← Chapters

သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် တက်လှမ်းခြင်း

Vol. 54 Ch. 723

သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် တက်လှမ်းခြင်း

Vol. 54 Ch. 723

“လောကသခင်ခန္ဓာတဲ့လား”

ဟူပုကွေ့နှင့် ဆရာတူညီမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြောင်ငေးငေး ကြည့်လိုက်မိကြသည်။ “ဒီရုပ်ခန္ဓာအမျိုးအစားက ဘယ်နတ်ဘုရားမျိုးနွယ်ကလဲ”

နှစ်ယောက်လုံး ဆွံ့အနေကြသည်။ သူတို့သည် သို့နျိုကမ္ဘာတွင် နေထိုင်ခဲ့ရသည်မှာ ကြာပြီဖြစ်သလို အပြင်လည်း ထွက်လေ့ထွက်ထ မရှိသဖြင့် အပြင်လောကနှင့် ပတ်သက်ပြီး ဗဟုသုတနည်းပါးကြ၏။

ဟူပုကွေ့က မိဘများနှင့်အတူ အပြင်လောက၌ နေထိုင်ခဲ့သော်လည်း သို့နျိုကမ္ဘာသို့ ပြန်လာပြီးနောက် အပြင်မထွက်ဖြစ်ခဲ့ပေ။ အခြားတစ်ဖက်တွင် ဆရာတူညီလုမှာ ဤနေရာတွင် မွေးကတည်းက နေထိုင်ခဲ့ရသောကြောင့် လောကသခင်ခန္ဓာ၏ ဇာတ်လမ်းအား သိနေလျှင် ထူးဆန်းနေလိမ့်မည်။

ချင်မူ မဟာမြို့ပျက်မှ ထွက်မလာခင်တုန်းကလည်း အပြင်လောကရှိ မည်သူမှ လောကသခင်ခန္ဓာအား မကြားဖူးကြပေ။ မကြာသေးသော နှစ်များမှသာ လောကသခင်ခန္ဓာအကြောင်း သိလာကြသော်လည်း အသေးစိတ် ရှင်းပြနိုင်သူ နည်းပါးကြသည်။

ရွာလူကြီးသည် လူရိုးကြီးမဟုတ်ပါလော။ လောကသခင်ခန္ဓာအကြောင်းအား အပြင်လူများထံ ပြောပြလေ့မရှိပေ။

ချင်မူ့ဘေးရှိ မိန်းကလေးမှာ‌တော့ အံ့အားသင့်နေသည်။ သူမမှာ လည်ပင်းကို ထိရင်း အတန်ကြာသည်အထိ စိတ်နှင့်ကိုယ် ပြန်မကပ်သေးပေ။

ချင်မူ ခေါင်းလှည့်ကာ ပြုံးပြလိုက်သည်။ “မမကြီး၊ စောစောက နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်က နတ်ဘုရားစီရင်ရာဓားမကြောင့် မမကြီး ခေါင်းပြတ်သွားတယ်... မူလဝိညာဉ်လည်း အသတ်ခံလိုက်ရတယ်... ကျွန်တော် ယိုတုမှော်အစီအရင်တွေနဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေကို သုံးပြီး ခေါင်းကို ပြန်ဆက်ပေးထားပါတယ်... ကံကောင်းလို့ နတ်ဘုရားစီရင်ရာစင်မြင့် မမကြီးရဲ့ ချီနဲ့သွေးတွေကို မစုပ်ယူခင် ကျွန်တော် အမြန်ရောက်လာလို့သာပေါ့... မဟုတ်ရင် ရုပ်ခန္ဓာကို ကယ်တင်ဖို့ ခက်သွားမှာ... သောက်ရမယ့် စွမ်းအင်‌ဆေးလုံးစာရင်း ကျွန်တော် ပေးမယ်... ထောင်ကျယ်အိတ်က နဂါးချီလင်နဲ့ ထားခဲ့တာဆိုတော့ သွားပြန်ယူဖို့ အချိန် နည်းနည်း ကြာနေမှာမလို့ပါ”

