← Chapters

သိုင်းပညာဖြင့် မူလဝိညာဉ် ဖွဲ့တည်ခြင်း

Vol. 54 Ch. 719

သိုင်းပညာဖြင့် မူလဝိညာဉ် ဖွဲ့တည်ခြင်း

Vol. 54 Ch. 719

“သို့နျိုနန်းဆောင်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ နန်းဆောင် ၃၆ ဆောင်ထဲက တစ်ဆောင် ဖြစ်မယ်... ကောင်းကင်နန်းဆောင် အပိုင်စားရတဲ့ လူအားလုံးက ခိုင်ဧကရာဇ်ခေတ်မှာ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ လူတွေချည်းပဲ”

ချင်မူက ရွာသားများနောက်မှ လိုက်သွားပြီး သို့နျိုနန်းဆောင်ကမ္ဘာထဲ ဝင်လိုက်သည်။ ဤနန်းဆောင်ကမ္ဘာသည် ကျန်နန်းဆောင်များနှင့် ယှဉ်လျှင် စစ်မီးဒဏ်မခံခဲ့ရသကဲ့သို့ အလွန်သစ်လွင်နေ၏။

လူသားဧကရာဇ်ခန်းမရှိ ကျောက်စိမ်းလင်းရောင်နန်းဆောင်နှင့် ဖုန်းတုရှိ သဲနယ်စပ်နန်းဆောင်တို့မှာမူ ခိုင်ဧကရာဇ်ခေတ်တုန်းက စစ်ဘေးဒဏ်သင့်ကာ ပျက်စီးနေခဲ့သည်။ တခြားကောင်းကင်နန်းဆောင်များကိုမူ ချင်မူ မမြင်ဖူးသော်လည်း ၎င်းတို့လည်း စစ်မီးကြောင့် ပျက်စီးနေလိမ့်မည်။

“ဘာလို့ သို့နျိုနန်းဆောင်က အကောင်းအတိုင်း ရှိနေ‌သေးတာလဲ”

ချင်မူ မတွေဝေမိဘဲ မနေပေ။ “သိုင်းပညာ ကောင်းကင်ဆရာသခင်လည်း အဲဒီတုန်းက တပ်ပြေးဖြစ်ခဲ့တာလား... သို့နျိုနန်းဆောင်နဲ့ ထွက်ပြေးလာခဲ့လို သူ့အင်အားက ဒီလောက်အထိ ကျန်သေးတာလား”

သို့နျိုနန်းဆောင်က ချင်မူ မြင်ခဲ့ဖူးသော တခြားနန်းဆောင်များနှင့် မတူပေ။ လူသားဧကရာဇ်ခန်းမရှိ ကျောက်စိမ်းလင်းရောင်နန်းဆောင်သည် ကောင်းကင်နန်းဆောင်များအကြား၌ ကျောင်းသားများ ပညသင်ကြားရာ နေရာဖြစ်သည့်အလျောက် စာအုပ်နံ့များ သင်းပျံ့နေတတ်၏။ မရေမတွက်နိုင်သော နတ်ဘုရားတို့၏ တပည့်အားလုံး ထိုနေရာတွင် အဆင့်မြင့်ပညာရပ်များအား ဆက်လက်သင်ယူကြရသည်။

ချင်မူမှာ လူသားဧကရာဇ်ခန်းမ၏ လူသားဧကရာဇ်ဖြစ်သော်လည်း ထိုနေရာ၌ ကြာကြာမနေခဲ့ဖူးပေ။ ပထမလူသားဧကရာဇ်နှင့်အတူ တစ်ကြိမ်သာ ‌ရောက်ခဲ့ဖူး၏။

ဖုန်းတု၏ သဲနယ်စပ်နန်းဆောင်ကိုတော့ ချင်မူ တစ်ခါမှ မဝင်ဖူး။ ယမမင်းက နန်းဆောင်ကို အတွင်းထဲ၌ ဖွက်ထားသဖြင့် အဝေးမှသာ မြင်ခဲ့ဖူးသည်။ သဲနယ်စပ်နန်းဆောင်လည်း အိုမင်းပျက်စီးနေသော ပုံစံရှိသည်။

သို့နျိုနန်းဆောင်ကမ္ဘာအထဲ ရောက်လာသည့်အခါ သို့နျိုနန်းဆောင်သည် တဖြည်းဖြည်း ရှင်းလင်းလာပြီး တစ်ကမ္ဘာလုံးအား မြင်ရ၏။

