← Chapters

အဘယ်ပန်းချီဆရာမှ ရေးခြယ်နိုင်လေသော စိတ်ဓာတ်အားမာန်

Vol. 54 Ch. 720

အဘယ်ပန်းချီဆရာမှ ရေးခြယ်နိုင်လေသော စိတ်ဓာတ်အားမာန်

Vol. 54 Ch. 720

‘အဲဒီ သိုင်းလမ်းစဉ်နဲ့ သိုင်းဝိညာဉ်ဆိုတာ ဘာများလဲ’

ချင်မူ နတ်ဘုရားမျိုးဆက်များကို အကဲခတ်ကြည့်လိုက်သည်။ နတ်ဘုရားမျိုးဆက်လူငယ်များသည် အခြားသူများနှင့် မတူသော အရှိန်အဝါနှင့် အဟန့်အထည် ရှိနေကြ၏။ မည်သည့်အရာကိုမဆို ရင်ဆိုင်အံတုပြီး အတားအဆီးမှန်သမျှ ဖျက်စီးပစ်နိုင်သော စိတ်ဓာတ်အားမာန်မျိုးလည်း ကိန်းဝပ်နေဟန်တူသည်။

သူတို့၏စိတ်ဓာတ်အားမာန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာသား ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ တရှိန်းရှိန်း တောက်လောင်နေသည့် စိတ်ဓာတ်အားမာန်နှင့် မတူပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက ရဲဝင့်ကြသော်လည်း သူတို့၏အရှိန်အဝါ၊ သူတို့၏စိတ်ဓာတ်အားမန်က အမျိုးမျိုးအထွေထွေ ကွဲပြားကြသည်။ အိုးတစ်အိုးထဲ၌ ပွက်ပွက်ဆူနေသည့် ဆီပမာ ... ဆီပူစီဖောင်းတစ်ခုနှင့်တစ်ခု အရောင်မတူပေ။ သူတို့၏စိတ်ဓာတ်အားမာန်က ပြုပြင်ပြောင်းလဲနေသော ခေတ်မှ မွေးဖွားလာခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင် နတ်ဘုရားမျိုးဆက်များ၏ စိတ်ဓာတ်အားမာန်ကား ခေတ်သစ်ဆီမှ အရင်းမခံ။ သူတို့၏ စိတ်ဓာတ်၊ သူတို့၏ အားမာန်၊ သူတို့၏ သူရသတ္တိကား သိုင်းသမားတစ်ယောက်၏ စိတ်ဓာတ်၊ အားမာန်နှင့် သတ္တိပင် ဖြစ်ချေ၏။

ထိုကဲ့သို့ စိတ်ဓာတ်အားမာန်မျိုးက ဓားမသိုင်းပညာရှင် သားသတ်သမားလိုလည်း ခံစားချက်မပြင်းထန်၊ ဓားပညာရှင် ရွာလူကြီးလိုလည်း ပြောင်းလဲမှု၊ သိုသိပ်မှုမရှိ။ နတ်သိုင်းပညာရှင် အဘွားစစ်လိုလည်း ဉာဏ်များပြီး မထူးဆန်း။ ပန်းချီပညာရှင် နားကန်းနှင့်လည်း မတူ။ အားလုံးကို ထိုးဖောက်မြင်နိုင်ပြီး အနှောင်အဖွဲ့မရှိသော မျက်ကန်းနှင့်လည်း ကွဲပြားသည်။ တဟုန်းဟုန်း လောင်ကျွမ်းတောက်လောင်နေသော ရွှေအ၏ မီးတောက်နှင့်လည်း ခြားနား၏။

ဤနတ်ဘုရားမျိုးဆက်များက သိက္ခာတော်ရ ရဟန်းများနှင့် တူသည်။ ဗုဒ္ဓမဖြစ်သေးသော အဘိုးကြီးမာအတိုင်းပင်။

ချင်မူ၏မျက်လုံးများ အရောင်တောက်သွားသည်။

ဟုတ်သည်၊ ဘိုးဘိုးမာနှင့် တူသည်။

ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးကြီးမာ။

မဟာမိုးခြိမ်းသံကျောင်းတော်၌ ကျောင်းမထိုင်ခင်တုန်းက အဘိုးကြီးမာသည် စကားဟက်ဟက်ပက်ပက် မပြောတတ်သလို၊ ပြုံးပြုံးရွှင်ရွှင်လည်း မရှိပေ။ သူ့မျက်နှာက တစ်ချိန်လုံး တည်နေသည့်အပြင် မည်သည့်အလုပ်ကိုမဆို လေးနက်စွာ လုပ်၏။ ချင်မူ၏ လေးနက်တည်ကြည်မှုက သူ့ဆီမှ သင်ယူထားခြင်းဖြစ်သည်။