ထိုအချိန်မှ မိန်းကလေးမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားကာ ကပျာကယာ ကျေးဇူးတင်သည်။ “ကျွန်မနာမည်က စစ်မိန်ရွှယ့်ပါ ... ကယ်တင်ပေးလို့ မောင်လေးကို ကျေးဇူးတင်ပါတယ်”

ချင်မူက အလျင်အမြန် ပြောလိုက်သည်။ “မမကြီးကလည်း အသေးအဖွဲလေးပဲဟာ ပြောမနေပါနဲ့... ခဏလေး မမကြီးရဲ့ လည်ပင်းမှာ အမာရွတ်ရှိနေတယ်.... ကျွန်တော် လှအောင် ပြင်ပေးမယ် မမကြီး မလှုပ်နဲ့နော်... အမာရွတ် ဖျောက်ပေးမယ်”

စစ်မိန်ရွှယ့်က တခစ်ခစ် ရယ်ကာ ပြော၏။ “သဘောကောင်းလိုက်တာနော်... မမကြီးသာ ကလေးနှစ်ယောက် မအေ မဟုတ်ရင် မောင်လေးနဲ့ ခိုးရာလိုက်ပြေးတယ်....”

“မမကြီး စကားမပြောနဲ့”

ချင်မူသည် အလွန်လေးနက်နေပြီး သူ့လက်ချောင်းထိပ်မှ သင်္ကေတအမှတ်သားသေးသေးလေးများက သူမလည်ပင်းပေါ်ရှိ အမာရွတ်အား ဂရုတစိုက် ဖျောက်ပေးနေသည်။ သူက နူးညံ့ညင်သာစွာ ပြောလိုက်၏။ “ကျွန်တော့်မှော်အစီအရင်က မမကြီးရဲ့ အမာရွတ်ကို အရှင်းဖျောက်ပေးဖို့ ခက်တယ်... လိမ်းဆေးတစ်ခုခုတော့ သုံးရဦးမှာ... ထောင်ကျယ်အိတ် မရှိတာ ဆိုးတာပဲ”

သူက အပေါ်ပိုင်းအဝတ်ဗလာဖြင့် အနားကပ်နေ၍ စစ်မိန်ရွှယ့်မှာ အနည်းငယ် အိုးတို့အမ်းတမ်း ဖြစ်နေသည်။ သူမဘာသာ တွေးနေမိ၏။ ‘အစောကြီး ယောက်ျားယူမိတာ နောင်တရလိုက်တာ... ထပ်စောင့်လိုက်ရမှာ...’’

သူမကို ကုသပေးပြီးနောက် ချင်မူ သက်ပြင်းချကာ ပြုံးလိုက်သည်။ “အမာရွတ်က နည်းနည်းတော့ မှိန်သွားပြီ... ကျွန်တော်တို့ ဒီကပြန်ရင် မမကြီးအတွက် လိမ်းဆေးဖော်ပေးမယ်... ပုံမှန်လေး လိမ်းဖို့ပဲ လိုတယ်သိလား... အမာရွတ်လုံးဝ ကျန်မှာမဟုတ်ဘူး.. ပြီးတော့ အခုလေးတင် မမကြီးရဲ့ ခေါင်းကို ပြန်ဆက်ပေးထားတာဆို‌‌တော့ အားသိပ်မထည့်နဲ့... တော်ကြာ ခေါင်းပြန် ပြုတ်ကျသွားမယ်”

စစ်မိန်ရွှယ့် ထိတ်လန့်သွားပြီး သူမလည်ပင်းသူမ ကပျာကယာ လှမ်းကိုင်လိုက်သည်။ သူမမှာ မလှုပ်ရဲတော့ဘဲ ခါးသီးစွာ ပြုံးလိုက်၏။ “နတ်ဘုရားစီရင်ရာစင်မြင့်ကို မဖြတ်ကျော်နိုင်ခဲ့ပေမယ့် မောင်လေး ကယ်လိုက်လို့ ဖြတ်ကျော်နိုင်ခဲ့တယ်... ကျောက်စိမ်းမြို့တော်ကို‌တော့ ဘယ်လိုမှ ဖြတ်ကျော်နိုင်ဦးမှာမဟုတ်ဘူး... ခေါင်းကလည်း အချိန်မရွေး ပြုတ်ကျနိုင်တယ်ဆို‌တော့ မောင်းလေးတို့ပဲ လိုက်လာခဲ့တော့မယ်... ကျောက်စိမ်းမြို့တော်ထဲတော့ မဝင်တော့ဘူး”

