← Chapters

ရန်သူတွေတစ်ယောက်ပြီးတစ်ယောက်

Vol. 82 Ch. 1143

ရန်သူတွေတစ်ယောက်ပြီးတစ်ယောက်

Vol. 82 Ch. 1143

အခန်း (၁၁၄၃) ရန်သူတွေတစ်ယောက်ပြီးတစ်ယောက်

အထက်ဘုံကမ္ဘာ၏ လျှို့ဝှက်ရေစီးကြောင်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာချိန် အလွန်ထင်ရှားသောအဖြစ်အပျက်တစ်ခုက မျက်နှာပြင်ထက်သို့ ထွက်ပေါ်လာသည်။

ထျန်းကျိခမ်းမ၏ကျော်ကြားမှုက အလွန်ကျယ်ပြန့်နေနေပြီး အထက်ဘုံကမ္ဘာတွင် ကိုယ်ပိုင်အဆင့်အတန်းတစ်ခု ထူထောင်နိုင်ခဲ့ကာ (၃)နှစ်မြောက် နှစ်ပတ်လည်ကိုပင် ကျင်းပနေပြီ ဖြစ်၏။

လေလံပွဲပါဝင်သူများက ထုံးစံအတိုင်း ရတနာပစ္စည်းများကို လေလံတင်ရောင်းချပြီးနောက် အဆင့်မြင့်လေလံပွဲ တရားဝင် စတင်ခဲ့သည်။

လေလံပွဲပါဝင်နိုင်သူများမှာ ခြွင်းချက်မရှိ အထူးတုံကင် ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။

ရန်ကျောက်ကဲ၏စကားအရ “အဖွဲ့ဝင်များ” သာလျှင် လေလံပွဲတွင် ပါဝင်နိုင်သည်။

ထို့ပြင် လေလံပွဲတွင် လေလံတင်ရောင်းချသည့်ပစ္စည်းများအားလုံးက ထျန်းကျိခန်းမ ပိုင်ဆိုင်သည့်ပစ္စည်းများချည်း မဟုတ်ပေ။ တစ်ဝက်ကျော်မှာ အခြားသူများအပ်နှင်းထားသည့် ပစ္စည်းများဖြစ်ပြီး ထျန်းကျိခန်းမက ပိုင်ရှင်များကိုယ်စား လေလံတင်ပေးခြင်း ဖြစ်၏။

လေလံပွဲတွင် ရတနာပစ္စည်းများစွာပါဝင်မည်ဖြစ်ကြောင်း သတင်းပျံ့နှံ့သွားသည်နှင့် လူပေါင်းများစွာရောက်ရှိလာကြလေရာ တုံ့ပြန်မှုက အလွန်ကောင်းပေသည်။

သတ်မှတ်ချက်များမှစတင်ပြီး လုပ်ငန်းစဉ်တစ်ခုလုံး ဤလေလံပွဲက အလွန်အောင်မြင်သော လေလံပွဲဖြစ်မည်ဟု ရည်ရွှန်းပြသနေသည်။

သို့သော် လူတိုင်း၏အာရုံစိုက်မှုကိုခံခဲ့ရသော အနက်ရောင်ပိုးသားဧကရာဇ်ကတော့ တိတ်ဆိတ်နေဆဲသာပင်။

လေလံပွဲမစတင်မီ  ယွမ်ကျိုးမြို့သို့ရောက်ရှိလာချိန်မှစတင်ပြီး ယခုအချိန်ထိ သူက ဤလေလံပွဲတွင်ပါဝင်ရန် အမှန်တကယ် ရောက်ရှိနေသကဲ့သို့ပင် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။

သို့သော် ရန်ကျောက်ကဲတို့အုပ်စုကတော့ အခြေအနေမူမမှန်ကြောင်း စတင်ခံစားလာရသည်။

အကြောင်းမှာ လေလံပွဲတက်ရောက်မည်ဟု ကတိပေးထားသော မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ က လေလံပွဲ မတက်ရောက်နိုင်တော့သောကြောင့် ဖြစ်၏။

မိန်းမပျိုဧကရာဇ် လာရောက်ခြင်းမရှိတော့သဖြင့် ဝမ်ဖူနှင့်အခြားသူများမှာ အနက်ရောင်ပိုးသားဧကရာဇ်၏ဖိအား နှစ်ဆတိုးလာသည်ဟု ခံစားလိုက်ကြရသည်။

ဝမ်ဖူက...

