← Chapters

ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု

Vol. 85 Ch. 1173

ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု

Vol. 85 Ch. 1173

ထို မြင်ကွင်းထဲမှအရာအားလုံးမှာ ဝမ်ပေါင်လဲ့ ကံကြမ္မာဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းက သူ၏ အတိတ်ဘဝထဲ၌ မြင်ခဲ့ရသည့် မြင်ကွင်းနှင့် တထေရာတည်းဖြစ်သည်။

၎င်းမှာ ကျယ်ပြန့်တာအိုနယ်မြေနှင့် အဆုံးမဲ့တာအိုနယ်မြေတို့၏ စစ်ပွဲကြီးဖြစ်သည်။ ကျယ်ပြန့်တာအိုနယ်မြေမှာ အစွမ်းကုန်ထုတ်၍ လျှို့ဝှက်ပညာရပ်တစ်ခုကိုအသုံးပြုကာ ခေါင်းဆောင်ကြီး၏ ရုပ်တုအား နိုးထလာအောင် လုပ်ခဲ့ပြီး အဆုံးမဲ့တာအိုနယ်မြေနှင့် တိုက်ခိုက်ခဲ့၏။

ထိုမြင်ကွင်းထဲတွင် အဆုံးမဲ့တာအိုနယ်မြေထဲမှ သက်ရှိများအားလုံးမှာ အာကာသမိုးကောင်းကင်ကြီးအား ရှိခိုးဦးချနေကြသည်။ ထို့အပြင် သူတို့မှာ တစ်စုံတစ်ခုအား ဆင့်ခေါ်နေသည့်အလား ရှုပ်ထွေးသော ဂါထာတော်များကို ရွတ်ဖတ်နေကြသေးသည်။

သူတို့ ထိုဂါထာတော်များ ရွတ်ဖတ်နေကြစဉ် အာကာသကောင်းကင်ကြီးထဲ၌ လျှပ်စီးတန်း အမြောက်အမြား ပေါ်ပေါက်လာပြီး ဟင်းလင်းပြင်ကြီး တစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့မည့်အလား ဖြစ်သွား၏။ ထို လျှပ်စီးတန်းများ၏ အလယ်တွင် အက်ကွဲကြောင်းတစ်ခု သို့မဟုတ် ဝဲတစ်ခုနှင့် ဆင်တူသည့်အရာတစ်ခု ရှိနေသည်။

၎င်းအား အက်ကွဲကြောင်းတစ်ခုဟု ခေါ်ရခြင်းမှာ ၎င်း၏ ပုံသဏ္ဍာန်မှာ အတိအကျမရှိသလို ၎င်း ရှိနေသည့်နေရာတွင်လည်း အာကာသာကောင်းကင်ကြီးမှာ စုတ်ပြဲနေသောကြောင့်ပင်။ ၎င်းအား ဝဲတစ်ခုဟု ခေါ်ရခြင်းမှာ ၎င်း၏ အပြင်ဘက်ရှိ သဘာဝစည်းမျဉ်းဥပဒေသ အမြောက်အမြားမှာ စုပ်ယူခံနေရသောကြောင့်ပင်။ ထို့ကြောင့် အဝေးမှ ကြည့်လိုက်ပါက ၎င်းမှာ ဝဲတစ်ခုနှင့်လည်း တူနေ၏။

ထို့အပြင် အာကာသကောင်းကင်ကြီးအား တုန်ရီသွားစေပြီး စကြဝဠာကြီးတစ်ခုလုံးကို အရောင်မှေးမှိန်သွားစေသည့် ဖိအားတစ်မျိုးမှာလည်း ၎င်းဆီမှာ ထွက်ပေါ်နေသေးသည်။ ထို ဖိအားများမှာ အားကောင်းလွန်းလှသောကြောင့် တာအိုနယ်မြေတစ်ခုကိုပင် ထိန်းသိမ်းပေးနိုင်စွမ်းရှိလောက်အောင် အစွမ်းထက်သည့် ဟင်းလင်းပြင် စကြဝဠာကြီးပင်လျှင် ၎င်းတို့အား တောင့်ခံနိုင်စွမ်းမရှိတော့သည့်ပုံပင်။ ထို့ကြောင့် စကြဝဠာကြီးမှာ ပျက်စီးသွားတော့မည့်ပုံ ပေါက်လာ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် သူ၏ အတိတ်ဘဝထဲ၌ ထို မြင်ကွင်းအား မြင်ဖူးထားပြီးသား ဖြစ်ပါသော်လည်း ထိုစဥ်တုန်းက သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းနှင့် လှုပ်ရှားနိုင်စွမ်းများမှာ ယခုလောက်အထိ ကောင်းမွန်မနေခဲ့ပေ။ ထို့အပြင် ယခုတွင် သူသည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်နေပြီး စိတ်နှင့်ကိုယ်နှင့် ကပ်နေသည်ဖြစ်ရာ ထိုကမ္ဘာထဲ၌ စိတ်ကြိုက် ရှိနေနိုင်သလို အချိန်မရွေး ထွက်ခွာသွားနိုင်စွမ်းလည်း ရှိပေသည်။