နတ်ဘုရားစီရင်ရာစင်မြင့်၏ တစ်ဖက်ရှိ ဆရာတူညီလုက စိတ်အားတင်းကာ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်လိုက်သည်။

သူ နေရာပင် မယူရသေးခင် နတ်ဘုရားစီရင်ရာစင်မြင့်အထက်ရှိ လေစီးကြောင်းနှစ်ကြောင်းက သူ့ဆီ ဝိုက်လည်လာသည်။ ဆရာတူညီလုက လက်ချောင်းများကို လှုပ်ခါရင်း လေစီးကြောင်းများအား တောက်ထုတ်ရန် ကြိုးစား၏။

သူက ရှေးဟောင်းနဂါးသံရှစ်ချက် သုံးခဲ့သော ချင်မူ့အား တုပနေခြင်းဖြစ်သည်။ ချင်မူသည် သူ၏ချီနှင့်သွေးကို တုန်ခါစေခြင်းဖြင့် လည်ပင်းကို ဝိုက်ဖြတ်တော့မည့် လေစီးကြောင်းအား တွန်းထုတ်ပြီးနောက် လက်ချောင်းစွမ်းအားဖြင့် ထပ်မံတောက်ထုတ်ခဲ့သည်။

သို့သော် ဆရာတူညီလု လေစီးကြောင်း၏ စွမ်းအားကို လျှော့တွက်မိထားချေသည်။ သူ၏လက်ချောင်း လေစီးကြောင်းကို တောက်လိုက်သည့်အချိန်မှာပဲ လက်ချောင်းမှာ တိတိရိရိ ပြတ်ကျသွားတော့သည်။

ဆရာတူညီလု အံ့အားသင့်သွားပြီး စင်မြင့်ပေါ်မှ ကပျာကယာ လှိမ့်ဆင်းလိုက်သော်လည်း လေစီးကြောင်းက သူ့လည်ပင်းကို ဝိုက်ဖြတ်လိုက်ပြီဖြစ်သည်။ ဆရာတူညီလု လိမ့်ဆင်းလာသည့်အခါ သူ့လည်ပင်းတွင် ခေါင်းမရှိတော့ပေ။

စစ်မိန်ရွှယ့် မည်သို့မျှ မပြောနိုင်သေးခင် ချင်မူက ဖျတ်ခနဲ ပျောက်သွားချေပြီ။ သူက လေစီးကြောင်းများကို တွန်းဖယ်ရင်း ဆရာတူညီလု၏ ခေါင်းပြတ်အား ကောက်လိုက်သည်။ ထို့နောက် ဆရာတူညီလု၏ လည်ပင်း၌ ပြန်ဆက်ပေးကာ နှစ်သိမ့်ပေ’သည်။ “မပူနဲ့ ခေါင်းနဲ့ ခန္ဓာကိုယ် တခြားစီဖြစ်သွားလည်း ကိစ္စမရှိဘူး... အများကြီး မကြာဖို့ပဲ လိုတယ်... ကြာသွားရင်တော့ သေရလိမ့်မယ်... ယိုတုရဲ့အရာရှိမင်း ပြောပုံအရ သက်ရှိတွေအနေနဲ့ ပထမခုနစ်ရက်အတွင်း ပြန်ရှင်သန်နိုင်သေးတယ်တဲ့... ဒီတော့ နောင်တော်လု မသေဘူး အသက်ပြန်ရှင်နိုင်သေးတယ်... မလှုပ်နဲ့ လက်ချောင်းကို ပြန်ဆက်ရဦးမယ်လေ...”

