← Chapters

ယှဉ်ပြိုင်သူများ

Vol. 49 Ch. 721

ယှဉ်ပြိုင်သူများ

Vol. 49 Ch. 721

လင်းရီကို မြင်တော့ ကျန်းရှောင်ဝမ် အံ့အားသင့်သွားခဲ့၏။

‘ သူမရဲ့ မတ်လေးက အရမ်း ခန့်ညားတာပဲ…’

“ မြင်လား… သူက သမီးရဲ့ ကောင်လေး ပါဆို… သမီး အဖေတို့ကို မညာဘူးနော်…”

ကျန်းရှောင်ယွီ လင်းရီ လက်မောင်းကို ဖက်လျက် ရည်ရွယ်ချက်ရှိရှိ သူမရင်ဘက်နှင့် ပွတ်သပ်လိုက်၏။

လင်းရီ - ‘ ငါ ဘာလို့ အရမ်းနဲ့ သက်တောင့်သက်သာ ဖြစ်မနေတာ….”

“ သမီး… ဒါ တကယ်ကြီး နင့်ရဲ့ ကောင်လေးလား…” ကျန်းကော်ချန်မှ မေးလိုက်၏။

“ ဒါပေါ့ အဖေရဲ့…. မဟုတ်ရင် သမီးကို ဘယ်လိုလုပ်ပြီး လာကြိုမှာ… သမီးက လိမ်မယ်များ ထင်နေလား…”

“ မထင်ပါဘူး… နင်က သူ့အတွက် လုံလောက်အောင် ကောင်းမနေဘူးလားလို့…”

ကျန်းရှောင်ယွီ “ ….. “

“ အဖေ ဘာတွေလည်း ပြောနေတာ… သမီးကလည်း အရမ်းတော်ပါတယ်နော်…. “

“ ဒါပေမယ့် သူက ပိုတော်တယ်လေ…”

ကျန်းရှောင်ယွီ “ …. “

“ ရှောင်းယွီ … နင်ပြောတော့ လေယာဉ်စီးရမှာဆို… သွားတော့လေ… မဟုတ်ရင် နောက်ကျနေလိမ့်မယ်…” ကျန်းရှောင်ဝမ်မှ ပြောလိုက်၏။

“ အလျင်လိုစရာ မလိုပါဘူး… ကျွန်တော်တို့ စီးမှာက ကိုယ်ပိုင်လေယာဉ်လေ… ကြိုက်တဲ့အချိန် သွားလို့ရတယ်….”

ကျန်းမိသားစု “ ………”

ခု ရှောင်းယွီက ပိုလို့တောင် မတန်တော့ဘူး….

“ ရပြီ ရပြီ… သွားကြစို့…”

ထိုသို့ ပြောရင်းဖြင့် ကျန်းရှောင်ယွီ လင်းရီကို ကားထဲသို့ တွန်းပို့လိုက်၏။ မကြာမီ La Voiture Noire မှာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

ကျန်းမိသားစုကတော့ ကျောက်ရုပ်ကြီး ဖြစ်နေသကဲ့သို့ မြေပြင်တွေ တောင့်တင်းနေကြ၏။

“ သူ ဘာလို့ ဒီထဲ တန်းတန်းမတ်မတ် ဝင်လာနိုင်လဲ ဆိုတာ သိသွားပြီ… အဲ့လိုကားမျိုးကို ဘယ်သူကမှ တားရဲမှာ မဟုတ်ဘူး….”

………….

“ အစ်ကိုရီ … ရှင့်ရဲ့ ခုလေးတင် သရုပ်ဆောင်ချက်တွေက အံ့မခန်းပဲ… ကျွန်မ မိသားစုဆို လုံးဝကို မှင်တက်သွားခဲ့ကြတာ…. ဟိဟိ…” ကျန်းရှောင်ယွီ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ငါက ဒီတိုင်း ဇာတ်ပို့လေးပဲ… မင်းကမှ တကယ် တော်တာ…”

“ မဟုတ်ပါဘူး… အစ်ကိုရီရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ဘယ်ကိုပဲ သွားသွား လူတိုင်းရဲ့ အာရုံစိုက်ခံရတဲ့သူ ဖြစ်လာမှာပဲလေ….”

