← Chapters

ငါတကယ်ကြီး မင်းတို့လို အရူးတွေနဲ့ စကားပြောလို့မရဘူး..

Vol. 49 Ch. 722

ငါတကယ်ကြီး မင်းတို့လို အရူးတွေနဲ့ စကားပြောလို့မရဘူး..

Vol. 49 Ch. 722

“ ဟိဟိ… ကျွန်မက ဒီတိုင်း သာမန် မိသားစုက မိန်းမငယ်လေးလေ…”

ထိုသို့ ပြောပြီးနောက် ကျန်းရှောင်ယွီ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး လင်းရီထံသို့ ကင်မရာလှည့်လိုက်၏။

“ အားလုံးပဲ… ငါတို့ ခု လေဆိပ်တော့ ရောက်နေပြီ… မကြာခင် လေယာဉ်ပေါ်တက်ရတော့မယ်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ လေယာဉ်ပေါ်မှာ ဖုန်းလိုင်းမရှိဘူးဆို‌တော့ သုံးနာရီကြာပြီးမှ ပြန်တွေ့ကြမယ်….”

အမှန်တော့ ချင်းဟန်၏ Gulfstream G550 ထဲတွင် ဝိုင်ဖိုင်ရှိသည်။ သို့သော်လည်း လင်းရီမှ မစထွင်းချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်းဟန်နှင့် ကျန်သူများလည်း လေယာဉ်ပေါ်တွင် ရှိနေကြမည်ဖြစ်ပြီး လင်းရီမှ မည်သည့် သတင်းအချက်အလက်ကိုမျှ မပေါက်ကြားစေချင်သောကြောင့်ပင်။

စထွင်းပိတ်ပြီးနောက် လင်းရီ ကျန်းရှောင်ယွီကို သက်ဆိုင်ရာ ဘလော့သို့ ခေါ်လာခဲ့လိုက်၏။

တစ်ချိန်တည်းတွင် အနက်ရောင် ဝတ်စုံပြည့်နှင့် မန်နေဂျာမှာ လင်းရီနှင့် ကျန်းရှောင်ယွီထံ ရောက်လာခဲ့ပြီး ယဉ်ကျေးစွာဖြင့် “ မစ္စလာလင်း… ရောက်လာပြီလားဗျ…”

“ အင်း… အကုန်လုံး ရောက်နေကြပြီမလား…” လင်းရီ ပေါ့ပါးစွာ မေးလိုက်သည်။

“ ဟုတ် အကုန်ရောက်နေကြပြီ… မစ္စတာလင်း အလာကို စောင့်နေကြတာပါ….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ကောင်းပြီ.. နားလည်ပြီ… ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ….”

“ မစ္စတာလင်း.. လိုအပ်တာ ရှိသေးလားမသိဘူး…”

“ ခုတော့ မရှိသေးဘူး….”

“ နားလည်ပါပြီ… ဒါဆို နှုတ်ဆက်ပါတယ်…”

နှုတ်ဆက်ပြီးနောက် မန်နေဂျာမှာ ဘေးသို့ ပြန်ရောက်သွားခဲ့လေသည်။ ကျန်းရှောင်ယွီမှ ထူးဆန်းနေသည့် ဟန်ပန်ဖြင့် “ အစ်ကိုရီ.. အဲ့လူက ရှင့်ကို အရမ်းကို ရိုကျိုးတာပဲနော်… ဒါက ကျွန်မတို့ ကိုယ်ပိုင်လေယာဉ်နဲ့မို့လား…”

“ မဆိုင်ပါဘူး… ဒီလေဆိပ်က ငါ့ညီကိုပိုင်တာလေ… ဒါကြောင့်မို့ ယဉ်ကျေးနေတာ…”

“ ရှင့်ရဲ့ ညီကိုက ဒီလေဆိပ်ကို ပိုင်တယ်…”

“ အင်း… မင်းခဏနေ တွေ့ပါလိမ့်မယ်…”

ဂိတ်ကိုဖြတ်ပြီးနောက် လင်းရီ ချင်းဟန်၏ Gulfstream G550 သို့ တန်းမတ်စွာ လျှောက်လာခဲ့သည်။

