည် “ဟွမ်အာ.. မင်း စားချင်ရင်လည်းရတယ်လေ.. မင်း တာဝန်မယူချင် ဘူးလား”

တာဝန်ယူရမယ်ဟုတ်လား။ ပေထင်းဟွမ် တုန်ယင်သွားသည်။ သူမက ဒါအတွက် တာဝန်ယူဖို့လိုသေးတာလား။ သူမသည် ရုတ်တရက် ယန်ယဲ့အား စိုက်ကြည့်ပြီး ထိုလူနောက်နေခြင်းမဟုတ်သည်ကို သဘောပေါက်သါားသည်။ သူသည် သူမအား ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းက သူ့မျက်လုံးထဲမှ စိတ်အားထက်သန်မှုသည် ထင်ယောင်ထင်မှား တစ်ခုလိုပင်။

ဤလူ၏စိတ်သဘောထားသည် သူမနှင့်မတူဘဲ ကောင်းသည့်ပုံပင်။ သူမသည် သတိလက်လွတ်ဖြစ်သွားကာ သူ့အား အပိုင်းပိုင်းဖြတ်ပြီး စားသောက်မိတော့မလိုပင်။

“ဘာလို့လဲ.. ဘယ်လိုလုပ် တာဝန်ယူရမှာလဲ” ပေထင်းဟွမ်၏ လည်ချောင်းသည် အနည်းငယ်ခြောက်သွေ့လာသည်။ သူမက သူ့ကိုလက်ထပ် ရမှာလား။ သူ့ကိုလက်ထပ်ရမည်ဟု တွေးလိုက်သည်နှင့် ပေထင်းဟွမ်သည် ချွေးအေးများပြန်လာသည်။ ၎င်းသည် ကြီးမားသောဆုံးဖြတ်ချက်တစ်ခုဖြစ် သည့်ပုံပင်။ သူမတွင် အခြေချရန် နေရာမရှိလျှင်တောင် ယန်ယဲ့၏နေရာသို့ လာပြီး အမြတ်ထုတ်သည့်အတွေးမျိုး ဘာကြောင့်တွေးရမည်နည်း။ သူမ ဘာကြောင့်ဤကဲ့သို့ ကိစ္စမျိုးလုပ်ရမည်နည်း။

“ဟွမ်အာ ဘာတွေတွေးနေတာလဲ” ယန်ယဲ့သည် ပေထင်းဟွမ်၏ အတွေးများကို ထိုးဖောက်မြင်နေရသည်။

သူသည် သူမအား အိမ်ထဲသို့ခေါ်သွားပြီး သူမအား ကြင်နာသောမျက်လုံး များဖြင့် ကြည့်လေသည်။ သူသည် စိတ်ပါလက်ပါပြောလေသည် “ဟွမ်အာ ဒါက ငါ့ရဲ့ပထမဆုံးအနမ်းပဲ.. ငါ့ရဲ့ကြင်ယာတော်ကပဲ ငါ့ပထမဆုံးအနမ်းကိုရရ မယ်လို့ သစ္စာဆိုဖူးတယ်.. ဟွမ်အာ ဘယ်လိုတာဝန်ယူသင့်တယ်လို့ထင်လဲ”

ပြီးသွားပြီ။ တကယ်ပြီးသွားပြီ။ ပေထင်းဟွမ်၏ ရင်ထဲတွင် ဖော်မပြနိုင် သောခံစားချက် လှိမ့်တက်လာသည်။ အဆိုများအရ တခြားသူကို အမြတ်ထုတ် လျှင် သူတို့ကို ပြန်ပေးရမည်ဟုအဆိုရှိသည်။ ထို့အပြင် သူမသည် သာမန်ကိစ္စ မျိုးလုပ်လိုက်ခြင်းမဟုတ်ပေ။ သူမသည် ယန်ယဲ့၏ပထမဆုံးအနမ်းကိုယူခဲ့ သည်။ ဤလူသည် သူမကို တွယ်ကပ်တော့မည်ထင်သည်။

“အာ.. ဒါက ဒါက.. ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်မနားလည်ပါတယ်” ယန်ယဲ့သည် ပေထင်းဟွမ်အား ဆိုဖာပေါ်တင်ပေးလိုက်သည်။ သူမသည် ပါးစပ်သုတ်ပြီးနောက် တာဝန်မယူချင်သည့်ပုံပေါ်ကာ သူမ၏ ရိသဲ့သဲ့လုပ်သော ပုံစံကိုထုတ်ဖော်ပြလေသည် “ယန်ယဲ့ ရှင်ကလူကောင်းပါ.. ရှင်က ရုပ်ရည်၊ ခန္ဓာကိုယ်ကြည့်ကောင်းတယ်.. အားကောင်းတဲ့မိသားစုနောက်ခံရှိတယ်.. ကျွန်မ တာဝန်ယူဖို့မဖြစ်နိုင်တာမဟုတ်ဘူး.. ဒါပေမဲ့ ရှင်ကျွန်မကို ဘာဖုံးကွယ် ထားလဲဆိုတာ ပြောရမယ်..”

All Chapters