အဘိုးကြီးမာ၏ ခန္ဓာကိုယ်က ခါးကုန်းခြင်း၊ လက်ပြင်ကျော ကုန်းခြင်းမရှိ အမြဲမတ်နေတတ်သည်။ သူ့ကြည့်လျှင် ဝန်ထုပ်ကြီးတစ်ထုပ်ကို ထမ်းလျက် ရှေ့သို့ လျှောက်နေသော ခံစားချက်အား ရမိတတ်သည်။ မြင်းမိုရ်တောင်ကို ပခုံး၌ သယ်ထမ်းသည့်အလား ထင်ရ၏။

တောင်၏ဖိအားက သူ့အတွက် တွန်းအား ဖြစ်လာသည်။

မှန်သည်၊ ဖိအားမှ တွန်းအားဖြစ်လာခြင်းမှာ ဖိအားကြောင့် မပြိုလဲသွားသည့်အချိန်မှသာ ဖြစ်နိုင်သည်။ ဖိအားက ကြီးလေးလွန်းလျှင် လုံးလုံးလျားလျား ပိပြားသွားလိမ့်မည်။

အဘိုးကြီးမာသည် အချိန်တစ်ခုအထိ ဖိအားအောက်၌ ပြိုလဲနေခဲ့၏။ ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်လာမှသာ ဖိအားကို ပြန်တိုက်ခိုက်ပြီး ရှေ့ဆက် လျှောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤနတ်ဘုရားမျိုးဆက်လူငယ်တို့က အဘိုးကြီးမာအတိုင်းပင်။ အားကောင်းပြင်းထန်သော ဖိအားကို ထမ်းသယ်ထားရသော သိုင်းသမားအုပ်စုတစ်စု ဖြစ်၏။

သို့ရာတွင် သူတို့၏ဖိအားသည် မြင့်းမိုရ်တောင်ဆီမှ မဟုတ်။ သူတို့၏ကောင်းကင်တံတားက ငုတ်စပင် မကျန်အောင် ပျက်စီးနေ၍ပင်။ ကောင်းကင်တံတား ကောင်းကင်ရတနာ မရှိ၍ နတ်ဘုရား မဖြစ်နိုင်တော့သောကြောင့် သူတို့မှာ ပြိုလဲခဲ့ကြရသည်။ မျှော်လင့်ချက်မဲ့နေသော အခြေအနေက သူတို့၏ အဖြေရှာလိုစိတ်များကို လှုံ့ဆော်ပေး၍ ရှေ့ဆက်တွန်းပေးနေသော တွန်းအားသဖွယ် ဖြစ်လာသည်။

တွန်းအားလည်း ဖြစ်သလို၊ သူတို့၏ စိတ်ဓာတ်ကို ဘယ်သောအခါမှ နာလန်မထူနိုင်အောင် နင်းခြေပစ်နိုင်သည့် တောင်ကြီးတစ်လုံးလည်း ဖြစ်လာလိမ့်မည်။

“သိုင်းသမားဆိုတာ ဒါပဲ”

ချင်မူ၏မျက်လုံးများ တောက်ပသထက် တောက်ပလာသည်။ သူက ပြုံးလိုက်သည်။ “ငါ ကောင်းကင်နတ်သိုင်းတွေ မကျင့်ကြံခင်က အခုလို သိုင်းသမားတစ်ယောက် ဖြစ်ခဲ့တယ်... ဒါပေမဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်ပြီးတဲ့နောက်ပိုင်း ဒီစိတ်ဓာတ်အားမာန်ကို ငါ မေ့ပျောက်သွားခဲ့တယ်”

‘သိုင်းသမား’ ဆိုသော စကားလုံးသည် ကျင့်စဉ်လမ်းစဉ်သို့ မဝင်ရောက်ရသေးသော လူများအတွက် ဖြစ်၏။ သိုင်းသမားများအနေဖြင့် လက်သီး၊ ခြေထောက်နှင့် လက်နက်ကဲ့သို့ အဆင့်နိမ့်နည်းလမ်းများကိုသာ အသုံးပြုနိုင်သည်။ ဒုက္ခိတဘိုးဘွားကျေးရွာတွင် အဘိုးကြီးမာသည်လည်း ရုပ်ခန္ဓာအသားပေး သိုင်းကွက်ကျင့်စဉ်များမှတစ်ဆင့် သိုင်းကွက်များကို ဖန်တီးတတ်သောကြောင့် သိုင်းသမားတစ်ယောက်နှင့် ဆင်၏။

