← Chapters

မင်းက အမြဲတမ်းလွတ်လပ်မှာပါ

Vol. 32 Ch. 638

မင်းက အမြဲတမ်းလွတ်လပ်မှာပါ

Vol. 32 Ch. 638

၎င်းသည် လွှမ်းမိုးခြင်းမရှိသလို နူးညံ့ခြင်းလည်းမရှိပေ။ သူသည် ဖော်ရွေ သောအသံနေအသံထားကိုသုံးကာ သူမအား ကလေးတစ်ယောက်ကို သွန်သင် သကဲ့သို့ ဆက်ဆံသည်။

ပေထင်းဟွမ်သည် အရူးမဟုတ်ပေ။ ယန်ယဲ့၏မျက်လုံးထဲမှ နက်ရှိုင်းသော မေတ္တာကို မည်သို့ နားမလည်ဘဲရှိမည်နည်း။ သူနှင့် အကြိမ် အနည်းငယ် ပေါင်းသင်းဆက်ဆံပြီးနောက် ဤလူသည် နှလုံးသားနူးညံ့သူ မဟုတ်ကြောင်းကို ပေထင်းဟွမ်သိသည်။ တကယ်တော့ သူ့အတွေးများသည် ပင်လဘ်ကဲ့သို့နက်ရှိုင်းသည်။ သို့သော် ယခုပြောခဲ့သော ထိုစကားများသည် စိတ်ရင်းနှင့်ဖြစ်သည်။

ဤလူသည် တစ်ချိန်ကသူမပိုင်ဆိုင်ခဲ့သော မင်၊ အဂူး၊ ဒယ်စောက်လေး နှင့် ကစဥ့်ကလျားနတ်အရင်းအမြစ်တို့ရှိသည့် ကမ္ဘာတွင် တည်ရှိခဲ့ရမည်။

သူမ ဤကမ္ဘာသို့ထွက်လာချိန်တွင် အဆင်းသာရှိပြီး အချင်းမရှိသူဖြစ်ခဲ့ သည်။ သို့သော် ယန်ယဲ့သည် အကြောင်းအရင်းမရှိ သူမကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ အကြောင်းမှာ သူမသည် သူ၏ မိတ်ဆွေဟောင်းနှင့် များစွာ တူနေခြင်းကြောင့်ပင်။ ဝိညာဉ်သာ ထာဝရတည်ရှိလျှင် သူမ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို သူ မည်သို့အာရုံခံမိမည်နည်း။

ပေထင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူမ၏ စိတ်ထဲတွင် မရေမတွက်နိုင်သောလှိုင်းလုံးများတက်လာသည်။ သူမ၏ ပြောင်မြောက်သောမျက်နှာသည် အလင်းအောက်တွင် ရိပ်ခနဲဖြစ်သွားသော် လည်း မည်သူကမှ သူမ၏မျက်နှာထားကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။

အခန်းသည် အလွန်တိတ်ဆိတ်လှသည်။ အတွင်းမှ တဖြည်းဖြည်းချင်း စီးဆင်းနေသည်။ ယန်ယဲ့သည် သူ၏ရောင်ဝါကို ထိန်းချုပ်နေရသည်။ သူ၏ ရင်ဘတ်နှင့် ကျောပြင်သည် လုံခြုံမှုမရှိတော့ပေ။ ကျွမ်းကျင်သူတစ်ယောက် ယောက်သာရှိလျှင် သူတို့သည် ကျိန်းသေပေါက်ခံစားမိမည်ဖြစ်သည်။ ဤ အခိုက်အတန့်တွင် သူ၏ရှေ့နှင့်နောက်သည် လစ်ဟာနေသည်။ ၃ နှစ်အရွယ် ကလေးပင်လျှင် သူ့ကိုဓားနှင့်ထိုးနိုင်လိမ့်မည်။

သူသည် သူ့မှာရှိသမျှကို ထုတ်ပြီး ဤမိန်းကလေးရှေ့တွင်ထားခဲ့သည်။ သူသည် သူ့အသက်ကို သူမလက်ထဲထည့်ခဲ့သည်။ ဘာမှမဖုံးကွယ်ဘဲ သူမကို အကဲဖြတ်ခွင့်ပေးထားသည်။

ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ထားပုံပင်။ ခိုင်မာသောအေးစက်သော အလင်းသည် သူမ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ ပေထင်းဟွမ်သည် ခေါင်းမော့ပြီး ယန်ယဲ့အားကြည့်လိုက်သည်။ သူမသည် နှုတ်ခမ်းများကို ကွေးတွန့်လိုက်သည်။ သေချာပေါက်ပင် ယန်ယဲ့သည် သူ့အသက်ကို သူမ လက်ထဲထည့်ထားသည်ကို သူမ ပြောနိုင်သည်။