ထိုသို့ဖြင့် ခဏအကြာတွင် သူသည် ဧရာမ သစ်သားတုံးကြီးတစ်တုံး အက်ကွဲကြောင်းပုံစံ ဝဲကြီးထဲမှ တဖြည်းဖြည်း ထိုးထွက်လာသည်ကို မြင်လိုက်ရတော့သည်။ တစ်ပေ၊ နှစ်ပေ၊ သုံးပေ...

ထို သစ်သားတုံးကြီး သုံးပေတိတိ ထိုးထွက်လာချိန်တွင် ကျယ်ပြန့်တာအိုနယ်မြေနှင့် ၎င်းတို့၏ ခေါင်းဆောင်ကြီး၏ ရုပ်တုမှာလည်း ပျက်စီးသွား၏။ ထို့နောက် အာကာသကောင်းကင်ကြီးထဲတွင် အော်ဟစ်သံမျိုးစံ ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်လောက်အောင် များပြားသည့် သက်ရှိပေါင်းမြောက်မြားစွာမှာ သေကျေပျက်စီးသွားကြ၏။

ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ သူသည် ထို မြင်ကွင်းအား ဒုတိယအကြိမ်အဖြစ် မြင်လိုက်ရခြင်းဖြစ်သည့်တိုင်အောင် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာဆဲပင်။ သို့သော် သူသည် ထိုမြင်ကွင်းအား အကြာကြီး ကြည့်နေနိုင်မည်မဟုတ်ကြောင်း နားလည်ထား၏။ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ဤ မြင်ကွင်းများအားလုံးကို ဖန်တီးထားနိုင်စွမ်း ရှိနေသည့်တိုင်အောင် အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မည်တော့ မဟုတ်ပေ။ သူသည် ခဏအကြာတွင် ထို အမျိုးသမီး ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ သူမ မမြင်သင့် မမြင်အပ်သည့် အရာတစ်ခုကို မြင်လိုက်ရသဖြင့် ဤ မြင်ကွင်းကြီးတစ်ခုလုံး ရုတ်ခြည်းဆို ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲမှ အံ့သြတုန်လှုပ်မှုများကို ဖိနှိပ်ချုပ်တည်းလိုက်ပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ သူ၏ အတိတ်ဘဝထဲ၌ ရှိနေခဲ့စဉ်တုန်းက အချိန်မီ မလုပ်နိုင်ခဲ့သည့် လုပ်ရပ်အား ဆက်လုပ်လိုက်တော့သည်။

သူ၏ လူရိပ်မှာ ချက်ချင်းဆိုသလို ရှေ့သို့ ထိုးထွက်သွား၏။ သူသည် သူ၏ အပြင်ခန္ဓာကိုယ်၊ နတ်ဘုရားဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်သုံးကာ အရှိန်ကုန်မြှင့်တင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တခုလုံးမှာ ကြယ်ပျံတစ်လုံးကဲ့သို့ အာကာသကောင်းကင်ကြီးအား ထိုးခွင်းသွားပြီး အရှည်သုံးပေရှိသော အနက်ရောင်သစ်သားတုံးကြီး ပြုတ်ကျလာသည့် အက်ကွဲကြောင်းပုံစံ ဝဲကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ဝမ်ပေါင်လဲ့ ထို ဝဲကြီးအနီးသို့ ရောက်သွားသည်နှင့် သူ ရင်းရင်းနှီးနှီးသိနေသည့် နွေးထွေးသော ခံစားချက်တစ်မျိုးမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်။ သူ ထို ဝဲကြီးနှင့် ပို၍ နီးကပ်လာလေလေ ထို ခံစားချက်ကြီးမှာ ပို၍ အားကောင်းလာလေလေ ဖြစ်နေ၏။

တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်ကမ္ဘာကြီးမှာ မတည်မငြိမ် ဖြစ်လာပြီး အနည်းငယ် တုန်ရီစပြုလာ၏။ သို့သော် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ၎င်းမှာ အပြင်းအထန် တုန်ရီလာတော့သည်။ ထို့နောက် ၎င်းမှာ ပျက်စီးသွားတော့မည့် လက္ခဏာများ ပြလာ၏။