နောက်ဆုံးတော့ အားလုံး တောင်ကောင်းကင်မုခ်ဝထဲ တစစ ဝင်သွားကြသည်။ ချင်မူက နေရာတွင်သာ ရပ်ပြီး မလှုပ်ပေ။ သိုင်းပညာကောင်းကင်ဆရာသခင် သူတို့ကို တောင်ကောင်းကင်မုခ်ဝထဲ ဝင်ခိုင်းခဲ့သည့် အကြောင်းရင်းအား သူ နားမလည်ပေ။

သိုင်းပညာဖြင့် လမ်းစဉ်အဆင့် တက်ခြင်းက ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်ခြင်းနှင့် မည်ကဲ့သို့ ပတ်သက်နေသနည်း။

တောင်ကောင်းကင်မုခ်ဝအောက်တွင် မိန်းကလေးတစ်ယောက်မှာ အင့်ခနဲ ညည်းတွားလိုက်ရသည်။ ပြင်းထန်သော ဖိအားက သူမ၏အရိုးများကို ချိုးပစ်လိုက်၍ အရွတ်များ တဖျောက်ဖျောက် ပြတ်တောက်ကုန်၏။ သူမမှာ ဧရာမတူကြီးဖြင့် ထူရိုက်ခံလိုက်ရသကဲ့သို့ မြေကြီးပေါ်၌ လဲကျကာ သွေးဆက်တိုက် အန်နေရတော့သည်။

လူငယ်တစ်ယောက်က ရှေ့ဆက်လျှောက်သွားပြီး ရုတ်တရက် ဖျောက်ခနဲ သူ့ပေါင်ရိုး ကျိုးသွား၏။

တချို့ဆိုလျှင် ခန္ဓာကိုယ်၌ အပေါက်များပင် ပေါက်နေကြသည်။ လတ်ဆတ်နီရဲသော သွေးများသည် တဖွားဖွား ပန်းထွက်ကာ စီးဆင်းလျက်ရှိချေသည်။

တချို့ သွေးအန်လိုက်သည့်အခါ ဖိအားကြောင့် စုတ်ပြဲသွားသော ကလီစာအစများပင် ပါလာ၏။

အခြားတစ်ဖက်တွင် ကျန်ရှိသူများသည် တောင်ကောင်းကင်မုခ်ဝကို ထမ်းနေသကဲ့သို ထင်ရပြီး တချို့၏ ရုပ်ခန္ဓာများမှာ ဖိအားကို တောင့်ခံနေရသဖြင့် တဖြည်းဖြည်း ကျုံ့သွားကြသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဖိအားက ကြောက်စရာကောင်းလောက်အောင် ကြီးမားလာသည်။ မကြာခင် သူတို့မှာ ငါးပေထက်ပင် မမြင့်တော့ပေ။

ရှေ့ဆက်လျှောက်နေသည်နှင့်အမျှ သူတို့၏ခန္ဓာကိုယ်က ပို၍ပို၍ သေးငယ်လာသည်။ မကြာမီ တစ်ပေပင် မပြည့်ကြတော့။

တချို့မှာ ဒူးထောက်ပြိုလဲပြီး မြေကြီး၌ လက်နှစ်ဖက်ထောက်ကာ သွေးအန်နေရသည်။ သူတို့၏လက်များပင် တောင်ကောင်းကင်မုခ်ဝ၏ ဖိအားဒဏ်မခံနိုင်သောကြောင့် အရိုးများ ကျိုးကြေကုန်၏။

နတ်ဘုရားမျိုးဆက်များသည် အသံကုန်ဟစ်ကြွေး၍ လက်သီးများ၊ ခြေထောက်များ ထိုးသွင်းဝှေ့ယမ်းကာ ရုပ်ခန္ဓာသိုင်းကွက်များဖြင့် တောင်ကောင်းကင်မုခ်ဝ၏ ဖိအားကို ခုခံနေကြသည်။ သူတို့၏လက်သီးများ၊ ခြေ‌ထောက်များက ကောင်းကင်ဘုံကို ထိုးခွဲနေသော ပုဆိန်တစ်လက်ပမာ ဖိအားကို ဖြိုခွဲပေးနေသဖြင့် ရှေ့ဆက်လျှောက်နိုင်ကြသည်။

