ကောင်းကင်ဘုံ၏ တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်
Vol. 54 Ch. 725
ကျောက်စိမ်းမြို့တော်ထဲရှိ နတ်ဘုရားများ အံ့အားသင့်သွားကြပြီး ချင်မူ့ဆီသို့ လှမ်းကြည့်မိကြသည်။ “သူက ကောင်းကင်ဆရာသခင်ကြီး ပြောခဲ့တဲ့ လောကသခင်ခန္ဓာတဲ့လား... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မဟုတ်ဘူးလား”
တဒင်္ဂလေးအတွင်း ချင်မူ၏ လက်တစ်ထောင်က လက်ခြောက်ဖက်အဖြစ် ပြန်စုသွားပြီး ကောင်းကင်နတ်သိုင်းအားလုံးသည်လည်း လက်ဝါးရိုက်ချက်ခြောက်ချက်အဖြစ် ဖွဲ့တည်သွားကာ ဟူပုကွေ့၏ ‘ထင်းရှူးပင်များကြားမှ ဖြတ်တိုက်၍ တောင်ကြားများတစ်လျှောက် လှုပ်ယမ်းသွားသော လေလှိုင်း’ လက်သီးချက်အား ခုခံလိုက်သည်။
ကောင်းကင်ဘုံ၏ တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်
ယင်းက ချင်မူ၏ သိုင်းလမ်းစဉ် မဟာကောင်းကင်နတ်သိုင်းပင်။
ဟူပုကွေ့၏ ‘ထင်းရှူးပင်များနှင့် တောင်ကြားများတစ်လျှောက် ဖြတ်တိုက်လှုပ်ယမ်းသွားသော လေလှိုင်း’တွင် လေလို အာရုံကိန်းဝပ်နေသည်။ ဟူပုကွေ့၏ အရိပ်များက ထင်းရှူးပင်များလို ဖြစ်ပြီး တောအုပ်တစ်အုပ်ပမာ ဖွဲ့တည်သည်။ သူ၏လက်သီးမှ အားလှိုင်း ထွက်လာသည့်အခါ ထင်းရှူးပင်များအကြား လေတိုက်သွားသယောင် ထင်ရသော်လည်း ခွန်အားက တောင်ကြားများကိုပင် လှုပ်ယမ်းသွားစေနိုင်၏။
ချင်မူ၏ ‘ကောင်းကင်ဘုံ၏ တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်’က ချင်မူ သင်ယူထားသော သိုင်းကွက်အသားပေးကျင့်စဉ်များနှင့် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများအား ပေါင်းစည်းထားခြင်းဖြစ်သည်။ သူ၏လက်တစ်ထောင်နှင့် လက်ဝါးတစ်ထောင်က သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို တစ်သားတည်း ပေါင်းစည်းပေးနိုင်၏။
အဘိုးကြီးမာ၊ သားသတ်သမား၊ မျက်ကန်းနှင့် လူသားဧကရာဇ်ဟောင်းတို့၏ သိုင်းကွက်များက သူ့လက်ထဲတွင် တောင်ထွတ်များပမာ ဖြစ်လာသည်။ ၎င်းတို့ကို ပေါင်းစည်းလိုက်သည့်အခါ ‘ကောင်းကင်ဘုံ၏ တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်’ ဖွဲ့တည်သွား၏။
ဤကောင်းကင်နတ်သိုင်းက မတူကွဲပြားသော တောင်ထွတ်များ၏ ခံ့ညားတင့်တယ်သော ရှုခင်းကို ထုတ်ဖော်ပြသရန် ကြိုးစားနေသည်။