သို့သော်လည်း နှစ်ယောက်သား ပျံသန်းသည့် အဆောက်အအုံမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းရှောင်ယွီ ရုတ်ချည်းဆိုသလို သူမခြေလှမ်းများအား ရပ်တန့်လိုက်၏။ သူမ၏ အကြည့်များက ဓားလွယ်ခုတ်နေရာသို့ စူးရဲစွာ ကြည့်နေလေသည်။

လင်းရီ သူမ၏ အကြည့်များနောက် လိုက်ကြည့်လိုက်တော့ မျက်စောင်းထိုးနေရာ၌ လူဆယ်ဦးထက်မနည်း မတ်တပ်ရပ်နေကြကြောင်း မြင်တွေ့လိုက်ရ၏။

လူတစ်ချို့မှာ ဆယ်ဖီစတစ်များ ကိုင်ထားကြပြီး တစ်ချို့ကတော့ ဘေးပတ်ဝန်းကျင်ကို ဓာတ်ပုံများ ရိုက်နေကြသည်။ ခြုံငုံရသော် အကုန်လုံးက တက်ကြွ လှုပ်ရှားနေကြ၏။

အဓိက ကင်မရာရှေ့တွင်တော့ ချောမောသည့် အမျိုးသားတစ်ယောက်နှင့် လှပသည့် မိန်းကလေးတစ်ယောက်တို့ ရှိနေကြပြီး နှစ်ယောက်လုံးက ဖက်ရှင်ကျနစွာ ဝတ်ဆင်ထားကြကာ စကားကိုလည်း ကရားရေလွှတ် ချောချောမွေ့မွေ့နှင့် အမှားမပါပဲ ပြောဆိုနေကြ၏။ တစ်ချက်ကြည့်ရုံမျှနှင့် ပရော်ဖက်ရှင်နယ် စထွင်မာအသင်းအဖွဲ့ဖြစ်ကြောင်း ပြောနိုင်လေသည်။

“ ဘာတွေငေးနေတာ.. အဲ့ကောင်က ကြည့်ကောင်းနေလို့လား…”

“ သူ ဘယ်လောက်ပဲ ကြည့်ကောင်းကြည့်ကောင်း .. အစ်ကိုရီကိုတော့ မမှီသေးပါဘူး…” ကျန်းရှောင်ယွီမှ ပြုံးလျက်ပြောလိုက်ပြီး “ အဲ့လူက လုံရွှိုက်လေ… သူ့ဘေးက မိန်းကလေးကျတော့ Dou yu ရဲ့ နံပါတ်ဝမ်း အမျိုးသမီးစထွင်မာ ပိုင်ပင်းယွီ့….”

“ ရန်သူတွေက အမြဲတမ်း ရေစက်ဆုံကြတာပဲ..”

“ အမှန်ပဲ.. အစ်ကိုရီ .. သူတို့ကို လျစ်လျူရှုထားလိုက်… ကိုယ့်လမ်းကိုယ် သွားကြမယ်.. ကျွန်မတော့ သူတို့ကို မြင်လိုက်တိုင်း အလိုလိုနေရင်း စိတ်တွေ တိုလာလို့…”

“ အင်း .. သွားကြစို့…”

နှစ်ဦးသား ခြေလှမ်းနှုန်းကို မသိမသာ တင်လိုက်ကြပြီး ထွက်ခွာရန် ဟန်ပြင်လိုက်ကြ၏။

တစ်ချိန်တည်းတွင် လုံရွိုက်နှင့် ပိုင်ပင်းယွိ့မှလည်း သူတို့Live သူတို့ ဆက်လွင့်နေကြလေသည်။

“ ဘယ်လောက်တောင် စိတ်တိုဖို့ ကောင်းလိုက်သလဲ.. ငါက ကိုယ်ပိုင်လေယာဉ်နဲ့ သွားချင်ပါတယ်ဆိုနေမှ လမ်းတစ်ဝက်မှာ ပြဿနာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာ… ဒီနေ့တော့ ပထမတန်းစားခုံကနေ လိုက်စီးရုံပဲ ရှိတော့တယ်…” လုံရွှိုက်မှ စိတ်တိုနေဟန်ဖြင့် ပြောလိုက်၏။