ဟူပုကွေ့က ချောင်းဟန့်လိုက်သဖြင့် ချင်မူ သူ့ဆီ အာရုံရောက်သွားသည်။ “နောင်တော်ချင်၊ ညီတော်လုက သူ့ခေါင်းကို တပ်တာ မှားနေပြီလို့ ပြောချင်နေတာ... သူ့မျက်နှာက ရှေ့မှာရော၊ နောက်စေ့မှာရော ရှိပေမယ့် နည်းနည်းလေး ကွဲတယ်... သူ့နောက်စေ့က ကျားသစ်ကွက်တွေကို မြင်တယ်မလား... အကွက်ကျဲတဲ့ မျက်နှာက အရှေ့၊ အကွက်စိတ်တဲ့ မျက်နှာက အနောက်ပဲ”

ချင်မူ တစ်ချက်ကြည့်ပြီး မျက်နှာရဲသွားသည်။ ရုတ်တရက် သူ၏ချီစွမ်းအင်က ဓားရောင်တစ်ရောင် ဖွဲ့တည်ကာ ဆရာတူညီလု၏ ခေါင်းကို ခုတ်ဖြတ်လိုက်တော့၏။

ဆရာတူညီလုမှာ ထိတ်လန့်သွားသော်လည်း ကံကောင်းစွာဖြင့် ချင်မူက သူ့ခေါင်းကို အတည့်ပြန်တပ်ပေးလိုက်လေသည်။

ထိုအခါမှ ဆရာတူညီလု သက်ပြင်းချနိုင်သည်။

ချင်မူ၏မျက်လုံးများက တောက်ပနေပြီး အားပေးသလို ကြည့်သည်။ “နောင်တော်လု ထပ်ကြိုးစားကြည့်ချင်သေးလား... ဒီတစ်ခေါက် လှိမ့်ချမယ်ဆို နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ ဟိုဖက်ကို လှိမ့်ချနော်.. ခေါင်းဖြတ်ခံရလည်း ကျွန်တော် ပြန်တပ်ပေးနိုင်တယ်... ဒါဆို နောင်တော်လု စမ်းသပ်မှုကို အောင်မြင်သွားလိမ့်မယ်”

ဆရာတူညီလုက ကမန်းတတန်း ခေါင်းခါရင်း ခါးသီးစွာ ပြုံးလိုက်သည်။ “မလိုပါဘူး.... တစ်ကြိမ် ကြိုးစားပြီးပြီပဲ..... ကျွန်တော့်အစွမ်းအစတွေက နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်ကျော်ဖို့ မလုံလောက်သေးဘူးလေ... ကျွန်တော် ဒီမှာပဲ‌ ကျန်ခဲ့ပြီး နောင်တော်တို့ ပြန်လာတာ စောင့်နေပါတော့မယ်... အိမ်မှာလည်း စောင့်နေတဲ့ ဇနီးသည်နဲ့ ကလေးတွေ ရှိသေးတယ်...”

သူသည် သေရမည်ကို သိလျက်ဖြင့် စမ်းသပ်မှုကို ၀င်ဖြေခဲ့သော်လည်း ခဏခဏ ခေါင်းဖြုတ်လိုက်၊ တပ်လိုက် လုပ်ခံရမည်ကို လက်မခံနိုင်သေးပေ။

ချင်မူကလည်း သူ့ကို အတင်းမတိုက်တွန်းဘဲ နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်ကျော်လိုက်သည်။

ဟူပုကွေ့က နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ တစ်လှမ်းချင်း‌ လျှောက်သွား၏။ ဆရာတူညီလုနှင့် စစ်မိန်ရွှယ့်က သူ့အား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသည်။ ဟူပုကွေ့သည် သို့နျိုကမ္ဘာ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်၍ သူ နတ်ဘုရားစီရင်ရာစင်မြင့်ကို မဖြတ်ကျော်နိုင်လျှင် သို့နျိုကမ္ဘာအတွက် မျှော်လင့်ချက်သေဆုံးသွားလိမ့်မည်။

ချင်မူ့လို အပြင်လူတစ်ယောက်က နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်ကျော်ခဲ့ပြီး သူတို့တစ်ယောက်မှ မဖြတ်ကျော်နိုင်လျှင် သို့နျိုကမ္ဘာ၏ သိုင်းသမားအားလုံး မျက်နှာဘယ်နားထားရမည်နည်း။

