← Chapters

အလင်း၏ အဆုံးသတ်

Vol. 21 Ch. 290

အလင်း၏ အဆုံးသတ်

Vol. 21 Ch. 290

ဒုတိယ စမ်းသပ်မှုသည် မည်သူ တစ်ဦးတစ်ယောက်မှ မျှော်လင့်မထားသည့် နိဂုံးမျိုးနှင့် အဆုံးသတ်ခဲ့သည်။ ၎င်းမှာ လူငယ်လေးများ၏ ပြင်ဆင်နိုင်စွမ်း၊ တိုက်ခိုက်မှု စွမ်းရည်၊ နည်းဗျူဟာတို့ကို စမ်းသပ်သည် ဆိုသော်လည်း  လက်တွေ့တွင်မူ တစ်စုံတစ်ယောက်၏ တစ်ဖက်သတ် လွှမ်းမိုးမှုကိုသာ ခံခဲ့ရသည်။ သူသည် ပေါက်ကွဲမှု ပြင်းထန်စွာဖြင့် ပြိုင်ပွဲဝင် ခြောက်ဆယ် ရာခိုင်နှုန်းခန့်ကို ရှင်းထုတ်ပစ်ခဲ့သည်။

ထာဝရ မင်းသားလေး...

ထိုလူငယ်လေးမှာ အဂ္ဂိရတ် လမ်းစဥ်ဖြင့် စတင် ကျော်ကြား လာခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ သူ၏ မိုးကောင်းကင်က အဂ္ဂိရတ် ဟူသော ကန့်သတ်ချက် တစ်ခု‌အောက်တွင် မရှိတော့...။

“အင်းလေ... ဘာဆန်းလို့လဲ... သူက ထာဝရ မင်းသားလေးပဲ”

အမှန်တရားကို ဝန်ခံသံနှင့် သက်ပြင်းရှိုက်သံများမှာ မကြာခဏ ဆိုသလို ယာယီတဲနန်းများထဲမှ ထွက်ပေါ်နေသည်။ တစ်ချိန်တစ်ခါက ထာဝရ ဧကရာဇ်မှာ ခေတ်တစ်ခေတ်ကို ထူထောင်ကာ နှစ်ပေါင်းထောင်ချီကို လွှမ်းမိုး နိုင်ခဲ့သည်။ ထာဝရ မင်းသားလေးမှာ သူ၏ ခြေရာကို နင်းနိုင်လေမည်လား။

အကယ်၍ ထိုကဲ့သို့ ဖြစ်လာလျှင်ပင် အံ့အားသင့်စရာ ရှိလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော်... သူက ထာဝရ မင်းသားလေး ဖြစ်နေသောကြောင့်ပင်။

...

ထိုအချိန် ကျွင်းနာဂြိုဟ် တစ်နေရာ၌...

ဝမ်...

မီးပြတိုက် တစ်ခုနှင့် တူသည့် အလင်းကျောက်တိုင် တစ်ခုမှာ ရုတ်ချည်း ပြိုကျသွား၏။ ပြန့်ကျဲနေသော အလင်းများကြားမှ ငွေရောင် မျက်လုံးများနှင့် ပုံရိပ်တစ်ခုမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“ဒီဝင်္ကပါ စမ်းသပ်မှုတွေက အတော်ခက်တာပဲ...”

အပိုင်းပိုင်း အစစ ဖြစ်နေသည့် အလင်းကျောက်တိုင်ကို ကြည့်ရင်း ဝေ့ဝူယင် ရေရွတ်လိုက်သည်။ သူ ငိုချင်သလို ခံစားနေရသော်လည်း မျက်ရည်ကား ကျမလာ။

ထိုကျောက်တိုင် အတွင်းရှိ စမ်းသပ်မှုမှာ ကြယ်တာရာ ဝင်္ကပါများနှင့် ပတ်သက်သည့် ဗဟုသုတများကို စစ်ဆေးကာ ဖြေရှင်းရန် ပ‌‌ဟေဠိတစ်ခု ပါရှိသည်။ အရိုးသားဆုံး ဝန်ခံရပါက သူ ထိုအရာကို မအောင်မြင်ခဲ့ချေ။