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဟိုဧကရာဇ်ဆီက မင်းယူလာတဲ့စာအကြောင်း သိလိုက်ရလို့ မိန်းမပျိုဧကရာဇ်က မကျေမနပ် ဖြစ်သွားတာများလား”

ချူးလီလီ၏တည်ရှိမှုက အလွန်တရာလျှို့ဝှက်သည်ဖြစ်ရာ အထက်ဘုံကမ္ဘာမှလူများက ယင်းအကြောင်းကို မသိရှိကြပေ။

သို့သော် ထိုအကြောင်းက ထုန်းမင်ဧကရာဇ်ကိစ္စကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်းမျိုး မဟုတ်ပေ။ ချူးလီလီက အထက်ဘုံကမ္ဘာတွင်နေထိုင်စဉ်ကတည်းက ဤကမ္ဘာမှလူများနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်း မရှိခဲ့ပေ။

နက္ခတ်ဧကရာဇ်တွင် မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်အပြင် အခြားတပည့်တစ်ယောက်ရှိသေးကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။

ဟုတ်ပေ၏။

ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ကတော့ ထိုအကြောင်းကို သိရှိသည် အမှန်ပင်။

ချူးလီလီက ယွဲ့ကျန့်ပေနှင့် အတော်ပင်ရင်းနှီးသည်ဖြစ်ရာ ကျောက်စိမ်းကျောက်ဆောင်မှ တပည့်များက ထိုအကြောင်းကို ယောင်ဝါးဝါး သိရှိကြသည်။ သို့သော် အသေးစိတ်ကိုတော့ သိရှိခြင်း မရှိခဲ့ကြပေ။

ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့ပြန်ရောက်ပြီးနောက် ကျန့်ဟွမ်ဓားဧကရာဇ်က ပြင်ပဗလာနယ်ထဲတွင် ရှိနေသေးသည်ဖြစ်ရာ သူက ဝမ်ဖူအား ထိုကိစ္စကို အတုံချုံးပြီး ရှင်းပြခဲ့သည်။

ယခု မိန်းမပျိုဧကရာဇ်က လေလံပွဲလာရောက်မည့်ကိစ္စ မထင်မှတ်ဘဲ ပျက်ပြယ်သွားလေရာ ဝမ်ဖူအနေဖြင့် ထိုအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။

ရန်ကျောက်ကဲက...

“မဖြစ်နိုင်ပါဘူး...”

သူက ဆက်ပြောသည်။

“ဒီကိစ္စကို ငါ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက သတင်းပေါက်ကြားမယ်ဆိုရင်တောင် သူတို့အနေနဲ့ အကြီးအကဲ’ချူး’ နဲ့ ငါနဲ့တွေ့ဆုံတယ်လို့ပဲ သိထားတာ ၊ အသေးစိတ်ဘာတွေပြောဆိုခဲ့လဲဆိုတာ သိတာမဟုတ်ဘူး ၊ သူ စာပေးလိုက်တာကိုလည်း မသိနိုင်ဘူး”

အကြောင်းသိများဖြစ်သည့် ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးနှင့် အခြားသူများကတော့ သူ့ကို တမင်တကာ လှည့်စားမည် မဟုတ်ပေ။

ကောင်းချင်ကတော့ အနည်းငယ် အမှုမဲ့အမှတ်မဲ့ဖြစ်နိုင်သော်လည်း သူမ၏အဘိုး ကောင်းရွှယ်ပေါ်က ဤကိစ္စနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် သတိပေးထားသည်ဖြစ်ရာ ကောင်းချင်ထံမှ သတင်းပေါက်ကြားနိုင်ခြေမှာလည်း အလွန်နည်းပါးသည်။

တိမ်လွှာခွင်းဧကရာဇ်တို့အုပ်စုက အထက်ဘုံကမ္ဘာကို သဘောကျခြင်း မရှိပေ။

ထို့ကြောင့် အထက်ဘုံကမ္ဘာတွင် အတွင်းပိုင်းပဋိပက္ခဖြစ်စေရန် မီးမွှေးချင်ကြသော်လည်း ထိုသို့ပြုလုပ်ရန် စွမ်းအားမရှိကြသဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး အစဖော်ကြမည် မဟုတ်ပေ။

ရန်ကျောက်ကဲကလည်း ချူးလီလီနှင့် တစ်ကြိမ်သာတွေ့ဆုံခဲ့ခြင်းဖြစ်လေရာ ဤသည်က မိန်းမပျိုဧကရာဇ်ကို အမျက်ဒေါသထွက်စေရန် မလုံလောက်ပေ။

ဝမ်ဖူက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း...