ချင်မူ မျက်မှောင်ကြုတ်၍ ‌တောင်ကောင်းကင်မုခ်ဝကို ဇဝေဇဝါ ကြည့်လိုက်မိသည်။ မုခ်ဝသည် ဧကရာဇ်ပလ္လင်အဆင့် မုခ်ဝ အမှန်တကယ်ပင် ဟုတ်ပါ၏လော။ အစစ်အမှန်နတ်ဘုရားတစ်ပါးပင် ခံနိုင်မည့် ဖိအား အမှန်တကယ် ဟုတ်ပါ၏လော။

သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များက ထိုမျှသန်မာအားကောင်းသော ဖိအားမျိုးကို အဘယ်သို့ပြု၍ တောင့်ခံနိုင်သနည်း။

ဧကရာဇ်ပလ္လင်အဆင့် တောင်ကောင်းကင်မုခ်ဝသာဆိုလျှင် အစစ်အမှန်နတ်ဘုရားများသာ ဖြတ်ကျော်နိုင်လိမ့်မည်။ အစစ်အမှန်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသောသူများအနေဖြင့် ပိပြားသွားလောက်၏။

ထိုနည်းလမ်းဖြင့် သိုင်းပညာ ကောင်းကင်ဆရာသခင် သူတို့ကို သတ်လိမ့်မည် မဟုတ်လောက်ပေ။

‘တောင်ကောင်းကင်မုခ်ဝအပေါ်က သင်္ကေတအမှတ်အသားတွေက အကုန် ‌တောက်ပမနေဘူးပဲ’

ချင်မူ တခဏ လေ့လာပြီးသည့်အခါ တောင်ကောင်းကင်မုခ်ဝပေါ်ရှိ သင်္ကေတအမှတ်အသားများ၏ တစ်ရာခိုင်နှုန်းပင် မထွန်းလင်းနေကြောင်း မြင်လိုက်ရသည်။ ဆိုလိုသည်က ဖိအားသည် အစစ်အမှန်နတ်ဘုရားအဆင့်နှင့် ဝေးကွာ၏။

သိုင်းပညာ ကောင်းကင်ဆရာသခင် အခြေအနေကို ထိန်းပေးထားကြောင်း ပေါ်လွင်သည်။

နတ်ဘုရားမျိုးဆက်များမှာ အချိန်အလွန်ကြာမြင့်စွာ လျှောက်နေကြသော်လည်း တောင်ကောင်းကင်မုခ်ဝက မြင့်မားလွန်းပြီး ကျယ်လွန်းပေရာ တစ်ဝက်ပင် မ‌ရောက်သေးကြပေ။ ဖိအားက ပို၍သာ ကြီးထွားလာနေသည်။ မုခ်ဝတစ်ခုတည်းနှင့်တင် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဝက်ကျော်အား ထုတ်ပယ်ပစ်တော့မည်။

ချင်မူ အင်္ကျီချွတ်၍ အပေါ်ပိုင်းအဝတ်ဗလာဖြင့် နေသည်။ ဘောင်းဘီကိုလည်း တင်းနေအောင် ချည်နှောင်ပြီးနောက် သူက ပြုံးလိုက်သည်။ “ဖက်တီးနဂါး၊ မင်း လိုက်ဝင်လို့မရဘူး... ငါ့အဝတ်အစားတွေကို ကြည့်ပေးထား”

သူက အင်္ကျီနှင့် ထောင်ကျယ်အိတ်ကို နဂါးချီလင်ဆီ လှမ်းမေးလိုက်သည်။

ချင်မူသည် လက်နက်တစ်စုံတရာမယူဘဲ လက်ဗလာဖြင့် ထွက်သွား၏။

နဂါးချီလင်က သက်ပြင်းချ၍ အဝတ်အစားများကို ယူလိုက်သည်။ “ဂိုဏ်းသခင်၊ ဓားစက်လုံး မလိုဘူးလား”

“မလိုဘူး”

ချင်မူ ခပ်အုပ်အုပ် အော်သံတစ်ချက် ပြု၍ လက်တစ်ဖက်ကို မြှောက်ကာ ကျန်တစ်ဖက်ကို အောက်ချလိုက်သည်။ သူ့ကျောပေါ်၌ နဂါးစိမ်းတစ်ကောင်၏ အမှတ်အသားများ ပေါ်ထွက်လာကာ နဂါးစိမ်းတစ်ကောင်အသွင် ဖွဲ့တည်သွား၏။ နဂါးစိမ်းက သူ့ကိုယ်ထဲမှ ထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။