စမ်းသပ်မှုအတွင်း အတွင်း ဝင်ရောက်ပြီးနောက် ထိုပဟေဠိကို သူ အရူးတစ်ယောက်လို စိတ်နှစ်ပြီး ဖြေရှင်းခဲ့ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မည်သည့် နေရာက စရမည်၊ မည်ကဲ့သို့ စရမည်ကိုပင် သူ မရှာဖွေ နိုင်ခဲ့ချေ။ အကယ်၍ စမ်းသပ်မှု ရုတ်ချည်း အဆုံးသတ်သွားခြင်းကြောင့်သာ မဟုတ်ပါက သူ ထိုဝင်္ကပါထဲတွင် တဝဲလည်လည် ပိတ်မိနေလိမ့်ဦးမည် ဖြစ်သည်။

ဘယ်လိုဖြစ်ဖြစ်... ထို့မတိုင်ခင် သူ တိုက်ခိုက်ရေးကို စမ်းသပ်သည့် အလင်းကျောက်တိုင် ဒါဇင် ဂဏန်းခန့်ကို ကျော်လွှားနိုင်ခဲ့ပါသည်။ ဖြေသိမ့်စရာ ထိုအောင်မြင်မှုလေး ရှိနေသေး၍ တော်သေးသည်။

“ဟူး...”

သူက သက်ပြင်းတစ်ချ လိုက်၏။ အကယ်၍ အစောကတည်းက ဝင်္ကပါကို ဖျက်ဆီးကာ ထွက်မည် ဆိုလျှင် သူ့အတွက် သိပ်ခက်ခဲလိမ့်မည် မဟုတ်ပါချေ။ ကောင်းကင်ဘုံ နတ်မျက်လုံး၏ အကူအညီဖြင့် ထိုဝင်္ကပါ၏ ဝိညာဥ် စွမ်းအင် ပြောင်းလဲမှုများနှင့် အားအနည်းဆုံး နေရာများကို သူ မြင်နိုင်ပါသည်။ သူ့အနေဖြင့် အခြားလူများ အုတ်အုတ်ကြွပ်ကြွပ် ဖြစ်အောင် ထပ်မလုပ်လိုခြင်းကြောင့်သာ ဖြစ်ပေသည်။

သူ ညာဘက်လက်ကို ငုံ့ကြည့်လိုက်၏။ သူ၏ မျက်လုံးများက လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်း တစ်ချို့ဖြင့် တောက်ပလာသည်။

ထိုအခိုက်တွင်ပင် မဟာ ဝိညာဥ် ကျောက်စိမ်းပြားမှာ ပြင်းထန်စွာ တောက်ပလာသလို သူ ခံစားလိုက်ရ၏။ သူက ၎င်းအား ယူ၍ ကြည့်လိုက်ကာ ကျွင်းနာဂြိုဟ် မြေပုံနှင့် တောက်ပစွာ လင်းလက်နေသည့် အနီစက် တစ်စက် ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအနီစက်ကား တတိယမြောက်နှင့် နောက်ဆုံးသော စမ်းသပ်မှု ဖြစ်သည့် တိုက်ခိုက်ရေး စမ်းသပ်မှု ကျင်းပမည့် နေရာပင် ဖြစ်ပေတော့သည်။

ဝေ့ဝူယင် သူ၏ လက်ရှိ တည်နေရာကို အကဲခတ်လိုက်ရင်း အတိုဆုံး လမ်းကြောင်းကို ရွေးချယ်လိုက်သည်။ ထိုအခိုက်တွင်ပင် သူ၏ အောက်ရှိ မြေပြင်မှာ တုန်ရီလာ၏။  ကောင်းကင်တွင် အနက်ရောင် အရိပ်တစ်ခု ရှိနေကာ တောင်ငယ်တစ်လုံး အရွယ်အစား ရှိသည့် ကျားတစ်ကောင်မှာ မလှမ်းမကမ်း မြေပြင်မှ နေ၍ သူ့ထံ ချည်းကပ်လာ၏။