ချင်မူလည်း စင်မြင့်ဆီသို့ ကြည့်လိုက်ပြီး တစ်လှမ်းချင်း လျှောက်လာနေသော ဟူပုကွေ့ကို မြင်ရသည်။

ဟူ‌ပုကွေ့သည် လမ်းလျှောက်နေရုံအပြင် တခြားမလှုပ်ရှားသယောင် ထင်ရသော်လည်း သူ၏ပတ်ပတ်လည်၌ လူရိပ်များ ဖွဲ့တည်နေပြီး သိုင်းကွက်များထုတ်လွှတ်နေသည်။

သူ့တွင် ကိုယ်ပွားများ ရှိနေပြီး ကိုယ်ပွားများက လျှပ်စီးလိုသိုင်းကွက်များဖြင့် လေစီးကြောင်းများကို တွန်းထုတ်နေသည့်အလား ထင်ရသည်။ လေစီးကြောင်းများမှာ သူ့အနား လုံး၀မကပ်နိုင်ပေ။

ထိုအရိပ်များသည် သူ၏ကိုယ်ပွားများမဟုတ်။ အလွန်လျှင်မြန်စွာ တိုက်ခိုက်နေခြင်းကြောင့် သာမန်မျက်စိနှင့်ပင် သူ၏အရိပ်များအား မြင်နေရခြင်းဖြစ်သည်။

ချင်မူ အထင်ကြီးမိဆုံးမှာတော့ ဟူပုကွေ့၏ပုံစံမှာ တည်ငြိမ်စွာ လမ်းလျှောက်နေသည့် ပုံစံသာ ရှိနေသေးခြင်း ဖြစ်၏။ ယင်းက သူ့သိုင်းလမ်းစဉ်၏ ကြောက်မက်ဖွယ်ရာ စွမ်းရည် ဖြစ်ချေသည်။

“သိုင်းဝိညာဉ် လမ်းစဉ်အဆင့် တက်ရောက်သွားရင် အဲဒါ သိုင်းလမ်းစဉ်ပဲ.... ဟူပုကွေ့က သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် ဝင်ရောက်ခါနီးနေပြီတဲ့လား”

ချင်မူအနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ တောင်ကောင်းကင်မုခ်၀အောက်တွင် ဟူပုကွေ့၏အစွမ်းအစများသည် ထိုမျှမသန်မာခဲ့သည့်အပြင် သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် မရောက်ရှိခဲ့ပေ။ သို့သော် ဤအခိုက်အတန့်တွင် ထိုအဆင့်သို့ ရောက်ပေတော့မည်။

“နောင်တော်ဟူက တကယ် ဉာဏ်ကြီးရှင်ပဲ”

ချင်မူ တလေးတစား မစုတ်သပ်မိဘဲ မနေချေ။ “ငါက လောကသခင်ခန္ဓာကို အားကိုးပြီး ကျင့်စဉ်နဲ့ လမ်းစဉ်အဆင့် တက်နိုင်ခဲ့တယ်... ဓားပညာနဲ့လည်း လမ်းစဉ်အဆင့်တက်နိုင်ခဲ့တယ်... ဒါပေမဲ့ သူက သူ့ရဲ့အစွမ်းအစကိုပဲ အားကိုးပြီး သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် တက်နေတယ်.... ဒီလိုပါရမီမျိုးက တကယ် လေးစားစရာကောင်းတာပဲ”

ဟူပုကွေ့ နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် အဆင့်တက်နိုင်သည့် အကြောင်းအရင်းမှာ သူ ဖြစ်နေသည်ကိုတော့ ချင်မူ မသိပေ။

ဟူပုကွေ့နှင့်ချင်မူသည် ရန်သူများမဟုတ် မိတ်ဆွေများဖြစ်၏။ သို့သော်လည်း ဟူပုကွေ့အနေဖြင့် ယှဉ်ပြိုင်ချင်စိတ်များ မဖြစ်ပေါ်မိဘဲ မနေပေ။

