← Chapters

အဲဒါတွေကို မှတ်မိနေတုန်းလား

Vol. 32 Ch. 637

အဲဒါတွေကို မှတ်မိနေတုန်းလား

Vol. 32 Ch. 637

၎င်းသည် သူမ၏ကံကြမ္မာကို လက်တစ်ဖက်မှ ဆုပ်ကိုင်ထားသလိုပင်။ ပေထင်းဟွမ်သည် တာဝန်မယူချင်၍မဟုတ်ဘဲ အဖြစ်အပျက်များကို သိချင် သောကြောင့်ပင်။ သူမ၏အရင်ဘဝမှ ယခုဘဝထိ တရုတ်ပြည် ၂၁ ရာစုမှ ပင်မတိုက်ကြီးထိ သူမ၏ ကိုယ်ပိုင်ဘဝကို ထိန်းချုပ်နိုင်မည်ဟု အမြဲယုံကြည် ထားသည်။

သူမ ပေထင်းဟွမ်သည် အမြဲတမ်း သူမကိုယ်တိုင်သာဖြစ်ရမည်။ ဤဘဝ သည် သူမကိုယ်ပိုင်မဟုတ်သော်ငြား သူမ ဤနေရာတွင်ရှိနေသရွေ့ သူမ ကိုယ်ပိုင်ဖြစ်ရမည်။

ဤခန္ဓာကိုယ်သည် သူမ၏ကိုယ်ပိုင်ဖြစ်ချင်ဖြစ်မည်။ တခြားသူတစ်ဦး၏ ဝိညာဉ်ထိန်းချုပ်မှုအောက်ရောက်ရန် သူမကိုစောင့်ဆိုင်းနေခဲ့သည်။

သူမ ဤပင်မတိုက်ကြီးတွင် ကြာကြာနေလေလေ ပေထင်းဟွမ်ဖြစ်လာ သည်မှာ အသေအချာပင်။

ယန်ယဲ့နှင့် တွယ်ငြိပြီးနောက် မင်နှင့်စာချုပ်၊ ကစဥ့်ကလျားနတ်အရင်း အမြစ်၊ အဂူး၏ပန်းနှင့် မီးဖိုလေးတို့သည် သူမကိုဒေါသထွက်ကြသည်။ အရာ အားလုံးသည် တိုက်ဆိုင်ခြင်းမဖြစ်နုင်ပေ။

သို့သော် ပေထင်းဟွမ်၏ တောင်းဆိုချက်သည် ယန်ယဲ့ကို တွေဝေစေ သည်။ ဤအခိုက်အတန့်တွေဝေမှုသည် ပေထင်းဟွမ်တွန်းချက်ကြောင့် ယန်ယဲ့ ခေါင်မိုးပေါ်မှ ကျလုနီးပါးဖြစ်သွားစေသည် “ဟင်း မပြောချင်ဘူးလား.. ဒါဆို ဒီတစ်ခေါက်ပြီးရင် နောက်တစ်ခေါက်ဆိုတာမရှိတော့ဘူး”

ယန်ယဲ့သည် သူ့ဘဝတွင် ဤကဲ့သို့ အနိုင်မကျင့်ခံရဖူးပေ။ ဤကမ္ဘာမှ လူတိုင်း နတ်ဘုရားပင်လျှင် သူ့ကို ဒေါသထွက်အောင် နည်းနည်းပင်လုပ်မိပါက ကမ္ဘာကြီးပျက်စီးသည့် နောက်ဆက်တွဲကို ကြိုပြင်ဆင်ရမည်ဖြစ်သည်။

သို့သော် သူ့ရင်ခွင်ထဲမှ ဤမိန်းမပျိုသည် သူ့ကို “မြေကြီးပေါ်မှာ ဒူးသွား ထောက်ချေ” ဟုပြောမည်ဆိုလျှင်တောင် သူ မျက်တောင်မခတ်ဘဲ သွားထောက်မည်ဖြစ်သည်။

ယန်ယဲ့၏ခန္ဓာကိုယ်သည် ခုံအစွန်တွင် ယိုင်သွားသော်လည်း လျင်မြန်စွာ ပင်ထိန်းလိုက်နိုင်သည်။ အစားအသောက်အပြည့်ရှိနေသော စားပွဲကိုမြင်သည့် တိုင်အောင် မျက်တောင်တစ်ချက်မခတ်သော မိန်းကလေးကိုကြည့်ပြီး ယန်ယဲ့ သည် အသက်ပြင်းပြင်းရှူကာ သူမ၏လက်ကို သူ့လက်ဖဝါးထဲထည့်လိုက် သည် “မကြာခင်သိရပါလိမ့်မယ်.. ဟွမ်အာ ဘဝမှာဘယ်တော့မှ ချေမှုန်းလို့မရ တာ ဝိညာဉ်ပဲ.. ပြန်ဝင်စားပြီးတော့ အရင်ဘဝကိုမေ့သွားတာက ကောင်းချီးပဲ.. အဲဒါက သက်ရှိတွေအတွက်ကောင်းကင်ရဲ့ ကောင်းချီးပဲ.. မင်း တကယ်သိချင် ရင် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုသွားကြည့်လိုက်.. အဲဒီမှာ မင်းသိချင်တာတစ် ခုခုရှိမလားလို့ အဲဒီမှတ်ဉာဏ်တွေကိုရှာလို့ရတယ်...”