သူတို့နှင့်အနီးဆုံးတွင် ခမ်းနားတင့်တယ်သော မုခ်ဝတစ်ခု ရှိပြီး မုခ်ဝ၏အနောက်ရှိ နန်းဆောင်များကို လွန်လျှင် ရေကန်တစ်ကန် တွေ့ရသည်။ ရေကန်မှ ဆက်လျှောက်သွားလျှင် သွေးနီရောင် လေစီးကြောင်းနှစ်ကြောင်းက ကောင်းကင်ထက်တွင် နဂါးနှစ်ကောင်ပမာ လူးလွန့်လှည့်ပတ်နေသည်။

၎င်းကို လွန်လျှင် လေးထောင့်စပ်စပ် နတ်ဘုရားမြို့တစ်မြို့ ရှိနေသည်။ မြို့တော်အတွင်း၌ ခန်းမတစ်ခုက ထည်ဝါစွာ ထင်းလင်းနေ၏။

ချင်မူ မှင်သက်သွားသည်။ သို့နျိုနန်းဆောင်ထဲရှိ ဖွဲ့စည်းပုံအခင်းအကျင်းသည် နတ်ဘုရားတို့၏ ကောင်းကင်နတ်ဘုံနှင့် အနည်းငယ် ဆင်မနေဘူးလော။

ချင်မူက မျက်လုံးများ မှေးကျဉ်း၍ မုခ်ဝအရှေ့သို့ ကြည့်လိုက်သည့်အခါ နန်းဆောင်ကမ္ဘာ၏ မြေပြင်နှင့် ဆက်သွယ်ထားသော သက်တံ့တံတားတစ်စင်းကို မြင်ရသည်။ တံတားသည် အလွန်ရှည်လျားပြီး ကောင်းကင်ထဲ၌ ထီးထီးတည်း ပျံဝဲနေ၏။ သို့နျိုနန်းဆောင်ဆီ ဦးတည်နေသည့် တစ်ခုတည်းသော လမ်းလည်း ဖြစ်သည်။

ချင်မူ မြေပြင်ကို ငုံ့ကြည့်ကာ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

ဤကမ္ဘာ၏မြေပြင်သည် လေးထောင့်ကျပြီး တောင်တန်းငါးခုက တောင်မှမြောက်သို့ သွယ်တန်းနေသည်။ မြစ်ခြောက်စင်းကလည်း မြေပြင်တစ်လျှောက် စီးဆင်းပျံ့နှံ့နေသည်။ မြစ်များသည် အရှေ့မှအနောက်၊ သို့မဟုတ် မြောက်မှတောင်သို့ စီးဆင်းကြ၏။ သို့သော် မြစ်တစ်စင်းမှ ပင်လယ်အတွင်း မဝင်ရောက်သွားပေ။

ပင်လယ်က မရှိခြင်းဖြစ်သည်။ မြစ်ခြောက်စင်းသည် မြေကြီးအောက်သို့ စိမ့်ဝင်သွားပြီး ကမ္ဘာ၏ အလယ်ဗဟိုရှိ မြေအောက်ချောက်နက်ထဲသို့ စီးဆင်းကာ ပျောက်ကွယ်သွား၏။ ထိုချောက်နက်ကြီးက တိုင်းထွာမရအောင် နက်ရှိုင်းပေသည်။။

ချင်မူ ခေါင်းမော့၍ ကြည့်လိုက်သည့်အခါ သို့နျိုနန်းဆောင်အောက်၌ ပျံဝဲနေသော နေ၊ လနှင့် ကြယ်များ မြင်တွေ့ရသည်။ နေနှင့်လက နေ့နှင့်ညကို တစ်လှည့်စီ လှည့်ပြောင်းပေးနေကြ၏။

ချင်မူက မျက်တောင်ခတ်မိသည်။

မြေပြင်က ဝိညာဉ်စင်မြင့်ဖြစ်လျှင် တောင်တန်းငါးခုက ဓာတ်ကြီးငါးပါးကို ကိုယ်စားပြုမည်။ မြစ်ခြောက်စင်းက အရပ်ခြောက်မျက်နှာကို ဆောင်မည်။ နေ၊ လနှင့် ကြယ်များက ခုနစ်စဉ်ကြယ်များ ဖြစ်မည်။ ချောက်ကြီး၏အောက်၌ သေခြင်းရှင်ခြင်းရတနာ ယိုတု ကိန်းဝပ်နေလိမ့်မည်။ ဆိုလိုသည်က တံတားက ကောင်းကင်နတ်ဘုံသို့ ဦးတည်နေသော ကောင်းကင်တံတားပင်။

သို့ဆိုလျှင် ...