“ ရှောင်းယွီ…” လင်းရီ လေးနက်သည့် လေသံဖြင့် ခေါ်လိုက်၏။

“ ရှင် အစ်ကိုရီ… ဘာလဲ ဖြစ်လို့…”

“ ငါပြောတာကို နားထောင်… ရာဝမ်းကျွန်းကို ရောက်ရင် မင်း ဘစ်ကနီ လုံးဝမဝတ်နဲ့.... မင်းနဲ့ မလိုက်ဘူး…”

“ ဟင်… အဲ့လောက်တောင် ဆိုးလို့လား…”

“ မင်း ငါ့လက်မောင်းကို သုံးလေးခေါက်လောက် ပွတ်လိုက်တာ နီတောင် နီရဲသွားတယ်… မင်းကော ဘာမှ မဖြစ်ဘူးလား..”

“ အာ… ကြည့်ရတာ ကျွန်မ အဝတ်အပါးလေး ဝတ်မိလို့နဲ့ တူတယ်… မဟုတ်ရင် အဲ့လိုမျိုးတွေ မဖြစ်ဘူး….”

လင်းရီ “ …… “

သို့သော်လည်း ရုတ်ချည်းဆိုသလို ကျန်းရှောင်ယွီ၏ အမူအရာမှာ လေးနက်လာပြီး “ အစ်ကိုရီ ကျွန်မ ခုမှ သတိရတယ်… လုံရွှိုက်လို့ ခေါ်တဲ့ စထွင်မာကကော ရာဝမ်းကျွန်းမှာ စထွင်းလုပ်မှာတဲ့နော်…. သူက အစ်ကိုရီနဲ့ ပြိုင်ဘက်တွေ ဖြစ်လာလောက်တယ်…”

လင်းရီ ခေတ္တမျှ တွေးတောလိုက်ပြီး “ ငါ အဲ့ကြောင်း မနေ့ကရင် ကြည့်ရှုသူတွေ ဆီကနေ ကြားခဲ့ပြီးသား…. အဲ့ကောင်က Dou yu ရဲ့ နံပါတ်ဝမ်း outdoor streamer ဆို…”

“ အွန်း အွန်း… ဟုတ်တယ်.. သူပဲ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ အဲ့သူက ခေတော့မခေဘူး… သူ့နောက်မှာ ပံ့ပိုးပေးထားတဲ့ စတူဒီယို တစ်ခုလည်း ရှိတယ်ဆိုတော့ သူ့ရဲ့ ရေပန်းစားမှုက အရမ်းမြင့်တယ်… တကယ်လို့ သူကသာ အစ်ကိုရီနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် အစ်ကိုရီဆီမှာ ကြည့်မယ့်သူတွေ လျော့ကျသွားလောက်တယ်…”

ယမန်နေ့ ကြည့်ရှုသူများမှ ထိုအကြောင်း ပြောစဉ်က လင်းရီ အလေးအနက် မထားခဲ့ပေ။ သို့သော်လည်း ကျန်းရှောင်ယွီ၏ စကားလုံးများကို ကြားပြီးနောက် သူ သေချာလေး ဂရုပြုရမည့် ပုံပင်။

ဤတစ်ကြိမ်တွင် စနစ်မစ်ရှင်မှာ ကြည့်ရှုသူ ဆယ်သန်း ကျော်ရမည်ဖြစ်၏။ ထိုသို့သော ကြည့်ရှုနှုန်းက Dou Yu ပေါ်တွင် ရောက်ခဲ့ဖူးသော်လည်း ဖြစ်တန်ခဲလှသည်။ အကယ်၍ သူ၏ ကြည့်ရှုသူများသာ လုယူခံလိုက်ရမည် ဆိုပါက သေချာပေါက် သတင်းကောင်းတော့ မဟုတ်ချေ။

“ အဲ့ကောင်က ဘာတွေများ ထူးနေလို့…”

“ သူကလား … ကြွားလုံးထုတ်တာ အရမ်းတော်တယ်လေ….”

