နှာခေါင်းသွေးလျှံခြင်း
Vol. 32 Ch. 639
ထောင်လွှားမှုကိုပြောရလျှင် ပေထင်းဟွမ်သည် ဒုတိယပင်။ ယန်ယဲ့ပင် ပထမဟုမပြောရဲပေ။
သူမ အတန်ကြာသည်အထိ စကားပြောသည်။ ထိုအခါမှပင် ယန်ယဲ့ နားလည်သွားသည်။ သူမသည် လွန်ခဲ့သည့်နှစ်တစ်သောင်းတွင်ဖြစ်ပျက်ခဲ့သမျှ နှင့် အတိတ်ကိုမငြင်းဆန်ပေ။ သို့သော် လက်ခံရန်ရွေးချယ်ခဲ့သည်။ တစ်နည်း ပြောရလျှင် သူမသည် သူမအတွက် အကျိုးအမြတ်ရှိမည့်အရာနှင့် ပိုင်ဆိုင်ရ မည့်အရာကိုသာ လိုချင်သည်။ သူမအတွက် အကျိုးအမြတ်မရှိပါက ငြင်းဆန် မည်ဖြစ်သည်။
ဤအရာသည် သူမ၏ သဘောသဘာဝဖြစ်သည်။ သူမသည် အလွန်ပင် ထောင်လွှားသည်။
သို့သော် ယန်ယဲ့သည် ယခုလိုမောက်မာသည်ကို သဘောကျသည်။ သူ သည် လက်မြှောက်ကာ ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက် သည်။ သူမ၏ လက်ကိုမေးစေ့မှဆွဲမခွာဘဲ သူမ၏လက်ကိုကိုင်ကာ ပြုံးပြီး ပြောလေသည် “ဟွမ်အာ.. ငါနဲ့ ဘယ်လိုရှင်းချင်လဲဆိုတာ စဉ်းစားပြီးပြီလား”
သူသည်လည်း သူမ၏ပိုင်ဆိုင်မှုပင်ဖြစ်သည်။ သူ ဧကရာဇ်ဖြစ်ခဲ့စဉ်က သူမသည် သူ၏ဧကရီဖြစ်သည်။
ပေထင်းဟွမ်သည် ပြုံးကာ ယန်ယဲ့၏မေးစေ့ကို သူမ၏ လက်မ၊ လက်ညှိုးများဖြင့် ညင်သာစွာပွတ်သပ်လေသည်။ သူမသည် ကျီစယ်သော အကြည့်ဖြင့် ကြည့်လေသည်။ သူမ၏မျက်လုံးများကျဉ်းမြောင်းလိုက်ချိန်တွင် သူမသည် အလွန်အန္တရာယ်များသည်ဟု တခြားသူများကို ခံစားသွားရစေ၏။ သူမသည် မျက်ခုံးများကို ပင့်လိုက်သည် “ရှင်သေမလား နေမလားဆိုတာက ရှင့်အပြုအမူပေါ်မူတည်နေပြီ”
ယန်ယဲ့သည် သက်ပြင်းကြီးချလိုက်ပုံပင်။ သူ၏မျက်လုံးထဲမှ ခရမ်းရောင် အလင်းလက်သွားပြီး သူမသည် သူ၏ချစ်မြတ်နိုးမှုကိုခံစားရလေသည် “ငါ့ အနာဂတ်လမ်းကတော့ မလွယ်တော့ဘူးထင်တယ်.. ဟွမ်အာက သူမဘေးမှာ အရည်အချင်းရှိတဲ့သူတွေဝိုင်းနေတာ.. ဟွမ်အာက ငါ့ကို အထူးတလည်ဂရုစိုက် ဖို့မစဉ်းစားဘူးလား”
“ခစ်” ပေထင်းဟွမ်သည် သူအံကြိတ်ပြီး အရည်အချင်းရှိသူများဆိုသည့် စကားကိုပြောသည်ကို ကြားချိန်တွင် ရယ်မောလေသည်။ သူမ၏နှာခေါင်းထဲ သို့ အနံ့တစ်ခုတိုးဝင်လာသည်။ ထိုအခါမှပင် သူမရှေ့ရှိစားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်များရှိနေသည်ကို ပေထင်းဟွမ် သတိထားမိတော့ သည်။ အလှလေးသည် နှောင့်ယှက်ခံလိုက်ရ၏။ “ဟင်း ဟုတ်ပါပြီ.. ရှင်က ကျွန်မအတွက် အရသာရှိတာတွေ အများကြီးပြင်ဆင်ထားတော့ အခု ရှင့် အတွက်တစ်မှတ်ပေးလိုက်မယ်.. ကျွန်မတို့ အင်း... အမှတ် တစ်သောင်းစုမိရင် ရှင့်ကို စဉ်းစားပေးမယ်”