ချင်မူ၏ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာတို့ ပေါ်ထွက်လာသော်လည်း ထူးဆန်းသည်မှာ ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်ရတနာ ပျောက်နေရုံတင်မကဘဲ သူ့တွင် ကောင်းကင်ရတနာနောက်တစ်စုံ ရှိနေသည်။ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါး၊ အရပ်ခြောက်မျက်နှာနှင့် ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာနောက်တစ်စုံက ပထမတစ်စုံအား ရောင်ပြန်ဟပ်နေသကဲ့သို့ တည်ရှိနေ၏။
အပေါ်က နတ်ဘုရားလမ်းစဉ်ဖြစ်ကာ အောက်က မိစ္ဆာလမ်းစဉ် ဖြစ်ချေသည်။
နတ်ဘုရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်သည် တစ်ခုကိုတစ်ခု ရောင်ပြန်ဟပ်လျက် ဒွန်တွဲတည်ရှိနေသည်။
ကျောက်စိမ်းမြို့တော်ထဲရှိ စစ်နတ်ဘုရား ၃၆ ယောက်မှာ ချင်မူသည် ကောင်းကင်နတ်အသွင်အဆင့်သာ ရှိသေးသော်လည်း အဘယ်သို့ပြု၍ ဟူပုကွေ့၏ ကောင်းကင်နတ်သိုင်းအား ခုခံနိုင်ခဲ့မှန်း နားလည်သွား၏။
ဟူပုကွေ့က သေခြင်းရှင်ခြင်းအဆင့် ဖြစ်ကာ ဟာကွက်မရှိသည်အထိ ကျင့်ကြံထားသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သို့နျိုကမ္ဘာတွင် သိုင်းသမားတိုင်းသည် သေခြင်းရှင်ခြင်းအဆင့်၌ ပိတ်မိနေမည်ဖြစ်သည့်အတွက် သိုင်းအဆင့်တစ်ဆင့်တိုင်းကို ဟာကွက်မရှိတော့သည့်တိုင်အောင် ကျင့်ကြံထားကြ၍ပင်။
ဟူပုကွေ့က ဟာကွက်မရှိသောကြောင့် ထင်ရှားကျော်ကြားသော လူငယ်များထဲက တစ်ယောက် ဖြစ်သည်။
သေခြင်းရှင်ခြင်းအဆင့်တွင် သူ့ထက် ကျင့်စဉ်စွမ်းအင် ပိုမိုသိပ်သည်းသူ မရှိဟုပင် ဆိုနိုင်၏။
ချင်မူက ဟူပုကွေ့နှင့် ယှဉ်တိုက်ခိုက်နိုင်နေရာ သူ၏ကောင်းကင်နတ်အသွင်အဆင့် ကျင့်စဉ်စွမ်းအင်က ဟူပုကွေ့နှင့် သိပ်မကွာကြောင်း ထင်ရှားပေသည်။
နတ်ဘုရား ၃၆ ယောက်သည် ချင်မူ၏ ကောင်းကင်ရတနာများကို မြင်မှ ထိုမျှကျင့်စဉ်စွမ်းအင် သိပ်သည်းနေရသော အကြောင်းရင်းကို သဘောပေါက်သွားတော့၏။
သူက နတ်ဘုရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် နှစ်မျိုးလုံး ကျင့်ကြံထားသောကြောင့် ကောင်းကင်ရတနာ နှစ်စုံရှိနေသည်။ ရှေးခေတ်မှ ယနေ့တိုင်အောင် သူတစ်ယောက်တည်းသာ ထိုသို့ပိုင်ဆိုင်ထားလောက်သည်။
‘တကယ် လောကသခင်ခန္ဓာပဲ... ကောင်းကင်ဆရာသခင်ကြီး လိမ်နေတာ မဟုတ်ဘူး” နတ်ဘုရား ၃၆ ယောက် အံ့အားသင့်နေကြသည်။