‘ဒီကောင်းကင်ဘုံက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ရုပ်ခန္ဓာနဲ့ ဖွဲ့တည်ထားတာလား”

သူ့အကြည့်က လိုက်ရှာနေသည်။ ‘ကောင်းကင်နတ်အသွင်အဆင့် လိုနေသေးတယ်... မူလဝိညာဉ်က ကောင်းကင်နတ်အသွင်အဆင့်မှာ ဖွဲ့တည်တာ.... မူလဝိညာဉ်အနေနဲ့ နတ်ကောင်းကင်ခန်းမကို ဝင်ပြီး ဧကရာဇ်ပလ္လင်ပေါ် တက်လိုက်ရင် မြေပြင်ပေါ်မှာ တည်ရှိစရာမလိုတော့ဘူး... ဒါဆို နတ်ကောင်းကင်ခန်းမထဲက ဧကရာဇ်ပလ္လင်‌ပေါ်မှာ ဧကရာဇ်ပလ္လင်အဆင့် မူလဝိညာဉ် ထိုင်နေလောက်မလား... တခြားဖြစ်နိုင်ခြေလည်း ရှိသေးတယ်... ဒီကောင်းကင်ဘုံကို ဧကရာဇ်ပလ္လင်အဆင့် ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်တွေရဲ့ အခင်းအကျင်းအတိုင်း တည်ဆောက်ထားတာလည်း ဖြစ်နိုင်တယ်... ခိုင်ဧကရာဇ်ခေတ်မှာ ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတွေ အများကြီး မရှိနိုင်ဘူး’

သို့နျိုနန်းဆောင်သည် ခိုင်ဧကရာဇ်ခေတ်၏ ၃၆ ဆောင်သော ကောင်းကင်နန်း‌ဆောင်များအနက်မှ တစ်ဆောင်ဖြစ်သည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်အနက် အကျော်ကြားဆုံးနန်းဆောင်များက မဟာကောင်းကင်နတ်မင်းလေးပါး စံမြန်းသော မဟာကောင်းကင်နန်းဆောင်လေးဆောင် ဖြစ်၏။ သို့နျိုနန်းဆောင်က ထိုလေးဆောင်ထဲ၌ မပါပေ။

ခိုင်ဧကရာဇ်သည် သို့နျိုနန်းဆောင်ကို တည်ဆောက်ရန်လေးအတွက် ဧကရာဇ်ပလ္လင်အဆင့်တစ်ယောက်ကို သတ်ခဲ့ခြင်းတော့ မဟုတ်တန်ရာ။

“သွား ပြင်ဆင်ကြ” လယ်သမားအိုကြီးက ရွာသားများကို ညွှန်ကြားလိုက်သည်။ “သို့နျိုနန်းဆောင် ဒီနေ့ ဖွင့်တယ်၊ လာလေ့ကျင့်ကြလို့ ကလေးတွေကို ပြောလိုက်”

ရွာသားများ တမုဟုတ်ချင်း ပျံထွက်သွားကြသည်။ တချို့က သို့နျိုနန်းဆောင်ထဲသို့ ဝင်သွားကြပြီး တချို့က အောက်ရှိ မြေပြင်များသို့ ဆင်းသွားကြသည်။

လယ်သမားအိုကြီးက နွားအိုကြီး၊ ချင်မူနှင့် နဂါးချီလင်တို့ကို ‌ခေါ်ကာ ကောင်းကင်တံတားအတိုင်း လျှောက်သွားသည်။ ကောင်းကင်တံတားသည် အလွန်ကျဉ်းမြောင်း၍ ချင်မူ့အတွက် အဆင်ပြေသော်လည်း နဂါးချီလင်အတွက်မူ လွတ်လွတ်လပ်လပ် မရှိပေ။

လယ်သမားအိုကြီးက ရပ်၍ ရှုခင်းများအား ခံစားကြည့်ရျုနေသည်။

ချင်မူလည်း တောင်တန်းမြစ်ချောင်းများကို ကြည့်လိုက်မိသည်။ ဤနေရာမှ ရှုခင်းသည် အမှန်တကယ် အေးချမ်းသာယာဖွယ်ကောင်း၏။

“ဝမ်တျန်းကဲရဲ့ တပည့်၊ မင်းက ကောင်းကင်နတ်အသွင်အဆင့် မဟုတ်လား”