“ အာ…. အတော်လေး ကြွားလား…”

“ အွန်း….”

“ အဲ့တာဆို တော်တော်လေး ညစ်ပတ်တာပဲ…”

“ ဟားဟားဟား…. အစ်ကိုရီ ... အဲ့တာဆို ရှင်လည်း ညစ်ပတ်တာပဲလေ…” ကျန်းရှောင်ယွီ တသိမ့်သိမ့်တုန်အောင် ရယ်မောရင်း ပြောလိုက်၏။

“ ဒါပေမယ့် ကျွန်မတို့ ဂရုတော့ စိုက်ရမယ်… သူ့ရဲ့ ကြွားလုံးထုတ်တဲ့ စကေးတွေက လုံးဝကို ထိပ်တန်းပဲ… သူက ဆယ်လီတစ်ချို့နဲ့ ထမင်းအတူစားဖူးပြီး‌တော့ သမ္မတ တစ်ချို့တွေနဲ့တောင် ဓာတ်ပုံ အတူ တွဲရိုက်ဖူးတယ်ဆိုပဲ… အရေးကြီးတာက သူ့စကားတွေကို ယုံတဲ့ အုပ်စုကိုက သပ်သပ်ရှိနေတာ…”

ကျန်းရှောင်ယွီ သူမ ပြောပြလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်လာခဲ့ပြီး “ ပြီးတော့ ကျွန်မ ကြားထားတာ သူက ရာဝမ်းကျွန်းကို ရောက်ရင် ဆယ်လီတွေနဲ့ အင်တာဗျူး လုပ်မယ်တဲ့နော်… ဒါပေမယ့် အဲ့တာက သေချာပေါက် ဗန်းပြထွင်လုံးကြီး…”

“ ပလတ်ဖောင်းနဲ့ ဆက်ဆံရေးကကော…”

“ သေချာပေါက် ကောင်းတာပေါ့… ဘယ်ပလတ်ဖောင်းက သူတို့ကို ပိုက်ဆံရှာပေးနေတဲ့ စထွင်မာကို မကြိုက်ပဲနေမှာ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ အဲ့တာအပြင်ကို သူ့နောက်မှာရှိနေတဲ့ စတူဒီယိုကလည်း တော်တော်လေး အထင်ကြီးဖို့ ကောင်းတယ်… Dou Yu က နံပါတ်တစ် စထွင်မာ ပိုင်ပင်းယွီ့က သူနဲ့ စတူဒီယို အတူတူပဲလေ… ဘယ်လောက် အင်အားကြီးလဲ အဲ့တာတာ ကြည့်တော့…”

“ ယုတ္တိကျကျ ပြောမယ်ဆိုရင် ဒီလိုမျိုး သီးသန့် ရွက်လှေ စုဝေးပွဲက လူတိုင်း ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူးမလား… သူတို့လို စထွင်မာတွေက တက်ရောက်ဖို့ အခွင့်အရေး မရှိသင့်ဘူး မဟုတ်လား…”

“ ဟားဟား.. အစ်ကိုရီက ကျွန်မတို့အကြောင်း ပြောနေတာပဲ…” ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ ကျွန်မတို့လည်း ဒီတိုင်း စထွင်မာပဲလေ… ခုလည်း ရာဝမ်းကျွန်းကို သွားကြမှာပဲ မဟုတ်ဘူးလား…”