တန်ခိုးရှင်သစ်ခုတ်သမား သူတို့ရွာလေးသို့ လာပြီး လယ်သမားအဘိုးအိုကို စည်းရုံးခဲ့တုန်းက လောကသခင်ခန္ဓာနှင့် နှစ်ငါးရာမှ တစ်ခါသာ ပေါ်သော ပါရမီရှင်တို့အကြောင်း ပြောပြခဲ့သည်။
ထိုစဉ်တုန်းက ရွာသားအားလုံး နားထောင်ရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုအား စိတ်ဝင်စားခဲ့ကြသည်။ နှစ်ငါးရာမှ တစ်ခါသာ ပေါ်သော ပါရမီရှင်ကိုလည်း သိချင်ခဲ့ကြ၏။
သို့သော် သစ်ခုတ်သမားမှာ လယ်သမားအဘိုးအို၏ လက်သီးချက်ကြောင့် မြောင်းထဲ ရောက်သွားကာ အရိုးအားလုံး ကျိုးကြေသွားခဲ့သည်။ လယ်သမားအဘိုးအို အားမထည့်ခဲ့၍ ကံကောင်းပြီး အသက်မသေခဲ့ပေ။ သို့ရာတွင် သူ ထိုသို့ထိုးနှက်ခံလိုက်ရသဖြင့် သူတို့အားလုံး မည်သူက လောကသခင်ခန္ဓာ၊ မည်သူက ပါရမီရှင်မှန်း မသိရတော့ပေ။
လယ်သမားအဘိုးအိုသည် သစ်ခုတ်သမားနှင့် အငြိုးရှိ၏။ သူတို့နှစ်ယောက်ကြားက ပြဿနာမှာ ကောင်းကင်ဆရာသခင်ရာထူးကြောင့်သာ မဟုတ်။ တခြားရန်ငြိုးများလည်း ပါသည်။
နွားအိုကြီး၏ ပြောပုံအရ လောကသခင်ခန္ဓာက သစ်ခုတ်သမားကို လာရှာသော ခိုင်ဧကရာဇ်၏မျိုးဆက် ဖြစ်ဟန်တူသည်။ သို့သ်ော သူတို့ အနည်းငယ် မယုံနိုင်သေးပေ။
ချင်မူ သိုင်းလမ်းစဉ် မူလဝိညာဉ်ကို ဖွဲ့တည်ပြီး လမ်းစဉ်အဆင့်သို့ တစ်ပြိုင်တည်း ရောက်သွားကာ နတ်ဘုရားလမ်းစဉ်ကောင်းကင်ရတနာများနှင့် မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာများကို ထုတ်ပြလိုက်သည့်အချိန်မှသာ သူတို့ မည်သို့မျှ မတတ်နိုင်တော့ဘဲ ယုံကြရတော့သည်။
သိုင်းဝိညာဉ်မရှိသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အဖြစ်မှ သူသည် သိုင်းဝိညာဉ်ကို ဖွဲ့တည်ပြီး သိုင်းလမ်းစဉ် မူလဝိညာဉ်ကို နိုးကာ သိုင်းလမ်းစဉ် မဟာကောင်းကင်နတ်သိုင်းကိုပင် ဖန်တီးနိုင်ပေတော့မည်။ ဆယ်ရက်တာလေးအတွင်း ထိုကဲ့သို့ လုပ်နိုင်သူကား လောကသခင်ခန္ဓာမဟုတ်ဘဲ နေပါမည်လော။
သို့သော် ချင်မူ သိုင်းဝိညာဉ်အား ထိုမျှမြန်မြန် နားလည်သွားသည့် အကြောင်းရင်းမှာ အခြေခံခိုင်မာ၍ဖြစ်ကြောင်း သူတို့ မတွေးမိခဲ့ကြပေ။
ချင်မူ့အခြေခံက ခိုင်မာလွန်း၏။
ချင်မူသည် ငယ်ငယ်တုန်းက ဝိညာဉ်သန္ဓေသား နိုးမနေခဲ့ပေ။ ဒုက္ခိတဘိုးဘွားကျေးရွာမှ လူတိုင်းက သူ့ကို သိုင်းမကျင့်နိုင်သော သာမန်ကလေးတစ်ယောက်အဖြစ် သိခဲ့ကြရ၏။ သူတို့၏စိတ်ဓာတ်အားမာန်များအား လှုံ့ဆော်ပေးခဲ့သူမှာတော့ ရွာလူကြီး ဖြစ်သည်။ ရွာလူကြီး၏ အပြောကြောင့် သူတို့အားလုံး စွမ်းအင်ဆေးလုံး မျိုးစုံ ဖော်၍ ဝိညာဉ်သားရဲသွေးများ ရှာဖွေကာ ချင်မူ့ကို ကျွေးမွေးတိုက်ကျွေးခဲ့ကြ၏။ ကြမ်းတမ်းရက်စက်သော နည်းလမ်းများဖြင့်လည်း လေ့ကျင့်ပေးခဲ့ကြသည်။