ချင်မူက သူ့ကို ဖိအားပေးနိုင်ရုံသာမက တွန်းအားလည်း ဖြစ်စေသည်။ ထို့ကြောင့် အဆင့်တက်နိုင်ရန် ချင်မူ့ကို စံနမူနာအဖြစ်ထားကာ ပိုမိုကြိုးစားခဲ့မိသည်။

ချင်မူ ရွှေမြစ်ပြင်ထက်တွင် ရှုချန်းဟွာနှင့် ‌တွေ့ခဲ့စဉ်တုန်းကအတိုင်းပင် ဖြစ်သည်။ ရှုရှန်းဟွာနှင့် တွေ့ဆုံမှုမှတစ်ဆင့် ချင်မူမှာ အတုယောင်လောကသခင်ခန္ဓာကြောင့် စိတ်ဖိစီးလာခဲ့ကာ အတွေးစျာဉ်ထဲ နစ်မျောသွားခဲ့သည်။ ရလဒ်အနေဖြင့် လင်ယွိရှို့နှင့်အတူ မူလဝိညာဉ်လမ်းညွှန်ကို ဖန်တီးနိုင်ခဲ့၏။

ဟူပုကွေ့၏ အခြေအနေကလည်း အလားတူပင်။

ချင်မူမှာ နတ်ဘုရားစီရင်ရာစင်မြင့်ထက်ရှိ ဟူပုကွေ့၏လှုပ်ရှားမှုတိုင်းအား စိုးရိမ်ပူပန်စွာ ကြည့်နေမိသည်။ ဤအချိန်သည် အတိုင်းထက်အလွန် အရေးကြီးသည့်အချိန် ဖြစ်သည်။ ဟူပုကွေ့၏အတွေးများ နှောင့်ယှက်ခံရလျှင် နစ်မျောနေသောအခြေအနေသို့ ပြန်လည်၀င်ရောက်ရန် အလွန်ခက်ခဲလိမ့်မည်။ ထိုခံစားချက်ကို ချင်မူ ကောင်းကောင်းနားလည်၏။

သူက အတွေးများ နှောင့်ယှက်ခံခဲ့ရဖူးသူ မဟုတ်ပါလော။ ဖုရွေ့လော်ဆီမှ ထွက်ပြေးခဲ့စဉ်အခါတွင် ချင်မူသည် လီမြို့သို့ ပြန်ရင်း အတွေးစျာန်ထဲ နစ်မြောသွားခဲ့သည်။ သို့တိုင်အောင် ကောင်းကင်နတ်ဆိုးများ၏ ဝိုင်းအုံတိုက်ခိုက်မှုကြောင့် ထိုအခြေအနေမှ ထွက်လာခဲ့ရလေသည်။

အတွေးစျာန်ယဉ်ကြောထဲ နစ်မျောသွားသော အခြေအနေမှာ တမင်တကာ လုပ်ယူ၍မရပေ။ သိုင်းသမားတစ်ယောက်၏ တစ်ဘ၀လုံးတွင် ထိုကဲ့သို့ အတွေးစျာန်ယဉ်ကြောထဲ နစ်မြောသွားသော အခြေအနေအား ရေတွက်၍ပင်ရ၏။

တစ်လောကလုံးတွင် နံပါတ်တစ်ဆိုသည့် ဉာဏ်ကြီးရှင်တစ်ယောက်ပင် ထိုအခြေအနေအား ဆယ်ကြိမ်ထက်ပိုပြီး မ၀င်ရောက်နိုင်ပေ။

“ငါ့လို လောကသခင်ခန္ဓာတောင် အဲဒီအခြေအနေအထဲ ဝင်ရောက်ခဲ့တာ သုံးလေးကြိမ်လောက်ပဲ ရှိတယ်”

ချင်မူ့အကြည့်က ဟူပုကွေ့၏ ကိုယ်ပေါ်မှ မခွာ။ ဟူပုကွေ့သည် သိုင်းလမ်းစဉ်တွင် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်၏။ နတ်ဘုရားစီရင်ရာစင်မြင့်က သိပ်မကျယ်ဝန်းသောကြောင့် မကြာခင် အပြင်ထွက်လာတော့မည်မှာ နှမြောစရာကောင်းပေသည်။