လယ်သမားအိုကြီးက အေးအေးလူလူ ပြောသည်။ “ခိုင်ဧကရာဇ်ခေတ် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ သစ်ခုတ်သမားက နံပါတ်တစ်ပဲ... ငါ သူ့ကို လုံးဝလက်ခံပေးလိုစိတ် မရှိခဲ့ဘူး... သူက ငါ့ထက် သာသွားရအောင် ဘာအစွမ်းအစတွေ ရှိနေလို့လဲ... ကောင်းကင်ဆရာသခင်လေးယောက်မှာ သူက နံပါတ်တစ်၊ ငါက နံပါတ်သုံး၊ စာပေသမားကျစ်ရှီက နံပါတ်နှစ်.. ကျန်တဲ့သူတွေ ငါ့ထက်သာတာ ငါ လက်ခံနိုင်ပေမယ့် သစ်ခုတ်သမားမှာက ဘာအရည်အချင်းတွေ ရှိလို့လဲ... သူက အပြောတတ်တဲ့ ပါးစပ်ကိုပဲ အားကိုးပြီး ငါ၊ စာပေသမားနဲ့ တံငါသည်ရဲ့ ခေါင်း‌ပေါ် တက်ထိုင်ခဲ့တာ... အဲဒါကြောင့် ငါ သူ့ကို လက်မခံနိုင်ဘူး”

ချင်မူက မြေပြင်များကို ငုံ့ကြည့်ရင်း အပြေးအလွှား လာနေကြသော ထွားထွားကြိုင်းကြိုင်း လူငယ်များအား မြင်လိုက်ရသည်။ သူတို့သည် ခုန်ပျံနေသကဲ့သို့ ပြေးလွှားနေကြပြီး အလွန်မြန်၏။

“ဆရာသစ်ခုတ်သမားကတော့ သိုင်းပညာဆရာသခင်ကို လေးစားပါတယ်”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “ဆရာသစ်ခုတ်သမား သိုင်းပညာဆရာသခင်အကြောင်း ပြောဖူးတယ်... ဆရာကြီးရဲ့ သိုင်းစွမ်းအားက နံပါတ်တစ်၊ ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ သန်မာအားအကောင်းဆုံးတဲ့... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် တိရီယွဲ့ကို ကယ်တင်ပြီးတာနဲ့ သူက ဆရာကြီး ချက်ချင်း လာရှာခဲ့တယ်မဟုတ်လား... ဒါကို ကြည့်တာနဲ့တင် ဆရာ့ရင်ထဲမှာ သိုင်းပညာဆရာသခင်ရဲ့ အဆင့်က တိရီယွဲ့အောက် မနိမ့်ကျတာ ထင်ရှားပါတယ်”

“ငါ့အစွမ်းအစတွေက အစကတည်းက တိရီယွဲ့အောက် နိမ့်ကျတာမဟုတ်ဘူး” လယ်သမားအဘိုးအိုက အနိမ့်အမြင့်မရှိသော အသံဖြင့် ပြောသည်။ “လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက တိရီယွဲ့က ငါ့ထက် မဆိုစလောက် အစွမ်းထက်ခဲ့တယ်... သူက မဟာကောင်းကင်နတ်မင်းလေးပါးရဲ့ ခေါင်းဆောင်ပဲ... ငါ သူနဲ့ တိုက်ခိုက်ခဲ့ပြီး ရှုံးခဲ့ဖူးတယ်... ဒါပေမဲ့ နှစ်နှစ်သောင်း ကြာခဲ့ပြီ... ဘယ်သူက ပိုအစွမ်းထက်လဲ... ဘယ်သူက ပိုအားနည်းလဲ ပြောဖို့ ခက်တယ်... သူက အခု အသက်ပြန်ရှင်လာပေမယ့် နှစ်နှစ်သောင်းနောက်ကျခဲ့ပြီမဟုတ်လား”

ချင်မူ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ ခေါင်းနပန်းကြီးလာသည်။ ‘သိုင်းပညာ ကောင်းကင်ဆရာသခင်က ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံပြီးပြီပဲ... ငါ သူ့ရဲ့ လက်သီးသုံးချက်ကို ခံနိုင်မှာမဟုတ်ဘူး... အစ်ကိုကြီးလည်း သူ့ မနိုင်လောက်ဘူး...’

လယ်သမားအဘိုးအိုက သရော်တော်တော် ပြောသည်။ “ငါ စာပေသမားနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်.... သူ့သိုင်းစွမ်းအားက ငါ့အောက် နိမ့်ကျပေမယ့် သူ ငါ့ကို အမြဲအနိုင်ယူနိုင်ခဲ့တယ်... ဒါကြောင့် ငါ သူ့ကို လေးစားတာပဲ... သူ့မှာက အရည်အချင်းအစစ်တွေ ရှိတယ်.... ဒါပေမဲ့ သစ်ခုတ်သမားကတော့ ဘယ်လိုလေကျယ်ရမလဲပဲ သိတယ်လေ... သူ ငါတို့ခေါင်းပေါ် တက်ထိုင်နေတာ ငါ လက်မခံနိုင်ဘူး.. သူ ငါ့ကို တောင်အပြင်ထွက်ဖို့ လာခေါ်တုန်းက လက်ဟန်ခြေဟန်လေး ပြရုံအပြင် ဘာမှလုပ်ခဲ့တာမဟုတ်ဘူး... နောက်ဆုံး‌တော့ ငါ ဘာအင်အားမှတောင် မသုံးရသေးဘူး မြောင်းထဲမှာ လဲနေပြီလေ”