ချင်မူကလည်း သူ့ကိုယ်သူ လောကသခင်ခန္ဓာဟု တထစ်ချ ယုံကြည်ပြီး ယုံကြည်မှုအပြည့်ဖြင့် မဆုတ်မနစ် ကြိုးစားအားထုတ်ခဲ့သည်။
ထိုစဉ်အခါက သူ၏သိုင်းဝိညာဉ် နိုးထလာရန် ခြေတစ်လှမ်းသာ ကွာဝေးခဲ့၏။
အရေးအကြီးဆုံးမှာမူ ရွာလူကြီး သူ့ကို သင်ပေးခဲ့သော ‘လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်’ ဖြစ်သည်။ ကျင့်စဉ်သည် လမ်းဘေးတွင်ပင် တွေ့မြင်နိုင်သော အခြေခံတောက်ယင်ကျင့်စဉ်သာ ဖြစ်သော်လည်း ချင်မူက မည်သူမျှ မရောက်ရှိခဲ့ဖူးသည့် အတိုင်းအတာအထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။
ထို့အပြင် ကျင့်စဉ်မှာလည်း သာမန်တောက်ယင်ကျင့်စဉ် မဟုတ်ခဲ့ဘဲ ခိုင်ဧကရာဇ်ဆီမှ အရင်းခံသော ကျင့်စဉ်၊ ချင်မိသားစု၏ အဆင့်မြင့်သိုင်းပညာ ဖြစ်နေခဲ့သည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကပင် ထိုကျင့်စဉ်၏ အခွဲတစ်ခု ဖြစ်ခဲ့၏။
ထိုမျှခိုင်မာသော အခြေခံ၊ အတိတ်တစ်ချိန်က သင်ယူခဲ့ဖူးသော သိုင်းကွက်ကျင့်စဉ်များ၊ လူသားဧကရာဇ်ဟောင်းတို့၏ ဘဝတစ်သက်တာ ကြိုးစားအားထုတ်မှုများနှင့် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်သုံးခုနှင့်အတူ ချင်မူ၏သိုင်းအခြေခံကား နှစ်ပေါင်းများစွာ ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံခဲ့သော ဟူပုကွေ့ထက် သာလွန်နေချေပြီ။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဓာတ်အားမာန်ကို သူ၏ သိုင်းလမ်းစဉ်အတွက် စိတ်ဓာတ်အားမာန်အဖြစ် နှလုံးသွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်တိုတိုလေးအတွင်း သိုင်းလမ်းစဉ်၏ အနှစ်သာရကို ဖမ်းဆုပ်မိခဲ့သည်။
ယင်းက နတ်ဘုရားများနှင့် နွားအိုကြီး ခန့်မှန်းမိမည့် အရာမဟုတ်ပေ။ သူက လောကသခင်ခန္ဓာ ဖြစ်၍ဟုသာ တွေးမိကြ၏။
ချင်မူ၏ လက်ဝါးအားလှိုင်းခြောက်လှိုင်းက ‘ထင်းရှူးပင်များကြားမှ ဖြတ်တိုက်၍ တောင်ကြားများတစ်လျှောက် လှုပ်ယမ်းသွားသော လေလှိုင်း’ ဖြင့် ဝင်တိုက်သွားပြီး မတူညီသည့် ကောင်းကင်နတ်သိုင်းနှစ်ခု၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ သို့သော် အချိန်မရသောကြောင့် ချင်မူမှာ သူ၏မဟာကောင်းကင်နတ်သိုင်းအား ပြီးပြည့်စုံအောင် မမွမ်းမံနိုင်ခဲ့သည့်အတွက် စွမ်းအားအရာ၌ အားနည်းနေသည်။