လေထုထဲတွင် မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ဝမ်ပေါင်လဲ့မှာ ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသည့်ပုံ ပေါ်သော အော်ဟစ်သံတစ်သံကိုပင် မသဲမကွဲ ကြားလိုက်ရသေးသည်။ သူသည် ထို အော်ဟစ်သံမှာ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးဆီမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ချက်ချင်းရိပ်မိလိုက်၏။

" ဒီ ပုံရိပ်ယောင်ကမ္ဘာကြီးက အကြာကြီးခံမှာမဟုတ်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ အရှိန်မြှင့်တင်ကာ ဝဲကြီး၏ အနီးသို့ ရောက်အောင်သွားလိုက်၏။ သို့သော် ထိုအချိန်တွင် ပုံရိပ်ယောင်ကမ္ဘာကြီးမှာ စတင် ပျက်စီးလာတော့သည်။

အရင်ဆုံး ပျက်စီးသွားသည့်အရာမှာ အောက်တွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးဖြစ်၏။ အာကာသကောင်းကင်ကြီး၏ ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွသွားသည််။ သို့ဖြစ်ရာ မျက်လုံးဖြင့်မမြင်နိုင်သည့် လက်ကြီးတစ်ဖက်မှာ ထိုမြင်ကွင်းအား အောက်မှနေ၍ စဖျက်နေသကဲ့သို့ပင်။

ခဏအကြာတွင် ပျက်စီးနေပြီဖြစ်သည့် ကျယ်ပြန့်တာအိုနယ်မြေမှာ ပျောက်ကွယ်သွား၏။ အဆုံးမဲ့တာအိုနယ်မြေမှာလည်း ထိုနည်းတူပင်။ ၎င်းတို့မှာ အံသြမှင်တက်ဖွယ်ရာအမြန်နှုန်းဖြင့် လွင့်ပါးပျောက်ကွယ်သွားနေပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ဗလာနတ္ထိအဖြစ်သို့ ရောက်သွားတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ အမြန်နှုန်းအား ဆက်လက်မြင့်တင်နိုင်စွမ်းမရှိတော့ပေ။ အဖျက်စွမ်းအားများမှာ သူ၏ နောက်မှ ပြေးလိုက်လာကြပြီဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး အလျင်အမြန် ပျောက်ကွယ်သွားနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ဝဲကြီးထဲသို့ ပြေးဝင်သွားတော့သည်။

သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ဝဲကြီးထဲမှတစ်ဆင့် အက်ကွဲကြောင်းထဲသို့ ရောက်ရှိသွား၏။ သူ ထို အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ အမြင်အာရုံမှာ မြူခိုးများ၏ လွှမ်းခြုံခြင်းကိုခံလိုက်ရသည့်အလား မှုန်ဝါးဝါး ဖြစ်သွားသည်။ သူသည် မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မမြင်နိုင်တော့ပေ။ အက်ကွဲကြောင်းကြီးမှာ ဝင်ပေါက်ဖြစ်နေသည့်တိုင်အောင် ကမ္ဘာနှစ်ခု၏ မတူညီသည့် စည်းမျဉ်းဥပဒေသများနှင့် တာအိုများကြောင့် ဝမ်ပေါင်လဲ့မှာ အပြည့်အဝ ကျင့်သားမရသေးဘဲ မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ယခုတွင် အဖျက်စွမ်းအားများမှာ မကြာသေးမီတုန်းက သူ၏ ခန္ဓာကိုယ် ရှိနေခဲ့သည့်နေရာသို့ ရောက်ရှိလာပြီး ဟင်းလင်းပြင်ကြီးနှင့်အတူ ပျောက်ကွယ်သွား၏။ အက်ကွဲကြောင်း၏ အပြင်ဘက်တွင်ရှိနေသော ဝဲကြီးပင်လျှင် ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ထို ပုံရိပ်ယောင်ကမ္ဘာကြီးထဲတွင် ထို အက်ကွဲကြောင်းတစ်ခုတည်းသာ ကျန်ရစ်ခဲ့တော့သည်။