“ အစ်ကိုလုံကလည်း အေးဆေးပေါ့… ပထမတန်းက စီးနိုင်တာတောင် အထင်ကြီးဖို့ ကောင်းလှပြီ.. ကျုပ်ဆို စီးပွားရေးတန်းတောင် မစီးဖူးဘူး…”

“ အင်း… မင်းတို့ မျက်နှာကြောင့် စိတ်လျှော့လိုက်မယ်…” လုံရွှိုက်ပြောလိုက်ပြီး “ ဒါပေမယ့် ဒီနေ့ … ငါ အားလုံးကို ပြောပြမလို့… ဒီနေ့ လိုက်စထွင်းပြီးရင် ငါ့ရဲ့ ပရိသတ်ကြီးကို စပရိုက် အကြီးကြီး တိုက်စရာ ရှိတယ်..”

ထိုစကားလုံးများ ပြောပြောပြီးချင်းပဲ လုံရွှိုက်၏ စထွင်းမှာ ပေါက်ကွဲထွက်လာလေသည်။

“ လုံရွှိုက်… ငါတို့ကို မသိုဝှက်ထားနဲ့လေ… ဘာတွေ စီစဉ်နေတာ.. မြန်မြန်လေး ပြောပြ…”

“ ဘာလဲ… အချိုရည်ဆိုရင်တော့ တာ့တာနော်…”

“ အိုက်ယား … မင်းတို့ကလည်း မလောစမ်းပါနဲ့.. ဒါက ငါ လျှို့ဝှက်စီစဉ်ထားတဲ့ ပွဲလေ… တကယ်လို့ ပြောပြလိုက်မယ်ဆိုရင် ဘယ်လိုလုပ်ပြီး စပရိုက် ဖြစ်နိုင်တော့မှာ…”

“ ခုပြောလိုက်ရင်လည်း စပရိုက် ဖြစ်သွားမှာပဲ မဟုတ်ဘူးလား…”

“ ရပြီ ရပြီ… အားလုံးက အရမ်းတွေ သိချင်နေကြတယ်ဆိုတော့ ငါ မဖုံးကွယ်ထားတော့ဘူး… “ လုံရွှိုက်မှ ပြောလိုက်ပြီး “ နောက်သုံးလေးရက်လောက်နေရင် ငါ ကျွန်းတစ်ကျွန်း ငှားပြီးတော့ မော်ဒယ်တွေ၊ ဆယ်လီတွေနဲ့… စထွင်မာ အသိုင်းအဝိုင်းက တစ်ချို့ကို ပွဲတက်ဖိတ်ဖို့ စီစဉ်ထားတယ်… ပြီးရင် ငါ့ရဲ့ ပရိသတ် အယောက်တစ်ရာကိုလည်း သီးသန့်လေယာဉ်နဲ့ ဖိတ်ခေါ်ပြီးတော့ အဲ့ပွဲကို တက်ရောက်ခိုင်းဦးမှာနော်… ဒါက လူတိုင်း အခွင့်အရေး ရှိတဲ့ ကိစ္စလို့ ပြောလို့ရတယ်….”

“ သေစမ်း… အစ်ကိုလုံ… ခင်များက အကောင်းဆုံးပဲ… ကျုပ် သေတဲ့အထိ ခင်များကို အားပေးသွားမယ်…”

“ သူက မျက်နှာဖုံး အစ်ကိုကြီးထက် ပိုပြီး သာတယ်… ငါ အဲ့ကောင် စထွင်းတွေ ကြည့်နေတာ ကြာပြီ.. ဒါပေမယ့် ငါတို့ကို ဘာတစ်ခု တစ်လေလေးမှတောင် မစွန့်ကျဲဘူး….”