ချင်မူမှာ ပြုံးနေသော်လည်း ချွေးပြန်နေချေပြီ။

တန်ခိုးရှင်သစ်ခုတ်သမား မည်မျှမရှုမလှ ခံခဲ့ရမည်ကို သူ ကောင်းကောင်း စိတ်ကူးကြည့်နိုင်သည်။

စာပေသမားတစ်ယောက်သည် စစ်သည်တော်တစ်ယောက်နှင့် ပြိုင်မငြင်းတတ်ပေ။

ပြေးလာနေသော ကောင်းကင်နတ်သိုင်းပညာရှင်များ အနားရောက်လာသည့်အခါ ချင်မူ အနည်းငယ် မှင်သက်သွားသည်။ သူတို့သည် မြေပြင်ပေါ်ရှိ တိုင်းပြည်များမှ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်သော်လည်း တစ်ယောက်မှ လူစစ်စစ်မဟုတ်ပေ။

တချို့သိုင်းပညာရှင်များတွင် ငှက်ခေါင်းလူခန္ဓာ၊ သားရဲခေါင်းလူခန္ဓာတို့ ရှိကြပြီး တချို့၏ကျောတွင်မူ လိပ်ခွံကြီးများ ပါသည်။ တချို့က အမွှေးအမျှင်များ ပေါက်နေကာ တချို့တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိကြ၏။ တချို့ဆိုလျှင် ခေါင်းများစွာ၊ မျက်လုံးများစွာ ပိုင်ဆိုင်ထားကြသည်။

‘ခိုင်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားမျိုးနွယ်တွေ’

ချင်မူ မျက်လုံးများ မှေးကျဉ်းသွားသည်။ အမွှေးဖြူလင်းနို့နတ်ဘုရားမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်တချို့ကိုပင် မြင်တွေ့ရ၏။

သို့နျိုနန်းဆောင်ရှိ လူများမှာ ခိုင်ဧကရာဇ်ခေတ်၏ နတ်ဘုရားမျိုးနွယ်များမှ မျိုးဆက်များ ဖြစ်ချေသည်။

“ဂိုဏ်းသခင်၊ အမွှေးဖြူလင်းနို့နတ်ဘုရားမျိုးနွယ်မှာ အမတွေ ကျန်သေးတာပဲ”

နဂါးချီလင်က အသံကို နှိမ့်၍ ခပ်တိုးတိုး ကပ်ပြောသည်။ “တစ္ဆေတောင်ကြားက ဖုယွီချိုးနဲ့ ဖုယွီချွင်တို့တော့ ထခုန်မတတ် ပျော်သွားလိမ့်မယ်”

ချင်မူလည်း တစ္ဆေတောင်ကြားမှ အမွှေးဖြူလင်းနို့နှစ်ကောင်ကို သတိရလိုက်၍ ပြုံးလိုက်သည်။ မကြာမီ ပြုံးနေရာမှ မျက်မှောင်ကြုတ်သွားတော့သည်။

လယ်သမားအဘိုးအိုက နွားအိုကြီးနှင့်အတူ တောင်ကောင်းကင်မုခ်ဝဆီ ဆက်လျှောက်သွားသည်။ သူက အေးအေးဆေးဆေး ပြော၏။ “သိပ်ပျော်မနေနဲ့ဦး.. မင်း သိုင်းလောကရဲ့စည်းမျဉ်းတွေအတိုင်း သွားချင်ရင် မင်းမှာ သူတို့လိုအရည်အချင်း ရှိလား အရင်စမ်းသပ်ခံရမယ်... သူတို့နဲ့အတူ တောင်ကောင်းကင်မုခ်ဝကို ဖြတ်ပြီး အလင်းကောင်းကင်ခန်းမအထိ ရောက်အောင် လာခဲ့”

ချင်မူ အလျင်အမြန် ပြောလိုက်သည်။ “ကောင်းကင်ဆရာသခင်၊ ကျွန်တော်က ကောင်းကင်နတ်အသွင်အဆင့်ပဲ ရှိပါသေးတယ်.... တောင်ကောင်းကင်မုခ်ဝကို ဘယ်လိုဖြတ်နိုင်ပါ့မလဲ... ဒါက ဘယ်လိုလုပ်ပြီး မျှတတဲ့ ပြိုင်ပွဲဖြစ်တော့မှာလဲ”