“ငါကတော့ ကတိပေးတယ်ကွာ ၊ ဒီသတင်းက ငါ့ဆီကလုံးဝ မပေါက်ကြားစေရဘူး”

ရန်ကျောက်ကဲက...

“အဲဒါကြောင့်ပြောတာပေါ့ ၊ ငါယူလာတဲ့စာကြောင့် ပြဿနာဖြစ်နိုင်ချေ အရမ်းနည်းတယ်”

သူက ဆက်ပြောသည်။

“မိန်းမပျိုဧကရာဇ်ရောက်လာမှာကို အတားအဆီးဖြစ်သွားတာ တခြားကိစ္စတစ်ခု ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ဒီလိုဖြစ်နိုင်စရာအကြောင်းက သိပ်များများတော့ မရှိပါဘူး”

မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ က အခြားသူများ၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုသလို အခြားသူများ ဘာဖြစ်သည်ကိုလည်း အရေးစိုက်ခြင်း မရှိပေ။

သူမက အထက်ဘုံကမ္ဘာရှိ အုပ်စိုးရှင် (၅)ပါးထဲတွင် သိုသိုသိပ်သိပ် အနေထိုင်ဆုံးသူဖြစ်ရာ သူမ ထွက်ပေါ်လာခြင်းက ခပ်ရှားရှားပင်။

ထို့ကြောင့် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ သူမ တက်ရောက်လာခြင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ရှားရှားပါးပါး ဧကရာဇ်အဆင့်တိုက်ပွဲဖြစ်သည့် ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့၏တိုက်ပွဲကိုပင် မိန်းမပျိုဧကရာဇ်က လုံးဝ စိတ်ဝင်စားခြင်းမ ရှိခဲ့ပေ။

မြောက်ဖေးတောင်ထွတ်အား ချန်ချန်းဟွာ စီးနင်းစဉ်ကလည်း မိန်းမပျိုဧကရာဇ်က တစ်ချက် ဝင်မပါခဲ့ပေ။

ချန်ချန်းဟွာက တောင်ပိုင်းထိပ်တန်းအရှင်သခင်အဖြစ် ရာထူးပြောင်းရွှေ့မည်ဖြစ်၍ ကျောက်စိမ်းကျောက်ဆောင်မှ နျဲ့ကျင်းရှန်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ဤသည်က ကျောက်စိမ်းကျောက်ဆောင်နှင့် ဝါဒတောင်အတွက် စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်သည့်အတွက် မိန်းမပျိုဧကရာဇ် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အထက်ဘုံကမ္ဘာ၏ တန်ခိုးစွမ်းအားအကြီးမားဆုံး မိန်းမပျိုအား ထွက်ပေါ်လာအောင် ပြုလုပ်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

ရန်ကျောက်ကဲက...

“ငါတို့ ဝါဒတောင်ပဲဖြစ်ဖြစ် ၊ ဆရာဦးလေး’ယွဲ့’ ရဲ့ ကျောက်စိမ်းကျောက်ဆောင်ပဲဖြစ်ဖြစ် မိန်းမပျိုဧကရာဇ် ဖော်ဖော်ရွေရွေရှိရတဲ့အကြောင်းရင်းက ငါ့အဘိုးက နက္ခတ်ဧကရာဇ်နဲ့ ခင်မင်ရင်းနှီးတဲ့အတွက်ကြောင့်ပဲ... ဒါပေမဲ့...”

သူ ဆက်ပြီး ရေရွတ်လိုက်သည်။

“အကြီးအကဲ’ချူး’ ရဲ့ စာကြောင့်မဟုတ်ဘူးဆိုရင်... အထက်ဘုံကမ္ဘာမှာ မိန်းမပျိုဧကရာဇ်လှုပ်ရှားမှာကို တားဆီးနိုင်တဲ့အရာက နက္ခတ်ဧကရာဇ်နဲ့ပတ်သက်နေတဲ့ကိစ္စတစ်ခုပဲ ဖြစ်ရမယ်”

ဝမ်ဖူက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ ပြဿနာရှာတဲ့သူက တစ်ယောက်ထက်မက ရှိနိုင်တဘ်”

ရန်ကျောက်ကဲက ခေါင်းမော့လိုက်ပြီး သီးသန့်အခန်း မျက်နှာကျက်သို့ကြည့်ရင်း...