ချင်မူ ခါးဆန့်လိုက်သည့်အခါ သူ့အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သွားသည်။ နဂါးစိမ်းရုပ်သွင် လွင့်ပျယ်သွားပြီး သူ့ကျောတွင် ကျားဖြူတစ်ကောင်၏ အမှတ်အသားများ ပေါ်လာ၏။ ကျားဖြူက သူ့ကျောပေါ်မှ ခုန်ထွက်လိုက်ပြီး ကျားဟိန်းသံက သို့နျိုနန်း‌ဆောင်ကမ္ဘာတစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။

ခြေတစ်ဖက်ကို ‌နောက်သို့ ဆန့်ထုတ်၍  တစ်ဖက်ကို ရှေ့သို့ ကွေးလိုက်သည့်အချိန်တွင် လိပ်နက်အမှတ်အသားများ ဖွဲ့တည်သွားပြီး သူ့ခြေထောက်အောက်၌ နဂါးခေါင်း၊ လိပ်ခန္ဓာ ရှိသော လိပ်ကြီးတစ်ကောင် ထလာသည်။ လိပ်ကြီးက အနက်ရောင်ပင်လယ်တစ်စင်းကို နင်းထားပြီး ရက်စက်ကြမ်းကြုတ်မည့်ဟန် ရှိသော တောင်ပံတစ်ထောင် မြွေပျံကြီးက လိပ်ကြီးအား ရစ်ပတ်ထား၏။

ချင်မူ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်ပြီး လိပ်နက် ပျောက်ကွယ်သွားသည်။ သူ့အနောက်၌ မီးတောက်မီးလျှံများ ဟဲဟဲထလာကာ မီးငှက်တစ်ကောင်သည် မီးတောက်များအတွင်းမှ တောက်ပံခတ်လိုက်၏။

“သိုင်းဝိညာဉ်ကို ဖွဲ့တည်ပြီး ငါ အထဲရအောင် ဝင်မယ်”

သူက အာရုံထွေပြားစေမည့် အတွေးမှန်သမျှ ချောင်ပို့လိုက်ပြီး ကောင်းကင်နတ်သိုင်းအားလုံး မေ့ထားလိုက်သည်။ ဓားသိုင်းနှင့် ဓားလမ်းစဉ်ကို သူ သတိမရတော့၊ အပြင်လောကရှိ ပြဿနာများ၊ အခက်အခဲများ သူ့ခေါင်းထဲတွင် မရှိတော့။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုလည်း သူ မေ့သွားချေပြီ။

သူ့စိတ်သည် ငယ်စဉ်တုန်းက အချိန်၊ ဒုက္ခိတဘိုးဘွားကျေးရွာတွင် မဆုတ်မနစ် ကြိုးစာကျင့်ကြံခဲ့သော နေ့ရက်များဆီသို့ ပြန်ရောက်သွား၏။ အဘိုးကြီးမာ၊ မျက်ကန်းနှင့် သားသတ်သမားတို့နှင့်အတူ မနားမနေ သိုင်းကျင့်ခဲ့သော အချိန်သို့ ပြန်ရောက်သွားသည်။

ထိုစဉ်အခါတုန်းက ရွာရှိ အဘိုးအဘွားများက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့ကြသည်။ အနားရသော ရက်များတွင် နွားကျောင်းရင်း ဝါးပုလွေအား စိတ်ပြေလက်ပျောက် မှုတ်လေ့ရှိခဲ့သည်။

နွားကျောင်းသားလေး ပြန်ဖြစ်သွားသကဲ့သို့ သူ့အတွေးများသည် ရိုးရှင်းဖြူစင်လာ၏။

အတိတ်တုန်းက သူ၏အတွေးများမှာ အဖြူရောင်စက္ကူရွက်သဖွယ် ဖြူစင်ခဲ့သော်လည်း ယခုအခြေအနေတွင်မူ သူ့စိတ်ကား အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် အနည်ထိုင်သွားခြင်း ဖြစ်သည်။

သူ့လည်ပင်းတွင် သိကြားဗုဒ္ဓပေးထားသော ဉာဏပုတီးစေ့များ ရုတ်တရက် ကွဲအက်လာသည်။ ထို့နောက် တစ်စေ့ပြီးတစ်စေ့ ပြုတ်ကျသွားပြီး ပုတီးစေ့အသစ်များ အစားထိုး ဖွဲ့တည်လာ၏။