ဝေ့ဝူယင် နူးညံ့စွာ ပြုံးရင်း ကျားကြီး၏ ကြီးမားသော ခေါင်းထက်သို့ ခုန်တက်လိုက်သည်။ မကြာခင်မှာပင် သားရဲသုံးကောင်နှင့် လူတစ်ယောက်တို့မှာ တတိယမြောက် စမ်းသပ်ပွဲ ကျင်းပရာ နေရာသို့ အမြန်ဆုံး အရှိန်နှုန်းဖြင့် စတင် ထွက်ခွာနေကြပြီ ဖြစ်လေတော့သည်။

ထိန်းချုပ်ပြီးချိန်မှ စတင်၍ ထိုရွှေကြယ်အဆင့် သားရဲ သုံးကောင်မှာ လပေါင်းများစွာ ကြာအောင် ဝေ့ဝူယင်နှင့် အတူ ရှိနေခဲ့ကြသည်။ ၎င်းတို့မှာ ရိုင်းစိုင်းသည့် သဘာဝကို ပိုင်ဆိုင်ထားကြသည့်တိုင် ဝေ့ဝူယင်နှင့် ရင်းနှီးရန် အတွက် အချိန် သိပ်မယူလိုက်ရချေ။ ဝေ့ဝူယင်သည် စွမ်းအင် ရင်းမြစ် အမျိုးမျိုးနှင့် အဂ္ဂိရတ် ထုတ်ကုန်များကို ပေးအပ်ကာ သူတို့၏ သွေးမျိုးဆက် စွမ်းအား မြင့်တက်လာအောင်ပင် ကူညီပေးခဲ့သည်။ ထိုအတောအတွင်း၌ ၎င်းတို့မှာ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မှုများကိုပင် ရရှိခဲ့သည်။

ထိုသားရိုင်းကြီးများမှာ ပထမ၌ ဘုရင် သဖွယ် တောအုပ်တစ်ခုချင်းစီကို ကြီးစိုး အုပ်ချုပ်ခဲ့သည့်တိုင် ဝေ့ဝူယင်ကိုတော့ အိမ်မွေးတိရစ္ဆာန်များလို တွယ်တာကြပေသည်။ ကြည့်ရသည်က တိရစ္ဆာန် ပင်လျှင် အစာအတွက် တွယ်ကပ်သင့်သည့် အရာကို သိရှိကြပုံ ပေါ်သည်။ ဒုတိယမြောက် စမ်းသပ်မှု အပြီး၌ ဝေ့ဝူယင်က သူတို့ကို လွတ်လပ်ခွင့် ပေးခဲ့ပေးသည်။ သို့သော်လည်း သူတို့က မယူချေ။ ဝေ့ဝူယင်၏ နောက်သို့ လိုက်ကာ ပိုမို သန်မာလာရန်သာ လိုလားနေကြသည်။

ဝေ့ဝူယင်က ထိုသားရဲများ၏ ဆန္ဒကို လိုက်လျောကာ အနန္တ ဧကရာဇ်ဂိုဏ်း စောင့်ရှောက်သူများ အဖြစ် ခွင့်ပြုပေးရန် ဆုံးဖြတ်ထားသည်။ သားရဲများမှာ ကျင့်ကြံသူများထက် ပြုစုပျိုးထောင်ပေးဖို့ ပိုမို လွယ်ကူသည်။ သူတို့ အနေဖြင့် လိုအပ်သည်က ရင်းမြစ်၊ ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ခုနှင့် ဂရုစိုက်ပေးမှုတို့သာ ဖြစ်သည်။