“အနက်ရောင်ပိုးသားဧကရာဇ်ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ဒီလောက်ကြီးကြီးမားမား တတ်နိုင်မှာ မဟုတ်ဘူး ၊ ဒီကိစ္စမှာ ပူးပေါင်းကြံစည်တဲ့သူ ရှိကိုရှိရမယ်...”

ရှောင်အိုက်နှင့်အခြားသူများ ချက်ချင်း သဘောပေါက်သွားကြသည်။

“ဒီကိစ္စမှာ နန်ကောင်းတောင်ထွတ်က ချီလင်ကမ်းပါးနဲ့ ပတ်သက်နေရမယ်...”

ရန်ကျောက်ကဲက အသက်တစ်ချက်ရှူထုတ်လိုက်ရင်း...

“အဖြူရောင်ပိုးသားဧကရာဇ်လည်းရောက်မလာနိုင်ဘူး ၊ မိန်းမပျိုဧကရာဇ်လည်း ရောက်မလာနိုင်ဘူး ၊ ဘယ်လိုပဲကြည့်ကြည့်... ဒါ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး ၊ အားလုံး အစီအစဉ်ဆွဲထားတာပဲ ဖြစ်ရမယ်”

ဝမ်ဖူက နက်ရှိုင်းသည့် လေသံဖြင့်...

“အကြီးအကဲ’ဝမ်’ က ထျန်းကျိခန်းမနဲ့ ငါတို့ ကျောက်စိမ်းကျောက်ဆောင် လွှမ်းမိုးနိုင်စွမ်းမြင့်မားလာတာကို သဘောကျတဲ့ပုံမပေါ်ဘူး”

ထျန်းကျိခန်းမ တန်ခိုးအာဏာမြင့်မားလာခြင်းက ချိုးကျားဟိုင်နှင့် ကျောက်စိမ်းကျောက်ဆောင်မှ တပည့်များ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာတစ်ခုအထိ ရှိသည်ဖြစ်ရာ ကျန့်ဟွမ်ဓားဧကရာဇ်၏ သြဇာအာဏာသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

အထက်ဘုံကမ္ဘာရှိ ဧကရာဇ် (၃)ပါးတွင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က အမြဲတမ်း သိုသိုသိပ်သိပ်နေထိုင်သူဖြစ်ပြီး ကျန့်ဟွမ်ဓားဧကရာဇ်က ဝါစဉ်အငယ်ဆုံးဖြစ်သည့်အတွက် ကိစ္စရပ်များကိုဦးဆောင်သူမှာ တိဟွမ်မြေကမ္ဘာဧကရာဇ်သာလျှင် ဖြစ်သည်။

ထျန်းကျိခန်းမပေါ်ပေါက်လာခြင်းက ဤအခြေအနေကိုပြောင်းလဲရန် မလုံလောက်ပေ။

သို့သော် ဤအတိုင်းသာ ရှေ့ဆက်သွားပါက ထျန်းကျိခန်းမ၏သက်ရောက်မှုက ပိုမိုလေးနက်လာမည်ဖြစ်ပြီး ပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်မလာနိုင်ဟု ပြောရခက်သည်။

ကျင့်ကြံခြင်းလောကတွင် သာမန်သေမျိုးလူသားတို့၏ ပံ့ပိုးမှုနှင့် အမြင်ဆိုသည်က အရေးကြီးသည့်ကိစ္စ မဟုတ်ပေ။

သို့သော် အထက်ဘုံကမ္ဘာ နှစ်ပေါင်းအတန်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးသည့်နောက် အထက်အဆင့်နှင့် အောက်အဆင့်များသည်လည်း ရောယှက်လာကာ နယ်ပယ်များကြား မလွဲမသွေ ဆက်နွယ်မှု ရှိလာခဲ့၏။

အချိန်အများစုတွင် အထက်အဆင့်ကသာ အောက်အဆင့်များကို လွှမ်းမိုးနိုင်စွမ်းရှိပြီး သြဇာသက်ရောက်သည်ဆိုသော်လည်း အောက်အဆင့်က တဖြည်းဖြည်း စုစည်းညီညွတ်ပြီး အသံတစ်သံတည်းထွက်လာသည့်အခါ အထက်အဆင့်အနေဖြင့် ထိုကိစ္စကို အလေးအနက်ထား အာရုံစိုက်ရန် လိုအပ်သည်။