သူ နတ်ဘုရားစီရင်ရာစင်မြင့်၏ အပြင်ရောက်သည်နှင့် တိုက်ခိုက်နေသော လေစီးကြောင်းနှစ်ကြောင်း မရှိတော့လျှင် ဖိအားက သိသိသာသာ ကျဆင်းသွားလိမ့်မည်။ ထိုအခါ ဟူပုကွေ့သည် အတွေးစျာန်ယဉ်ကြောထဲမှ ပြန်ထွက်လာရလိမ့်မည်။

ချင်မူ့ဖြစ်ရပ်တုန်းကမူ ဖိအားသိသိသာသာ မြင့်တက်လာခဲ့သဖြင့် အတွေးစျာန်ယဉ်ကြောထဲမှ ထွက်လာခဲ့ရခြင်းဖြစ်သည်။

ဖိအားမြင့်တက်မှုနှင့် ကျဆင်းမှုသည် အတွေးစျာန်ယဉ်ကြောထဲ နစ်မြောနေသော အခြေအနေအား ဖျက်စီးပစ်နိုင်သည်။

နောက်ဆုံးတော့ ဟူပုကွေ့က နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ ဆင်းလာသည်။ ထိုအခိုက်အတန့်တွင် ချင်မူ၏ တိုက်ခိုက်လိုစိတ်က ကောင်းကင်ယံသို့ တရှိန်ထိုး ထောင်တက်သွာပြီး သူက မပြောမဆိုဖြင့် ဟူပုကွေ့ကို တိုက်ခိုက်တော့သည်။

စစ်မိန်ရွှယ့် တအံ့တဩ ထအော်မိပြီး ချင်မူ့ကို တိုက်ခိုက်ရန် ပြင်သော်လည်း ချင်မူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်၏။ သူက လက်သီးသုံးချက်၊ ခြေကန်ချက်နှစ်ချက်ဖြင့် သူမအား တွန်းထုတ်လိုက်သည်။

စစ်မိန်ရွှ့ယ်မှာ ကျောက်စိမ်းမြို့တော်၏ တံတိုင်းအား ဝင်တိုက်သွား၍ သူမခေါင်း ပြုတ်ကျမသွားအောင် ကပျာကယာ ကိုင်ထားလိုက်သည်။ သူမ ဇဝေဇဝါ ဖြစ်နေ၏။ ‘ဘာလို့မောင်လေးချင်က အစ်ကိုကြီးဟူကို တိုက်ခိုက်နေတာလဲ’

ချင်မူက လျှပ်စီးလို လှုပ်ရှားနေသဖြင့် သူ့အနောက်၌ ပုံရိပ်များသာ ကျန်ခဲ့သည်။ သူက ကောင်းကင်ခိုးယူခြေသိုင်းကို အဆုံးထိ ထုတ်လွှတ်ထားပြီး သူ၏လက်များကလည်း သာမန်မျက်စိဖြင့် မမြင်ရတော့သော အတိုင်းအတာအထိ လျင်မြန်စွာ တိုက်ခိုက်နေသည်။

သူ့အနေဖြင့် ဟူပုကွေ့ကို ဖိအားပေးရလိမ့်မည်။ သို့မှသာ ဟူပုကွေ့သည် အတွေးစျာန်ယဉ်ကြောထဲ နစ်မျောနေရာမှ သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် ဝင်ရောက်သွားလိမ့်မည်။

ဟူပုကွေ့က ရှေ့ဆက်လျှောက်နေပြီး သူ၏တိုက်ခိုက်နှုန်းကလည်း မြန်သည်ထက် မြန်လာသည်။ သူက ချင်မူ၏သိုင်းကွက်အားလုံးကို ဟန့်တားပိတ်ဆို့နေကာ သူ့နောက်၌ ကျန်ခဲ့သော အရိပ်များလည်း များသထက် များလာ၏။ ရုပ်ခန္ဓာကောင်းကင်နတ်သိုင်း၏ ခွန်အားသည်လည်း အားကောင်းသည်ထက် အားကောင်းလာသည်။