သို့သော် လက်ခြောက်ဖက်ရှိသောကြောင့် ကောင်းကင်နတ်သိုင်းသုံးခု ထုတ်ဖော်လိုက်သည်နှင့် ညီမျှ၏။
သိုင်းလမ်းစဉ် မဟာကောင်းကင်နတ်သိုင်းနှစ်မျိုး ထိတိုက်သွားသည်နှင့် သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ အိကျပြီး ပေါက်ကွဲသွားတော့သည်။ သို့နျိုနန်းဆောင်မှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ခိုင်ခံ့သော်လည်း ယခုတင်မှ သိုင်းလမ်းစဉ်အဆင့် ဝင်ရောက်ထားသော လူငယ်နှစ်ယောက်ကြောင့် အတော်လေး ပြင်းပြင်းထန်ထန် ယမ်းခါသွားလေသည်။
သိုင်းကွက်နှစ်ကွက် ထိတိုက်သွားသောနေရာမှ တောက်ပလင်းထိန်သော အလင်းလုံးကြီး ပြန့်ကားလာကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လွှမ်းခြုံသွား၏။ အားကောင်းသော လေလှိုင်းဂယက်များက သောင်းကျန်းဖြာထွက်သွားသဖြင့် စစ်နတ်ဘုရားတို့၏ အဝတ်အစားများ တဖတ်ဖတ် လှုပ်ခါကုန်သည်။
အလင်းလုံးကြီး၏အလယ်မှ ချီနှင့်သွေးတန်းနှစ်တန်းက ကောင်းကင်ယံသို့ ထိုးတက်သွားကာ တိုက်ခိုက်နေသော စစ်နတ်ဘုရားနှစ်ပါး၏ရုပ်သွင်ကို ဖော်ဆောင်လိုက်သည်။ နှစ်ယောက်လုံးသည် ခံ့ညားတင့်တယ်ပြီး သူရသတ္တိအပြည့် ရှိနေ၏။
နောက်ဆုံးတော့ လေများ အဝေးရောက်သွားပြီး အလင်းရောင်လည်း မှေးမှိန်သွားသည်။ ချီနှင့်သွေးပုံရိပ်များလည်း လွင့်ပျယ်သွားသည်။
ချင်မူနှင့် ဟူပုကွေ့မှာ သွေးအန်လိုက်ရပြီး အရှိန်အဝါများ အားနည်းသွားကြသည်။
နှစ်ယောက်လုံး မြေပြင်ပေါ်၌ ထိုင်ချကာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေကြရ၏။ သူတို့အသက်ရှူနေကြစဉ် ရှူထုတ်နေသော လေတွင်ပင် သွေးအခိုးအငွေ့များ ပါနေသည်။
ဟူပုကွေ့က ချင်မူ့ကို ကြည့်သည်။ ချင်မူကလည်း ဟူပုကွေ့ကို ကြည့်သည်။ သူတို့မျက်နှာပေါ်ရှိ အပြုံးများက တောက်ပသည်ထက် တောက်ပလာ၏။ ရုတ်တရက် သူတို့က တစ်ယောက်လက်တစ်ယောက် တင်းတင်းဆုပ်ကာ ကျယ်လောင်စွာ ရယ်ကြတော့သည်။