ဤလူသည် လက်တစ်ချက်လှုပ်လိုက်ရုံနှင့်တင် ကောင်းကင်နှင့်မြေကြီး ကို ဖျက်ဆီးနိုင်သည်။ လူပေါင်းထောင်ချီကို ပူဆွေးစွာ ခံစားသွားစေသည့်တိုင် အောင် သူ မျက်တောင်ခတ်မည်မဟုတ်ပေ။ သူသည် သူမအပေါ်တွင် အရှက်မဲ့ သည့် လှည့်ကွက်မျိုးလုပ်မည်မဟုတ်သလို သူမကို ထိခိုက်နာကျင်စေမည် မဟုတ်ပေ။

“ဟုတ်တယ်.. ကျွန်မက တခြားသူတွေကို ခံစားရအောင်လုပ်မှာမဟုတ် ဘူး.. ကျွန်မဝိညာဉ်က ပျက်စီးချင်မှလည်းပျက်စီးမယ်. ဒါပေမဲ့ ကျွန်မအရင်ဘဝ က မှတ်ဉာဏ်တွေကို မေ့လိုက်တာက ကောင်းကင်က သက်ရှိတွေကိုပေးတဲ့ ကောင်းချီးပဲလို့ ရှင်ပြောခဲ့တယ်နော်.. အရင်တုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မမေ့သွားပြီ.. မင်၊ ဒယ်စောက်လေး၊ အဂူးနဲ့ ကစဥ့်ကလျားနတ် အရင်းအမြစ်..ကျွန်မကို သူတို့သခင်အဖြစ်သတ်မှတ်တာ သူတို့ကိစ္စပဲ.. ကျွန်မ အရင်ဘဝအတိုင်း ဆက်နေစေချင်တယ်ဆို မဖြစ်နိုင်ဘူး”

ပေထင်းဟွမ်၏မျက်လုံးများသည် မောက်မာမှုများဖြင့် ပြည့်နေသည်။ ဤကမ္ဘာပေါ်တွင် သူမ၏ ခိုင်မာမှုကို ပြောင်းလဲပစ်စေမည့်အရာမရှိပေ။ သူမ ရှေ့မှလူသည် ဤကမ္ဘာကြီးကို အုပ်စိုးသည့် အားကောင်းသောလူဖြစ်လျှင်ပင် သူမ၏ နှလုံးသားသည် လှုပ်ခတ်မည်မဟုတ်ပေ။ “ကျွန်မဘဝမှာ ကျွန်မ လျှောက်ချင်တဲ့လမ်းရှိတယ်.. ကျွန်မချစ်ပြီးကာကွယ်ချင်တဲ့သူတွေရှိတယ်၊ ကာကွယ်ချင်တဲ့အရာတွေရှိတယ်.. ဘယ်သူကမှ ကျွန်မကို အတိတ်နဲ့ လာချည်နှောင်လို့မရဘူး.. အဲဒါကို ကျွန်မ လုံးဝခွင့်ပြုမှာမဟုတ်ဘူး”

“ဒီလိုလုပ်ဖို့လည်း မင်းကိုဘယ်သူမှမပြောရဲပါဘူး” ယန်ယဲ့သည် သူမအား တလေးတစားကြည့်လေသည်။ လွန်ခဲ့သည့် နှစ်တစ်သောင်းက သူမ တစ်စုံတစ်ရာပြောင်းလဲသွားနိုင်သည်၊ သူမသည် ပိုပြတ်သားပြီး ပိုသတ္တိရှိကာ ပိုပြီးအကြောက်အလန့်ကင်းလာနိုင်သည်ဟု သူ သိနေသည်။ သူသည် သူမ၏ လက်ကိုဆုပ်ကိုင်လိုက်သည် “မင်းကိုဘာလုပ်ပါလို့ ဘယ်သူမှ ပြောပိုင်ခွင့်မရှိ ဘူး.. မင်းလုပ်ချင်တာလုပ်ပါ.. မင်းမလုပ်ချင်ရင်မလုပ်နဲ့.. မင်းက အမြဲတမ်း လွတ်လပ်တယ်”

“ဒါပေမဲ့...” ပေထင်းဟွမ်၏ နှုတ်ခမ်းများသည် တဖြည်းဖြည်းနှင့် အပြုံး အဖြစ်ကွေးတက်သွားသည်။ သူမသည် ယန်ယဲ့အား စနောက်သည့်အကြည့် ဖြင့်ကြည့်ပြီး ယန်ယဲ့၏ ကျောက်စိမ်းနှင့်တူသော မေးစေ့ကို မ,တင်လိုက်သည် “ကျွန်မရဲ့အတိတ်ကို ကျွန်မသိခွင့်ရှိတယ်လေ.. ဘယ်ဟာကို ပိုင်ဆိုင်သင့်လဲ ဘယ်ဟာကို မလိုချင်လဲဆိုတာကိုပေါ့..”

All Chapters