ရောက်ရှိလာကြခြင်း
Vol. 21 Ch. 291
သို့သော်လည်း အဆင့်နိမ့် ကျင့်ကြံသူများက အဆင့်မြင့် ကျင့်ကြံသူများကို စိန်ခေါ်နိုင်သည့် ကဏ္ဍကတော့ လုံးဝ ကွာခြားလှသည်။ အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်မှာ သူ့ထက် အဆင့်ပိုမြင့်သည့် ကျင့်ကြံသူကို တိုက်ရိုက် နာမည်တပ်ကာ စိန်ခေါ်ခွင့် ရှိသည်။ ထိုစိန်ခေါ်မှုအား ငြင်းဆန်လို့ မရချေ။ ထို့အပြင် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်မှာ သူ့ထက် အဆင့်နိမ့်သည့် ကျင့်ကြံသူ တစ်ဦးကို ရှုံးနိမ့်သွားပါက သူ့အမှတ် အားလုံးကို ထိုအဆင့်နိမ့် ကျင့်ကြံသူထံ လွှဲပြောင်း ပေးအပ်ရလိမ့်မည် ဖြစ်သည်။
ထိုအရာက အဆင့်နိမ့် ကျင့်ကြံသူများကို မျက်နှာသာ ပေးသယောင် ထင်ရသော်လည်း အမှန်တကယ်တွင်တော့ မဟုတ်ပြန်ချေ။ အဘယ်ကြောင့် ဆိုသော ကျင့်ကြံခြင်း အဆင့် မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက်မှာ သူတို့၏ ကျင့်ကြံခြင်း အခြေခံကို သုံးကာ နိမ့်ကျသူများကို အပြတ်အသတ် လွှမ်းမိုးနိုင်ခြင်းကြောင့် ဖြစ်ပေသည်။ ထိုစည်းမျဉ်းများမှာ စမ်းသပ်ပွဲအား ဟန်ချက် မပျက်ရွင်းစေရန် ရှင်းလင်းစွာပင် ထောက်ပံ့ထားခြင်း ဖြစ်သည်။
မဟာဝိညာဉ် စမ်းသပ်ပွဲတွင် အနိုင်ရရှိသူအား နည်းလမ်း သုံးခုဖြင့် ဆုံးဖြတ်မည် ဖြစ်သည်။
၁။ တစ်နာရီကြာ စိန်ခေါ်သူ မရှိ ရပ်တည်နိုင်ခြင်း
၂။ တိုက်ပွဲများကို ဆယ်ပွဲဆက် နိုင်ခြင်း
၃။ ဝိညာဉ် အမှတ် တစ်သောင်းသို့ ရောက်ရှိခြင်း…
တို့ပင်…။
ဝေ့ဝူယင်မှာ ငြိမ်သက်စွာဖြင့် စဉ်းစား နေခဲ့၏။ သူသည် ကောင်းကင် အုပ်စိုးသူ တစ်ယောက် ဖြစ်သည့်တိုင် အာကာသ ပဲ့တင်သံ အဆင့်နှင့် တန်းတူ၊ သို့မဟုတ် ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့အပြင် ဝိညာဉ် အမှတ်များ အရ ပြောရလျှင်လည်း ထိပ်ဆုံး ငါးဦးစာရင်းတွင် သူ ထိပ်ဆုံးမှ ပါတင်နေသည်။ သူ့၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား နှစ်ယောက်မှာလည်း ထိုစာရင်းထဲတွင် ပါဝင်ပေသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်ကလည်း သူ့ထက် ပိုမို မြင့်မားသည်။
ဝေ့ဝူယင်မှာ ထိုနေရာသို့ ရောက်ရှိလာ၏။ သူသည် မန်နာများ၏ အကူအညီနှင့် အတူ သက်တောင့်သက်သာပင် ပျံဝဲလာခြင်း ဖြစ်သည်။ သူ၏ အမူအရာက တည်ငြိမ်နေကာ အမျိုးမျိုးသော အတွေးများထဲတွင် နစ်မြုပ်နေဟန် ရသည်။
ဝေ့ဝူယင်၏ ဝိညာဉ်အာရုံမှာ ဝူယုနှင့် အဆက်မပြတ် ဆက်သွယ်နေ၏။
"ဝူယု… လုံချန်က သူ့ရဲ့ ပုံရိပ် အမှန်ကို ဖော်ထုတ်မှာလား"