နွားအိုကြီးနှင့် နတ်ဘုရား ၃၆ ယောက်မှာ စိတ်သက်သာရာ ရသွားသည်။ သူတို့အားလုံး ချင်မူတို့နှစ်ယောက် သရေကျသွားခြင်းအား လက်မခံနိုင်ဘဲ ထပ်မံတိုက်ခိုက်မည်ကို စိတ်ပူမိခဲ့ကြ၏။ လူငယ်လေးနှစ်ယောက်က စိတ်သဘောထားကြီးမြတ်ကြပြီး လမ်းစဉ်တူညီနောင်များအဖြစ် တစ်ယောက်ကိုတစ်ယောက် လေးစားနေကြမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူတို့နှစ်ယောက်သည် တစ်ယောက်အပေါ် တစ်ယောက် မနာလိုမှု စိုးစဉ်းမျှ မရှိကြ။
“နောင်တော်ဟူ၊ သို့နျိုကမ္ဘာမှာ ဆက်နေရင် နောင်တော့်အတွက် အနာဂတ်မရှိဘူး”
ချင်မူက စိတ်လှုပ်ရှားလာပြီး နှုတ်ခမ်းထောင့်ရှိ သွေးများအား သုတ်လိုက်သည်။ သူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ဖယ်ရှားကာ မိုးမခသစ်ရွက်ကို တတိယမျက်လုံးအပေါ် ပြန်ကပ်လိုက်၏။ ထို့နောက် အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အပြင်လောကမှာ ကျွန်တော်နဲ့ နောင်တော့်အောက် မနိမ့်ကျတဲ့ လူတွေ အများကြီး ရှိတယ်... ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက တောမီးလို ပျံ့နှံ့နေပြီ... အင်ပါယာအတွက် နောင်တော်လို ပါရမီရှင်တွေ လိုအပ်တယ်... နောင်တော် ကောင်းကင်တံတားကို ဖြတ်ပြီး ကောင်းကင်နတ်ဘုံထဲ ဝင်ချင်တယ်မလား... ကျွန်တော့်ရဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း ရှုရှန်းဟွာနဲ့ လိုက်တွေ့ပါ့လား”
သူ့အမူအရာမှာ အကြီးအကျယ် တက်ကြွနေသောပုံစံ ဖြစ်လာသည်။ “ရှုရှန်းဟွာက သိပ်အစွမ်းထက်တယ်... ဉာဏ်လည်း ကောင်းတယ်... ပါရမီက ကျွန်တော့်အောက် နည်းနည်းနိမ့်ကျတာလေး တစ်ခုပဲ... သူက ကောင်းကင်ရတနာအားလုံးကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းဖို့ ပြင်နေတယ်... အရပ်ခြောက်မျက်နှာအဆင့်ကိုတောင် ခုနစ်စဉ်ကြယ်အဆင့်နဲ့ ပေါင်းစည်းပြီးသွားလို့ ကောင်းကင်နတ်သိုင်းပညာရှင်တွေအတွက် အဆင့်တစ်ဆင့် လျော့သွားပြီးပြီ... လောလောဆယ် ကောင်းကင်နတ်အသွင်အဆင့်နဲ့လည် ထပ်ပေါင်းစည်းဖို့ ပြင်နေတယ်”
ဟူပုကွေ့ အော်လိုက်မိသည်။ “နောင်တော်ချင်ဆိုလိုတာက ကျွန်တော်တို့ သို့နျိုကမ္ဘာရဲ့ သိုင်းသမားတွေမှာ ကောင်းကင်တံတားကောင်းကင်ရတနာ မရှိရင်တောင် ကျန်တဲ့ကောင်းကင်ရတနာတွေကို တစ်ခုတည်း ပေါင်းစည်းလိုက်လို့ ရတယ် ပြောချင်တာလား”
ချင်မူ ခေါင်းညိတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ရှုရှန်းဟွာဆီ သွားလည်သင့်တယ်ထင်လား”