သူတို့သည် လူသားများ ကဲ့သို့ ကျင့်စဉ်များ၊ တိုက်ခိုက်ရေး နည်းလမ်းများ၊ အစီအရင်များကို လေ့ကျင့်ရန် မလိုအပ်လေရာ တိုးတက်ရေး အတွက် အချိန်ကို လျှော့ချနိုင်ပေသည်။ တစ်နေ့တွင် သူတို့မှာ အန်နု၏ အဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်တစ်ခုကိုပင် ရောက်နိုင်ချေ ရှိသည်။ သူတို့၏ သွေးမျိုးဆက်နှင့် အကန့်အသတ်က အန်နုနှင့် မယှဉ်နိုင်သည့်တိုင် ဝေ့ဝူယင်၏ ထောက်ပံ့မှုများဖြင့် ဆိုပါက ဘာမဆို ဖြစ်နိုင်ချေ ရှိပေသည်။

"ဂီး…"

ကျီးကန်းအော်သံ တစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အထက်သို့ မော့ကြည့်လိုက်ရာ ခန္ဓာကိုယ်ကို လှည့်ပတ်ရင်း လေထဲ၌ ပုံစံ အမျိုးမျိုးဖြင့် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။ ဝေ့ဝူယင် ဖျပ်ခနဲ ပြုံးလိုက်မိ၏။

သူ၏ စိတ်ထဲတွင်မူ ဖြူဖြူစွတ်စွတ်နှင့် ပုံရိပ် တစ်ခုကို ပြန်လည် မြင်ယောင်နေမိသည်။ ၎င်းမှာ အလွန် မာနကြီးကာ ဦးခေါင်းကို အမြဲ မော့ထားတတ်၏။ သို့သော်လည်း ဂွမ်းစ တစ်စလို သူမ ကောင်းကင်ကို ပျံသန်းသွားတိုင်း ထိုမြင်ကွင်းက အလွန် ကျက်သရေ ရှိလှပေသည်။

…

အလင်းစမ်းသပ်မှု အဆုံးသတ်၌ များစွာသော ပုံရိပ်များမှာ လျှို့ဝှက် ကျင့်ကြံခြင်း နယ်မြေများ၊ အလင်း ကျောက်တိုင်များမှ အလျှိုလျှိုထွက်လာကာ အနီရောင် အမှတ် ရှိရာ နေရာကို ဦးတည် နေကြသည်။ တတိယ စမ်းသပ်မှု ဖြစ်သည့် တိုက်ခိုက်ရေး စမ်းသပ်မှုမှာ ပြိုင်ပွဲကြီး၏ အရေးကြီးဆုံးသော အပိုင်း ဖြစ်ကာ အနိုင်ရသူကို ဆုံးဖြတ်ပေးမည့် ပြိုင်ပွဲလည်း ဖြစ်ပေသည်။

"ဝှစ်…"

လျှို့ဝှက် ကျင့်ကြံခြင်း နယ်မြေတစ်ခုတွင် မိန်းကလေးတစ်ယောက်မှာ ကျောက်စိမ်းပြား တစ်ခုကို ကိုင်ရင်း မတ်တပ် ထရပ်လိုက်၏။ သူမသည် ရှစ်ပေနီးနီး အရပ်နှင့် ခရမ်းရောင် အသားအရည်ကို ပိုင်ဆိုင်ထားသည့် နတ်ဆိုး မျိုးနွယ်ဝင် တစ်ယောက်ဖြစ်ကာ ထိပ်တန်း အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

"အချိန်ကျလာပြီ…"

သူမက ကျောက်စိမ်းပြားထက်ရှိ အနီစက်လေးကို ကြည့်ရင်း တီးတိုး ရေရွတ် လိုက်၏။ ထို့နောက် လနှင့်ချီ အချိန်ဖြုန်းခဲ့သည့် လျှို့ဝှက် ကျင့်ကြံခြင်း နယ်မြေကို ကျောခိုင်းကာ ထွက်ခွာသွားခဲ့တော့သည်။