သူ ထိုအရာကို အတော်လေး ပြင်းပြင်းပြပြ သိချင်နေသည်။ စမ်းသပ်ပွဲများ အပြီး၌ လုံချန် သူ့ကိုယ်သူ ဖော်ထုတ် ကြေညာရန် ဖြစ်နိုင်ချေ ရှိသည်ဟု သူ ခံစားရသည်။ မရေမတွက်နိုင်သည့် ဆုံးရှုံးမှုများ ကြုံတွေ့ရလျှင်ပင် သူ့တွင် ပုံရိပ် အမှန် ရှိသေးသည် မဟုတ်ပါလား။
" … "
ဝူယုမှာ တိတ်ဆိတ်နေ၏။ ထိုတိတ်ဆိတ်မှုမှ တစ်ဆင့် အတိတ်၌ ဝူယုမှာ လုံချန်ကို တစ်စုံတစ်ရာ ညွှန်ကြားထားခဲ့ကြောင်း ဝေ့ဝူယင် အကဲခတ် လိုက်နိုင်သည်။ သူ ထိုမေးခွန်းကို မေးခွန်းကို မေးခဲ့ရသည့် အဓိက အကြောင်းရင်းက ကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ကာ ပြုစု ပျိုးထောင် ထားသည့် သွေးမျိုးဆက်ကို ဝူယု တစ်ယောက် လမ်းခုလတ်လေးတွင် လက်လွတ်စပယ် စွန့်ပစ်လိမ့်မည်ဟု မယုံကြည်ကြသောကြောင့် ဖြစ်သည်။
မဟာ ဧကရာဇ်၏ လမ်းစဉ်မှာ ရုန်းကန်မှုများ၊ စိန်ခေါ်မှုများ၊ သတ်ဖြတ်မှုများမှ တစ်ဆင့် ကိုယ်ပိုင် မွေးရာပါ အရည်အချင်းကို သွေးရသည့် လမ်းစဉ် တစ်ခု ဖြစ်ကြောင်း ထို့ပိဟန်က သူ့အား ပြောခဲ့ဖူးသည်။
သူ စုံစမ်း သိရှိသလောက် ဆိုလျှင် ဝူယုက လုံချန်အား အစစ်အမှန် ပုံရိပ်ကို ထုတ်ဖော် မပြရန် ပြောဆိုခဲ့သည်။ သူသာလျှင် ဘေးနားမှာ နေကာ အရေးကြုံပါက ကယ်တင် ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့ သူ ဝေ့ဝူယင်၏ နံလေးတွင် နေနေခဲ့ရပြီ ဖြစ်သည်။ လုံချန် အနားမှာ မရှိနိုင်တော့။
ဝူယုက အဖြေပေးရမည့် အစား ဝေ့ဝူယင်ကို မေးခွန်းတစ်ခု ပြန်ထုတ်လိုက်၏။
"တကယ်လို့ ငါမရှိတဲ့ အချိန် အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ ပံ့ပိုးမှုကိုသာ အပြည့်အဝ မရဘူး ဆိုရင် သူက မဟာ ဧကရာဇ် တစ်ပါး ဖြစ်လာနိုင်မယ်လို့ မင်းထင်လား"
ဝေ့ဝူယင်မှာ မျက်မှောင် မကြုတ်သလို ထိုတန်ပြန်မေးခွန်း အပေါ် မကျေနပ်ခြင်းများလည်း မရှိပါချေ။ သူက ကောင်းကင်မှ နေ၍ စင်မြင်တစ်ခု နံဘေးသို့ ဆင်းသက်လိုက်၏။
ဟူး…
ချက်ချင်းပင် သူ့မျက်လုံးများက သက်တန့်ရောင် သလင်းကျောက်များ၏ ဖမ်းစားမှုကို ခံလိုက်ရသည်။ ၎င်းတို့၏ အလှအပက အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ထိုသလင်းကျောက်များ ဘယ်က လာသည်ကို သူစစ်ဆေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ့နှလုံးသားက တုန်ရီသွား၏။ သူက ခေါင်းကို လှည့်၍ ကြည့်လိုက်ရာ အသစ် ရောက်ရှိလာသည့် ပုံရိပ်တစ်ခုကို တွေ့မြင် လိုက်ရပေသည်။
…
"သူက…"
ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် ခုန်လာ၏။ သူ၏ အရှေ့၌ ရှိနေသည်ကား ခရမ်းရောင် အသားအရေ၊ ခရမ်းရောင် ဆံနွယ်ရှည်များနှင့် လှပချောမောသော ပုံရိပ်လေး တစ်ခုပင်။ ဝေ့ဝူယင် သည်မိန်းကလေးနှင့် ယခုထက် ပိုရင်းနှီးနိုင်စရာ အကြောင်းပင် မရှိတော့။ ပိုသားများ ကဲ့သို့ နူးညံ့သည့် သူမ၏ ခန္ဓာကိုယ် နေရာတိုင်းကို သူ တစ်လက်မမျှ မကျန်အောင် ထိတွေ့ဖူးပေသည်။
"တရှန်း…"
သူမသည် ခရမ်းရောင် တောင်တန်း နတ်ဆိုးမှ ဆင်းသက်လာသည့် နတ်ဆိုး တစ်ယောက် ဖြစ်ပြီး ထူးခြားသော တိုက်တန် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အနန္တဧကရာဇ်ဂိုဏ်းမှ ထွက်ခွာသည့်နေ နေရာ ကူးပြောင်းခြင်း အစီအရင်တွင် ဝေ့ဝူယင် သူမကို မတွေ့ခဲ့ရချေ။ လွန်ခဲ့သည့် လအနည်းငယ်က သူမမှာ မဟာ ဝိညာဉ် စမ်းသပ်ပွဲကို ဝင်ပြိုင်လိမ့်မည် မဟုတ်ကြောင်း သူ့အား ပြောခဲ့ဖူးသည်။
"နေဦး… သူ ငါ့ကို ပြောခဲ့တာက မဟာ ဝိညာဉ် စမ်းသပ်ပွဲ ပေါ်မလာခင်လောက်တည်းကပဲ… သူက အနန္တ ဧကရာဇ် စမ်းသပ်ပွဲကိုပဲ ဝင်မပြိုင်ချင်တာ နေမယ်"
ဝေ့ဝူယင် တွေးလိုက်မိ၏။ ကြည့်ရသည်က ကြယ်တာရာ နယ်မြေရှိ အခြား ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရမည် ဆိုသော ဆွဲဆောင်မှုကြောင့် တရှန်းမှာ စမ်းသပ်ပွဲ ဝင်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ဟန်တူသည်။
တရှန်းမှာ သူ့အား သတိထားမိပုံ မပေါ်သေးရာ ဝေ့ဝူယင် သွားရောက် နှုတ်ဆက်ဖို့ ဟန်ပြင် လိုက်သည်။ သို့သော်လည်း သူ၏ ခြေလှမ်းများက တုန့်ဆိုင်းသွား၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်က တစ်ခုခုတော့ တစ်ခုခုပင်။ သူ မျက်မှောင်ကြုတ်လိုက်ရင်း လျှင်မြန်သော လှုပ်ရှားမှုဖြင့် အခြား အရပ် မျက်နှာ တစ်ခုကို လှည့်လိုက်သည်။ သူ၏ မျက်မှောင်က ပို၍သာ နက်ရှိုင်းလာ၏။ အဆုံးသတ်တွင် သူ သူမထံသို့ သွားရောက်ခြင်း မပြုတော့ချေ။
ထိုကဲ့သို့ ဆုံးဖြတ်လိုက်ချိန်မှာပင် ဝေ့ဝူယင် အကြည့်တစ်ခုကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူက တရှန်းထံသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ သူမ၏ ရွှေရောင် မျက်လုံးများနှင့် ဆုံတွေ့သွားသည်။ တရှန်း၏ လှပသော မျက်နှာတွင် တုန်လှုပ်မှု အချို့ ပါဝင်နေဟန် ရ၏။ သို့သော်လည်း ထိုအရာက အခိုက်အတန့်မျှသာ ဖြစ်ပြီး မည်းမှောင်သော အမူအရာကို ဝတ်ဆင်ကာ သူမက အခြား တစ်ဖက်သို့ လှည့်သွားသည်။ ထို့နောက် တိတ်ဆိတ် ငြိမ်းချမ်းသည့် နေရာ တစ်ခုတွင် ထိုင်ကာ မျက်လုံးများကို မှိတ်လျှက် တရားထိုင်နေလေတော့၏။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအခိုက်တွင်ပင်… အလွန် လျှင်မြန်သော အနက်ရောင် အလင်း တစ်ခုမှာ ဝေးကွာသော မိုးကုပ်စက်ဝိုင်းတွင် ပေါ်လာခဲ့၏။ ၎င်းက စက္ကန့်ပိုင်း အတွင်းမှာပင် သူ့ဘေးနားသို့ ရောက်ရှိလာသည်။