ဟူပုကွေ့မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကာ ထရပ်လိုက်သည်။ “သွားတွေ့ရမယ်... သူနဲ့ တွေ့ကို တွေ့ရမယ်... သူနဲ့ တွေ့ဖို့ မစောင့်နိုင်တော့ဘူး... ကျွန်တော်တို့ ဘယ်တော့သွားကြမလဲ... အခုချက်ချင်းပဲ သွားတွေ့ရအောင်လေ”
ချင်မူလည်း ဝမ်းသာအားရ ပြောလိုက်မိ၏။ “နောင်တော် သူ့ကို တွေ့ရင် သေချာပေါက် သဘောကျလိမ့်မယ်... သူက သိပ်ချစ်စရာကောင်းတဲ့လူဗျ”
နွားအိုကြီးမှာ မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း သူ့ဘာသာသူ တွေးနေမိသည်။ ‘သူတို့တွေ ဆက်ပြီး စိန်မခေါ်တော့ဘူးလား... ငါ့စမ်းသပ်မှုကို ကျော်ပြီးတာနဲ့ နတ်ကောင်းကင်ခန်းမထဲ ဝင်ပြီး ဧကရာဇ်ပလ္လင်ပေါ်က သခင်ကြီးကို စိန်ခေါ်ဖို့ပဲ လိုတော့တာလေ’
ကျောက်စိမ်းမြို့တော်၏ နတ်ဘုရား ၃၆ ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မည်သို့ပြောရမည်မှန်း မသိတော့ပေ။
သို့နျိုကမ္ဘာ၏ သိုင်းသမားများအတွက် အဓိကစမ်းသပ်မှုသည် ကောင်းကင်တံတားမရှိဘဲ ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းအား ရှာတွေ့ရန် ဖြစ်၏။
သို့သော် ဤလူငယ်လေးနှစ်ယောက်မှာ ယခုချက်ချင်း ထွက်သွားချင်နေသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြချေသည်။
သူတို့၏စကားအရ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ပြဿနာကို ဖြေရှင်းပေးနိုင်သော အံ့ဖွယ်လူသားတစ်ယောက် ရှိနေပုံရ၏။ ရှုရှန်းဟွာဆိုသည့် ထိုပုဂ္ဂိုလ်အား သွားရှာချင်လျှင် ခွင့်လွှတ်ပေး၍ ရသေးသည်။ သို့စေကာမူ အောင်မြင်နိုင်မည့် လမ်းက မျက်စိရှေ့တည့်တည့်၌ ရှိနေသည်မဟုတ်ပါ၏လော။ အနည်းဆုံးတော့ တစ်ကြိမ်လောက် မကြိုးစားကြည့်သင့်ဘူးလော။
နွားအိုကြီးကို အနိုင်ယူကာ နတ်ကောင်းကင်ခန်းမရှိ သိုင်းပညာဆရာသခင်ကို စိန်ခေါ်လိုက်ရုံနှင့် ကောင်းကင်တံတားအဆင့်ကို ကျော်၍ ကောင်းကင်နတ်ဘုံသို့ တိုက်ရိုက် ပျံတက်လာနိုင်မည်မဟုတ်လော။
နွားအိုကြီးက ချောင်းဟန့်သည်။ “ဟူပုကွေ့၊ ချင်မူ မလာတော့ဘူးလား”
ဟူပုကွေ့မှာ ချီတုံချတုံ ဖြစ်သွားပြီး ဆက်လက်စိန်ခေါ်သင့်လား မသိတော့ပေ။
ချင်မူက ခပ်တိုးတိုး မေးလိုက်သည်။ “သိုင်းပညာကောင်းကင်ဆရာသခင်ရဲ့ နွားကြီးက ဘယ်လောက်ခွန်အားကြီးလဲ”