“အမှတ် တစ်သောင်းလား” ယန်ယဲ့သည် စိတ်ပျက်သွားဟန်ပြုပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလေသည် “တကယ်ခက်တာပဲ”
“သေချာတာပေါ့.. ကျွန်မရဲ့လူဖြစ်ဖို့ လွယ်မယ်ထင်နေတာလား” ပေထင်းဟွမ်သည် တူနှင့် ဟင်းတစ်ခုကောက်ယူကာ ပါးစပ်ထဲထည့်ပြီး မရှင်းလင်းသောအသံဖြင့် ပြောလေသည်။
ယန်ယဲ့သည် ခံစားချက်ကောင်းသွား၏။ 'ကျွန်မရဲ့လူ' ဆိုသည့်စကား သည် သူ့ကို ပျော်စေသည့်ပုံပင်။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ထိုင် နေကြသည်။ ယန်ယဲ့သည် ဝိုင်ငှဲ့ပေးပြီး ပေထင်းဟွမ်အား ကမ်းပေးလေသည်။ သူမသည် အားရပါးရစားသောက်သော်လည်း သူသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသော အချစ်မျက်လုံးများဖြင့် သူမကို တိတ်တိတ်လေးသာ ကြည့်နေသည်။
ညလေသည် ပြတင်းပေါက်ကို ဖြတ်ကာတိုးဝင်လာသည်။ ပင်လယ် နက်ပြာရနံ့သည် ဝိုင်ဖန်ခွက်မှထွက်ကာ သူမနှာခေါင်းအတွင်းသို့ဝင်လာသည်။ ပေါများသော ဝိညာဉ်စွမ်းအင်သည် သူမ၏ဝိညာဉ်ကို တက်ကြွအောင် ပြုလုပ် ပေးသည်။ စားသောက်ပြီးနောက် ပေထင်းဟွမ်၏မျက်နှာသည် နီရဲလာသည်။ သူမသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းကာ ခုံပေါ်မှထပြီး အကြော ဆန့်ပြီးနောက် သူမ၏လက်ကို ယန်ယဲ့၏ပခုံးပေါ်တင်လိုက်သည် “လာခဲ့ ဒီတစ်ခါ ရှင်အမှတ်ယူရမယ့်အချိန်ပဲ.. ကျွန်မ ရေချိုးမယ် ရေနွေးပြင်ပေး”
ယန်ယဲ့သည် သူမကြောင့် မှင်တက်သွား၏။ ဒီကောင်မလေး လွန်သွားပြီ။ သူသည် သူမအား ကောက်ပွေ့ကာ သူ၏နွေးထွေးသောနှုတ်ခမ်းများကို သူမ နားရွက်နားသို့ကပ်လိုက်သည်။ သူသည် တိုးညင်းစွာပြောလေသည် “မင်းကို ကူပြီး ရေချိုးပေးစေချင်တာလား”
“အရှင်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချချင်တယ်ဆိုရင်တော့ လက်ခံရမှာပေါ့” ပေထင်းဟွမ်သည် လက်တစ်ဖက်ဖြင့် ယန်ယဲ့၏လည်တိုင်ကိုဖက်ကာ သူမ၏ မျက်နှာကို သူ့ပခုံးပေါ်တွင် နစ်မြှုပ်ထားလိုက်သည်။ သူမသည် ခံစားချက် ကောင်းကောင်းဖြင့် ပြုံးလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ သွေးများ ဆူပွက်သွားပြီး အမြင်များမှောင်မိုက်သွားသည်ကို ခံစားမိလိုက်သည်။ ယန်ယဲ့ ကိုယ်ပေါ်မှ သူမလက်သည် တင်းကြပ်သွားသည်။ သူမ၏ နှာခေါင်းမှ သွေးများ ထွက်ကျလာသည်ကို ခံစားမိလိုက်၏။
မဟုတ်သေးပေ။ သူမ တခြားအရာများကို မတွေးခဲ့ပေ။ ယန်ယဲ့၏ ရင်ဘတ်ကြွက်သားနှင့် ဆွဲဆောင်မှုရှိသည့်ဝမ်းဗိုက်ကို မတွေးပါဘဲနှင့် သူမ ဘာကြောင့် နှာခေါင်းသွေးလျှံနေသနည်း...