ထိုပုတီးစေ့များက သူ့ကိုယ်ပိုင် ဉာဏ်ပညာမှ ဖွဲ့တည်လာသော ပုတီးစေ့များ ဖြစ်ချေသည်။

ပုတီးစေ့တစ်စေ့တိုင်းသည် ကြက်ဥအရွယ်အစား ရှိပြီး လုံးဝချောမွတ်ကာ ကြည်လဲ့နေသည်။

ချင်မူ ခြေလှမ်းကြဲကြဲများဖြင့် တောင်ကောင်းကင်မုခ်ဝဆီ လျှောက်သွားသည်။ မုခ်ဝထဲ ဝင်လိုက်သည်နှင့် မမြင်ရသော ဖိအားတစ်ရပ် သူ့အပေါ် တက်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ့အရိုးများ တ‌ဖျောက်ဖျောက် မြည်လာသည်။

ရုပ်ခန္ဓာအပေါ် သက်ရောက်နေသော ဖိအားမှာ ပေါ့ပေါ့သေးသေး မဟုတ်ပေ။ မူလဝိညာဉ်အပေါ် သက်ရောက်နေသည့် ဖိအားကမူ အပြင်းထန်ဆုံး ဖြစ်သည်။

ချင်မူ မာန်သွင်းဟိန်းဟောက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား လှည့်ပတ်ရင်း ဖိအားကို ပြန်တိုက်ခိုက်ကာ ရှေ့ဆက်လျှောက်သွားသည်။

အရှေ့လျှောက်လေလေ၊ ဖိအားက ပြင်းထန်လေလေ ဖြစ်သည်။ ချင်မူ့ကိုယ်ထဲမှ နဂါးတွန်သံများ ထွက်လာပြီး ရှေးဟောင်းနဂါးသံကိုးချက်က သူ၏ချီ၊ သွေးစီးဆင်းမှုတို့နှင့်အတူ တုန်ခါအော်မြည်နေ၏။

ချင်မူက လဲကျနေသော ပထမအသုတ်ကို လိုက်မှီသွားပြီဖြစ်၍ ဤလူများကို ဆွဲထူကာ တောင်ကောင်းကင်မုခ်ဝအပြင်သို့ တစ်ယောက်ပြီးတစ်ယောက် လှမ်းပစ်လိုက်၏။ တောင်‌ကောင်းကင်မုခ်ဝအောက်၌ သူတို့ကို ထားခဲ့လျှင် ပိပြားသေဆုံးကုန်ကြမည်ဖြစ်သောကြောင့် သူ မထားခဲ့ရက်ပေ။

ဖိအားက ပြင်းထန်သထက် ပြင်းထန်လာသည်။ ချင်မူ့ကိုယ်ထဲမှ စီးထွက်လာသော ချီနှင့်သွေးတို့လည်း များပြားလာသည်။

သူ၏ချီနှင့်သွေးအခိုးအငွေ့တို့က သောင်းကျန်းနေကြပြီး သူ့အနောက်တွင် အလိပ်လိပ် ရုန်းကြွနေ‌သော လေစီးကြောင်းပမာ ဖွဲ့တည်လာကြသည်။ ချင်မူ၏မျက်လုံးများသည် စူးရဲတောက်ပလာ၏။

သူ့အနောက်ရှိ ချီနှင့်သွေးစီးကြောင်းသည် တစ်ချက်တစ်ချက် နဂါးစိမ်းအသွင် ဖွဲ့ကာ မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့်ဖြင့် တွန်ကျူးတတ်၏။ တစ်ချက်တစ်ချက် လိပ်နက်အသွင် ပြောင်းလိုက်ပြီး အနက်ရောင်ပင်လယ်ထက်၌ လှိုင်းလုံးများ ထန်လာတတ်သည်။ တစ်ချက်တစ်ချက် မီးငှက်အသွင် ဖွဲ့ကာ မီးတောက်မီးလျှံများဖြင့် ကောင်းကင်ယံသို့ ပျံဝဲတက်သွားတတ်၏။ တစ်ချက်တစ်ချက် ရက်စက်ကြမ်းကြုတ်သော ကျားဖြူအသွင် ဖွဲ့တည်သွားတတ်သည်။

သူ၏ကျောနောက်ရှိ အသွင်သဏ္ဍာန်များက သူ့လမ်းတွင် ရှိသမျှ အရာအားလုံးကို ဖြိုခွင်းကာ သူ့အား အားမာန်အပြည့်ဖြင့် ရှေ့တွန်းပေးနေသည်။