“မျှတတဲ့ ပြိုင်ပွဲဟုတ်လား”

လယ်သမားအဘိုးအိုက နောက်ပြန်လှည့်ကြည့်ပြီး အတွန့်အခေါက်များ ပြည့်နှက်နေသော သူ၏မျက်နှာက လှောင်ပြောင်သရော်နေဟန် ရှိသည်။ “ပြင်ပကောင်းကင်နတ်ဘုံနဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကြားက စစ်ပွဲက မျှတခဲ့လား... မင်း အလင်းကောင်းကင်ခန်းမအထိ ရောက်အောင် လာနိုင်ရင် ငါ သစ်ခုတ်သမားကို လွှတ်ပေးမယ်”

ကောင်းကင်တံတားအပေါ်တွင် နယ်မြေအသီးသီးမှ နတ်ဘုရားမျိုးနွယ်များသည် နွားအိုကြီးနောက်မှ လိုက်သွားနေကြပြီး အလွန်လေးစားရိုသေနေကြပုံရှိ၏။ နွားအိုကြီးက လယ်သမားအဘိုးအို၏နောက်မှ ဖြည်းဖြည်းချင်း လျှောက်ကာ တောင်ကောင်းကင်မုခ်ဝထံ သွားနေသည်။

ချင်မူလည်း လူအုပ်ထဲတွင် ဖြစ်သည်။ သူက မိုးမခသစ်ရွက်ကို တိတ်တိတ်ကလေး ခွာကာ နတ်ဘုရားမျိုးနွယ်များအား ကြည့်သည်။ သူ မမှင်သက်မိဘဲ မနေတော့ပေ။ နတ်ဘုရားမျိုးနွယ်အားလုံးက သေခြင်းရှင်ခြင်းအဆင့် ဖြစ်ကြ၏။

အားလုံးသည် အတိုင်းထက်အလွန် ကြံ့ခိုင်သန်မာကြပြီး ကျင့်စဉ်စွမ်းအင်လည်း မြင့်မားကြသည်။ သို့သော် တစ်ယောက်မှ ကောင်းကင်တံတားအဆင့် မရောက်သေးပေ။

အားလုံး၏ ကောင်းကင်တံတားများက ပျက်စီးနေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ ကောင်းကင်တံတားများထက်ပင် ပျက်စီးနေကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ တံတားကျိုးနေသော်လည်း တံတားတော့ ရှိသေးသည်။ ချင်မူ ဖြန့်ဝေပေးခဲ့သော ကောင်းကင်တံတားကျင့်စဉ်သုံးခုကို ကျင့်ကြံလျှင် ကောင်းကင်တံတားကို ပြုပြင်ကာ တောင်ကောင်းကင်မုခ်ဝသို့ တက်လှမ်းနိုင်ကြ၏။

သို့တိုင်အောင် သို့နျိုကောင်းကင်နန်းဆောင်ရှိ နတ်ဘုရားမျိုးနွယ်၏ ကောင်းကင်တံတားများက လုံးဝပျက်စီးနေကြသည်။ ကောင်းကင်တံတား ကောင်းကင်ရတနာ မရှိပေ။

ကောင်းကင်တံတားမရှိလျှင် တံတားကျင့်စဉ်သုံးခုဖြင့် သူတို့၏ကောင်းကင်တံတားများကို မပြုပြင်နိုင်ရာ ဘယ်သောအခါမှ နတ်ဘုရားများ ဖြစ်မလာနိုင်တော့ပေ။

ဆိုလိုသည်က ဤနတ်ဘုရားမျိုးနွယ်အားလုံး သေခြင်းရှင်ခြင်းအဆင့်၌ ထာဝရပိတ်မိနေကြလိမ့်မည်။

‘ဘာတွေ ဖြစ်နေတာလဲ’

ချင်မူ နားမလည်နိုင် ဖြစ်နေသည်။ ‘ဘာလို့ သူတို့ကောင်းကင်တံတားတွေက ပျက်စီးနေတာလဲ’

ချင်မူမှာ ဇဝေဇဝါ ဖြစ်နေပြီး ထိုနတ်ဘုရားမျိုးနွယ်များကလည်း သူ့ကို စပ်စုနေကြ၏။ သူ့နဖူးပေါ်ရှိ တတိယမျက်လုံးကို မြင်လျှင် မကြာခဏ လှည့်ကြည့်တတ်ကြလေသည်။

မိန်းကလေးတချို့က ချင်မူနှင့် နဂါးချီလင်ကို ကြည့်ရင်း တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုး ပြောနေကြသည်။ ထို့နောက် တခစ်ခစ် ရယ်နေကြ၏။