“ အမှန်ပဲ… သူက အစ်ကိုလုံနဲ့ ယှဉ်လို့ကိုမရတာ… လယ်ဗယ်တစ်ခုတည်းမှာတောင် မရှိပါဘူးကွာ…”

“ ပြီးတော့ အဲ့ဒီ ကျန်းရှောင်ယွီဆိုတဲ့ စထွင်မာကလည်း သူ့ကို ပလတ်ဖောင်းက နံပါတ်ဝမ်း outdoor စထွင်မာဆိုပြီး ချီးကျူးလိုက်သေးတယ်…. ဖွီး… ရွံဖို့ကောင်းလိုက်တာ…”

“ ရပြီ ရပြီ… လူတိုင်းပဲ… စောဒကတွေ တက်မနေကြနဲ့တော့… အဲ့လိုကောင်မျိုးကို ငါက စကတည်းကရင် ခေါင်းထဲကို မထည့်တာ… သူက ကားလန်းလန်း တစ်စီးနဲ့ ဒီတိုင်း စစ်ခရိုင်ကို သွားဖူးတဲ့ စထွင်မာလေးပဲ… ငါက မင်းတို့ကို အဲ့ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေ ခေါ်သွားပေးမယ်…”

“ ဟုတ်တယ် ဟုတ်တယ်… အစ်ကိုလုံနောက် လိုက်ရင် သေချာပေါက် အမြင်ကျယ်လာမှာပဲ….”

“ လုံရွှိုက်……”

ဘေးတွင် ရပ်နေသည့် ပိုင်ပင်းယွီ့မှ လုံရွှိုက်ကို တံတောင်ဖြင့် ညင်သာစွာ တွတ်လိုက်၏။

“ ဟိုကို ကြည့်လိုက်ဦး…”

ပိုင်ပင်းယွီ့ လက်ညိုးညွှန်သည့် နေရာနောက် လိုက်ကြည့်လိုက်တော့ လုံရွှိုက် မျက်နှာဖုံးနှင့် နေကာမျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးအား မြင်တွေ့လိုက်ရ၏။

“ အဲ့ကောင်က မျက်နှာဖုံး အစ်ကိုကြီးဆိုတဲ့ကောင်လား…. တော်တော်လေး ဆန်းကြယ်သလိုတော့ ရှိသား ဟမ့်….” လုံရွှိုက် နှာခေါင်းရှုံ့လိုက်၏။

“ အင်း… သူပဲ…”

“ တွေ့မှတော့ သွားပြီး ဟယ်လို ကြတာပေါ့…”

“ ဟုတ်တယ် ဟုတ်တယ်.. သွားပြီးတော့ ဟယ်လို ကြမယ်… ငါကြားတာတော့ သူတို့လည်း ရာဝမ်းကျွန်းကိုသွားပြီး စထွင်းမယ်ဆိုပဲ… သူ့ကို Dou yu ရဲ့ နံပါတ်တစ် outdoor streamer က ဘယ်သူလဲဆိုတာ ပြလိုက်ကြစို့…”

“ လူတိုင်းပဲ… အဲ့လို မပြောကြနဲ့.. ငါက အဲ့ဒီ ဘာမဟုတ်တဲ့ ဂုဏ်ဒြပ်လေးကို မက်မောမနေဘူး… ခု သွားနှုတ်ဆက်တယ်ဆိုတာကလည်း ပလတ်ဖောင်းက အချင်းချင်းတွေမို့လေ… နောက်ပြီး တစ်နေရာတည်း ဦးတည်မယ့် လူတွေဆိုတော့ တစ်လေယာဉ်တည်း စီးမယ့် ခရီးသည်တွေ မလား.... နှုတ်ဆက်သင့်တာ သဘာဝပဲလေ….”

သို့နှင့် လုံရွှိုက် ကင်မရာကို လင်းရီဘက်သို့ လှည့်ရန် သူ့လူများအား လက်ဟန်ပြလိုက်၏။

“ မျက်နှာဖုံး အစ်ကိုကြီး .. ငါ ကြားတာ မင်းလည်း ရာဝမ်းကျွန်းကို သွားမယ်ဆို… ဘာလို့ ဆန့်ကျင်ဘက်ကြီး သွားနေတာ…. ငါ့ကို ရှောင်နေတာလား….”