နောက်ဆုံး‌တော့ ရှေ့ဆုံးရှိ လူများကို လိုက်မီသွားပြီး အားလုံးမှာ သုံးလက်မအရွယ် ငလက်မလေးများ ဖြစ်သည့်တိုင်အောင် ဖိနှိပ်ခံထားရ၏။ သို့တိုင်အောင် တစ်ယောက်မှ နောက်ပြန်မဆုတ်ဘဲ ဆက်လျှောက်နေကြသည်။

နီရဲနေသည့် သွေးတို့က သူတို့၏မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျနေသော်လည်း သူတို့သည် ဖိအားကို ပြန်တိုက်ခိုက်ကာ တောင်ကောင်းကင်မုခ်ဝအပြင် ရောက်အောင် ကြိုးစားလျှောက်နေကြ၏။

ချင်မူမှာလည်း တစ်ပေသာ ရှိတော့သည့်အထိ ဖိနှိပ်ခံထားရသည်။ သူတို့က အားလုံး၏ အရှေ့သို့ လျှောက်သွားပြီး ရုတ်တရက် ဝန်ထုပ်ဝန်းပိုးအားလုံး လွှတ်ချလိုက်ကာ ကျယ်လောင်စွာ ရယ်လိုက်၏။ “အတော်ဆုံးပန်းချီဆရာပင် ရေးခြယ်လို့ငှာ မတတ်နိုင်တဲ့ စိတ်ဓာတ်အားမာန်”

သူက ရှေးဟောင်းနဂါးသံကိုးချက်ကို အသုံးပြုကာ ကျယ်လောင်စွာ အော်ဆိုလိုက်သည်။ ထို့နောက် ခြေဗလာဖြင့် ရှေ့သို့ လှမ်းလိုက်၏။ “အဘယ်မှတ်တမ်းမှ မတင်စားနိုင်သော တန်ခိုးရှင်တို့ရဲ့ အတွေး.... ဖုန်ထက် ပေါ့ပါးပြီး ချည်ထက် သေးမျှင်တဲ့ တောင်ပံတစ်စုံ၊ ပန်းပွင့်များ ခေါ်ဆောင်ရာနောက်သို့ ပျော်ရွှင်စွာ လိုက်ပါရင်း”

သူ့အနောက်ရှိ လူများမှာ သူ့အသံကို နားထောင်ရင်း မသိလိုက်မသိဖာသာဖြင့် နစ်မျောသွားကြသည်။ သူတို့ကိုယ်ထဲရှိ ချီနှင့်သွေးများ ထကြွလာပြီး အခိုးအငွေ့အချင်းချင်း ချိတ်ဆက်ကုန်ကြ၏။ ချင်မူ၏ စိတ်ဓာတ်အားမာန်ကြောင့် သူတို့လည်း တက်ကြွလာကြသည်။

“နိဗ္ဗာန်တောင် မမြင်ရသေးဘဲ... ငါ၏အသက်ကို ငါ၏ကောင်းကင်ဘုံအတွက် စတေးရမည်လော”

ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာလိုက်ပြီး ခန္ဓာကိုယ်လှုပ်ခါကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသုံးလုံးမှ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်လာ၏။ သူ၏မျက်နှာများက တောက်ပစွာ ပြုံးလိုက်ကြသည်။ “ပြိုကွဲနေတဲ့ ရွှေစတွေလို လရောင်က ထင်းရှူးပင်တွေကြားက ဖြာကျလာတယ်... လေက မြစ်ပြင်ထက်မှာ တိုက်ခတ်တယ်... အုံကြွလာတဲ့ လှိုင်းလုံးတွေနဲ့ တောင်ကောင်းကင်မုခ်ဝကို နင်းလျှောက်လို့ ... ပလ္လင်ထက်မှာ ထိုင်ပြီး သူရဲတောင်းတွေနဲ့အတူ ပြုံးရယ်ကြစို့”

“ပြုံးရယ်ကြစို့”  နတ်ဘုရားမျိုးဆက်တစ်ယောက်မှာ စိတ်အားတရှိန်းရှိန်း တက်လာသဖြင့် ကြွေးကြော်အော်ဟစ်လိုက်သည်။

သူ၏သီချင်းသံသည် သူရသတ္တိအပြည့်ဖြင့် အနှောင်အဖွဲ့ကင်း၏။ သူတို့ ရှေ့ဆက်လျှောက်နေကြစဉ် အားလုံး၏ အားအင်နှင့် စိတ်ဓာတ်အားမာန်တို့သည် တစ်သားတည်း ပေါင်းစည်းလာတော့သည်။