သို့သော် ၎င်းမှာ ဆက်လက်ပျောက်ကွယ်သွားခြင်း မရှိတော့ပေ။ ၎င်း၏ အဆင့်အတန်းမှာ မြင့်မားလွန်းနေပြီး အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီး တတ်မြောက်ထားသည့် ပညာရပ်များထက်ပင် သာလွန်နေသည့်ပုံပင်။ သို့ဖြစ်ရာ သူမသည် သာမန်လူသားတစ်ယောက် နတ်ဝိဇ္ဇာတစ်ပါးအား မြင်လိုက်ရသည့်အလား မမြင်သင့်မမြင်အပ်သည့် အရာများကို မြင်လိုက်ရသဖြင့် အရာအားလုံး ပေါက်ကွဲပျက်စီးသွားတော့သည်။

ထို အက်ကွဲကြောင်းမှာလည်း ပျောက်ကွယ်သွား၏။

သို့သော် ၎င်း ပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ၎င်းထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ အမြင်အာရုံမှာ တဖြည်းဖြည်းနှင့် ပြန်လည်ကြည်လင်ပြတ်သားလာပါသော်လည်း နောက်ဆုံးတွင် သူသည် မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မမြင်ခဲ့ရပေ။ ထို့ကြောင့် သူသည် မြူခိုးများကို ဖြတ်၍ ကြည့်နေရသကဲ့သို့ ဖြစ်နေ၏။

ထိုကဲ့သို့ ဝမ်ပေါင်လဲ့မှာ မှုန်ဝါးဝါးဖြစ်နေသည့်တိုင်အောင် ထို အက်ကွဲကြောင်းကြီး၏ အခြားတစ်ဖက်တွင် နောက်ထပ် စကြဝဠာတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထို စကြဝဠာထဲတွင် ကြယ်များ မရှိဘဲ အရွယ်အစားအမျိုးမျိုးရှိသော မှုန်ဝါးဝါး ပုံရိပ်ကြီးများသာ အာကာသကောင်းကင်ကြီးထဲ၌ တင်ပျဥ်ခွေ ထိုင်နေကြသည်။

ထို ပုံရိပ်ကြီးများထဲတွင် အသက်အရွယ်အမျိုးမျိုးရှိသော အမျိုးသားများနှင့် အမျိုးသမီးများသာမက သားရဲကြီးများလည်း ရှိနေကြ၏။ ထိုကဲ့သို့သော ပုံရိပ်မျိုး စုစုပေါင်း တစ်ရာ့ရှစ်ခုအထိ ရှိနေပြီး ၎င်းတို့အားလုံးမှာ အံ့သြမှင်တက်ဖွယ်ရာ တာအိုစိတ်ဆန္ဒများကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့အားလုံးမှာ မျက်လုံးများမှိတ်ကာ တရားမှတ်နေကြပြီး ... ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ကမ္ဘာများနှင့် သက်ရှိများ ရှိနေသည့်ပုံ ပေါက်နေ၏။

ထို ပုံရိပ် တစ်ရာ့ရှစ်ခု၏ အထက်ရှိ စကြဝဠာကြီးထဲတွင် ၎င်းတို့အားလုံးထက် ပို၍ကြီးမားသည့် ဧရာမ ပုံရိပ်ကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ အရွယ်အစားကြီးမားလွန်းလှသောကြောင့် ထို ပုံရိပ် တစ်ရာ့ရှစ်ခုစလုံး အတူတကွပူးပေါင်းသွားလျှင်တောင် ၎င်း၏ ဆယ်ပုံပုံ တစ်ပုံပင် ရှိမည်မဟုတ်ပေ။။

ထို ပုံရိပ်ကြီးမှာ ဧကရာဇ်တစ်ပါးနှင့် တူပြီး အချုပ်အချာအာဏာပိုင်တစ်ယောက်၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို့အပြင် ၎င်းမှာ မျက်လုံးများမှိတ်ထားခြင်းမရှိဘဲ ပွင့်နေပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။

ဝမ်ပေါင်လဲ့မှာ ၎င်းနှင့် အကြည့်ခြင်းဆုံသွားသည်နှင့် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ သို့ဖြစ်ရာ အသွားထက် ဓားတစ်လက်မှာ သူ၏ အသိစိတ်နှင့် ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ပင်။ သူ၏ မျက်လုံးမှာလည်း ပေါက်ကွဲသွားသဖြင့် သူသည် မည်သည့်အရာကိုမှ မြင်နိုင်စွမ်းမရှိတော့ပေ။ ထို့နောက် ထိုကမ္ဘာကြီးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ပျက်စီးသွားတော့သည်။

တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ အမှောင်မြစ်အောက်ရှိ ဘုရားကျောင်းထဲမှ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ ကမ္ဘာကြီးထဲတွင် သတိပြန်ရလာသည်။ ထိုအခါ သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားတို့မှာလည်း ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင်လည်း သွေးမျက်ရည်များ စီးကျလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ သို့ဖြစ်ရာ သူသည် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ စုတ်ပြဲသွားတော့မည့် အလားပင်။ ထို့နောက် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွား၏။