"ဟူး… ဟူး…"
စုမေ့သည် တည်ငြိ းမ်သည့် အမူအရာနှင့် အေးစက်စက် အကြည့်တို့ကို ဆင်မြန်းရင်း ဝေ့ဝူယင်၏ နောက်၌ လက်ရုံး တစ်ယောက်လို ရပ်လိုက်သည်။ ထိုလုပ်ရပ်က သူမ၏ ခံယူချက်နှင့် သဘောထားကို ရှင်းလင်းစွာပင် ဖော်ပြနေ၏။
သူမ ဤနေရာသိူ့ ရောက်လာခြင်းမှာ စိန်ခေါ်မှု အတွက် မဟုတ်ပဲ ဝေ့ဝူယင် ကြောင့်သာ ဖြစ်ပေသည်။ သူမ သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးချင်ရုံမျှသာ ဖြစ်ပြီး သူမ၏ အနက်ရောင် မျက်ဝန်းများ အတွင်းတွင်မူ တောက်လောင်နေသည့် ဝိညာဉ် တစ်ခု တည်ရှိနေပေသည်။
"အရှင်ဝေ့…"
သူမက နှုတ်ဆက်လိုက်၏။
ဝေ့ဝူယင်က သူမအား ခေါင်းတစ်ချက် ညိတ်ပြ၍ အသိအမှတ် ပြုလိုက်သည်။
ကျူးဟိုင်မှာ ရောက်နှင့်နေပြီး ဖြစ်သည်။ သို့သော်လည်း အနေအထားကတော့ ခြားနားလှသည်။ သူသည် တာ့ရှန်းနှင့် အခြားလူများ ကဲ့သို့ပင် တိတ်ဆိတ်သော နေရာတစ်ခုတွင် ထိုင်ကာ စိတ်အခြေအနေကို အမြင့်ဆုံးထိ ရောက်အောင် မြှင့်တင်နေသည်။ စုမေ့မှာ တက်တက်ကြွကြွ ပါဝင်ရန် ဆန္ဒ မရှိသည့်တိုင် စစ်ပွဲနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် တစ်စုံတစ်ယောက် အနေဖြင့် ကျူးဟိုင်၏ စိတ်အခြေအနေက မည်ကဲ့သို့ တူပါမည်နည်း။ အကယ်၍ ပြိုင်ဘက်က ဝေ့ဝူယင် ဖြစ်နေလျှင်ပင် အစွမ်းကုန် တိုက်ခိုက်ရန် သူ အာသီသ ရှိပေသည်။
အမှန်အတိုင်း ဆိုလျှင် ဝေ့ဝူယင်မှာလည်း ကျူးဟိုင်၏ ထိုအပိုင်းကို လေးစားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ကျူးဟိုင်ကို အစွယ်များနှင့် လက်သည်းများ ဖြစ်လာစေရန် လိုလားခဲ့ခြင်း ဖြစ်သည်။ သူသည် အသေးအမွှား တိုက်ပွဲ အားလုံးတွင် ပျော်မွေ့သူ မဟုတ်ချေ။ ၎င်းတို့အား ရှင်းလင်းရန် အတွက် ကျူးဟိုင်ကို သူ ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ အရိပ်ဖြစ်သည့် ယင်တွင်လည်း ကိုယ်ပိုင် ရည်ရွယ်ချက် ရှိသည်။ ထို့အတူ စုမေ့လည်း အတူတူပင် ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီ အတွက် ကိုယ်ပိုင် ရည်ရွယ်ချက်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ပန်းတိုင်များ သူ့တွင် ရှိသည်။
"ဝေ့ဝူယင်…"
နူးညံ့ နွေးထွေးပြီး တည်ငြိမ်သည့် အသံကလေး တစ်ခု ထွက်ပေါ်လာ၏။
***