“ဂိုဏ်းသခင် သူတို့က ဂိုဏ်းသခင်ကို ရုပ်ဆိုးတယ်တဲ့” နဂါးချီလင်က နားပါးသဖြင့် နားထောင်ပြီး ချင်မူ့ကို တိုးတိုးပြန်ပြောသည်။

ချင်မူ့မျက်နှာ မည်းမှောင်သွား၍ နဂါးချီလင် လန့်သွားသည်။ သူ့မှာ လက်ဝါးတစ်ဖက်ဖြင့် သူ့ပါးစပ်သူ ရိုက်လိုက်ပြီး လိမ်လိမ်မာမာ ဆက်လျှောက်နေသည်။ သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘ဂိုဏ်းသခင် စိတ်ဆိုးမပြေခင် ရက်ပိုင်းလောက် ငတ်ဦးမယ်’

နတ်ဘုရားမျိုးနွယ်မှာ ကောင်းကင်တံတားများ ပျက်စီးနေ၍ သေခြင်းရှင်ခြင်းအဆင့်၌ ပိတ်မိနေသော်လည်း တစ်ယောက်ချင်းစီသည် ကြောက်စရာကောင်းလောက်အောင် သန်မာကြ၏။ သူတို့၏အစွမ်းအစများက ကောင်းကင်တံတားအဆင့်အောက် မနိမ့်ကျပေ။

နောက်ဆုံးတော့ တောင်ကောင်းကင်မုခ်ဝအနားသို့ သူတို့ ရောက်လာကြသည်။ လယ်သမားအဘိုးအိုက နွားအိုကြီးကို ခေါ်၍ တောင်‌ကောင်းကင်မုခ်ဝထဲ ဦးစွာ ဝင်ပြီးနောက် ရပ်လိုက်သည်။ သူက အားလုံးကို လှည့်ကြည့်သည်။

နတ်ဘုရားမျိုးနွယ်အားလုံးလည်း မုခ်ဝအပြင်တွင် ရိုရိုသေသေ ရပ်လိုက်ကြသည်။

ချင်မူလည်း ရပ်ပြီး တောင်ကောင်းကင်မုခ်ဝကို လေ့လာနေ၏။

သူ ယခင်က မဟာမြို့ပျက်၏ တောင်ကောင်းကင်မုခ်ဝကို မြင်ခဲ့ဖူးသည်။ မဟာမြို့ပျက်၏ တောင်ကောင်းကင်မုခ်ဝသည် ခမ်းနားကြီးကျယ်ပြီး မြင့်မား၏။ ကောင်းကင်ဘုံထဲသို့ ထောင်မတ်နေသော မုခ်ဝတစ်ခုနှင့် တူသည်။ ပျက်စီးနေသော်လည်း ၎င်း၏ရိုးရှင်းမှုနှင့် သြဇာကြီးမားမှုကို ပြသနေသော အရှိန်အဝါအဟန့်အထည် ရှိသည်။

သူ့အရှေ့ရှိ တောင်ကောင်းကင်မုခ်ဝမှာမူ ထိုမျှအရှိန်အဝါ မကြီးမားသော်လည်း မြင့်မားပြီး ခမ်းနားသေး၏။ မိုင်တစ်ထောင်မြင့်မားသော တောင်တစ်လုံးဆီမှ ထွင်းထားသယောင် ထင်ရသည်။

ဤတောင်ကောင်းကင်မုခ်ဝတွင် သင်္ကေတအမှတ်အသားမျိုးစုံ လွှမ်းခြုံကာ တဖျတ်ဖျတ် လင်းလက်တောက်ပနေသည်။

“မင်းတို့ရဲ့ ကောင်းကင်တံတားတွေက ပျက်စီးနေတဲ့အတွက် ပြုပြင်လို့မရဘူး... မင်းတို့အတွက် ဒီဘဝမှာ တောင်ကောင်းကင်မုခ်ဝကို ဖြတ်ပြီး နတ်ဘုရားဖြစ်လာမယ့် မျှော်လင့်ချက်လည်း မရှိဘူး... ဒါပေမဲ့ မင်းတို့က ပျက်စီးနေတဲ့ ကောင်းကင်တံတားရှိတဲ့ လူတိုင်းအတွက် မျှော်လင့်ချက်ပဲ”