ဟူပုကွေ့က ခပ်တိုးတိုး ပြန်ဖြေ၏။ “သူ လှုပ်ရှားတာကို တစ်ခါမှ မမြင်ဖူးပေမယ့် သိုင်းပညာကောင်းကင်ဆရာသခင်က ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်လို့ ကြားဖူးတယ်... နွားကြီးက သိုင်းပညာကောင်းကင်ဆရာသခင်ကို သယ်ပြီး တိုက်ခိုက်လေ့ရှိတယ်.... ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်ကို သယ်နိုင်မှတော့ သူလည်း အနည်းဆုံး နတ်ကောင်းကင်အဆင့် ဖြစ်လိမ့်မယ်... ခိုင်ဧကရာဇ်ခေတ်တုန်းက နောင်တော်နျိုသာ အာဏာမလိုချင်လို့ မဟုတ်ရင် ကောင်းကင်နန်းဆောင်တစ်ခုခု အပိုင်စားရလောက်တယ်တဲ့”
ချင်မူ တွက်ချက်ကြည့်ပြီးသော် ခေါင်းယမ်းလိုက်၏။ “ကျွန်တော့်အနေနဲ့ နောင်တော်နျိုစန်းသွောကို ယှဉ်နိုင်မှာမဟုတ်ဘူး... နတ်ကောင်းကင်ခန်းမအဆင့် သိကြားဗုဒ္ဓနဲ့ ကျွန်တော် တွေ့ခဲ့ဖူးတယ်... သူ့ကိုလည်း မယှဉ်နိုင်ခဲ့ဘူး”
ဟူပုကွေ့၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “ဒါဆိုလည်း ရှုရှန်းဟွာကို အရင်သွားတွေ့ပြီး ကောင်းကင်ရတနာအားလုံးကို တစ်ခုတည်းဖြစ်အောင် ဘယ်လိုပေါင်းစည်းရမလဲ မေးကြည့်ကြမလား... ပြီးမှ ပြန်လာပြီး သို့နျိုနန်းဆောင်မှာ စိန်ခေါ်ကြမယ်လေ”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းကင်ရတနာအားလုံး တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပြီးသွားရင် ကောင်းကင်နတ်ဘုံကို တိုက်ရိုက်ပျံတက်နိုင်မှာ... သို့နျိုနန်းဆောင်ကို စိန်ခေါ်နေလည်း မထူးတော့ဘူး”
ဟူပုကွေ့က ခေါင်းကုတ်ကာ ရှက်သွား၏။ “ဟုတ်သား... အခု ကျွန်တော်တို့မှာ အခြေခံမရှိတော့ နောင်တော်နျိုကို မယှဉ်နိုင်ဘူး... သို့နျိုနန်းဆောင်ကနေ ထွက်ပြီး နောင်တော်ရှုကိုပဲ အရင်သွားတွေ့ရအောင်”
“ဟုတ်ပြီ”
နွားအိုကြီးမှာ လူငယ်လေးနှစ်ယောက်အား မျက်လုံးကြီးပြူးလျက် ဒေါသတကြီး စိုက်ကြည့်နေသည်။ သူက အော်ဟစ်လိုက်၏။ “မင်းတို့တွေ လာမတိုက်ခိုက်တော့ဘူးလား... မြန်မြန်လာ ငါ မင်းကို ညှာပေးမယ်.. အခု လာတော့”
ဟူပုကွေ့က တောင်းလျှိုးပန်လျှိုး ပြောလိုက်သည်။ “နောင်တော်နျို..”
“ငါ့ကို နျိုစန်းသွောလို့ ခေါ်စမ်း”
နွားအိုကြီးက အမျက်တချောင်းချောင်း ထွက်လျက် ပြောသည်။ “ငါ မင်းကို ညှာပေးမယ် ပြောထားပြီးပြီလေ ဘာတွေ ထပ်လိုချင်သေးတာလဲ.... လာ၊ တိုက်ခိုက်တော့... ချင်မူ၊ မင့်ဆရာကို မကယ်တော့ဘူးလား... မင့်ဆရာ မြောင်းပုပ်ထဲမှာ နစ်နေတုန်းနော်... မင်း သူ့ကို မဆွဲတင်ရင် နံစော်လွန်းလို့ သေသွားလိမ့်မယ်”
၎
င
၎
၎