လုံရွှိုက်၏ အသံကို ကြားတော့ နှစ်ယောက်သား နောက်လှည့်ကြည့်လိုက်ကြသည်။

“ ဘာကိစ္စ မင်းကို ရှောင်ရမှာ…”

“ ငါနဲ့ ပက်ပင်းတိုးမှာကို ကြောက်လို့ မဟုတ်ဘူးလား…” လုံရွှိုက် ပြောလိုက်ပြီး “ စိတ်မပူနဲ့… ငါတို့အားလုံးက ပလတ်ဖောင်းတစ်ခုတည်းက လူတွေလေ… ငါ အသားစားရရင် မင်းကို အရည်လိုက်တော့ တိုက်မာပေါ့… ငါ စထွင်း မလုပ်ချင်တဲ့ အချိန်ကျရင် မင်းဆီကို ကြည့်ရှုသူတွေ လွှတ်ပေးမယ်… မဟုတ်ရင် မင်းဆီ လာကြည့်တဲ့သူတွေတောင် ရှိမှာမဟုတ်ဘူး…”

လင်းရီ ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်၏။

ဒီကောင်က ရူးနေတာလား…

ဒါမှမဟုတ် ဒီမနက် ထွက်မလာခင် ဆေးသောက်ဖို့ မေ့ခဲ့တာလား….

“ ညီလေး… မင်း ဆေးသောက်ဖို့ မေ့နေတယ်ဆိုရင်လည်း ခုသောက်လိုက်….ငါတို့က တစ်နေရာတည်း စထွင်းမယ့်သူတွေ ဆိုရင်တောင် မင်းနဲ့ လေယာဉ်အတူ စီးမယ်လို့ ဘယ်ကောင်ပြောလိုက်တာ….”

“ မစီးဘူးလား…ဒါပေမယ့် ဒီတစ်ကြိမ် ရာဝမ်းကျွန်းကို ပျံသန်းမယ့် လေယာဉ်က တစ်စင်းတည်း ရှိတာလေ…”

“ ငါတို့က သီးသန့်လေယာဉ် စီးလို့မရဘူးလား…”

လုံရွှိုက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး “ ညီကို.. မင်းက အရမ်းရတာပဲ.. ငါတောင် ကိုယ်ပိုင်လေယာဉ် စီးလို့မရတာကို ဘာလို့ မင်းက စီးနိုင်သလိုမျိုး ဟန်ဆောင်နေတာ…”

လုံရွှိုက် စထွင်းထဲရှိ ကြည့်ရှုသူများလည်း ဟားတိုက်လိုက်ကြသည်။

“ မျက်နှာဖုံး အစ်ကိုကြီးကတော့ စိတ်တွေလှုပ်ရှားပြီး ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေပြီနဲ့ တူတယ်ဟ…”

“ အမှန်ပဲ… အစ်ကိုလုံတောင် ကိုယ်ပိုင်လေယာဉ် စီးလို့ မရတာကို သူက ဘာကောင်မို့လို့….”

“ ငါ့အထင်တော့ သူ့ရဲ့ ကျော်ကြားမှုတွေကို အစ်ကိုလုံက ယူသွားတော့ ဒီကောင် စိတ်တိုလို့ ဒီလိုတွေ ပြောနေတာဖြစ်မယ်… ပြောရရင် အတန်းရှင်း ရှာနေတာပေါ့….”

စထွင်းထဲ၌ သူ့အကြောင်း ဘယ်လိုတွေ ဆွေးနွေးနေကြလဲ ဆိုတာ လင်းရီ မသိရှိ‌ချေ။

သို့သော် တည်ငြိမ်သည့် လေသံဖြင့် “ မင်းတို့လို သောက်ရူးတွေနဲ့ တကယ် စကားပြောလို့မရဘူး…”

ထို့နောက် လင်းရီ မနီးမဝေး၌ ရပ်ထားသည့် Gulfstream G550သို့ ဦးတည်လိုက်သည်။

All Chapters