လယ်သမားအဘိုးအို၏အသံသည် ဟိန်းထွက်နေ၏။ “နှစ်နှစ်သောင်းအတွင်း နတ်ဘုရားမျိုးနွယ်တွေဟာ အသက်ကြီးပြီး သေကုန်ကြတယ်... ဒါပေမဲ့ အသက်ရှင်သေးသရွေ့ မျှော်လင့်ချက် ရှိသေးတယ်.. မင်းတို့မှာ ကောင်းကင်တံတား မရှိတာကြောင့် သိုင်းပညာနဲ့ ကောင်းကင်တံတားရှိနေရမယ့် ဟင်းလင်းပြင်ကို မဖြတ်ကျော်နိုင်ဘူးလို့ မဆိုလိုဘူး... လမ်းမရှိရင် လမ်းရှာကြ”

“လမ်းမရှိရင် သိုင်းပညာနဲ့ လမ်းဖန်တီးပြီး သေခြင်းရှင်ခြင်းအဆင့်ကနေ ရအောင် တက်ကြ... မင်းတို့ရဲ့ သိုင်းဝိညာဉ်တွေနဲ့ ကောင်းကင်နတ်ဘုံကို တက်ကြ”

ချင်မူ ရင်ထဲတွင် လှုပ်ခါသွားသည်။ နောက်ဆုံး‌တော့ စမ်းသပ်မှု၏ ရည်ရွယ်ချက်ကို သူ နားလည်သွားချေပြီ။

သို့နျိုနန်းဆောင်ရှိ နတ်ဘုရားမျိုးနွယ်များသည် ကောင်းကင်တံတား ပျက်စီးနေကြသဖြင့် သိုင်းပညာဆရာသခင်က သိုင်းလမ်းစဉ်ဖြင့် ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်ရန် မျှော်လင့်နေခြင်းဖြစ်သည်။ သူက မတည်ရှိသော ကောင်းကင်တံတားနေရာ၌ သူတို့၏သိုင်းဝိညာဉ်ကို အစားထိုးပြီး လမ်းအသစ်တစ်လမ်း ဖန်တီးစေချင်နေသည်။

ကောင်းကင်တံတား ကောင်းကင်ရတနာ မတည်ရှိသည့်အတွက် သူတို့အနေဖြင့် သိုင်းဝိညာဉ်များကိုသာ အားကိုး၍ ကောင်းကင်တံတားအဆင့်ကို ကျော်ကာ ကောင်းကင်နတ်ဘုံသို့ တန်းတက်ရလိမ့်မည်။

သိုင်းဝိညာဉ်သည် သိုင်းလမ်းစဉ်၏ မူလဝိညာဉ်ပင် ဖြစ်၏။ သိုင်းလမ်းစဉ် မူလဝိညာဉ်က ကောင်းကင်တံတားဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်လိမ့်မည်။

ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များ၏ မူလဝိညာဉ်များက ကောင်းကင်တံတားကို ဖြတ်ကျော်ကာ ကောင်းကင်နတ်ဘုံသို့ ပျံတက်ရလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များအတွက်မူ ကောင်းကင်တံတား ကျိုးနေခဲ့သော်လည်း တံတားကျင့်စဉ်သုံးခုဖြင့် ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်နိုင်သေးသည်။

သို့နျိုနန်းဆောင်ရှိ နတ်ဘုရားမျိူးဆက်များမှာ ကောင်းကင်တံတားများ မရှိသောကြောင့် မူလဝိညာဉ်ဖြင့်သာ ပျံသန်းပြီး ထိုနေရာဟင်းလင်းပြင်အား အတင်းအကြပ် ဖြတ်ကျော်ရလိမ့်မည်။

မပျံသန်းနိုင်လျှင် သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ယိုတုထဲ ပြုတ်ကျကာ သေဆုံးရလိမ့်မည်။

သိုင်းပညာကောင်းကင်ဆရာသခင် တောင်ခြေရွာထဲ၌ နှစ်နှစ်သောင်းတိုင် ဇာတ်မြှုပ်နေခဲ့ခြင်းမှာ ဤနတ်ဘုရားမျိုးဆက်များအား ပျိုးထောင်လေ့ကျင့်ပေးရန် ဖြစ်လောက်သည်။

“သိုင်းပညာနဲ့ မူလဝိညာဉ် ဖွဲ့တည်ရင် အဲဒါ သိုင်းဝိညာဉ်ပဲ... သိုင်းပညာနဲ့ လမ်းရှာတွေ့ရင် အဲဒါ သိုင်းလမ်းစဉ်ပဲ”

လယ်သမားအဘိုးအိုက အော်လိုက်ပြီး နွားအိုကြီးကို ဆွဲသွားသည်။ “မုခ်ဝထဲ ဝင်ကြ... မင်းတို့ သိုင်းလမ်းစဉ်ကို စမ်းသပ်ကြ... ငါ နတ်ကောင်းကင်ခန်းမမှာ စောင့်နေမယ်”

၎

င

၎

၎

All Chapters