ရှုပ်ထွေးလိုက်တာ
Vol. 32 Ch. 640
သွေးနံ့သည် ယန်ယဲ့၏နှာခေါင်းအတွင်းသို့ တိုးဝင်လာရာ သူ၏ တစ်ကိုယ်လုံး အေးခဲသွားသလိုပင်။ သူသည် ပေထင်းဟွမ်အား ပွေ့ဖက်ထား သည့် လက်များကို ရုတ်တရက်ပြန်ရုတ်လိုက်သည်။ သူ့ရင်ဘတ်သည် နိမ့်ချည် မြင့်ချည်ဖြစ်နေလေပြီ။ အကြောက်တရားသည် သူ၏သွေးထဲသို့ အဆိပ်သဖွယ် ပျံ့နှံ့နေပြီဖြစ်၏။ အနှုတ်သဘောဆောင်သော ခံစားချက်များသည် သူ၏ ခရမ်း ရောင်မျက်လုံးများမှထွက်လာသည်။ “ဟွမ်အာ မင်းဘာမှမဖြစ်နိုင်ပါဘူး.. မင်း ဘာမှမဖြစ်နိုင်ဘူး.. ငါ့ကိုမခြောက်နဲ့”
“ဟွမ်အာ မင်းဘာမှမဖြစ်ရဘူး ဘာမှမဖြစ်ရဘူး ငါ့ကိုမခြောက်နဲ့...” ဤအခိုက်အတန့်တွင် ဆုံးရှုံးသွားရသလိုပင်။ သူသည် ပေထင်းဟွမ်အား ပွေ့ဖက်ပြီး ဘာလုပ်ရမည်ကိုပင် မသိတော့ပေ။ သူသည် ခေတ္တမျှရပ်ပြီး သူမကို မြေကြီးပေါ်ချလိုက်သည်။ သူသည် ပေထင်းဟွမ်၏နှာခေါင်းမှသွေးများကို အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်သည်။
ပေထင်းဟွမ်သည် အလွန်ရှက်မိ၏။ သူမသည် မြေကြီးပေါ်တွင် ရပ်ကာ ယန်ယဲ့သန့်ရှင်းပေးနေသည်ကို ခွင့်ပြုပေးလိုက်သည်။ နောက်ဆုံးတွင် ယန်ယဲ့ သည် သူမကို ရယ်မောခြင်းမရှိသည်ကို မြင်လိုက်ရသည်။ ထိုအစား သူသည် အလွန်ကြောက်လန့်နေပုံပင်။ ပေထင်းဟွမ်သည် နှုတ်ခမ်းများကိုတွန့်လိုက် သည် “ဟူး ယဲ့ ကျွန်မကို လျှောက်မတွေးခိုင်းနဲ့.. ကျွန်မက ရေချိုးဖို့... တကယ် ရှင့် အကူအညီလိုတာ၊ ကျွန်မကနောက်လိုက်တာပါ.. ကျွန်မနှာခေါင်းက စပြီး..”
ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ။
ပေထင်းဟွမ်သည် အရင်ဘဝ၌ပင် ယခုလိုမျက်နှာမပျက်ရဖူးပေ။ သူမသည် ဘာမှမပြောနိုင်တော့သောကြောင့် ယန်ယဲ့အား တွန်းကာ ရေချိုးခန်း ဆီသို့ ပြေးသွားလိုက်သည်။ သူမသည် တံခါးကိုအသံမြည်အောင်ပိတ်ပြီး တံခါး ကိုမှီကာ အတန်ကြာမှပင် စိတ်ငြိမ်သွားလေတော့သည်။
သူမသည် အချိန်မရွေး နှာခေါင်းသွေးလျှံနိုင်သည်။ ဘာကြောင့် ဤအချိန် မှလျှံကျရသနည်း။ မိုးနတ်မင်းရေ.. သူမထက်ကံကောင်းတဲ့သူရှိပါဦးမလား။ ကောင်းကင်သည် သူမထက်ယန်ယဲ့ကို ပိုချစ်သည်။
အရင်က ချန်းလင်တောင်တွင် လျိုရွှီသည် သူမရှေ့တွင် မဟုတ်တမ်း တရားများပြောခဲ့သည်။ နောက်ဆုံးတွင် သားရဲပျံသည် သူ့ခေါင်းပေါ်သို့ မစင် စွန့်ခဲ့သည်။ ယခုအခါ သူမသည် ယန်ယဲ့အား ပါးစပ်ဖြင့်အသားယူမိသည်။ ကောင်းကင်သည် သူမကို နှာခေါင်းသွေးလျှံအောင် အပြစ်ပေးသည်။
ယန်ယဲ့သည် အမှန်တကယ်ပင် အံ့ဩလောက်စရာပင်။
ရေချိုးခန်းထဲမှ ရေစီးသံကြားရလာသည်။ ယန်ယဲ့သည် တံခါးပေါက်ကို အတန်ကြာအောင် စိုက်ကြည့်ပြီး ဆုပ်ကိုင်ထားသော လက်သီးဆုပ်ကို ဖြည် လိုက်သည်။ အတန်ကြာပြီးနောက် သူသည် ဖြည်းဖြည်းချင်းလှည့်ပြီး လျှောက် ထွက်သွားလေသည်။