“ ဘယ်စထွင်မာက စစ်တပ်အကြီးအကဲနဲ့ မြို့တော်ဝန်ကို သိလို့.....” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဘယ်စထွင်မာက ကျိုကျုံးဗီလာမှာ နေပြီးတော့ Bugatti La Voiture Noire ကို မောင်းတာ မင်းမြင်ဖူးလဲ…”

“ အာ… ဟုတ်သားပဲ… “

ထိုအခါမှသာ ကျန်းရှောင်ယွီ သူမ အစ်ကိုရီက သာမန်လူတစ်ယောက် မဟုတ်ကြောင်း ပြန်အမှတ်ရသွားခဲ့လေသည်။

“ သူတို့ ပွဲတက်နိုင်တာက သူတို့နောက်က စတူဒီယိုကြောင့်ပဲ ဖြစ်မယ်.. " ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ သူတို့လို စတူဒီယို သူဌေးတွေက တော်တော်လေး အဆက်အသွယ် နှံ့စပ်ကြတယ်လေ… ကြည့်ရသလောက်တော့ သူတို့တွေကနေတစ်ဆင့် အဲ့ဒီ စထွင်မာတွေအတွက် ဖိတ်စာရအောင် စွမ်းဆောင်နိုင်ခဲ့တယ်နဲ့တူတယ်…. “

လင်းရီ ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်၏။

“ စကားမစပ် အစ်ကိုရီ… ရှင့်ဖုန်းပေးပါဦး… နည်းနည်းလေး စထားတဲ့အနေနဲ့ ခဏလောက် စထွင်းမို့….”

“ အိုကေလေ…”

အကုန်လုံး အဆင်သင့် ဖြစ်သွားပြီးနောက် ကျန်းရှောင်ယွီ လင်းရီ ဖုန်းကို ယူလိုက်ပြီး စတင် စထွင်းလိုက်၏။

“ ဟေးရို့… ရာဝမ်းကျွန်း တိုက်ရိုက်ထုတ်လွင့်တာက စနေပြီလား..”

“ တောင်းဆိုပါတယ်… ကျေးဇူးပြုပြီး အစအဆုံး ထုတ်လွင့်ပေးပါနော်….”

“ ငါတော့ အသင့်စား ခေါက်ဆွဲခြောက်ဘူးတွေ တစ်ဖာလိုက်ကြီး ချထားပြီ… လေးရက်လုံးလုံး ထိုင်ရာက မထတော့ဘူး… အစ်ကိုကြီး … ခင်များဘက်ကလည်း အိုကေပါစေနော်….”

“ သားကြီး… မင်း မတော်တရော်တွေ ပြမိလို့ အဘန်းခံရရင်ကော….”

“ အာ… ဒီနေ့ ဘယ်လိုဖြစ်နေတာ… ဘာလို့ လာကြည့်တဲ့သူ သိပ်မရှိကြတာလဲ… ငါတို့ စထွင်းနေပြီကို ကြည့်ရှုသူက နှစ်သိန်းတည်း ရှိသေးတယ်… လူတိုင်းပဲ ရှယ်ပေးသွားကြဦးနော်….”

“ ငါ့အထင်တော့ အကုန်လုံး လုံရွှိုက်ရဲ့ အခန်းထဲ ရောက်နေကြတာ နေမှာ… ငါ ခုလေးတင် သူ့ စထွင်း သွားကြည့်လာတာ သူတို့ အခု လေဆိပ်ရောက်နေကြပြီ… ကြည့်ရှုသူက နှစ်သန်းတောင် ကျော်တယ်…”

“ သပ… ရန်တူတွေက လမ်းကျဉ်းလေးမှာ ဆုံတတ်တယ်ဆိုတာ မှန်နေပါလား…. သူတို့ တကယ်ကြီး ငါတို့နဲ့ တစ်ချိန်တည်း စထွင်းရဲတယ်ပေါ့…” ကျန်းရှောင်ယွီ စောဒက တက်လိုက်၏။