…

ထိုအချိန် သုံးလွှာ ဗဟို ကြယ်တာရာ နယ်မြေ… အုပ်စိုးသူ စန်းမျိုးနွယ် အင်ပါယာ နန်းတော်၌…

မြူကန့်လန့်ကာ၏ ဖုံးလွှမ်းမှု နောက်တွင် တည်ရှိနေသည့် မထင်မရှား ပုံရိပ်တစ်ခုမှာ မဟာ ဝိညာဉ် စမ်းသပ်ပွဲအား ပြသနေသည့် အလင်း မျက်နှာပြင် ရှေ့၌ ရှိနေခဲ့၏။ သို့သော်လည်း သူ၏ မျက်လုံးများက အလင်း မျက်နှာပြင်ထက်၌ ရှိမနေခဲ့ပဲ နန်းတော်၏ မျက်နှာကျက်ကိုသာ ငေးမော ကြည့်နေခဲ့သည်။

"ကမ္ဘာဦး ကြယ်တာရာ ကပ်ဘေး…"

….

တိုက်ခိုက်ရေး စမ်းသပ်မှု…

သားရဲ စမ်းသပ်မှု၊ အလင်း စမ်းသပ်မှုတို့နှင့် ခြားနားစွာပင် တိုက်ခိုက်ရေး စမ်းသပ်မှုကို နေရာ တစ်ခု တည်းတွင် တူညီသော ပြိုင်ပွဲ ပုံစံဖြင့် ကျင်းပမည် ဖြစ်သည်။

စမ်းသပ်ပွဲ ကျင်းပမည့် နေရာတွင် ကီလိုမီတာ ဂဏန်းခန့် ကျယ်ပြန့်သည့် မြက်ခင်းပြင် တစ်ခုနှင့် လေးထောင့် သဏ္ဌာန် ကျောက်သား စင်မြင်များ ရှိသည်။ ထိုစင်မြင့် တစ်ခုချင်းစီ၏ ထောင့်လေးဘက်တွင်တော့ နှစ်ဆယ် မီတာခန့် မြင့်မည့် စိန်ပုံဏ္ဌာန် သလင်းကျောက် တစ်ခုစီ ရှိသည်။

ထိုစိန်ကျောက်များမှာ လှပသည့် သက်တန့်ရောင် အလင်းများနှင့် အတူ ထူးခြား ဆန်းကျယ်သော အရောင်အဝါများကို ထုတ်လွှတ်နေပုံ ရသည်။ အကယ်၍ ၎င်းတို့အား ခရေစေ့ တွင်းကျ စစ်ဆေးရန် ကြိုးစားမည် ဆိုပါက သက်တန့်ရောင် အလင်းများ၏ လှည့်ဖျားခံရကာ အသိစိတ်များပင် လွတ်သွားနိုင်ပေသည်။ အချိန်တိုင်း၌ ၎င်းတို့မှာ ပုံရိပ်များ ဖြစ်ဟန်တူသည့် အလင်းများကို လေထဲသို့ ပစ်လွှတ်နေသည်။

"ဟူး… ဟူး…"

လူငယ်အချို့မှာ စတင် ရောက်ရှိ လာကြ၏။ သို့သော်လည်း သူတို့ ဖမ်းဆီး ယဥ့်ပါးထားသည့် သားရဲများတော့ ပါမလာကြချေ။ သူတို့ ကိုင်ဆောင်ထားသည့် ဝိညာဉ် ကျောက်စိမ်းပြား ပေါ်တွင် ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်း အားလုံးကို ဖော်ပြထားပြီး ဖြစ်ပေသည်။

ပထမဦးဆုံး အနေဖြင့် သားရဲ ထိန်းချုပ်သူ တစ်ယောက် အဖြစ် စာရင်းပေး မထားလျှင် သားရဲများ ခေါ်ဆောင်လာခြင်းကို တားမြစ်ထားသည်။ အကယ်၍ ထိုစည်းမျဉ်းကို ချိုးဖောက်ပါက ပြိုင်ပွဲမှ တိုက်ရိုက် ထုတ်ပယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