“အဲဒါဘာလဲ” ပေထင်းဟွမ်သည် ယန်ယဲ့၏စကားများကို သံသယမဝင် ပေ။ ဘယ်သောအခါမှ မပျက်မစီးရှိသည်မှာ ဝိညာဉ်ပင်ဖြစ်သည်။ ဤခန္ဓာ ကိုယ်သည် ဝိညာဉ်ယာယီနေထိုင်သည့် နေရာတစ်ခုသာဖြစ်သည်။ ကျင့်ကြံ ခြင်းလမ်းစဉ်သည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ ထိန်းချုပ်ခြင်းမခံရဘဲ ဝိညာဉ်ကို သူ့ဘာသာထိန်းချုပ်ခွင့်ပြုနိုင်သည်။

နွေးထွေးပြီးခြောက်သွေးသော ယန်ယဲ့၏လက်သည် သူမ၏အနည်းငယ် အေးစက်သောလက်ကို ဆုပ်ကိုင်လိုက်ရာ အလွန်ပင်သက်တောင့်သက်သာဖြစ် လှသည် “ကိုးရောင်နဂါးဇာမဏီ၊ ကစဥ့်ကလျား၊ အဂူး၊ ဒယ်စောက်လေး... အများကြီးထပ်ရှိသေးတယ်”

“ရှင်အပါအဝင်လား” ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ ယန်ယဲ့ အား မျက်လုံးထောင့်မှကြည့်လေသည်။ သူမ၏အကြည့်သည် တဖြည်းဖြည်း နှင့် သူ့နှလုံးသားကို ဖြတ်သွားလေသည် “ရှင်အပါအဝင်လား”

ယန်ယဲ့သည် ခေါင်းခါလသည်။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ် ၏ မျက်နှာဖုံးကိုချွတ်လိုက်သည်။ သူ့လက်ချောင်းများသည် သူမ၏နှုတ်ခမ်း ထောင့်များကို နူးညံ့စွာပွတ်သပ်ပေးနေသည်။ သူသည် သူမအား အချစ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် တည့်တည့်စိုက်ကြည့်နေသည်။ သူသည် သူမ၏ မျက်လုံးများမှတစ်ဆင့် ဝိညာဉ်ထဲသို့ ထိုးထွင်းကြည့်လိုက်သည် “မပါဘူး.. ငါပါဖို့မလိုဘူး ဟွမ်အာ.. မင်းကို ကောင်းကောင်း ဆက်ဆံတာ မဆက်ဆံတာက သူတို့အပိုင်းပဲ.. မင်းက မင်းနှလုံးသားအတိုင်းလိုက်သွားရုံပဲ.. မင်းလူတစ်ယောက်ကိုသဘောကျရင် သဘောကျတာပဲ၊ သဘောမကျရင် သူတို့ကိုသဘောမကျတာပဲ.. ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလို့မရဘူး သူ့ဘာသာ ဖြေရှင်းပါစေ”

ခြံဝင်းထဲတွင် အစောင့်လေးဦးသည် မျက်စိနားများထက်သည်။ သံသယ ဝင်စရာမရှိအောင်ပင် သူတို့နှစ်ယောက်ကြားမှ စကားများကို သူတို့ကြားကြ သည်။ သူတို့သည် ယန်ယဲ့ပါဝင်သလားဟု ပေထင်းဟွမ်မေးသည်ကိုကြား သောအခါ ရင်ခုန်မြန်သွားခဲ့သည်။ သို့သော် ယန်ယဲ့ပြောသည့်စကားများကို ကြားသောအခါ ပြေးဝင်ချင်လောက်အောင် စိတ်လှုပ်ရှားခဲ့ကြသည်။ သူတို့၏ သခင်သည် နှစ်ပေါင်းတစ်သောင်းကြာအောင် စောင့်ရင်းနှင့် ဝိညာဉ်ပျောက်ဆုံး မလိုဖြစ်ခဲ့သည်မှာ အကြိမ်မည်မျှရှိကြောင်း နားမလည်တော့ပေ။ သူသည် တိုက်အမျိုးမျိုးတွင် ရှာဖွေရန်အတွက် ထပ်ခါထပ်ခါ ဝင်စားခဲ့သည်။ ယခု သူ သည် သူမကိုရှာတွေ့သော်လည်း သူ မပါဝင်ဟု ပြောနေသည်....

All Chapters