သူ ထိုကဲ့သို့ ဒယိမ်းဒယိုင်ဖြစ်သွားသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင် မီးခိုးအမျှင်အတန်းများ ထိုးထွက်လာသည်။ ၎င်းတို့မှာ အပြင်ဘက်သို့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးအဖြစ် ပြန်လည် ပေါင်းစည်းသွားကြ၏။ သူမသည် သနားစရာလေသံဖြင့် အော်ဟစ်မြည်တမ်းနေသည်။

" နင် ဘယ်သူလဲ။ နင် ဘယ်သူလဲ " ထိုအမျိုးသမီးမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် ဒဏ်ရာတစ်မျိုးကို ခံစားလိုက်ရသည့်ပုံပင်။ သူမသည်လည်း ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ခန္ဓာကိုယ်တခုလုံး တစ်စစီ ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူမသည် သူမ၏ တစ်လုံးတည်းသောမျက်လုံးအား လက်ဖြင့်ကွယ်ကာ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားတော့သည်။ သူမသည် သူမ အလွန်အင်မတန်မှ သဘောကျနှစ်သက်သည့် သစ်သားရုပ်သေးရုပ်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဤ ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွား၏။

သူမ ပျောက်ကွယ်သွားသောအခါ ထိုကမ္ဘာကြီးမှာ မှုန်ဝါးဝါးဖြစ်သွားသည်။ ခဏအကြာတွင် ၎င်းမှာ ပျောက်ကွယ်သွားပြီး ဘုရားကျောင်းထဲရှိ နေရာအစစ်အမှန် ပေါ်ပေါက်လာတော့သည်။

၎င်းမှာ သာမန်ဘုရားကျောင်းတစ်ကျောင်းသာ ဖြစ်ပြီး ၎င်းထဲရှိ ရုပ်တုမှာ အနီရောင်ဝတ်ရုံများဆင်များထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ထို ရုပ်တုပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်း၏ မျက်လုံး၊ ပါးစပ်၊ နားနှင့် နှာခေါင်းပေါက်များထဲမှ သွေးများ စီးကျလာပြီး ထို ရုပ်တုကြီး၏ ရှေ့ရှိ မြေပြင်ပေါ်တွင် ဝင်ပေါက်တစ်ပေါက် ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုဝင်ပေါက်၏ ဘေးတွင် ရှိနေ၏။ သူသည် မျက်လုံးများမှိတ်နေပြီး အသက်ရှူသံများ မြန်ဆန်နေသည်။ သူ၏ ပတ်ပတ်လည်တွင်မူ အမှောင်ဂိုဏ်းသား အမြောက်အမြား လဲလျောင်းနေကြ၏။ သူတို့အားလုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြပါသော်လည်း သူတို့၏ အငွေ့အသက်များ စတင်လှုပ်ရှားလာသည်ကို အာရုံခံမိနိုင်ပေသည်။ သို့ဖြစ်ရာ သူတို့မှာ ပြန်လည်နိုးထလာကြတော့မည့်ပုံပင်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်၏။ သူ စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းမှာ သူ၏ နတ်ဘုရားဝိညာဉ် ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်တစ်ရာအထိ တက်လှမ်းသွားသောကြောင့် မဟုတ်ဘဲ သူ၏ မျက်လုံးများ မကန်းသွားသေးသည့် အချက်ကြောင့်သာဖြစ်ပေသည်။ ၎င်းတို့မှာ တဆစ်ဆစ် နာကျင်ကိုက်ခဲနေဆဲဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် သွေးမျက်ရည်များ စီးကျနေဆဲဖြစ်ပါသော်လည်း သူသည် ပုံရိပ်ယောင်ကမ္ဘာထဲရှိ ထို ဧရာမ ပုံရိပ်ကြီး သူ့အား လှမ်းကြည့်ခဲ့စဉ်တုန်းက ထို ပုံရိပ်ကြီး၏ မျက်ခုံးနှစ်ဖက်ကြားတွင် သံမှိုတစ်ချောင်းကဲ့သို့ စိုက်ဝင်နေသည့် အနက်ရောင် သစ်သားတုံးတစ်တုံးအား မြင်ခဲ့ရသည်ကို မှတ်မိသွားသည်။

သူသည် ထို အနက်ရောင် သစ်သားတုံးအား မြင်ဖူးထားပြီးသား ဖြစ်သည်။

All Chapters