အထက်ပိုင်းအဆင့် တန်ခိုးစွမ်းအားရှင်များ၏ရပ်တည်ချက် သိသိသာသာ ပြောင်းလဲလာသည့်အခါ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ၏ အခွင့်အာဏာကို သက်ရောက်မှုရှိမည် အမှန်ပင်။

ဟုတ်ပေ၏။

အထက်ဘုံကမ္ဘာ၏ ဘဏ္ဍာတော်ထိန်းအဖြစ် အချိန်အများစု တာဝန်ထမ်းဆောင်ခဲ့သော မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ အနေဖြင့် ဤသည်ကို နားမလည်သည်မှာ မဖြစ်နိုင်ကြောင်း ဝမ်ဖူ သိမြင်ပြီး ဖြစ်သည်။

ချိုးကျားဟိုင်က...

“ဒါပေမဲ့ တစ်ခုတော့ရှိတယ်...”

သူက ဆက်ပြောသည်။

“အပြောင်းအလဲ ဖြစ်လာဖို့ဆိုတာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ကြားနေရပ်တည်မှပဲ ဖြစ်မှာ ၊ တကယ်လို့ သူက တိဟွမ်မြေကမ္ဘာဧကရာဇ်ဘက်က အခိုင်အမာထောက်ခံနေမယ်ဆိုရင် ထျန်းကျိခန်းမ ဘယ်လောက်ပဲ သြဇာကြီးမားပါစေ အထက်ဘုံကမ္ဘာရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး”

“ဒါကိုအခြေခံပြီးတွေးကြည့်မယ်ဆိုရင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ရဲ့ ရပ်တည်ချက်ကို မသိရသေးခင် မြေကမ္ဘာထိပ်တန်းအရှင်သခင်က ဒီလိုမျိုး လှုပ်ရှားမှု လုပ်မှာမဟုတ်ဘူး ၊ ဒါက သူ့ပုံစံနဲ့ မကိုက်ညီသလိုပဲ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဒါဆို မြေကမ္ဘာထိပ်တန်းအရှင်သခင်အနေနဲ့ ထျန်းကျိခန်းမကို ဖိနှိပ်ဖို့ အလျင်စလို မဖြစ်သင့်ဘူး ၊ မဟုတ်ရင် သူက ကိစ္စရပ်တွေကိုကိုင်တွယ်ရာမှာ ပုံမှန်ပုံစံကို ဖောက်ဖျက်ရာကျသွားမှာပေါ့”

“မဖြစ်နိုင်” ဟု မဆိုလိုသော်လည်း ဖြစ်နိုင်ချေ အတော်လေး နည်းပါးသည်ဟု ဆိုနိုင်သည်။

ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

“ဒါဖြင့် သူ့ရည်ရွယ်ချက်က...”

ထိုအချိန်...

“အားဟူ...”

သူ့ဘေးတွင်ရှိနေသော အားဟူမျက်နှာထက် ရုတ်တရက် တုန်လှုပ်သည့်အမူအရာ ထွက်ပေါ်လာပြီး သူက ခရမ်းရောင်ရေခဲသလင်းကျောက်တစ်တုံးကို ထုတ်ယူလိုက်ကာ ထိုပစ္စည်းကို အစိတ်စိတ်အမွှာမွှာ ခွဲချေလိုက်သည်။

သလင်းကျောက်ထဲမှ အလင်းရောင်တစ်ချက်တောက်ပသွားပြီး သတင်းစကားတစ်ခု ထွက်ပေါ်လာသည်။

ထိုသတင်းစကားကိုတွေ့သည်နှင့် လူတိုင်း၏မျက်နှာက ရုပ်ဆိုးအကျည်းတန်သွားပြီး ရန်ကျောက်ကဲမှာလည်း သူ၏နဖူးကို လက်ဖြင့်အသာ ထိကိုင်လိုက်မိသည်။

“ကူညီမယ့်လူတွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်မလာတော့ဘူး ၊ ဒါပေမဲ့ ရန်သူတွေကတော့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီ”

ရေခဲသလင်းကျောက်ထဲတွင်ပါဝင်သည့် သတင်းစကားမှာ...

“ချင်းယွမ်ဧကရာဇ် အရှေ့တောင်ပိုင်းသို့လာနေပြီ...”

ဟူ၍ ဖြစ်လေ၏။

All Chapters