“ ဘာတွေ စိတ်တိုနေတာ.... ငါတို့က ရှေ့မှာ ပိတ်နေတဲ့ အရာမှန်သမျှကို ဖြိုခွင်းသွားမှာပဲလေ… မိန်းကလေးဖြစ်ပြီး ကျိန်ဆဲနေတာ မကောင်းဘူး….” လင်းရီမှ ပြောလိုက်၏။

တစ်ချို့ ကိစ္စများက သဘာဝအတိုင်း လွှတ်ထားလိုက်သည်က ပိုကောင်း၏။ သူ့ဘက်မှ တစ်ဖက်သူအား လည်ပင်း ဓားတေ့၍ တိုက်ရိုက်ထုတ်လွင့်ခြင်း မပြုရန် ဖိအား ပေး၍ မရချေ။

အကယ်၍ သူလုပ်ချင်လျင်တောင် ထိုသို့ လုပ်နိုင်စွမ်းရှိသော်လည်း ထိုသို့ ပြုလုပ်ပြီးမှ ရလာသည့် ကြည့်ရှုသူများကို စနစ်မှ လက်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိပဲ တိုက်ခိုက်ရုံသာ ကျန်တော့၏။

“ အစ်ကိုရီ… ရှင်က ကျွန်မ မြင်ဖူးသမျှ ဒုတိယမျိုးဆက် သခင်လေးတွေထဲမှာ သဘောအကောင်းဆုံးပဲ… သူတို့က အစ်ကိုရီကို ပစ်မှတ်ထားနေတယ်ဆိုတာ အသိသာကြီးပဲ မဟုတ်ဘူးလား…”

ကျန်းရှောင်ယွီမှ မိုက်ခ်ကို ပိတ်၍ ပြောလိုက်၏။

“ တကယ်ကြီးလား….”

“ ဒါပေါ့… ဘာလို့ဆို ရှင်က ပလတ်ဖောင်းမှာ ဆက်တိုက် ရေပန်းစားပြီးတော့မှ လုံရွှိုက်ကို ကျော်တက်တော့မယ့် အလားအလာတောင် ရှိတယ်လေ… သူတို့က ရှင့်ကို လွယ်လွယ်နဲ့တော့ ကျော်တက်ခွင့် ပြုလိုက်မှာ မဟုတ်ဘူး… ဒါကြောင့်မို့ ပြဿနာ ရှာနေကြတာ….”

“ ငါနားလည်တယ်… ဒါက ဒီတိုင်း နယ်ပယ်က ပြိုင်ဆိုင်မှုလေးပဲ…”

“အွန်းအွန်း.. ပြီးတော့ အဲ့တာက အရမ်း ဆိုးရွားတယ်…”

“ အေးပါ… စိတ်ပူမနေနဲ့… ဘာမှ ကြီးကျယ်နေတာ မဟုတ်ဘူး… ငါတို့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ စကားပြောဖို့လိုတယ်…”

“ အာ… အွန်း….”

လေဆိပ်သို့ မောင်းလာခဲ့ရင်း ဖြတ်သွားဖြတ်လာသူ အများစုမှာ အရှိန်အဝါကြီးသည့် အနက်ရောင်သားရဲကောင်၏ ဆွဲငင်မှုကို ခံလိုက်ရပြီး သူတို့ကားရပ်သည်နှင့် ဖုန်းထောင်ကာ ဓာတ်ပုံများ လာရိုက်ကြတော့၏။

“ ဘာတွေလဲ ငေးနေတာ….”

“ အရင်က ကိုယ်ပိုင်လေယာဉ်ကို တစ်ခါမှ မမြင်ဖူးလို့လေ… ဒါကြောင့်မို့ နည်းနည်းလေး စိတ်လှုပ်ရှားနေတာ….” ကျန်းရှောင်ယွီ တီးတိုးပြောလိုက်၏။

“ လခွမ်း…”

All Chapters