ထို့အပြင်… ပထမ စမ်းသပ်ပွဲနှင့် ဒုတိယ စမ်းသပ်ပွဲမှ ရရှိသည့် အမှတ်အားလုံးမှာ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ ပြိုင်ပွဲကာလ အတွင်း ထိုအမှတ်များကို သုံး၍ ရင်းမြစ်များနှင့် သူတို့ လဲလှယ်နိုင်လိမ့်မည် ဖြစ်သည်။

နောက်ဆုံး စည်းမျဉ်းကတော့ ဤပြိုင်ပွဲမှာ သာမန် ပြိုင်ပွဲတစ်ခု ဟုတ်လိမ့်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ဆိုလိုသည်က ပြိုင်ပွဲကို အနိုင်ရရှိသူမှာ အသန်မာဆုံးလူ ဖြစ်ချင်မှ ဖြစ်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် ထိုစည်းမျဉ်းများကို ဖတ်ရင်း အနည်းငယ် အံ့အားသင့်သွား၏။ စည်းမျဉ်းတို့က ရိုးရှင်း သလိုလိုနှင့် ရှုပ်ထွေးလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။

စမ်းသပ်ပွဲ၏ ပုံစံက အခမဲ့ စိန်ခေါ်မှု သဘောမျိုး ဖြစ်သည်။ ပြိုင်ပွဲဝင် မည်သူမဆို ဆန္ဒရှိပါက စင်မြင့်ထက်သို့ တက်ကာ စိန်ခေါ်နိုင်သည်။ သူနှင့် ကျင့်ကြံခြင်း အဆင့် တူညီသည့် မည်သူမဆို ထိုစိန်ခေါ်မှုကို လက်ခံနိုင်သည်။ ဆိုလိုသည်က ကောင်းကင် အုပ်စိုးသူ တစ်ယောက်မှာ အခြား ကောင်းကင် အုပ်စိုးသူ တစ်ယောက်ကို မည်သည့် အတားအဆီး အကန့်အသတ်မှ မရှိပဲ စိန်ခေါ်နိုင်လိမ့်မည် ဖြစ်သည်။ အနိုင်အရှုံး ပေါ်သည် အထိ သူတို့ တိုက်ခိုက်နိုင်သည်။

စိန်ခေါ်ပွဲတွင် ရှူံနိမ့်သူမှာ အခြေအနေပေါ် မူတည်၍ သူ၏ အမှတ်တစ်စိတ် တစ်ပိုင်းကို အနိုင်ရသူအား ပေးအပ်ရမည် ဖြစ်သည်။ အကယ်၍ အမှတ်အားလုံး ဆုံးရှုံးသွားပါက သူတို့၏ ဝိညာဉ် ကျောက်စိမ်းပြားများ ကျိုးပဲ့သွားမည် ဖြစ်ကာ ပြိုင်ပွဲမှ အလိုအလျောက် ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။

အကယ်၍ ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသူများ အနေဖြင့် နိမ့်ကျသူများကို စိန်ခေါ်လိုပါလျှင်မူ ကွာခြားမှု အဆင့်အလိုက်ပေါ် မူတည်၍ သတ်မှတ်ထားသော ဝိညာဉ် အမှတ်များကို ပေးအပ်ရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ ထိုစည်းမျဉ်းများကို ဖတ်ရင်း ရေးဆွဲသူ၏ ဉာဏ်ရည်အပေါ် မလေးစားပဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။ ထိုစိန်ခေါ်မှု အတွက် ကျင့်ကြံခြင်း အဆင့် မြင့်မားသူများမှာ တန်ဖိုးကြီးကြီး ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပြီး ၎င်းက အဆင့်နိမ့် ကျင့်ကြံသူများအား အကာအကွယ် ဖြစ်ပေလိမ့်မည် ဖြစ်သည်။

***

All Chapters