ချင်မူမှာ အစက သိုင်းကွက်များပြင်းထန်သွားမည် စိုး၍ ထိန်းနေခဲ့သော်လည်း ဟူပုကွေ့၏ခွန်အား မြင့်တက်လာသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများ တောက်ပသွားတော့သည်။ သူက ပိုမိုပြင်းထန်အားကောင်းသော သိုင်းကွက်များဖြင့် ဟူပုကွေ့၏ အစွမ်းအစများအား ညှစ်ထုတ်ပေးရန် ဆက်တိုက်ဖိအားပေးနေ၏။

ဟူပုကွေ့၏ ပတ်ပတ်လည်တွင် ပုံရိပ်ပေါင်း တစ်ရာကျော် ရှိနေချေပြီ။ အရေအတွက်က ဆက်လက်တိုးပွားလာနေသည့်အပြင် သူ၏ခြေလှမ်းများက မယိမ်းမယိုင် တည်ငြိမ်လျက် ရှိသေးသည်။

သူတို့နှစ်ယောက် ကျောက်စိမ်းမြို့တော်အတွင်းထဲအထိ တိုက်ခိုက်သွားပြီးနောက် ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

စစ်မိန်ရွှယ့်မှာ သူမလည်ပင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် ချင်မူ့အား တိုက်ခိုက်နေသည်။ ရုတ်တရက် ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာကာ သူမမှာ ချင်မူ့ကြောင့် ကျောက်စိမ်းမြို့တော်အပြင် လွင့်ထွက်သွား၏။ သူမရင်ထဲတွင် အောင့်သက်သက် ဖြစ်နေတော့သည်။ ‘မမကြီးလို့ ခေါ်ပြီး ရိုက်ချက်တွေက ရက်စက်လိုက်တာဟယ်’

ချင်မူနှင့် ဟူပုကွေ့သည် ကျောက်စိမ်းမြို့တော်၏ ပထမကျောင်းဆောင်ဆီ ဝင်ရောက်သွားကြ၏။ ကျောင်းဆောင်ကို စောင့်ရှောက်နေသော လယ်သူမက သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို မြင်လျှင် လှုပ်ရှားရန် ပြင်လိုက်သော်လည်း ရုတ်တရက် ချင်မူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူမက သူတို့နှစ်ယောက်အား မနှောင့်ယှက်မိအောင် သူမ၏ချီ၊ သွေးနှင့် ကျင့်စဉ်စွမ်းအင်များကို တမုဟုတ်ချင်း ဖိနှိပ်ကာ ဖြတ်သွားခွင့်ပေးလိုက်သည်။

“ဟူပုကွေ့က သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် ဝင်ရောက်နေပြီ... သူက သေခြင်းရှင်ခြင်းအဆင့်နဲ့ ကောင်းကင်နတ်ဘုံကို ပထမဆုံး ဖြတ်သွားနိုင်တဲ့လူ ဖြစ်လာလောက်တယ်”

အမျိုးသမီးက လက်နောက်ပစ်လိုက်ပြီး သူမ၏မျက်လုံးများသည် တောက်ပနေ၏။ သူမက ချင်မူနှင့် ဟူပုကွေ့ သူမကျောင်းဆောင်၏ အနောက်တံခါးအား ဖောက်ထွက်သွားသည်ကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “မဟုတ်ဘူး ဟူပုကွေ့ ဒုတိယပဲ ဖြစ်လိမ့်မယ်... ဘာကြောင့်လဲဆိုရင်....”

သူမသည် ပြိုကျနေသော အနောက်တံခါး၏အပြင်သို့ ထွက်ကာ နတ်ကောင်းကင်ခန်းမဆီ မော့ကြည့်လိုက်၏။ “သူ့မှာလည်း ကောင်းကင်တံတား မရှိဘူး... သိုင်းလမ်းစဉ်ပေါ်မှာ ဖြတ်ကျော်လို့မရတဲ့ တောင်တစ်လုံး ရှိတယ်... သူက အဲဒီတောင်... သိုင်းလမ်းစဉ်မှာ နံပါတ်တစ်ပဲ”

၎

င

၎

၎

၎

င

၎

၎

All Chapters