စည်းလုံးညီညွတ်ခြင်းသည် မပြိုလဲနိုင်သော ခံတပ်ဖြစ်၏။ သူတို့ကား အတူပေါင်း၍ တောင်ကောင်းကင်မုခ်ဝ၏ ဖိအားကို တောင့်ခံနေကြချေပြီ။ သူတို့အနောက်ရှီ ချီနှင့်သွေးတို့မှာ လှိုင်းထန်နေသော ပင်လယ်တစ်စင်းပမာ ‌သောင်းကျန်းလျက်ရှိသည်။

ထိုအချိန်တွင် လယ်သမားအဘိုးအိုသည် နွားအိုကြီးကို ခေါ်၍ နတ်ကောင်းကင်ခန်းမသို့ ရောက်သွားပြီဖြစ်၏။ သူတို့ ခန်းမထဲ ဝင်တော့မည့်အချိန် တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ‌နောက်ပြန်လှည့်ကြည့်လိုက်ကြသည်။ သို့နျိုနန်းဆောင်၏ ကောင်းကင်ယံသို့ တရှိန်ထိုး တက်လာကာ ကြယ်တာရာများကို လှုပ်ခါနေစေသော သွေးတန်းတစ်တန်း တောင်ကောင်းကင်မုခ်ဝဆီမှ ထိုးတက်လာသည်ကို သူတို့မြင်လိုက်ရ၏။

လယ်သမားအဘိုးအို အံ့အားသင့်သွားသည်။ သူ အာရုံစိုက်ကြည့်လိုက်သည့်အခါ အားလုံးကို ဦးဆောင်နေသော ချင်မူ့ကို တွေ့လိုက်ရသည်။ ချင်မူမှ ဦးဆောင်၍ နတ်ဘုရားမျိုးဆက်အားလုံးသည် ခြေလှမ်းကြဲကြဲများဖြင့် လျှောက်နေကြပြီး သူတို့၏ခန္ဓာကိုယ်များလည်း တစတစ ရှည်လာကြသည်။ တောင်ကောင်းကင်မုခ်ဝ၏ ဖိအားက သူတို့အပေါ် မသက်ရောက်နိုင်တော့ပေ။

“သခင်ကြီး၊ ခိုင်ဧကရာဇ်ရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက် အတော်လေး အားကိုးရတဲ့ပုံပဲ”

နွားအိုကြီးက ပြောသည်။ “သူ့အားအင်က သူများတွေကို ကူးစက်နိုင်တယ်... သူက ဟိုတုန်းက ခိုင်ဧကရာဇ်လို သူရဲကောင်းဆန်တယ်... အရင်တုန်းက ‌တောင်ကောင်းကင်မုခ်ဝကို ဖြတ်ကျော်နိုင်တဲ့လူ မရှိခဲ့ပေမယ့် အခု သူ ရောက်လာတော့ တောင်ကောင်းကင်မုခ်ဝကို ဖြတ်ကျော်နိုင်တဲ့လူ ဆယ့်နှစ်ယောက်ကျော်လောက် ပါလာပြီ”

“တောင်ကောင်းကင်မုခ်ဝက ပထမစမ်းသပ်မှုပဲ ရှိသေးတယ်... အန္တရာယ်တွေ ကျန်သေးတယ်”

လယ်သမားအိုကြီးက ခံစားချက်မဲ့သော မျက်နှာအမူအရာဖြင့် နတ်ကောင်းကင်ခန်းမထဲ လှည့်ဝင်သွားသည်။ “မင်း နတ်ကောင်းကင်ခန်းမကို စောင့်ရှောက်ထား... သူတို့ ဒီအထိ ဝင်လာနိုင်မလား ငါ မြင်ချင်တယ်”

နွားအိုကြီးက နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကာ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ နဂါးစိမ်းကြေးခွံများ တချွင်ချွင် မြည်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “သခင်ကြီး၊ ဒါ သူတို့ကို အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား... ဒါပေမဲ့လည်း သခင်ကြီးကိုမှ အနိုင်မယူနိုင်ရင်လည်း ဘယ်သူက ကောင်းကင်တံတားအဆင့် မရှိဘဲ ကောင်းကင်နတ်ဘုံကို တိုက်ရိုက် ပျံတက်နိုင်တော့မလဲ”

၎

င

၎

၎

All Chapters