အခန်းထဲမှ လှုပ်ရှားမှုများသည် အစောင့်လေးယောက်ကို သတိပေးပြီး သားဖြစ်သွား၏။ ဤအခိုက်အတန့်တွင် သူတို့လေးယောက်သည် တံခါးကို စောင့်ကြပ်နေကြသည်။ ယန်ယဲ့ထွက်လာသည်ကို သူတို့မြင်သောအခါ သူတို့ မျက်နှာမှ မျက်နှာထားသည် မလိုအပ်ဘဲပျက်နေကြသည်။ သူတို့လေးယောက် သည် စိတ်လှုပ်ရှားပြီး နှလုံးခုန်ရပ်မတတ်ပင်။
“သခင် ကောင်းကင်အပြစ်ပေမှုက အဲလောက်မြန်မြန်မကျရောက် လောက်ဘူး.. ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်.. သခင် အရမ်းကြီး စိတ်မပူပါနဲ့” ပိုင်ဇီသည် ယန်ယဲ့အား စိတ်မပူရန် ဖျောင်းဖျ၍မရနိုင်သည်ကို သိသည်။ သို့သော် အတတ်နိုင်ဆုံးဖျောင်းဖျနေသည်။
ယန်ယဲ့သည် တဖြည်းဖြည်းပြည့်လာသည့် လကိုမော့ကြည့်လိုက်သည်။ သူ့မျက်လုံးမှ အမူအရာသည် ဝေဝါးနေသည် “ဒီနှစ် ၂၀၀၀ မှာ ငါ့ဆီကနေ သူမ ထွက်သွားတဲ့အတွက် သူမကိုနာကြည်းခဲ့တယ်.. သူမ ငါ့ကိုချစ်လားမချစ်လား ဆိုတာကို သိချင်ခဲ့တယ်.. ငါနဲ့လက်ထပ်တုန်းက သူမကို အကျဉ်းချတဲ့အတွက် သူမရဲ့ဝိညာဉ်ကို ကွဲသွားအောင်လုပ်ခဲ့တယ်လို့ထင်ခဲ့တယ်.. အခု သူမက ငါ့ကို နှစ်တွေအများကြီး အဖော်ပြုစေချင်တာကို ငါ နားလည်ခဲ့ရတယ်”
သူမသည် မကြိုးစားနိုင်တော့သည်အထိ သူ့ကိုအဖော်ပြုပေးခဲ့သည်။ ထိုမှသာ သူမသည် ၎င်းတို့ကြားရှိ အရာအားလုံးကို အဆုံးသတ်ရန် ရွေးချယ်ပြီး အသစ်တစ်ခုစတင်ရန် စောင့်ဆိုင်းနိုင်မည်ဖြစ်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရွှမ်ဝူသည် ပုံမှန်ဆိုစကားပြောလေ့မရှိ သော်လည်း သည်တစ်ခေါက်တွင် သူစကားပြောလသည် “နတ်မိစ္ဆာဧကရီလို လူမျိုးက အရှင့်ကိုဂရုမစိုက်ရင် ဘာလို့ အရှင် နှစ် ၂၀၀၀ အကျဉ်းချတာကိုခံမှာ လဲ၊ ပြီးတော့ နတ်မိစ္ဆာဧကရီက ပြန်ဝင်စားပြီး သူမအနားမှာ သူငယ်ချင်းမရှား ပေမဲ့ အရှင့်ကို အဲဒီသူငယ်ချင်းတွေနဲ့မတူအောင် ဆက်ဆံမှာပဲ.. အရှင့်အပေါ် နတ်မိစ္ဆာဧကရီရဲ့ ဆွဲလမ်းမှုက ဝိညာဉ်ထဲထိနစ်မြှုပ်နေပြီ.. အဲဒါကြောင့် နှစ် တစ်သောင်းကြာပြီးတော့ သူမက အရှင့်ကို လုံးဝသတိရှိမနေတော့တာပဲ.. အဲအစား သူ့ကို အရမ်းယုံလိုက်တာ”
ယန်ယဲ့၏ခရမ်းရောင်မျက်လုံးများထဲတွင် အလင်းတန်းတဖြည်းဖြည်း ထွက်ပေါ်လာသလိုပင်။ ယန်ယဲ့ကဲ့သို့ အားကောင်းသောလူပင်လျှင် ကိုယ် ချစ်ရသည့် မိန်းကလေးနှင့်ရင်ဆိုင်ရသောအခါ ကိုယ့်အတွက် အရှုံးအမြတ် ကိစ္စနှင့်ပတ်သက်လျှင် စိတ်လှုပ်ရှားသည်။ သူသည် သက်ပြင်းချမိ၏။
“သုံးလက တိုလည်းမတိုဘူး ရှည်လည်းမရှည်ဘူး ကောင်းကောင်း ပြင်ဆင်ထားကြ”
သူသည် ရှုပ်ထွေးလွန်းသည်။ သူမ သူ့ကို အပြည့်အဝမယုံကြည်မည်ကို စိုးရိမ်နေသလိုပင်.. သူမ၏ နှလုံးသားမလှုပ်ရှားမည်ကို သူကြောက်နေမိသည်။